ပြည့်တန်ဆာ လုပ်မယ့် ဖွေးဖွေး နာမည်ကြီးလိုက်ဦးမည်
ပြည့်တန်ဆာ လုပ်မယ့် ဖွေးဖွေး
ပြည့်တန်ဆာ မိန်းကလေးတစ်ယောက် လုပ်မယ့် ဖွေးဖွေးဟာ ရွှေကြာဇာတ်ကားအတွက် သူမရဲ့ ဇာတ်ရုပ်ပီပြင်အောင် ကိုယ်အလေးချိန်ချနေတာ ၁၄ ပေါင်လောက်ကျနေပီလဲ ဖြစ်ပါတယ် ။ ဝတာကြိုက်တဲ့ ဖွေးဖွေးဟာ ဒီဇာတ်ကားမှာ ဒါရိုက်တာ ၀ိုင်းရဲ့ တောင်းဆမှုကြောင့် ကာရိုက်တာနဲ့ လိုက်အောင် လျှော့ချလိုက်ခြင်းလဲ ဖြစ်ပါတယ်။ ၁၄ ပေါင်လောက် ကျသွားပေမယ့် ဒီဇာတ်ကားပြီးရင်တော့ ပြန်ဝမှာပါလို့ ပြောထားပါသေးတယ် ။ ၀ိတ်ချနည်းကိုလဲ ဖွေးက Gym ကိုတပတ်၂ရက်လောက်ပဲ ကစားဖြစ်ပြီး အစားအသောက်နဲ့ လျှော့လိုက်တာ ပါလို့ ၀ိတ်ချနည်းကို ဝေမျှထားပါတယ် ။ ရွှေကြာဇာတ်ရုပ်အတွက် အပြင်လောက ကပြည့်တန်ဆာ အလုပ်လုပ်ကိုင်နေတဲ့ မိန်းကလေးတွေကိုလဲ တွေ့ဆုံစကားပြောမယ်လို့ လဲ သိရပါတယ် ။
ဆရာမ ပုညခင် ရေးထားတဲ့ ဇာတ်ညွှန်း တွေကလဲ အရမ်းကို ပြည့်စုံပြီးဖတ်တာနဲ့တင် မျက်ရည်ကျရပါတယ်လို့ လဲ ပြောထားပါတယ်။ ရွှေကြာလို မိန်းကလေးတွေ ဟာလဲလူပါပဲ ဒုက္ခ ချင်းမတူတာပဲ ရှိပါတယ် ကိုယ်တိုင်ကရုန်းထွက်ချင်ရင်ဘာမဆိုဖြစ်နိုင်တယ် အားလေးတစ်ခုပဲ ဖြစ်ဖြစ်တစ်စပဲဖြစ်ဖြစ် ရွှေကြာလိုမိန်းကလေးတွေ ဖွေးကိုမြင်ရင် အားရှိသွားစေချင်တယ်လို့ လဲ ပြောထားပါတယ်။
ကိုဝိုင်းနဲ့ ဖွေးနဲ့ တူတာက အကယ်ဒမီဆိုတာကို မှန်းပီးလုပ်တာ မဟုတ်ပါဘူး အလုပ်နဲ့ ပတ်သတ်ပြီး ဖွေးကော ပရိတ်သတ်ကော တကယ်ခံစားလို့ ရမလားဆိုတာနဲ့ အလုပ်ကို လုပ်တာပါ ။ ရွှေကြာကားကို လဲ ရိုက်ကူးမှု တွေ ၂ လနားထားပြီးမှ ပြန်လည်ရိုက်ကူးဖြစ်တာလဲ ဖြစ်ပါတယ် ။ရွှေကြာဇာတ်ကာမှာ ဖွေးဖွေး နဲ့ အတူ အလင်းရောင် ၊ သင်ဇာဝင့်ကောျ် တို့ လဲ ပါဝင်ပါတယ်လို့ သိရပါတယ် ။
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...