အနေတည်ပြီး လူကြောက်တတ်တာ ငယ်ငယ်ကတည်းကပါ..။
================================
အီစကိုယ့်ကို... အမြင် နေ ကြလောက် ပြီ မို့ ဒီ data တွေ အစောကြီး ကတည်းက ရ, ထားတာ ဆိုပေမဲ့ လက်ရှောင်နေတာနဲနဲ ကြာပြီ။
အန်ကယ် ကတော့ ... ... 
သောက် စကား မများ နဲ့
:P
===================================================
[[ စာအရမ်းရှည်တာ မဖတ်ချင်ရင်တော့ အောက်မှာ ရေးထားတဲ့ အချက် ၃ ချက် ကိုပဲဖတ်ပြီး သူ့ အောက်က Blues week နှင့် နောက်ဆက်တွဲ ဆိုတာကို မဖတ်ပဲ ချန်ထားခဲ့လိုက်ပါ]]
======================================
ဟန် သိပ် မဆောင်နိုင်လို့ အကွင်းအကွင်း မုန့်တီဟင်းလို ရှင်းရှင်းကြီး ပေါ်နေတတ်တာ အမှန်ပဲ။
( ဥပမာ။ ။
စသည်ဖြင့်ပေါ့။)
အဲ့လို သူ့ Personal Life က ကိစ္စတွေ က ပွဲနဲ့ တိုက်ရိုက် မသက် ဆိုင်လို့ သူဘယ်လောက် သန့်သန့်ရှင်းရှင်း ပြိုင်ပွဲဝင် မဝင်ဆိုတာ ကြည့်ဖို့ ဒါတွေ ကို ထည့်စဉ်းစား စရာ အကြောင်း မရှိဘူး ဆိုရင် လက်ခံနိုင်လောက်မှာပါ
ဥပမာ အနေနဲ့ - 
အပြောမခံရစေချင်တဲ့ သူ့ စိတ်ထား ကို မြင်နိုင်တဲ့ အချက် တစ်ခုပါပဲ (SS ၂ခု တင်ပြီး ဝိုင်းပြထားပါတယ်)။
ကောက်ချက် ချ ရမယ်ဆို ...
အပေါ်က ပြောခဲ့ သလို ကြည့်မိ သမျှ အချက်အလက်တွေအရ သူစိတ်ကောင်းရှိတာသာ မြင်ရပြီး စိတ်ထားမကောင်းဘူး လို့ ပြောနိုင်တာ မတွေ့ရပါ။
=============================
==========================
အဲဒီတော့ နဂိုကတည်းက လူကြောက်တတ်တဲ့ အထင်လွဲခံရမှာ စိုးရိမ်တဲ့ ကလေးမ က တမင်ဖိုက်တာလုပ်ပြီး ထ... ဖောင်းတယ် ဘာသာရေး ခွဲခြားပြတယ် ဆိုတာ ထက် စာအရေးအသား မတတ် လို့ မှားတယ် လို့ ယူဆ ရင်ဖြစ်နိုင်ချေ ပိုများမယ် ထင်တယ်။
=====================================
=====================================
========================
ညပ် သွားတဲ့... လူမျိုးက လွဲရင် ဘလိုင်းချည်းတော့ ဘယ်သူမှ မထွက်ချင် ပါ ဘူး))
စိတ်ဓါတ် သေးသိမ်ပုံက 
ဒါနဲ့တင် အားမရလို့
မကြားဝံ့မနာသာ တွေနဲ့
ရိုင်းရိုင်းစိုင်းစိုင်းတွေ ဆဲဆိုနေကြတာ နေ့စဉ်လိုလို။
ပြိုင်ပွဲ အတွက်
မဖွင့်ရဲလောက်တဲ့အထိ
ကြားက မခံမရပ်နိုင်အောင် ဝိုင်းပြောကြတယ်။
ဒါ့အပြင် ... ပြိုင်ပွဲကာလ မှာ report ဝိုင်းထုလို့
ပိုဆိုးတာက...
သူတို့တွေကိ
မေးကြည့်ချင်တာက
အဲ့လောက်ကြီးထိ
ဘယ်သူ့ကို ဘယ်တုံးက
အဲ့လောက်...
(NightWolf)
Source - Ba Nyar Thein
www.apannpyay.com
ဝေဖန်မှုတွေ အထင်လွဲ မှုတွေ ပြင်းထန် နေခဲ့သလို
ဖန်တွေနဲ့ ပရိတ်သတ်ရဲ့ အခိုင်အမာ အားပေး မှုကို
ရထား တဲ့ Idol သို့မဟုတ် ဘီလီလမင်းအေး @ ဖူးဖူး
================================
အမှန်အတိုင်းပြောရရင် ဒီရက်ပိုင်းမှာ MM Idol နဲ့ ပက်သက်လို့ ရေးတာ နဲနဲစိပ် နေလို့ရယ်..
ဒီပိုစ့် တင်ရင် ဆက်စပ်နေတဲ့ အခြားသူတွေရဲ့ နာမည်တွေ ကျွဲကူးရေပါဆိုသလို ပါလာ မှာစိုးလို့ ရယ်
အမျိုး အရင်းကြီး တွေက အစ တစ်ချိန်လုံး ဒါပဲ လုပ်နေလို့
အီစကိုယ့်ကို... အမြင် နေ ကြလောက် ပြီ မို့ ဒီ data တွေ အစောကြီး ကတည်းက ရ, ထားတာ ဆိုပေမဲ့ လက််ရှောင်နေတာနဲနဲ ကြာပြီ။
ဒါပေမဲ့ ဟိုကဒီက ကူးထားတဲ့ စာလေးတွေ ပေါင်းထား ပြီး နဲနဲ ချင်းစီ ရေးလာတဲ့ ရေးလက်စ ရှိနေတာ မို့ ရှေ့မျက်နှာ ရှေ့မှာပဲ အသာ ထားပြီး ရေးလိုက်ရ ပါသဗျ (နို့... မို့ ဘယ်မြင်ရမှာတုံး 😂😂)။
ဒီစာဟာ ဗုတ်တောင်းပေးတဲ့ စာ မဟုတ်သလို၊ သူ့ကို ကြိုက်ကြပါ အားပေးကြပါလို တောင်းဆိုတဲ့ စာ လဲမဟုတ်ပါဘူး။ မကြိုက် လို့ ဗုတ်မပေးရင်နေ။ သူအပါအဝင် ကျန်တဲ့ သူတွေကိုပါ မဆီ မဆိုင် တဲ့ တိုက်ခိုက်တာတွေ မလုပ်စေချင်လို့ ရေးယုံပါပဲ။
သိပ်မကြာခင် ပြီး တော့ မဲ့ ဒီပွဲ အတွက်ဆိုရင်တော့ ဒီလောက် အများကြီး ပြောစရာ မလိုပါဘူး။
ဒါပေမဲ့ သူ ရှေ့ဆက်သွား မဲ့ အနုပညာ လမ်းမှာ negative တွေ တတ်နိုင်သမျှ လျော့နည်း စေဖို့ အဓိက ရည်ရွယ်ပါတယ်။
((( ဒီကရှေ့ တော့ အမျိုး အရင်းကြီးတွေ အပါအဝင် အားလုံးမျက်စေ့ ဆံပင်မွှေးစူးနေတဲ့ Idol အကြောင်း နဲနဲ နားမည် ဖြစ်ကြောင်း သတင်းကောင်း ပါးရပါတယ် သူတော်ကောင်းတို့ ရေ 😅😅)))
[[ စာကိုတိုတိုပဲ ဖတ်ချင်ရင် ဒီအောက်က ပထမဆုံးစာပိုဒ်ကိုပဲဖတ်ပါ]]
ဘီလီလမင်းအေး @ ဖူးဖူး ကို စိတ်ထားမကောင်းဘူး တို့
စိတ်ဓါတ်သေးသိမ်တယ်လို့ ပြောနေကြတဲ့ လူတွေ
ကို ကြည့်လိုက် ရင် ...သူနဲ့ အပြင်မှာပါ ရင်းနှီးပြီး
လူချင်းသိတဲ့ ငယ်ပေါင်း တွေကို ခု ထိ မတွေ့ ဖူး ပါ။
နောက်ပြီး စိတ်ပုတ်တယ်ဘာတယ် ပြောရအောင်
ဘယ်သူ့ကို ဘယ်တုန်းက ဘယ်လိုအကျင့်ယုတ်လို့လဲ
ဘာလုပ်ခဲ့လို့လဲ ဆိုတော့လဲ မဖြေနိုင် ကြပြန်ပါဘူး။
အဲ့ဒီတော့ လဲ မခက်ကြဘူးလား ကွယ်တို့ရယ်...
အန်ကယ် ကတော့ ... ...
"ယူတို့တွေ က လေ ... ပြောလိုက် မှ ဖြင့် ဗရမ်း ဗတာ တွေ ချည်းပဲ ...
သောက် စကား မများ နဲ့
အထောက် အထား... ပြ ...." လို့ ပဲ ပြောပါရစေ
:P
===================================================
[[ စာအရမး်ရှည်တာ မဖတ်ချင်ရင်တော့ အောက်မှာ ရေးထားတဲ့ အချက် ၃ ချက် ကိုပဲဖတ်ပြီး သူ့ အောက်က Blues week နှင့် နောက်ဆက်တွဲ ဆိုုတာကို မဖတ်ပဲ ချန်ထားခဲ့လိုက်ပါ]]
အမှန်က တင်ရင်ကောင်းမလား မတင်ရင် ကောင်းမလား ဖြစ်နေတဲ့ ရေးလက်စ စာလေးကို ပြီးခဲ့တဲ့ Top 4 +1 ရဲ့ Result Show အပြီးမှဆက်ရေးဖြစ်တာ။
အဓိက..က တော်ယုံနဲ့ သူများ မကောင်းကြောင်း မပြောတတ် တဲ့ ကိုယ်လေးစားရတဲ့ သူတွေ ဝေါမှာပါ ဘီလီလမင်းအေး (ခ) ဖူးဖူး စိတ်ဓါတ်ဟာ ဘယ်သို့ဘယ်နှယ် ဆိုပြီး အမြင်တော်တော် စောင်း လို့ စိတ်တော်ညို နေကြတာတွေ့လို့ပဲ။ အဲ့တုန်းက ကိုယ်တိုင်တောင် နဲနဲ ဇဝေဇဝါ ဖြစ် သွားသေးတယ်။
ဒါနဲ့ အဲ့ကလေးမလေး အပေါ်မှာ ရှိတဲ့ အထောက်အထား အချက်အလက် မရှိတဲ့ မရေမရာ အတွေး တွေရော ကိုယ်ဟာ သူ့ကို အားပေးတဲ့ ဖန် ဆိုတာပါ မေ့ထားလိုက်တယ်။
သူဟာ ဘယ်လိုအနေအေးတာ စိတ်ထား ကောင်းတာ စတဲ့ ကိုယ်ကြားထားတဲ့ သတင်းတွေ၊ ခံစားချက် ကို အခြေပြုတဲ့ မှတ်ချက်တွေ။ ချစ်ခြင်းမုန်းခြင်း စတဲ့ ဘက်လိုက်စေတဲ့ emotion တွေ ကို ဖယ်ပြီး အချက်အလက်တွေ အရ ပဲ စဉ်းစား ကြည့်ကြည့် မိတယ်။
ဘီလီလမင်းအေး (ခ) ဖူးဖူး နဲ့ ပက်သက်လို့ online မှာ အမျိုးမျိုး အဖုံဖုံ တိုက်ခိုက်နေ ကြတာ ဆိုပေမဲ့ ချုပ်ကြည့်လိုက်ရင် အဓိကကျတာ ဒီ ၃ချက် ရှိတယ် လို့ ထင်တယ်။
၁။ စိတ်ပုတ်တယ်၊ မနာလိုစိတ်ရှိတယ် စသည်ဖြင့် ပြောကြတာ
======================================
ဘာကြောင့် ဒီလိုပြောလဲ ပြန်ကြည့် ရင် အားလုံးလိုလိုက.. စင်ပေါ်မှာ မျက်နှာ တည်တာ တင်းတာ နဲ့ Result Show တွေမှာ ဟန်မဆောင်တတ် တဲ့ သူ့ မျက်နှာပေး ကြောင့် အဓိက ပြောကြတာ တွေ့ရတယ်။ (သူ့ကို ပြောကြရင် Result Show တွေ ကြောင့် တွေချည်းပဲ များတယ် ဟုတ်မဟုတ် ... ကွကိုယ်သာ ပြန်ကြည့်ကြည့်)။
သူက Result Show တွေဆို ဟန်ပျက်တတ်တာ အမှန်ပါပဲ။
သူ bottom ထိုင်ရတဲ့ အချိန်ဆို စိုးရိမ် စိတ် တွေ တစ်ဖွားဖွား ပေါ်လာတတ်တာရယ် Save ဖြစ်ရင် ပြုံးပြီး ပျော် သွား တတ်တာ ရယ် ဟာ
ဟန်် သိပ် မဆောင်နိုင်လို့ အကွင်းအကွင်း မုန့်တီဟင်းလို ရှင်းရှင်းကြီး ပေါ်နေတတ်တာ အမှန်ပဲ။
ဒါပေမဲ့ ကိုယ့် အမြင်မှာ တော့ လူတစ်ယောက်ဟာ သူပျော်ရင် ပျော်သလို ... စိတ်ညစ်ရင် ညစ်သလို မျက်နှာမှာ ပေါ်လာယုံ၊ ဟန်မဆောင် တတ်ယုံနဲ့ စိတ်ပုတ်တယ် စိတ်ယုတ်မာ ရှိတယ် လို့ ဆုံးဖြတ်ဖို့ မလုံလောက်ဘူး လို့ထင်တယ်။
သူ့ကို ချစ်တဲ့ ခင်တဲ့ သူဆို ဟန်မဆောင်တတ် တာကို တနည်းအား ဖြင့် ရိုးသားတယ် လို့တောင် အဓိပ္ပါယ် ဖွင့် နိုင်တယ်ကြမယ် မဟုတ်လား။ (ချစ်ခင်တဲ့ သူတွေ ပဲ တွေးမှာ ဖြစ်လို့ ချစ်ခြင်းမုန်းခြင်း ကင်းကင်းနဲ့ စဉ်းစားတဲ့ ဒီနေရာမှာ ဒီအချက် ကို ထောက်ပြီး ရိုးသားတယ် လို့ ပြောတာ ဘောင်မဝင်ဘူး လို့ပဲ သတ်မှတ်ပြီး ချန်ခဲ့ ပါ့မယ်)။
ပန်ဆယ်လိုကတော့ ဒါဟာ စိတ်ကောင်းရှိတာ ပြိုင်နေတဲ့ ပွဲ မဟုတ်ဘူး။ အဆိုပြိုင်ပွဲတဲ့။ သိပ်မှန်တာပေါ့။ ဒါပေမဲ့ ပြိုင်ပွဲဝင် တစ်ယောက်မှာ ရှိသင့်တဲ့ Pro ဆန်တဲ့ မညစ်တတ် တဲ့ စိတ်မျိုး ကိုတော့ ကိုယ်အားပေး တဲ့ လူဆီမှာ ရှိစေချင်လို့ သူဟာ တကယ် စိတ်ထား သေးသိမ်တဲ့လူလား ဆိုတာ ဆက် စဉ်းစားကြည့်မိတယ်။
သူ့ personal life က ကောင်းတာရော ဆိုးတာပါ ဒီပွဲနဲ့ ဘာမှ မဆိုင်တာ မို့ ထည့်မစဉ်းစားပဲ ထားကြတာပေါ့။
( ဥပမာ။ ။
− သူက လူချစ်လူခင် များတဲ့ ဆရာမလေး ဖြစ်တာ ကလေးတွေကို ချစ်တတ်တာ မျိုးကြောင့် အမှတ်ပိုပေးတာမျိုး
− သူနဲ့သိတယ် အမျိုးတော်တယ် ဆိုတဲ့ လူတွေ က.. သူဘယ်လို အေးတာ စိတ်ကောင်းရှိတာလို့ ပြောလို့ အမှတ်ပိုပေးတာမျိုး
− အတိတ်ဆိုတာကတော့ လူတိုင်းမှာ ရှိတတ်တာမျိုးမို့ လူသိမခံချင်တဲ့ ပြဿနာ တစ်ခုခု ရှိဖူးလို့ အမှတ်လျှော့ပေးတာမျိုး
စသည်ဖြင့်ပေါ့။)
အဲ့လို သူ့ Personal Life က ကိစ္စတွေ က ပွဲနဲ့ တိုက်ရိုက် မသက် ဆိုင်လို့ သူဘယ်လောက် သန့်သန့်ရှင်းရှင်း ပြိုင်ပွဲဝင် မဝင်ဆိုတာ ကြည့်ဖိို့ ဒါတွေ ကို ထည့်စဉ်းစား စရာ အကြောင်း မရှိဘူး ဆိုရင် လက်ခံနိုင်လောက်မှာပါ
ကျနော် လက်မခံ နိုင်တဲ့ ...
ညစ်ပတ်တယ် ...စိတ်ဓါတ်မကောင်းဘူး ဆိုတဲ့ အပြုအမူ မျိုး ဆိုတာက −
ဥပမာ အနေနဲ့ -
− ကျန်တဲ့ ပြိုင်ပွဲဝင် တွေကို .. ဒုက္ခပေးတာ။ ရန်တိုတ်တာ။
− ပရိတ်သတ်တွေ.. ဖန်တွေ ကြားမှာ ပြဿနာတက်အောင်လုပ်တာ၊
− မရိုးသားတဲ့ နည်းနဲ့ အနိုင်ယူတာ၊
စသည်ဖြင့် မတရားတဲ့ နည်းနဲ့ အနိုင်လိုချင်တာ မျိုး
ဒါမျိုး တွေဆို သူမှ မဟုတ်ဘူး ဘယ်သူဖြစ်ဖြစ် လုပ်ခဲ့မယ်ဆိုရင် စိတ်ထားကောင်း ပြိုင်ပွဲ မဟုတ်ပေမဲ့ လက်သင့်မခံပါ။ ကိုယ်ကြိုက်တဲ့ ဘောလုံး အသင်း တောင် ညစ်ပြီးမှ နိုင်တာထက် သန့်သန့်ရှင်းရှင်း ရှုံးတာက မှ ဂုဏ်ရှိသေးတယ် လို့ပဲယူဆ တယ်။
သူ့ကို စိတ်ထား မကောင်းဘူး သာ အပြစ်တင်နေကြတဲ့ သူတွေကိုမေးကြည့်ချင်တာက
သူဟာ အပေါ်က ပြောခဲ့သလို ဘယ်နှစ်ချက် ကို လုပ်ခဲ့ပါသလဲ?
ဟုတ်ကဲ့။ တစ်ခုမှ လုပ်တာ မတွေ့ရဘူး ခင်ဗျ။ သူ့ဘာသာသူ ရိုးရိုးသားသား ဘောင်ထဲက ပဲ ပြိုင်နေတာပဲ တွေ့ ရတာမို့ သူ စိတ်ထားမကောင်းဘူး ဆိုတဲ့ စကား ယုတ္တိ မရှိလို့ ပြတ်ပြတ်သားသား ငြင်းပယ်ပါတယ်။
(သူအဲ့ဒါမျိုး လုပ်ရင် တိတိကျကျ အထောက် အထား နဲ့ ပြောပါ)
ဟုတ်ပြီ။ စိတ်မပုတ်ဘူး မယုတ်မာဘူး။ ဒါဆို စိတ်ကောင်းရော ရှိသလား?
− ဇင်ကြီးထွက်ရတဲ့ည..စင်ပေါ်မှာ.. နှုတ်ဆက်သီချင်း ဆိုနေတုန်း ရဲနောင် ဟာ ထုံးစံ အတိုင်း ငူငူငိုင်ငိုင်နဲ့ ကျန်တဲ့ သူတွေ အနားမကပ်မိ ပဲ သက်သက်ကြီး ဘေး ရောက်နေတယ်။ ဒါကို တွေ့လိုက်တော့ သူ့လိုအပြောအဆို မခံရအောင် ကျန်တဲ့ သူတွေ ရှိတဲ့ ဘက်ကို ရဲနောင်ကို ဆွဲ ခေါ်လိုက်တာ တွေ့ရတယ်။ ဒါကို လူအတော်များများ က သတိမထား မိလိုက် ကြ ဘူး။
အမှတ်တမဲ့လုပ်လိုက် တာလေး ဆို ပေမဲ့ ရဲနောင်ကို ထပ်ပြီး
အပြောမခံရစေချင်တဲ့ သူ့ စိတ်ထား ကို မြင်နို်င်တဲ့ အချက် တစ်ခုပါပဲ (SS ၂ခု တင်ပြီး ဝိုင်းပြထားပါတယ်)။
သူများတွေ ထွက်ရလဲ ဘီလီက ဝမ်းမနည်းတတ်ဘူး။ နောက်ပိုင်း ဝေဖန်မှ ဟန်ဆောင်ငိုတယ် လို့ ပြောတဲ့သူတွေ ပထမဆုံး အေမီဇံ ထွက်ခဲ့ရတဲ့ နေ့ကတည်းက ဖူးဖူး ငိုနေတာကို ရိုက်ထားတဲ့ ပုံတွေ တင်ထား ဝိုင်းပြထားတယ်။ အဲ့ပုံလေး တွေကို အရင် ကြည့် ပါဦး။
ဇင်ကြီးထွက်ရတဲ့ ညနက်ပိုင်းမှာ ပြဿနာ က နောက်တစ်မျိုး ထပ် ဖြစ်တယ်။ အဲဒီညက ပွဲထဲ မှာ ဘီလီ အရမ်းဝမ်းနည်းမှန်း အားလုံး သိကြ တယ်။ ဖူးဖူးကိုယ်တိုင်လဲ ကျန်တဲ့ လူတွေ ထွက်တုန်းက မတင်ပေမဲ့ အဲ့ညက စိတ်ထိခိုက်လွန်းလို့ လား မသိ ... အဲ့အကြောင်း သီးသန့် ပိုစ့် တင်တယ်။ ညဘက်ကြီး မှာ ဘီလီ .. ဗိုက်အရမး်အောင့်လို့ ဆေးရုံတက်လိုက်ရ တာ တော့ လူသိပ်မသိလိုက်ဘူး။
(((အစာအိမ်ရှိတဲ့ လူတွေ နဲ့ နီးစပ်ရင် သိကြလိမ့်မယ်.. stress များရင် အက်စစ်တစ်မျိုးထွက်ပြီး ဗိုက်ပို အောင့် တတ် တယ်တဲ့။ သူလဲ ဒါကြောင့် ဖြစ်နိုင်တယ်)))
အချို့ ဇင်ကြီး ဖန်တွေက Billy ကိုဖောင်းထု ကြတာ တွေ့တော့ အတော် အံ့သြမိတယ်။ တကယ်ဆို ဇင်ကြီးဟာ ဘီလီနဲ့ အတော်ရင်းရင်နှီးနှီး ခင်ခင်မင်မင် ရှိတာ သိသာပါတယ်။
သူဆေးရုံတက်နေရတဲ့ အချိန်မှာ မိုင်းမိုင် က ပစ္စည်းသိမ်းနေတဲ့ ဇင်ကြီးကို သွားအားပေးတယ်။ ကျန်တဲ့လူတွေလဲရောက်လာကြတယ်။ နောက်ဓါတ်ပုံရိုက်ပြီး မိုင်းမိုင်က FB ပေါ်တင်တဲ့ အခါ ဘီလီ့ကို မကြည်တဲ့ လူတွေက ဒီလောက်ရင်းနှီးတဲ့ ဇင်ကြီး ထွက်ရတာတောင် သူတစ်ယောက်တည်း လာအားမပေးလို့ ဘီလီ့ကို ဖောင်းထုတယ်။
ဘီလီ့ ဖန်တွေက သူဆေးရုံတက်ရလို့ message တွေ မပြန်ဖြစ်တဲ့အကြောင်း ဖူးဖူး message ပို့ ထားတဲ့ SS ပြပြီးပြန်ရှင်းပြရင်း မိုင်းမိုင်တို့ နဲ့ ငြိကုန်ကြတယ်။ ( ဖူးဖူး ဆေးရုံတက်ရတာကို ပြောထားတဲ့ SS နဲ့ မိုင်းမိုင် က ပရိတ်သတ်တွေကို ပြန်ပြောထားတဲ့ SS တွေ တင်ထားပေးပါတယ်)။
ဘီလီ ဆေးရုံက ဆင်းလာတော့ ရန်တွေ ဖြစ်ကြတာ သိသွားလို့ မဖြစ်ဖို့ သူကပဲ သူ့ဖန်တွေ ကို တောင်းပန်သွားတယ် (ဒါကိုလဲ SS တင်ထားတာရှိပါတယ်)။ ဘီလီ က အဲ့ ကိစ္စ ကို စကားနည်း ရန်စဲ ဖြစ်အောင် သူ့ ဖန်တွေကို ရန်မဖြစ်ဖို့တောင်းပန်တာကလွဲရင် ဘာမှ မပြောပဲ ထားလိုက်တာပါပဲ။
မိုင်းမိုင် ဟာ ရဲနောင်နဲ့ ဘီလီတို့ရဲ့ ဆယ်ပုံတစ်ပုံတောင် အပြောမခံရပေမဲ့ ပရိတ်သတ်ရော အခြား ဖန် တွေပါ ပြန်ပြီး ခပ်ကြမး်ကြမ်း ပြန်ဖောင်း တယ်။ ဒါပေမဲ့ တိုင်းရင်းသူ မို့ ပွင့်ပွင့်လင်းလင်း ပြောတတ်တယ် ဆိုပြီး ခွင့်လွတ်ကြတတယ်။ (မိုင်းမိုင် ပြန်ပြောတာ မှားတယ် မှန်တယ် မပြောပါ တကယ်ဖြစ်ခဲ့တဲ့ အချက်အလက်ကို ပဲထောက်ပြတာ။ SS တွေကြည့်ပါ။
ပြောကြကြေး ဆို ဘီလီ ဟာ လဲ ပအိုဝ့် ကရင် စပ်တဲ့ တိုင်းရင်းသူပါပဲ။ ဒါပေမဲ့ သူ့ကို ဘာပြောပြော "ဟုတ်ကဲ့ရှင့် တောင်းပန်ပါတယ် ရှင်"့ ဆိုတာလောက်၊ သူ့ကိုအားပေးတဲ့လူတွေကို "ကျေးဇူးတင်ပါတယ် ရှင့်" ဆိုတာလောက် ပဲ
အမြဲယဉ်ယဉ်ကျေးကျေး ပြန် ပြောခဲ့ပါတယ်။ သူ Status တင်ပြီး ပြိုင်ပွဲဝင်ဖြစ်ဖြစ် ပရိတ်သတ်ကို ဖြစ်ဖြစ် ဖဲ့တာ ရိတာ အရွဲ့ တိုက်တာ ရှိခဲ့ ပါသလား?
ခပ်ကြမ်းကြမ်း ပြန်ပြောတဲ့ မိုင်းမိုင်ကို တောင် တိုင်းရင်းသူမို့ ပွင့်လင်းတာ ဆိုပြီး ခွင့်လွှတ်နိုင်ရင် ဘာမှ ပြန်မပြောပဲ အေးအေးဆေးဆေး နေတဲ့ ဖူးဖူးကို ကြမှ စိတ်ထားမကောင်းဘူးလို့ ဘယ်အချက်ကို ကြည့်ပြောနေကြပါသလဲ?
(ပြောမယ်ဆိုရင် အခု ပြောသလို အချက်အလက်နဲ့ ပြောပါ။ သူ့မျက်နှာက ဘယ်သို့ တို့ ဘာတို့လို မျိုး emotion ကို အခြေခံတဲ့ စကား တွေ သူစိတ်ထားမကောင်းဘူးလို့ပြောဖို့ ဘောင်မဝင်ပါ။)
ကောက်ချက် ချ ရမယ်ဆို ...
အပေါ်က ပြောခဲ့ သလို ကြည့်မိ သမျှ အချက်အလက်တွေအရ သူစိတ်ကောင်းရှိတာသာ မြင်ရပြီး စိတ်ထားမကောင်းဘူး လို့ ပြောနိိုင်တာ မတွေ့ရပါ။
၂။ Team Work မရှိဘူး၊ အများနဲ့ မနေတတ်ဘူး
=============================
အဲ့ လို ပြောကြတာကသူများနဲ့ အရမ်း မရော ပဲ သူ့ဘာသာသူ ခပ်အေးအေး နေတတ်လို့ သီးသန့် ဖြစ်သွား တတ်တာကြောင့် များတယ်။
လူမြင်ကွင်းဖြစ်တဲ့ FB ပေါ် တက်လာတဲ့ အချို့ ဓါတ်ပုံတွေ နဲ့ အချို့activities တွေမှာ သူ ပါမလာ တတ်ပဲ ကွက်ကျန်နေတာ က သူ့ကို အမြင်စောင်း စရာ ဖြစ်လာတာပါပဲ။
သူ့ အင်တာ ဗျုူး မှာ သူပြောဖူးတယ် ငယ်ငယ် ကတည်းက တစ်ယောက်တည်း နေရတာ များတာရယ် ခပ်အေးအေး နေတတ်တာရယ်၊ ဆရာမ ဖြစ်ခဲ့လို့ မျက်နှာထား တည်တည် ထားကျင့် ရှိ တာရယ် ကြောင့် လူတွေနဲ့ ဆက်ဆံရာမှ အခက်အခဲရှိတယ် လို့ ပြောဖူး တယ်။ (အဲ့ဒါလဲ SS တင်ထားပေးတယ်)
သူက အနေအေးတော့ လူတွေ နဲ့ လုံးလားထွေးလား ရင်းရင်းနှီးနှီး မနေတတ်တာလဲ ပါမယ်။ အတိအကျ မသိပေမဲ့ သူသာတကယ်လို့ သူများတွေ ဘယ်လို မှ လက်မခံနိုင်တဲ့ အလုပ်မျိုးလုပ်မိ ခဲ့ရင် အဲ့သတင်းပြန့်နေတာ ကြာလေ လှပြီ။ ဘာမှ မကြားဘူး ဆိုတော့ အပြစ်တင်စရာ ကြီးကြီးမားမား မရှိလို့ သတင်းမထွက်တာလို့ပဲ ပြောရမယ်။
တမင်လား မတော်တဆလား ပြောလို့ မရပေမဲ... အတူတူ ပြိုင်ပွဲဝင်ကြတဲ အထဲက တစ်ချို့ လူတွေ လုပ်လိုက်တာလေး တွေကြောင့် အဲ့ကိစ္စက မီးလောင်ရာလေပင့်ဖြစ် ခဲ့ လို့ ဖူးဖူး ပို နစ်နာ ခဲ့ ရတာ လဲ အမှန်ပဲ။
ဥပမာ သူတို့ ထဲက တစ်ယောက်က ဇင်ကြီးထွက်သွားပြီးတဲ့ နောက်မှ ပြိုင်ပွဲက ထွက်သွား တဲ့ တစ်ယောက်က သူတို့အဖွဲ့ ၉ယောက်လုံး မုန့်ထွက်စားပြီး ဘီလီတစ်ယောက်ပဲ မပါတဲ့ ပုံကို သတိရလို့ ဆိုပြီး FB ပေါ် တင်တယ်။ (တိုက်ဆိုင်တာလား တမင်လား ကို ထင်မြင်ချက်မပေးပါ။ မတ်လ ၁ ရက်က မှ တင်တာပါ)
အဲ့ ပုံ တက်လာပြီး နောက် မှာ သွားကြတဲ့ အဖွဲ့ မှာ ဘီလီ မပါ လို့ ဘီလီ့ ကို အများနဲ့ မနေတတ်ဘူး တစ်ကိုယ်ကောင်း ဆန်တယ် လို့ ဖဲ့ တဲ့လူ တွေ နဲ့ မခံနိုင်လို့ ပြန်ပြောတဲ့ လူတွေ အသံတွေ ညံကုန်တယ်။
ဘီလီ့ဖန်တွေက အဲ့ ဒီပုံကို ဘီလီရိုက်ပေးလို့ မပါတာ နေမှာပေ့ါ လို့ ပြောကြတယ်။ အဲ့ဒီမှာ မထွက်ရသေးတဲ့ နောက် ပြိုင်ပွဲဝင် တစ်ယောက်က အဲ့ပုံကို ထပ်ရှယ်ပေးပြီး တင်ပေး တဲ့ ညီမလေးကို သတိရ တယ် ဆိုတဲ့ စာ နဲ့ အတူ ဓါတ်ပုံရိုက်ပေးတဲ့ Crew အကို ကြီး ကို ကျေးဇူးတင်ကြောင်း ထည့်ရေးတယ်။ ဘီလီရိုက်ပေးတာ မဟုတ်တဲ့ အကြောင်းရှင်း သွားပါတယ်။
ဘီလီ့ ကို ဝိုင်း ဆဲသံ တွေ ပို ညံ လာပါတယ်။ ... ဒီလောက်ပြောနေပေမဲ့ ဖူးဖူး ကတော့ ဘာမှ ပြန်ပြီး ဖောင်းထုတာ ရိတာ မလုပ်ပဲ ရေငုံ နှုတ်ပိတ် ခပ်ဆိပ်ဆိပ်ပဲ နေခဲ့တာ တွေ့ရပါတယ်။
ကုန်ကုန်ပြောရ ရင် အားလုံးသိပြီးသား ဖြစ်တဲ့ Hit Song ဆိုတဲ့ အပါတ် မှာ ချမ်းချမ်းသီချင်းဆိုတော့ တီးဝိုင်းအမှားကြောင့် သူ တကယ် အားထည့် ထားတဲ့ အပတ်မှာ သူ မှန်းခဲ့ သလောက် မပေါက် ခဲ့ဘူး။ ဒိုင်တွေကလဲ မှတ်ချက်ပေးချိန်မှာ ချက်ချင်းမသိခဲ့ တာမို့ မှတ်ချက်သိပ်မကောင်းပဲ နစ်နာရခဲ့ရပါတယ်။ နောက်နေ့မနက်မှ ပြန်လာတဲ့ မတင်ဇာမော်ပြောတဲ့ အင်တာဗျုး ပြန့်သွားတဲ့ ညနေပိုင်း အချိန်ဟာ voting အတွက် နောက်ကျနေခဲ့ပါပြီ။
Bottom3 ကို ကြောက်ရွံ့ တတ်တဲ့ သူမ... ဆိုက်ဆိုက်မြိုက်မြိုက် ကြီး ကို ထိုင်ခဲ့ရပေမယ့် ဘယ်သူ့ကိုမှ အပြစ်တင်ခြင်း ဖောင်းထု ခြင်းမလုပ်တာကို လူတွေ အကောင်းမြင်ဖို့ မျက်စေ့ မှောက်နေခဲ့ ပါတယ်။
ဒီအထိလဲ ဘာမှ ပြောပ ရလောက်အောင် အမှား မလုပ်ပဲ
အေးအေး သာ နေတတ် လူကြောက် တတ်တဲ့ ကလေးမလေး အပေါ် အပြစ်တင်သံ တိုက်ခိုက်သံ တွေက မရပ်သွားသေး ပါ ဘူး။
သူ့အနုပညာ နဲ့ ပါတ်သက်လို့ အားနည်းချက် လိုအပ်ချက် ရှိတာ ကို ဝေဖန် တာမျိုး မဟုတ်ပဲ
ဘာကိုကြည့် ပြီး အသား လွတ် တိုက်ခိုက် နေကြ မှန်းနားမလည်ပါ။
အဲ့လောက်တောင် သည်းခံတတ်တဲ့ ကလေးမက လေး က ခင်ဗျားတို့ ပြောတဲ့ စိတ်ထားမကောင်းတဲ့ ကလေးမ တဲ့ လား?
၃။ ဘာသာရေး ခွဲခြားတယ်လို့ ပြောကြတာ
==========================
ရဲနောင် ထွက်တဲ့ ညက သူရေးတင် လိုက်တဲ့ ကျေးဇူးတင်ကြောင်း ပိုစ့် တစ်ခု မှာ Vote ပေးခဲ့တဲ့ မောင်နှမတွေ အားလုံး နဲ့ ဆုတောင်းပေးကြတဲ့ ခရစ်ယာန်ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူး တင်ပါတယ် လို့ ရေးမိတယ်။ (သူက သူ့ ပရိတ်သတ် တွေကို မောင်နှမတွေ လို့ မကြာခဏ သုံးနှုန်းတတ်တယ်)
သူ့အတွက်သီးသန့်ဆုတောင်း ပေးကြတဲ့ ခရစ်ယာန် အဖွဲ့ တွေ ရှိခဲ့တာ သူသိ တော့ သူတို့ကို ပါခေါင်းစဉ်လေး တပ်ချင် တယ် ထင်ပါရဲ့။ ခက်တာက ကျန်တဲ့ ဆုတောင်းပေး သူတွေ မပါဘူး လို့ ထင်စရာဖြစ်ကုန်တယ်။
နာရီပိုင်းအတွင်း ဝေဖန်သံတွေ ညံသွား ပြီး သူရေးတာမှားသွားပြီ ဆိုတာသိလို့ အဲ့ဒီစာကို ပြန်ဖြုတ်လိုက်ပေမဲ့ ဒီစာက SS အဖြစ် ပြန့်နေခဲ့ ပြီ။ သူက သီချင်း အဆိုကောင်းပေမဲ့ စာ ကောင်းကောင်း မစီတတ် မရေးတတ်ဘူး။ အဲ့ အကြောင်းကို သူ့ဖန် တွေကို အခု လာမဲ့ အပါတ် Top 3 မှာ ဆိုရမဲ့ စိတ်ခွန်အား ဖြည့်တဲ့ သီချင်းအကြောာင်းပရိတ်သတ်တွေကို ရှင်းပြပေးဖို့ စာရေးပေးပါလို့ အကူအညီတောင်းတဲ့ အသံဖိုင်ရမှ သိရတယ်။
ပရိတ်သတ်တွေက သူတို့သုံးယောက် ဘာတွေ တက် ဆိုနေမှန်းမသိ ဖြစ်မှာ စိုးလို့ ဆိုရမဲ့ သီချင်းတွေ အကြောင်း ပြောပြပေးတဲ့ စာမျိုး လေး နဲနဲ ရေးပေးပါ။ သူ ... စာ ကောင်းကောင်း မစီတတ်လို့ပါတဲ့။ တကယ်တော့ ဘာမှ ခက်တာမပါတဲ့ ဒီလိုစာမျိုးပါပဲ
https://www.facebook.com/banyarthein/posts/10154981754890097?pnref=story
အဲဒီတော့ နဂိုကတည်းက လူကြောက်တတ်တဲ့ အထင်လွဲခံရမှာ စိုးရိမ်တဲ့ ကလေးမ က တမင်ဖိုက်တာလုပ်ပြီး ထ... ဖောင်းတယ် ဘာသာရေး ခွဲခြားပြတယ် ဆိုတာ ထက် စာအရေးအသား မတတ် လို့ မှားတယ် လို့ ယူဆ ရင်ဖြစ်နို်င်ချေ ပိုများမယ် ထင်တယ်။
တကယ်လို့ ဒီနေရာ မှာ သူစာရေး ချော်လို့ public နဲ့ ဆိုင်တဲ့ နေရာမှာ အရေးအသား ဂရုစိုက်သင့်ကြောင်း ဝေဖန်ရင်တော့ လက်ခံရမှာပေါ့။
(ဒါလောက်ဆို ရင် စိတ်ဓါတ်တကယ် ကောင်းမကောင်း ရယ် သူ့ကို အများဆုံး ပြောကြတဲ့ အချက်တွေရယ် အတွက် ရှင်းလင် လောက်ပြီ ထင်ပါတယ်)
=====================================
ပြည့်စုံအောင် ရေးရတာမို့ data တွေ များပြီး စာလဲ တော်တော်ကို ရှည်နေပြီ မို့ ဆက်မဖတ်ပဲ ဒီမှာတင် ရပ်လိုက်လဲ ရပါတယ်။ အဓိက ပြောချင်တာ ကတော့ ပြီးပါပြီ။ ဆက်ဖက်ချင်လဲ လောလောလတ်လတ် မှာ ဝေဖန်သံတွေ နဲ့ ဆူညံ ခဲ့တဲ့ Blues Week အကြောင်း ဖတ်ကြည့် နိုင်ပါတယ်
=====================================
Blues week နှင့် နောက်ဆက်တွဲ
========================
Blues week မှာ ဆိုခဲ့တာသူ အကောင်းဆုံး ပဲ ဆိုတာ လူတိုင်းလိုလို သိကြ ပါ တယ်။
အာဇာနည်.. ရေဗက္ကာဝင်း .. မအေးချမ်းမေတို့ အပါအဝင် အနုပညာရှင် အတော်များများ ကပါ သူ့ကို ချီးကျူးပြီး voting ပေးတယ်လို့သိရတယ်။ သူ့ ဖန်ဂရုတွေမှာလဲ ပွဲပြီးကတည်းက တောက် လျှောက် ဗုတ်တယ်။ ဖူးဖူး ကိုလဲ ပြောထားကြတယ်။
(သူကိုယ်တိုင် အပါအဝင် အားလုံးနီးပါးကလဲ) သူ တိုက်ရိုက် save ဖြစ်မယ် ထင် ပေမဲ့ တကယ်တမ်း result ထွက်တဲ့ အချိန် မှာ သူ Bottom 3 ထိုင်လိုက်ရ တော့ ဖြစ်သွားတဲ့ ခံပြင်းစိတ် က သူ့မျက်နှာမှာ လာဟပ် ခဲ့ပါတယ်။ ဒါကြောင့် အတော်များများရဲ့ ဝေဖန် မှုကို ခံရပြီး အမြင်စောင်းကုန်ကြပါတယ်။
အဲ့ ဒီညမှာ Bottom 3 ထဲက တစ်ယောက်သာ လွတ်ကိန်းရှိတာပါ။ မိုင်းမိုင်ကလွဲရင် အားလုံးသူ့ဟာနဲ့ သူတော်ကြ တာမို့ သူဟာ အဲ့ဒီညအတွက် အတော် စိုးရိမ်နေခဲ့ပါတယ်။
သူ Bottom 3 ရောက်ချိန်မှာ သူ့ကို ဗုတ်တင် ပေးခဲ့ ကြတဲ့ လူတွ အံ့သြ သလို
သူကိုယ်တိုင်ကလဲ အကောင်းဆုံးလုပ်နိုင်ခဲ့မှန်းသိလျက် save တန်းမဖြစ်တဲ့ အပေါ် ခံပြင်းတဲ့ သူ့ ခံစားချက်ကို သူ ထိန်းချုပ်ဖို့ ခက်နေခဲ့ပုံရပါတယ်။
စဉ်းစားကြည့်ပါ။ ဒါဟာပြိုင်ပွဲ။ ရှုံးချင်လို့ ထွက်ချင်လို့ လာပြိုင်တဲ့သူရယ်လို့ တော့ ဘယ်ရှိပါ့မလဲ။
မနိုင်ကာ မှသာ ထွက်ရ ပေ့စေ...တော့။ ပြိုင်ပြီ ဆို မှတော့ နိုင်ချင် စိတ်ရှိ လို့ လာပြိုင်တဲ့ သူချည်းပဲ။
ဒါဆို ဘယ်သူမှ B3 ထိုင်ချင်စိတ် မရှိတာရယ် ပြိုင်ပွဲက ထွက်ချင်စိတ် မရှိတာရယ် လဲ အမှန်ပဲ ဆိုတာလက်ခံနိုင်မယ် ထင်ပါတယ်။
(( ရဲနောင်ဖြစ်ခဲ့သလိုမျိုး မကြာခဏ... အားနည်းနေပေမဲ့ ပရိတ်သတ် ချစ်လွန်း လို့ ဝိုင်းဗုတ်ပေး ကြ တဲ့ သူ့ပရိတ်သတ်နဲ့
အဆို တကယ် ကောင်းတဲ့ သူမှ တက်စေချင်တဲ့ ပရိတ်သတ်တွေ... ကြား ...
ညပ် သွားတဲ့... လူမျိုးက လွဲရင် ဘလိုင်းချညး်တော့ ဘယ်သူမှ မထွက်ချင် ပါ ဘူး))
နောက်တစ်ခုက ဒီပြိုင်ပွဲ ထုံးစံ အရ တစ်ပါတ် တစ်ယောက် ဆိုသလို ပုံမှန် ထွက် ရတာ လဲ အဆန်း မဟုတ်။ ဘယ်သူထွက်ရမယ် သာ မသိတာ ၁ ယောက်လောက်က တော့ အမြဲလိုထွက်ရမှာ အားလုံးသိပြီးသားကိစ္စ။
ကိုယ်နဲ့ ရင်းရင်းနှီးနှီး သွားလာ စားသောက် နေတဲ့ သူတစ်ယောက် ပြိုင်ပွဲက ထွက်ရမယ် ဆို စိတ်မကောင်း ဖြစ်တာ မှန်ပေမဲ့ ကိုယ်တိုင် မထွက်ရရင် အနဲနဲ့ အများ စိတ်သက်သာရာ ရမှာလဲ သဘာဝပဲ။
အဲ့ လိုသဘာဝကို ပြောပြရင် လူတိုင်းနားလည်ပေမဲ့ သူ့ခံစားချက် အပေါ်မှာ
လူတွေ က.... ပြင်းပြင်းထန်ထန်ကို တိုက်ခိုက်ကြတာ ပါပဲ။
ဒီနေရာမှာ သာမန် မကြိုက်ယုံ အားမပေးယုံ ဆိုရင် ကိစ္စသိပ်မရှိ လှ။ အလွန်ဆုံး ဖြစ်လှ မှ အားပေးတဲ့သူ နညး်သွားလို့ ပြိုင်ပွဲက ထွက်သွားရယုံပဲ။
ဒါပေမဲ့ တိုက်ခိုက် ကြတဲ့ လူ အချို့ ရဲ့
စိတ်ဓါတ် သေးသိမ်ပုံက
အတော်ရွံစရာ စိတ်ပျက်စရာ။
လူအများ မြင်သာတဲ့ group တွေ ပိုစ့်တွေမှာ
သူ သီချင်းဆိုတာ နဲ့ ဘာမှ မဆိုင်တာတွေ
personal တွေ ချိုးချိုးဖဲ့ဖဲ့ ပြောကြတယ်။
ဒါနဲ့တင် အားမရလို့
အဲ့ကလေးမ ရဲ့ ကိုယ်ပိုင် FB အကောင့်ထိသွားပြီး
မကြားဝံ့မနာသာ တွေနဲ့
ရိုင်းရိုင်းစိုင်းစို်င်းတွေ ဆဲဆိုနေကြတာ နေ့စဉ်လိုလို။
ပြိုင်ပွဲ အတွက်
ဖန်တွေနဲ့ အဆက်အသွယ်လုပ်ဖို့
အရေးကြီးတဲ့ FB တောင် မသုံးရဲ
မဖွင့်ရဲလောက်တဲ့အထိ
အမျိုးမျိုး အပုတ်ချ ကြ ဆဲကြတယ်။
(နမူနာ အနေနဲ့ SS လေး ၂ခု တင်ပေးထားပါတယ်။
ဒါတောင် သိပ်ရိုင်းလွန်းတဲ့ စာတွေ ရှောင်ယူလာတာ)
သူ့မိဘ.. သူ့အသိုင်းအဝိုင်း မပြောနဲ့
သူ့ကိုချစ်တဲ့ ခင်တဲ့ လူတောင်
ကြားက မခံမရပ်နို်င်အောင် ဝိုင်းပြောကြတယ်။
ဒါ့အပြင် ... ပြိုင်ပွဲကာလ မှာ report ဝို်င်းထုလို့
သူ့ FB အကောင့် ပါခဏ ပိတ်ကျ သွားဖူး သေးတယ်။
ပိုဆိုးတာက...
လူကိုယ်တိုင် မျက်နှာချင်းဆိုင် သွားတွေ့ ပြီးမှ
လက်ညိုးငေါက်ငေါက်ထိုး ဆဲတာလဲ ခံရတယ်။
ဒါကို သူကိုယ်တိုင် သူ့ ဖန် group ကို ပို့ထားတဲ့
အသံဖိုင်မှာ ပြောထားတာ ကြားရမှ သိရတယ်။
သူတို့တွေကိ
မေးကြည့်ချင်တာက
အဲ့လောက်ကြီးထိ
မကြေနိုင် မချမ်းနိုင် အငြိုးတ ကြီး
တိုက်ခိုက် နေရလောက်အောင်
ဘယ်သူ့ကို ဘယ်တုံးက
သူက ဘယ်လောက်ကြီး မား တဲ့ အပြစ်ကြီး
ကျူးလွန်မိခဲ့ ပါသလဲ လို့။
ဒီလောက် ဝိုင်း ထိုးနှက်နေပေမဲ့
သူက ပြန်တိုက်ခိုက်တာမျိုး
နင်ပဲ ငဆ ပြန်ပြောတာ မျိုးလဲ
မလုပ်ပဲ သူ့အလုပ်ကိုပဲ သူ ကြိုးစား
ဆက်လုပ်နေတာပဲ တွေ့နေရတာပဲလေ။
အဲ့လောက်...
သည်းကြီး မည်းကြီး တိုက်ခိုက်နေတာတောင်
ဘာမှ ပြန်မပြောပဲသည်းခံတတ်တဲ့ ...
ရန်မလို တဲ့ ကလေးမ လေး ကိုမှ
ခင်ဗျားတို့ က စိတ်ထာ းမကောင်း ဘူး ဆိုတော့ ...
ယူတို့က ပြန်မပြောတတ် တဲ့ လူကိုမှ
ဖိ ပြီး နိုင်စား ချင်တတ်တဲ့ လူစားမျိုးတွေလား ကွယ်?
(NightWolf)
Aung Ko Ko, Wai Yan Ba Thaung, Oopsie Thu
Source - Ba Nyar Thein
www.apannpyay.com
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...