လူသားတိုင္း ေသခါနီး ျဖစ္ေပၚလာတဲ့ စိတ္

ေသခါနီး ျဖစ္တဲ့စိတ္ အခ်ိန္၂ မိႏွစ္သာေပးၿပီး ဖတ္ေပးပါ

ေသခါနီး ျဖစ္တဲ့ စိတ္ဟာ အေရးၾကီးပါတယ္ ။
လားရာ သုဂတိကို ခ်က္ခ်င္း အက်ိဳးေပး နုိင္ပါတယ္ ။

ဒီအေၾကာင္းတရားကိုျမတ္စြာ ဘုရားရွင္က
ယခုလ ိုေဟာၾကား ခဲ့ပါတယ္ ။

ႏြား ေက်ာင္းသားဟာ ေန၀င္လို႕ ႏြားေတြကို ျခံထဲသြင္း
တဲ့အခါမွာ ႏြားပ်ိဳ ႏြားေပါက္စ
ေလးေတြက ေရွ့ဆံုးကေန တိုးေ၀ွ႕ျပီး ၀င္ၾကတယ္ ။

ဒါေပမယ့္ မသန္ မစြမ္းေတာ့ တဲ့ ..
ႏြားအိုၾကီး ေတြကေတာ့ ဘယ္ေလာက္ပဲ
ရိုက္နွက္ ေျခာက္လွန္႕သည္ျဖစ္ေစ ...
ျဖည္းျဖည္းျခင္းပဲ ေနာက္ဆံုးကေန ၀င္ၾကတယ္။

ေနာက္ဆံုး ႏြားျခံကို ပိတ္လိုက္တဲ့ အခ်ိန္မွာေတာ့
ႏြားအိုၾကီး ေတြကျခံေပါက္၀ မွာပဲ အိပ္ၾကရတယ္ ။

ဒါေပမယ့္ ေနာက္တစ္ေန႕ ႏြားေတြကို ျခံထဲက
ျပန္ထုတ္ တဲ့ အခါမွာေတာ့ ျခံ၀မွာ အိပ္ေနတဲ့ ႏြားအိုၾကီး ေတြကပဲ အရင္ထြက္ ခြင့္ရပါတယ္ ။

ႏြားပ်ိဳ ႏြားငယ္ ေတြကေတာ့
ေနာက္ဆံုးမွပဲ ထြက္ၾကရပါတယ္ ။

အဲ့ဒီလိုပဲ ေသခါနီး ခိုကိုးရာ မဲ့ေနတဲ့ အခ်ိန္မွာ
ျဖစ္တဲ့စိတ္ဟာ အရင္ဆံုး အက်ိဳးေပးပါတယ္ လို႕ ျမတ္စြာဘုရား ေဟာၾကား ေတာ္မူခဲ့ပါတယ္ ။

၀ိပႆနာအသိ မရွိတဲ့ လူပတ္၀န္းက်င္မွာ
ေသရရင္ျဖင့္ အရမ္းကို ေၾကာက္ဖို႕ေကာင္းပါတယ္ ။

ၾကည့္ေလရာ ျမင္ေလရာက ကိုယ္တစ္ဘ၀လံုး
စြဲခဲ့တဲ့ အရာေတြ ခ်ည္းပါပဲ ။

အိမ္ေတြ အသံုးအေဆာင္ေတြ အ၀တ္ အစားေတြ
သား သမီး လင္မယားေတြ အိမ္ေမြး တိရစာၦန္ေတြ ။

ကိုယ့္ပတ္၀န္းက်င္မွာ ရွိတာေတြ အကုန္လံုးက
ကိုယ့္ကို အပါယ္ဆြဲခ်မယ့္ အရာေတြ ခ်ည္းပဲ ။

ဒါေၾကာင့္ ...

တစ္ခ်ိဳ႕ နားလည္ သေဘာေပါက္တဲ့ လူေတြ
ဟာ သူေတာ္ေကာင္း ေနရာ ေမတၱာဓါတ္လႊမ္းျခံဳ...
တဲ့ ေနရာ ဆိတ္ျငိမ္ တဲ့ ေနရာ ေတြမွာ
ၾကိဳတင္ စီစဥ္ျပီး ေသဆံုးေလ့ ရွိၾကပါတယ္။

ေသမယ့္ အခ်ိန္ကို ၾကိဳမသိ နုိင္ေပမယ့္
အဲ့လို ေနရာမ်ိဳး မွာပဲ ဘ၀ရဲ့ ေနာက္ဆံုး
အခ်ိန္ေတြကို ျဖတ္သန္း သြားၾကပါတယ္ ။

ေၾကာက္လည္း ေၾကာက္စရာ ပါပဲ။
အပါယ္က်သြားလို႕ ဘြာေတးလုပ္လုိ႕ မရပါဘူး ။

အကုသိုလ္ အစြဲအလန္း ေတြ အားၾကီး
လြန္းလို႕ ေသခါနီး ၀ိဥာဥ္ မခ်ဳပ္နုိင္ပဲ
ဆန္႕တငင္ငင္ ျဖစ္ေနတဲ့ ပုဂၢိဳလ္ေတြ ရွိပါတယ္ ။

တစ္ခ်ိဳ႕ကလည္း အကုသိုလ္ ေစတနာ
ကုသိုလ္ ေစတနာ သိပ္ၾကီးၾကီး မားမား မရွိ....

၀ိပႆနာ ဥာဏ္ကလည္း မရွိေတာ့ သူ႕ ကံက
သူ႕ကို ဘယ္ပို႕ရမွန္း မသိပဲ ဟိုစိတ္ ေရာက္လိုက္
ဒီစိတ္ ေရာက္လိုက္နဲ႕ ၾကာေနတာ ေတြရွိပါတယ္။

ဒါကိုပဲ ေဘးက လူက ဟိုလူ႕ေစာင့္ သလိုလို
ဒီလူ႕ ေစာင့္ သလိုလို သားကိုပဲ ေမွ်ာ္သလိုလို
သမီးကိုပဲ ေမွ်ာ္သလိုလို ထင္ေတာ့ တာပါပဲ ။

သားေလး ေရာက္လာျပီ သမီးေလး ေရာက္လာၿပီ
ထၾကည့္ပါဦး လို႕ ေဘးကမ်ား ..

ကုန္း ေအာ္လိုက္ လို႕ကေတာ့ ေသတဲ့ သူ
တစ္ခါတည္း သြားေရာ့ ငရဲအိုးပဲ ..

အပါယ္ေလးဘုံကို....
တန္းေနေအာင္ ေျပးပါေတာ့တယ္ ။

ေသတဲ့ သူကို ဆြဲခါ လႈပ္ယမ္း ဖက္ၿပီး
ေအာ္ငိုတာ ကေတာ့ အဆိုးဆံုးပါပဲ ။

က်လု က်ခင္ ျဖစ္ေန တဲ့ သူကို
ခ်စ္သလိုလို နဲ႕ ေဆာင့္ကန္ခ် လိုက္တာပါပဲ ။

ဒါေၾကာင့္ .....

ငါေသရင္ မငိုၾကနဲ႕ ဆူဆူညံညံလည္း မလုပ္ၾကနဲ႕…

ငါ့ေဘးနားလည္း မေနၾက နဲ႕ ငါ့တရား နဲ႕
ငါ နွလံုးသြင္းျပီး ျငိမ္းျငိမ္း ခ်မ္းခ်မ္း ေသမယ္လို႕
အဲ့လို ၾကိဳတင္ျပီး မိသားစုကို မွာထားရမယ္...

အေဖရယ္ အေမရယ္ နိမိတ္ မရွိေသာ
စကားမေျပာပါ နဲ႕ အဲ့လို ေျပာလာရင္ ဟဲ့ နိမိတ္
မရွိ မလုပ္နဲ႕ ငါက ေသရင္ ဒီနိမိတ္နဲ႕ပဲ သြားရမွာ ...

အဲ့လို ျပတ္ျပတ္ သားသား မွာထား
ရမယ္ လို႕မိုးကုတ္ ဆရာေတာ္ ဘုရားၾကီးက
အထပ္ထပ္ အခါခါ သတိေပး သြားခဲ့တာပါ ။

တစ္ခ်ိဳ႕က ကုသိုလ္ ေကာင္းမႈ႕ ေတြေတာ့ လုပ္ခဲ့ပါရဲ႕
ဒါေပမယ့္ ေသခါနီး က်ေတာ့ လွဴတုန္းကျဖစ္ခဲ့တဲ့

ေစတနာကို ျပန္မစြဲပဲ ေက်ာင္းစြဲ ဘုရားစြဲ
ဇရပ္ စြဲအဲ့လို စြဲေတာ့ ေက်ာင္းေစာင့္ ဘုရားေစာင့္
ေစတီေစာင့္ ေတြပဲ ျဖစ္ၾကရတယ္ ။

ရိပ္သာမွာ အားထုတ္ ခဲ့ေပမယ့္
၀ိပႆနာ စိတ္ မျဖစ္ပဲ ရိပ္သာ
စြဲေသေတာ့ ရိပ္သာ ေစာင့္ ျဖစ္ရျပန္တယ္ ။

ေစတနာကို ျပန္စြဲမိရင္ ေတာင္မွ အစြဲျဖစ္
တဲ့ အတြက္ ကံရွိ သေလာက္ အက်ိဳးေပး
ျပီး ကံကုန္တာ နဲ႕ ျပန္ဆင္း ရမွာပါပဲ။

ဒါေၾကာင့္ အပါယ္
လြတ္ရာ လမ္း တစ္လမ္းပဲ ရွိပါတယ္။

အဲ့ဒါ ကေတာ့ အသက္ရွင္ ေနထိုင္
တုန္းမွာ ၀ိပႆနာကို ျမင့္ျမတ္စြာ က်င့္ၾကံ
အားထုတ္ျပီး အေသ တတ္ေအာင္ ၾကိဳးစားဖို႕ပါပဲ ။

သစၥာ တရားကို နွလံုးသားမွာ ယံုမွား
သံသယမရွိေအာင္ က်င့္ၾကံ သြားနုိင္ တဲ့

အရိယာ ပုဂၢိဳလ္က ေတာ့ ပတ္၀န္းက်င္
ဘယ္လိုပဲ ျဖစ္ျဖစ္ မတုန္လႈပ္ ေတာ့ပါဘူး ။

အရိယာ တို႕ရဲ့ လားရာ သုဂတိဟာ ျမဲသြား
ျပီ ျဖစ္ တဲ့ အတြက္ သူသြား ရမယ့္ လမ္းကို
ေျဖာင့္ေျဖာင့္ တန္းတန္း ပဲ သြားပါတယ္ ။

ဒါေပမယ့္ အဲ့လို မွ မက်င့္ၾကံနုိင္ တဲ့ သာမာန္
ပုဂၢိဳလ္မ်ား အတြက္ ကေတာ့ ေသခါနီး အခ်ိန္နဲ႕

ပတ္၀န္း က်င္ဟာ ကိုယ့္အတြက္ ေနာက္ဆံုး
အခြင့္အေရး ေနာက္ဆံုး က်ည္ဆန္ ျဖစ္တဲ့အတြက္

အလြန္အင္မတန္ မွ အေရးၾကီး လွပါတယ္ လို႕
ေစတနာ အရင္းခံျပီး သတိေပး လိုက္ရပါတယ္ ။

Share ျခင္းျဖင့္ ကုသိုလ္ယူပါ…
(အနႏၲေမတၱာ)
Nann

Credi to Original Uploader.
မင္းကြန္းဆရာေတာ္ဘုရားႀကီး၏
ဘဝမွတ္တိုင္မ်ား မွ။
www.apannpyay.com
===========

သေခါနီး ဖြစ်တဲ့စိတ် အချိန်၂ မိနှစ်သာပေးပြီး ဖတ်ပေးပါ

သေခါနီး ဖြစ်တဲ့ စိတ်ဟာ အရေးကြီးပါတယ် ။
လားရာ သုဂတိကို ချက်ချင်း အကျိုးပေး နိုင်ပါတယ် ။

ဒီအကြောင်းတရားကိုမြတ်စွာ ဘုရားရှင်က
ယခုလ ိုဟောကြား ခဲ့ပါတယ် ။

နွား ကျောင်းသားဟာ နေဝင်လို့ နွားတွေကို ခြံထဲသွင်း
တဲ့အခါမှာ နွားပျို နွားပေါက်စ
လေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ဝင်ကြတယ် ။

ဒါပေမယ့် မသန် မစွမ်းတော့ တဲ့ ..
နွားအိုကြီး တွေကတော့ ဘယ်လောက်ပဲ
ရိုက်နှက် ခြောက်လှန့်သည်ဖြစ်စေ ...
ဖြည်းဖြည်းခြင်းပဲ နောက်ဆုံးကနေ ဝင်ကြတယ်။

နောက်ဆုံး နွားခြံကို ပိတ်လိုက်တဲ့ အချိန်မှာတော့
နွားအိုကြီး တွေကခြံပေါက်ဝ မှာပဲ အိပ်ကြရတယ် ။

ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲက
ပြန်ထုတ် တဲ့ အခါမှာတော့ ခြံဝမှာ အိပ်နေတဲ့ နွားအိုကြီး တွေကပဲ အရင်ထွက် ခွင့်ရပါတယ် ။

နွားပျို နွားငယ် တွေကတော့
နောက်ဆုံးမှပဲ ထွက်ကြရပါတယ် ။

အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာ မဲ့နေတဲ့ အချိန်မှာ
ဖြစ်တဲ့စိတ်ဟာ အရင်ဆုံး အကျိုးပေးပါတယ် လို့ မြတ်စွာဘုရား ဟောကြား တော်မူခဲ့ပါတယ် ။

၀ိပဿနာအသိ မရှိတဲ့ လူပတ်ဝန်းကျင်မှာ
သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ် ။

ကြည့်လေရာ မြင်လေရာက ကိုယ်တစ်ဘဝလုံး
စွဲခဲ့တဲ့ အရာတွေ ချည်းပါပဲ ။

အိမ်တွေ အသုံးအဆောင်တွေ အဝတ် အစားတွေ
သား သမီး လင်မယားတွေ အိမ်မွေး တိရစ္ဆာန်တွေ ။

ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတာတွေ အကုန်လုံးက
ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေ ချည်းပဲ ။

ဒါကြောင့် ...

တစ်ချို့ နားလည် သဘောပေါက်တဲ့ လူတွေ
ဟာ သူတော်ကောင်း နေရာ မေတ္တာဓါတ်လွှမ်းခြုံ...
တဲ့ နေရာ ဆိတ်ငြိမ် တဲ့ နေရာ တွေမှာ
ကြိုတင် စီစဉ်ပြီး သေဆုံးလေ့ ရှိကြပါတယ်။

သေမယ့် အချိန်ကို ကြိုမသိ နိုင်ပေမယ့်
အဲ့လို နေရာမျိုး မှာပဲ ဘဝရဲ့ နောက်ဆုံး
အချိန်တွေကို ဖြတ်သန်း သွားကြပါတယ် ။

ကြောက်လည်း ကြောက်စရာ ပါပဲ။
အပါယ်ကျသွားလို့ ဘွာတေးလုပ်လို့ မရပါဘူး ။

အကုသိုလ် အစွဲအလန်း တွေ အားကြီး
လွန်းလို့ သေခါနီး ၀ိဉာဉ် မချုပ်နိုင်ပဲ
ဆန့်တငင်ငင် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ် ။

တစ်ချို့ကလည်း အကုသိုလ် စေတနာ
ကုသိုလ် စေတနာ သိပ်ကြီးကြီး မားမား မရှိ....

၀ိပဿနာ ဉာဏ်ကလည်း မရှိတော့ သူ့ ကံက
သူ့ကို ဘယ်ပို့ရမှန်း မသိပဲ ဟိုစိတ် ရောက်လိုက်
ဒီစိတ် ရောက်လိုက်နဲ့ ကြာနေတာ တွေရှိပါတယ်။

ဒါကိုပဲ ဘေးက လူက ဟိုလူ့စောင့် သလိုလို
ဒီလူ့ စောင့် သလိုလို သားကိုပဲ မျှော်သလိုလို
သမီးကိုပဲ မျှော်သလိုလို ထင်တော့ တာပါပဲ ။

သားလေး ရောက်လာပြီ သမီးလေး ရောက်လာပြီ
ထကြည့်ပါဦး လို့ ဘေးကများ ..

ကုန်း အော်လိုက် လို့ကတော့ သေတဲ့ သူ
တစ်ခါတည်း သွားရော့ ငရဲအိုးပဲ ..

အပါယ်လေးဘုံကို....
တန်းနေအောင် ပြေးပါတော့တယ် ။

သေတဲ့ သူကို ဆွဲခါ လှုပ်ယမ်း ဖက်ပြီး
အော်ငိုတာ ကတော့ အဆိုးဆုံးပါပဲ ။

ကျလု ကျခင် ဖြစ်နေ တဲ့ သူကို
ချစ်သလိုလို နဲ့ ဆောင့်ကန်ချ လိုက်တာပါပဲ ။

ဒါကြောင့် .....

ငါသေရင် မငိုကြနဲ့ ဆူဆူညံညံလည်း မလုပ်ကြနဲ့…

ငါ့ဘေးနားလည်း မနေကြ နဲ့ ငါ့တရား နဲ့
ငါ နှလုံးသွင်းပြီး ငြိမ်းငြိမ်း ချမ်းချမ်း သေမယ်လို့
အဲ့လို ကြိုတင်ပြီး မိသားစုကို မှာထားရမယ်...

အဖေရယ် အမေရယ် နိမိတ် မရှိသော
စကားမပြောပါ နဲ့ အဲ့လို ပြောလာရင် ဟဲ့ နိမိတ်
မရှိ မလုပ်နဲ့ ငါက သေရင် ဒီနိမိတ်နဲ့ပဲ သွားရမှာ ...

အဲ့လို ပြတ်ပြတ် သားသား မှာထား
ရမယ် လို့မိုးကုတ် ဆရာတော် ဘုရားကြီးက
အထပ်ထပ် အခါခါ သတိပေး သွားခဲ့တာပါ ။

တစ်ချို့က ကုသိုလ် ကောင်းမှု့ တွေတော့ လုပ်ခဲ့ပါရဲ့
ဒါပေမယ့် သေခါနီး ကျတော့ လှူတုန်းကဖြစ်ခဲ့တဲ့

စေတနာကို ပြန်မစွဲပဲ ကျောင်းစွဲ ဘုရားစွဲ
ဇရပ် စွဲအဲ့လို စွဲတော့ ကျောင်းစောင့် ဘုရားစောင့်
စေတီစောင့် တွေပဲ ဖြစ်ကြရတယ် ။

ရိပ်သာမှာ အားထုတ် ခဲ့ပေမယ့်
၀ိပဿနာ စိတ် မဖြစ်ပဲ ရိပ်သာ
စွဲသေတော့ ရိပ်သာ စောင့် ဖြစ်ရပြန်တယ် ။

စေတနာကို ပြန်စွဲမိရင် တောင်မှ အစွဲဖြစ်
တဲ့ အတွက် ကံရှိ သလောက် အကျိုးပေး
ပြီး ကံကုန်တာ နဲ့ ပြန်ဆင်း ရမှာပါပဲ။

ဒါကြောင့် အပါယ်
လွတ်ရာ လမ်း တစ်လမ်းပဲ ရှိပါတယ်။

အဲ့ဒါ ကတော့ အသက်ရှင် နေထိုင်
တုန်းမှာ ၀ိပဿနာကို မြင့်မြတ်စွာ ကျင့်ကြံ
အားထုတ်ပြီး အသေ တတ်အောင် ကြိုးစားဖို့ပါပဲ ။

သစ္စာ တရားကို နှလုံးသားမှာ ယုံမှား
သံသယမရှိအောင် ကျင့်ကြံ သွားနိုင် တဲ့

အရိယာ ပုဂ္ဂိုလ်က တော့ ပတ်ဝန်းကျင်
ဘယ်လိုပဲ ဖြစ်ဖြစ် မတုန်လှုပ် တော့ပါဘူး ။

အရိယာ တို့ရဲ့ လားရာ သုဂတိဟာ မြဲသွား
ပြီ ဖြစ် တဲ့ အတွက် သူသွား ရမယ့် လမ်းကို
ဖြောင့်ဖြောင့် တန်းတန်း ပဲ သွားပါတယ် ။

ဒါပေမယ့် အဲ့လို မှ မကျင့်ကြံနိုင် တဲ့ သာမာန်
ပုဂ္ဂိုလ်များ အတွက် ကတော့ သေခါနီး အချိန်နဲ့

ပတ်ဝန်း ကျင်ဟာ ကိုယ့်အတွက် နောက်ဆုံး
အခွင့်အရေး နောက်ဆုံး ကျည်ဆန် ဖြစ်တဲ့အတွက်

အလွန်အင်မတန် မှ အရေးကြီး လှပါတယ် လို့
စေတနာ အရင်းခံပြီး သတိပေး လိုက်ရပါတယ် ။

Share ခြင်းဖြင့် ကုသိုလ်ယူပါ…
(အနန္တမေတ္တာ)
Nann

Credi to Original Uploader.
မင်းကွန်းဆရာတော်ဘုရားကြီး၏
ဘဝမှတ်တိုင်များ မှ။
www.apannpyay.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...