စစ်သားတစ်ယောက် ဘုံဆိုင်ထဲမှာ သူငယ်ချင်းတွေကို လက်ပစ်ဗုံးထုတ်ပြရင်း ယောင်ပြီး စနက်တံဖြုတ်လိုက်မိ

ဘုံဆိုင်ထဲမှာ သူငယ်ချင်းတွေကို လက်ပစ်ဗုံးထုတ်ပြရင်း စနက်တံဖြုတ်လိုက်မိတဲ့ စစ်သားကြီး

ယူကရိန်းနိုင်ငံ အနောက်မြောက်ပိုင်း Rivne Oblast ပြည်နယ်ထဲမှာရှိတဲ့ ဘုံဆိုင်တစ်ခုထဲမှာ တစ်နေ့တာ တာဝန်ထမ်းဆောင်ချိန် ပြီးဆုံးလို့ သူငယ်ချင်းတွေနဲ့ တစ်ခွက်တစ်ဖလား ၀င်မော့တဲ့ စစ်ဘက်အရာရှိတစ်ယောက်ဟာ မတော်တဆမှုတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။
သူဟာ လူစည်ကားတဲ့ ဗုံဆိုင်မှာ သူငယ်ချင်းတွေကို လက်ပစ်ဗုံးထုတ်ပြရင်း အပြောင်အပျက်သဘောမျိုးနဲ့ သရုပ်တွေ ပြခဲ့ပါတယ်။ သူငယ်ချင်းတွေကလည်း လူရွှတ်လူနောက် တပ်မတော်သားသူငယ်ချင်းရဲ့ သရုပ်ဆောင်မှုမှာ တ၀ါးဝါး ပွဲကျနေခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ဟာသလုပ်နေရင်းမှာပဲ လက်ထဲက လက်ပစ်ဗုံးကို ယောင်ပြီး စနက်တံဖြုတ်လိုက်မိသွားပါ
တယ်။
ဒါကို မြင်လိုက်တဲ့ သူငယ်ချင်းတွေဟာ သောက်နေတဲ့အရက်တောင် သီးသွားတဲ့သူတွေ ရှိပြီး၊ တစ်ချို့တွေရဲ့ မျက်နှာက
ကြက်သေ သေကုန်ကြပါတယ်။ စစ်သားကြီးလည်း ဒီဟာကြီး လက်ထဲမှာ ကိုင်ထားရင် လူစင်စစ်က ပန်းပွင့်ဖြစ်သွားမယ်ဆိုတာကို အတွေ့အကြုံရ သိနေလို့ ချက်ချင်းဆိုသလိုပဲ၊ ခပ်လှမ်းလှမ်းက စားပွဲအောက်ကို ပစ်သွင်းလိုက်ပါတယ်။
ဝုန်းကနဲ ဖောက်ကွဲသံနဲ့အတူ၊ ပန်းကန်ကွဲသံတွေ၊ လူတွေရဲ့ ညည်းညူသံတွေ ချက်ချင်းထွက်လာခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ဆိုင်အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ CCTV က တစ်စိတ်တဒေသ မှတ်ထမ်းတင်ထားနိုင်ခဲ့ပါတယ်။ လူခြောက်ယောက် ဒဏ်ရာရရှိခဲ့ပြီး၊ သုံးယောက်မှာ ဒဏ်ရာပြင်းထန်လို့ အရေးပေါ်ဆေးရုံကို တင်ခဲ့ရတယ်လို့ သိရပါတယ်။

ရွှတ်နောက်နောက် စစ်သားလည်း မျက်နှာကို အပိုင်းအစတွေ ထိမှန်ခဲ့လို့ ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ ယခုပေါက်ကွဲခဲ့တဲ့ လက်ပစ်ဗုံးဟာ RGD-5 အမျိုးအစားဖြစ်ပြီး၊ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်တွေက ထုတ်လုပ်ခဲ့တာပါ။

1950 ခုနှစ်မှာ REG-5 ကို ဒီဇိုင်းအသစ်နဲ့ ပြန်လည်မွမ်းမံခဲ့ပြီး၊ ပေါက်ကွဲအားဟာ 82 ပေ ပတ်လည်အတွင်း သေစေနိုင်ပါတယ်။ အလေးချိန်မှာ 110 ဂရမ် (3.9 အောင်စ) အလေးချိန်ရှိပါတယ်။ လက်ရှိအချိန်မှာ REG ဗုံးဟာ ရုရှရဲ့အဓိကစစ်လက်နက်ထုတ်ကုန်တစ်မျိုးအဖြစ် တည်ရှိနေပါသေးတယ်။

Credit - နတ်စည်တော် (Shwemom)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...