ဆရာတော် ဦးဝီရသူ တရာဟောခွင့် ပိတ်ခံရသည့်အပေါ် မဘသ ဆရာတော် မိန့်ကြား
မဟန အနေဖြင့် ညှိနှိုင်း၍ မရမှသာ ​ဦးဝီရသူ ကို တရားဟောခွင့် ပိတ်ပင်ခြင်း မျိုး ပြုလုပ်သင့်ဟု မဘသ ဆရာတော် မိန့်ကြား
Credit:Mizzima
========
နိုင်ငံတော် သံဃ မဟာနာယက (မဟန) အဖွဲ့ အနေဖြင့် မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ)ကို ခေါ်ယူ သြဝါသပေးပြီး ညှိနှိုင်း၍ မရမှသာ ယခုကဲ့သို့ တရားဟော ခွင့် တစ်နှစ် ပိတ်ပင်ခြင်း မျိုးလုပ် သင့်သည်ဟု ရှမ်းပြည်မြောက်ပိုင်း အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ အရှင်အင်္ကုရက မဇ္စျိမသို့မိန့်ကြားသည်။”အဓိကတော့ ဒီလို အပိုင်းတွေ ကို တွေ့ဆုံ မေးမြန်းခေါ်ယူ သြဝါဒ ပေးမှုမရှိဘဲနဲ့ ဒီတိုင်းလုပ်လိုက်တာသည် သံဃာချင်း ညီညွတ်မှု ကို ပျက်ပြားစေတာပေါ့။ မဖြစ်သင့် ဘူးပေါ့။ ဒီလိုလုပ်မယ့် ကိစ္စကို မဟန ဆရာတော်ကြီး တွေအနေနဲ့ သြဝါဒ ခေါ်ပေးတာတို့ဘာတို့ ပြုလုပ်ပြီးမှ ညှိနှိုင်းလို့မရတဲ့အဆင့် သူတို့ဘက်ကလည်းထောက်ပြ။ တကယ် ဒီလိုအတိုင်း ဟုတ်တယ် ပြုတယ် ဆိုလို့ရှိရင် မေးမြန်းပြောဆိုဆုံးမပြီးမှ လုပ်နိုင်ရင်တော့အဆင်ပြေတာပေါ့။ ဒီလိုလုပ်တယ်ဆိုရင် နှစ်ဖက် ထိပ်တိုက်တွေ့မှုတွေဖြစ်လာရင် တိုင်းပြည်ရဲ့ရှေ့ အနာဂတ်လည်း မကောင်းဘူးလေ။ ဦးဇင်းအနေနဲ့ မဟန ဆရာတော်တွေကိုမေတ္တာရပ်ခံချင်တာက တကယ်တန်းအနေနဲ့ ဒါကို သြဝါဒအနေနဲ့ ​ခေါ်ယူပေးပြီး ညှိနှိုင်းပြီး မှလုပ်သင့်တာပေါ့လေဒီလို ဒီလိုလုပ်လိုက်တာဆို ဒါကမကောင်းဘူးတော့မြင်တာပေါ့။ တစ်ဖက်သက်ကျတာပေါ့နော်” ဟု ဆရာတော်ကမိန့်ကြားသည်။မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူသည်  ဘာသာတစ်ခုနဲ့တစ်ခုကြား အမုန်းတရားပွားပြီး အဓိကရုဏ်းဖြစ်စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရားကြီးထွားစေသည့် လှုံ့ဆော်မှုများ၊ တရား ဥပဒေစိုးမိုးရေး အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများကြား ဘက်လိုက်ဟောပြောမှုများ ပြုလုပ်သောကြောင့် ၄ရပါးစုံညီ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အထူးအစည်းအဝေးမှ မတ်လ ၉ရက်တွင် ဦးဝီရသူကို ၂ဝ၁၈ မတ်လ ၉ရက်အထိ တစ်နှစ်တိတိ တရားဟောခွင့် ပိတ်ပင်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။အဆိုပါ ကြေငြာချက်ဖြင့် ပတ်​သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ (မဟန)နှင့်ဆရာတော် ဦးဝီရသူတို့ကို  သို့ဆက်သွယ်မေးမြန်းရန် မဇ္ဈိမက ကြိုးပမ်းသော်လည်း မရရှိခဲ့ပေ။ဆုံးဖြတ်ချက်ကို ဦးဝိစိတ္တာဝံသ (ဦးဝီရသူ)ကို မန္တလေးတိုင်းဒေသကြီး သံဃနာယက အဖွဲ့မှခေါ်ယူအသိပေးမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားရန်လည်း ကြေငြာချက်တွင်ပါရှိသည်။မတ်လ ၈ ရက်နေ့ ညတွင် ဘန္ဒန္တ ဝိစိတ္တာဘိဝံသက(ဆရာတော် ဦးဝီရသူ)အား မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ တာတပေါရွာတွင် တရားပွဲအား ခွင့်ပြုချက်မရသေးဘဲ ဟောပြောခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံး မှသိရသည်။ဆရာတော် ဦးဝီရသူသည် ၎င်း၏ တရားဟောပြောအချို့ ကြောင့် နိုင်ငံတကာရဲ့ ဝေဖန် မှုနှင့် စိတ်​ဝင်စားမှုခံနေရသူလည်းဖြစ်သည်။
Credit:Mizzima
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...