သႀကၤန္ကာလမွာ ေနရပ္ျပန္ဖို႔ ျမန္မာလုပ္သားေတြကို ထုိင္းအစိုးရက ခြင့္ရက္ ၂၀ ေပး



ထုိင္းႏုိင္ငံေရာက္ ေရႊ႕ေျပာင္း ျမန္မာလုပ္သားေတြကို ယခုႏွစ္ သႀကၤန္ပဲြေတာ္ကာလ နားရက္အျဖစ္ ထုိင္းႏုိင္ငံအစိုးရက ရက္ေပါင္း ၂၀ ခြင့္ေပးလိုက္တယ္လို႔ သိရပါတယ္။
ယခုႏွစ္ သႀကၤန္ပဲြေတာ္ကာလအတြက္ ဧၿပီ ၁၀ ရက္မွ ၃၀ ရက္အထိ နားရက္အျဖစ္ ရက္ေပါင္း ၂၀  သတ္မွတ္ကာ ခြင့္ေပးလိုက္တာ ျဖစ္ျပီး အဆုိပါကာလမွာ ေနရပ္ျပန္မယ့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားေတြကို ထုိင္းရဲတပ္ဖဲြ႕က ဖမ္းဆီးအေရးယူမႈေတြ မျပဳလုပ္ဖို႔ သေဘာတူထားေၾကာင္း ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ုံးမွ အလုပ္သမားသံအရာရွိ ဦးမုိးေအာင္ခိုင္ကေျပာထားတယ္လု႔ိ ျပည္တြင္း သတင္းစာၾကီးတစ္ေစာင္မွာ ေရးသားထားပါတယ္။
ေနရပ္ျပန္မယ့္ ျမန္မာလုပ္သားေတြဟာ နယ္စပ္ဂိတ္ေပါက္ကသာ ျဖတ္သန္းရမွာျဖစ္ျပီး ျပန္လည္ ၀င္ေရာက္လာမယ္ဆိုရင္လည္း အဆုိပါဂိတ္မွသာ ၀င္ေရာက္ရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
ရက္ ၂၀ ေပးေတာ့ ရြာကိုျပန္မယ့္သူေတြအတြက္ အဆင္ေျပတယ္ေလ။ လမ္းမွာ ဖမ္းဆီးတာေတြ မရွိဘူးဆုိရင္ ပိုေကာင္းတာေပါ့’’လို႔ မဟာခ်ဳိင္ၿမိဳ႕မွာ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာလုပ္သားတစ္ဦးက ေျပာထားေၾကာင္း သတင္းမွာ ေဖာ္ျပပါတယ္။
ထို႔အျပင္ ျမန္မာလုပ္သားေတြနည္းတူ ကေမၻာဒီးယားနဲ႔ လာအိုႏုိင္ငံက လုပ္သားေတြလည္း အဆုိပါကာလအတြင္း ေနရပ္ကိုျပန္ဖို႔ ထုိင္းအစုိးရက ခြင့္ရက္ေတြ အသီးသီးသတ္မွတ္ေပးထားပါတယ္။
ထိုင္းႏိုင္ငံမွာ ပန္းေရာင္ကတ္ ကိုင္ေဆာင္သူ ျမန္မာလုပ္သား ရွစ္သိန္း၊ ေလးႏွစ္နဲ႔ေျခာက္ႏွစ္စာအုပ္ အသီးသီးကိုင္ေဆာင္ထားသူ တစ္သိန္းခြဲ၊ စုစုေပါင္း ျမန္မာလုပ္သားႏွစ္သန္းခြဲခန္႔ဟာ ကတ္သက္တမ္းကုန္ဆံုးေနတာေၾကာင့္ ထိုင္းရဲတပ္ဖြဲ႕ ဖမ္းဆီးတာမခံရေစဖို႔ အျပင္သို႔ မထြက္ရဲဘဲ ရွိတယ္လို႔လည္း သိရပါတယ္။
ပန္းေရာင္ကတ္ကိုင္ေဆာင္ထားသူေတြဟာ ကတ္ျပဳလုပ္ထားတဲ့ ၿမိဳ႕နယ္အတြင္းသာ ေနထိုင္အလုပ္လုပ္ကိုင္ၾကရမွာျဖစ္ျပီး နယ္ေျမေက်ာ္ျဖတ္သြားလာပါက ထိုင္းရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးျခင္းခံရတာ ျဖစ္ပါတယ္။
Source: 7Day Daily
Photos: panoramio, activerain
====
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာလုပ်သားတွေကို ယခုနှစ် သင်္ကြန်ပွဲတော်ကာလ နားရက်အဖြစ် ထိုင်းနိုင်ငံအစိုးရက ရက်ပေါင်း ၂၀ ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။
ယခုနှစ် သင်္ကြန်ပွဲတော်ကာလအတွက် ဧပြီ ၁၀ ရက်မှ ၃၀ ရက်အထိ နားရက်အဖြစ် ရက်ပေါင်း ၂၀  သတ်မှတ်ကာ ခွင့်ပေးလိုက်တာ ဖြစ်ပြီး အဆိုပါကာလမှာ နေရပ်ပြန်မယ့် ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုတွေ မပြုလုပ်ဖို့ သဘောတူထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်ကပြောထားတယ်လို့ ပြည်တွင်း သတင်းစာကြီးတစ်စောင်မှာ ရေးသားထားပါတယ်။
နေရပ်ပြန်မယ့် မြန်မာလုပ်သားတွေဟာ နယ်စပ်ဂိတ်ပေါက်ကသာ ဖြတ်သန်းရမှာဖြစ်ပြီး ပြန်လည် ဝင်ရောက်လာမယ်ဆိုရင်လည်း အဆိုပါဂိတ်မှသာ ဝင်ရောက်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ရက် ၂၀ ပေးတော့ ရွာကိုပြန်မယ့်သူတွေအတွက် အဆင်ပြေတယ်လေ။ လမ်းမှာ ဖမ်းဆီးတာတွေ မရှိဘူးဆိုရင် ပိုကောင်းတာပေါ့’’လို့ မဟာချိုင်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတစ်ဦးက ပြောထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။
ထို့အပြင် မြန်မာလုပ်သားတွေနည်းတူ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက လုပ်သားတွေလည်း အဆိုပါကာလအတွင်း နေရပ်ကိုပြန်ဖို့ ထိုင်းအစိုးရက ခွင့်ရက်တွေ အသီးသီးသတ်မှတ်ပေးထားပါတယ်။
ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ် ကိုင်ဆောင်သူ မြန်မာလုပ်သား ရှစ်သိန်း၊ လေးနှစ်နဲ့ခြောက်နှစ်စာအုပ် အသီးသီးကိုင်ဆောင်ထားသူ တစ်သိန်းခွဲ၊ စုစုပေါင်း မြန်မာလုပ်သားနှစ်သန်းခွဲခန့်ဟာ ကတ်သက်တမ်းကုန်ဆုံးနေတာကြောင့် ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးတာမခံရစေဖို့ အပြင်သို့ မထွက်ရဲဘဲ ရှိတယ်လို့လည်း သိရပါတယ်။
ပန်းရောင်ကတ်ကိုင်ဆောင်ထားသူတွေဟာ ကတ်ပြုလုပ်ထားတဲ့ မြို့နယ်အတွင်းသာ နေထိုင်အလုပ်လုပ်ကိုင်ကြရမှာဖြစ်ပြီး နယ်မြေကျော်ဖြတ်သွားလာပါက ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံရတာ ဖြစ်ပါတယ်။
Source: 7Day Daily
Photos: panoramio, activerain

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...