မႏၲေလးတြင္ ေဆးတကၠသုိလ္ေက်ာင္းသားတစ္ဦး စာမလိုက္ႏိုင္၍ စိတ္ဖိစီးၿပီး ႀကိဳးဆြဲခ်ေသဆံုး


မႏၲေလးၿမိဳ႕ ခ်မ္းေအး သာစံၿမိဳ႕နယ္ စိတၱရမဟီရပ္ကြက္ ရွိ အေဆာင္တစ္ခုတြင္ ေဆး တကၠသုိလ္ ေက်ာင္းသားတစ္ဦးသည္ စာမလိုက္ႏိုင္သျဖင့္ စိတ္ဖိစီးမႈမ်ား၍ ႀကိဳးဆြဲခ်ေသဆံုးခဲ့ေၾကာင္း သတင္းရရွိသည္။ စိတၱရမဟီရပ္ကြက္ရွိ အ ေဆာင္တစ္ခုတြင္ မတ္လ ၅ ရက္ မြန္းလြဲ ၂ နာရီက ေသဆံုးသူအ သက္(၂၁)ႏွစ္အရြယ္ ေဆးတကၠ သိုလ္ေနာက္ဆံုးႏွစ္ Final Part(1) ေက်ာင္းသားသည္ အခန္းအေဖာ္ ႏွင့္အတူ စာက်က္ၿပီးေနာက္ ယင္းသို႔ ျဖစ္ပြားခဲ့ေၾကာင္း မႏၲေလး တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး႐ံုးမွ စံုစမ္းသိရသည္။ အဆုိပါ ေဆးေက်ာင္း သားသည္ အခန္းအေဖာ္ႏွင့္အတူ စာက်က္ေနၿပီး စာမေက်ညက္ ေသးသျဖင့္ ကိုယ္စီစိတ္ညစ္ေန ေၾကာင္း၊ ၎တို႔ႏွစ္ဦး အျပင္သို႔ အတူ ထမင္းထြက္စားခဲ့ၿပီး ေနာက္ ေသဆံုးသူမွာ တစ္ဦးတည္းအခန္းထဲတြင္ ျပန္လည္စာက်က္ ေနစဥ္ ကိုယ့္ကိုယ္ကိုယ္ ေသ ေၾကာင္းႀကံစည္ခဲ့ေၾကာင္း တိုင္း ေဒသႀကီးရဲတပ္ဖြဲ႕မွဴး႐ံုးမွ အႀကီး တန္းရဲအရာရွိတစ္ဦးက ေျပာ ၾကားသည္။ ‘‘ထမင္းစားျပန္လာၿပီး ေသ သြားတဲ့ေကာင္ေလးက အခန္းထဲ မွာ တစ္ေယာက္တည္း စာက်က္ ေနတာ။ သူ႔အခန္းေဖာ္ကေန အ ေအးဝယ္ဖို႔ အခန္းထဲကို ေသာ့ ျပန္ယူခ်ိန္မွာ တံခါးဖြင့္မေပးလို႔ ေဘးက တ႐ုတ္ကတ္မွန္ေပါက္ ကေန ေခ်ာင္းၾကည့္လိုက္ေတာ့ ထုပ္တန္းႏိုင္လြန္ႀကိဳးနဲ႔ ႀကိဳးဆြဲ ခ်လ်က္ျဖစ္ေနတယ္။ ခ်က္ခ်င္း ေဆး႐ံုကို ေခၚသြားတယ္။ အဲဒီ တုန္းကေတာ့ မေသေသးဘူး’’ဟု အႀကီးတန္းရဲအရာရွိတစ္ဦးက ေျပာသည္။ ေသဆံုးသူသည္ မတၱရာၿမိဳ႕ နယ္ ဘုရင့္ေနာင္ရပ္ကြက္ေနသူ ျဖစ္ၿပီး မႏၲေလးျပည္သူ႔ေဆး႐ံုႀကီး တြင္ ေဆးကုသမႈခံယူစဥ္ မတ္လ ၆ ရက္ နံနက္ ၅ နာရီ၌ ေသဆံုးခဲ့ေၾကာင္း အေဆာင္ပိုင္ရွင္ ေဒၚထားထားက ေျပာသည္။ ‘‘ေကာင္ေလးေတြက စာမရ လို႔ စိတ္ဖိစီးမႈမ်ားတယ္လို႔ထင္ တယ္။ မတ္လ ၆ ရက္က စာေမးပြဲေျဖရမယ့္ေန႔ေလ။ ဒီေန႔ မနက္ ၅ နာရီေလာက္မွာ ဆံုးပါးသြား တယ္’’ဟု ေဒၚထားထားက ေျပာ သည္။ အဆိုပါႀကိဳးဆြဲခ်ေသဆံုးမႈ ႏွင့္ပတ္သက္၍ ခ်မ္းေအးသာစံ ၿမိဳ႕မရဲတပ္ဖြဲ႕စခန္းတြင္ ရဲအုပ္ သန္းႏုိင္က တရားလိုျပဳလုပ္၍ ေသေၾကာင္းႀကံစည္မႈ ရာဇသတ္ ႀကီးပုဒ္မ ၃၀၉ ျဖင့္ အမႈဖြင့္ထား ရာမွ ေသဆံုးခဲ့သျဖင့္ ေသမႈေသ ခင္းအျဖစ္ ေျပာင္းလဲဖြင့္လွစ္ခဲ့ ေၾကာင္း တိုင္းေဒသႀကီးရဲတပ္ဖြဲ႕ မွဴး႐ံုးမွ စံုစမ္းသိရသည္။
credit..http://www.7daydaily.com
=====
မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ် စိတ္တရမဟီရပ်ကွက် ရှိ အဆောင်တစ်ခုတွင် ဆေး တက္ကသိုလ် ကျောင်းသားတစ်ဦးသည် စာမလိုက်နိုင်သဖြင့် စိတ်ဖိစီးမှုများ၍ ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ စိတ္တရမဟီရပ်ကွက်ရှိ အ ဆောင်တစ်ခုတွင် မတ်လ ၅ ရက် မွန်းလွဲ ၂ နာရီက သေဆုံးသူအ သက်(၂၁)နှစ်အရွယ် ဆေးတက္က သိုလ်နောက်ဆုံးနှစ် Final Part(1) ကျောင်းသားသည် အခန်းအဖော် နှင့်အတူ စာကျက်ပြီးနောက် ယင်းသို့ ဖြစ်ပွားခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။ အဆိုပါ ဆေးကျောင်း သားသည် အခန်းအဖော်နှင့်အတူ စာကျက်နေပြီး စာမကျေညက် သေးသဖြင့် ကိုယ်စီစိတ်ညစ်နေ ကြောင်း၊ ၎င်းတို့နှစ်ဦး အပြင်သို့ အတူ ထမင်းထွက်စားခဲ့ပြီး နောက် သေဆုံးသူမှာ တစ်ဦးတည်းအခန်းထဲတွင် ပြန်လည်စာကျက် နေစဉ် ကိုယ့်ကိုယ်ကိုယ် သေ ကြောင်းကြံစည်ခဲ့ကြောင်း တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အကြီး တန်းရဲအရာရှိတစ်ဦးက ပြော ကြားသည်။ ‘‘ထမင်းစားပြန်လာပြီး သေ သွားတဲ့ကောင်လေးက အခန်းထဲ မှာ တစ်ယောက်တည်း စာကျက် နေတာ။ သူ့အခန်းဖော်ကနေ အ အေးဝယ်ဖို့ အခန်းထဲကို သော့ ပြန်ယူချိန်မှာ တံခါးဖွင့်မပေးလို့ ဘေးက တရုတ်ကတ်မှန်ပေါက် ကနေ ချောင်းကြည့်လိုက်တော့ ထုပ်တန်းနိုင်လွန်ကြိုးနဲ့ ကြိုးဆွဲ ချလျက်ဖြစ်နေတယ်။ ချက်ချင်း ဆေးရုံကို ခေါ်သွားတယ်။ အဲဒီ တုန်းကတော့ မသေသေးဘူး’’ဟု အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။ သေဆုံးသူသည် မတ္တရာမြို့ နယ် ဘုရင့်နောင်ရပ်ကွက်နေသူ ဖြစ်ပြီး မန္တလေးပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူစဉ် မတ်လ ၆ ရက် နံနက် ၅ နာရီ၌ သေဆုံးခဲ့ကြောင်း အဆောင်ပိုင်ရှင် ဒေါ်ထားထားက ပြောသည်။ ‘‘ကောင်လေးတွေက စာမရ လို့ စိတ်ဖိစီးမှုများတယ်လို့ထင် တယ်။ မတ်လ ၆ ရက်က စာမေးပွဲဖြေရမယ့်နေ့လေ။ ဒီနေ့ မနက် ၅ နာရီလောက်မှာ ဆုံးပါးသွား တယ်’’ဟု ဒေါ်ထားထားက ပြော သည်။ အဆိုပါကြိုးဆွဲချသေဆုံးမှု နှင့်ပတ်သက်၍ ချမ်းအေးသာစံ မြို့မရဲတပ်ဖွဲ့စခန်းတွင် ရဲအုပ် သန်းနိုင်က တရားလိုပြုလုပ်၍ သေကြောင်းကြံစည်မှု ရာဇသတ် ကြီးပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်ထား ရာမှ သေဆုံးခဲ့သဖြင့် သေမှုသေ ခင်းအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ စုံစမ်းသိရသည်။
credit..http://www.7daydaily.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...