မိခင္ေနာက္အိမ္ေထာင္ျပဳမည့္ကိစၥေၾကာင့္ စကားမ်ားၿပီး သားျဖစ္သူ ႀကိဳးဆြဲခ်ေသဆံုး

မိခင္ ေနာက္အိမ္ေထာင္ ျပဳမည့္ကိစၥေၾကာင့္ စကားမ်ားၿပီး သားျဖစ္သူ ႀကိဳးဆြဲခ် ေသဆံုးဟုဆို
မိခင္ျဖစ္သူ ေနာက္ အိမ္ေထာင္ ျပဳမည့္ကိစၥႏွင့္ ပတ္သက္ ၍ စကားမ်ားခဲ့ၿပီးေနာက္ သားျဖစ္သူ ႀကိဳးဆြဲခ် ေသဆံုးခဲ့ေၾကာင္း ျပည္ၿမိဳ႕မ ရဲစခန္းမွ သတင္းရရွိ သည္။

ႀကိဳးဆြဲခ် ေသဆံုး သူသည္ အသက္ (၁၉) ႏွစ္အရြယ္ ျပည္ တကၠသိုလ္ ဓာတုေဗဒ ပထမႏွစ္ေက်ာင္းသားျဖစ္ၿပီး မတ္လ ၁ ရက္ နံနက္က ႀကိဳးဆြဲခ် ေသဆံုး ခဲ့ေၾကာင္း ျပည္ၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိ တစ္ဦးက ေျပာသည္။

၎သည္ ေနအိမ္အေပၚထပ္ထုပ္တန္းတြင္ ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို အိမ္နီးခ်င္းအမ်ဳိးသားတစ္ဦးက ေတြ႕ရွိခဲ့ေၾကာင္း ျပည္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ႀကိဳးဆြဲခ်ေသဆံုးတဲ့ ေက်ာင္းသားေလးရဲ႕ ဖခင္ျဖစ္သူက လြန္ ခဲ့တဲ့ သံုးလေလာက္က ေသဆံုး သြားတယ္။ အဲဒီမွာ မိခင္ျဖစ္သူ က ေနာက္အိမ္ေထာင္ျပဳမယ့္ကိစၥ ကို ေျပာရင္းက ေဖေဖာ္၀ါရီ ၂၈ ရက္ညပိုင္းက စကားမ်ားၾကတယ္လို႔ သိရတယ္။ လတ္တေလာကေတာ့ မိခင္ေနာက္အိမ္ေထာင္ျပဳမွာကို သေဘာမတူလို႔ စိုးရိမ္ၿပီး ေသေၾကာင္းႀကံစည္ သြားတာလို႔ ေကာက္ခ်က္ခ်ႏုိင္တယ္’’ဟု ၎က ဆိုသည္။

ႀကိဳးဆြဲခ် ေသဆံုးသူသည္ ျပည္ၿမိဳ႕ ပေဒသာရပ္ကြက္တြင္ ေန ထိုင္သူျဖစ္ၿပီး အင္တာနက္ အလြန္အကြၽံသံုးစြဲသူျဖစ္ကာ ဖခင္ေသဆံုးၿပီးေနာက္ စိတ္ထိခိုက္ေနေၾကာင္း ရဲမွတ္တမ္း၌ ေဖာ္ျပ ထားသည္။

‘‘ေသဆံုးသူ ေက်ာင္းသား ေလးရဲ႕ မိခင္က သားသမီးသံုး ေယာက္ရွိတယ္။ အသက္ကလည္း(၃၇)ႏွစ္ပဲရွိေသးတယ္’’ဟု ပေဒသာရပ္ကြက္ ရာအိမ္မွဴးက ေျပာ ၾကားသည္။

အဆိုပါ ေက်ာင္းသားႀကိဳးဆြဲခ်ေသဆံုးမႈႏွင့္ ပတ္သက္၍ ျပည္ ၿမိဳ႕မရဲစခန္းက အမႈဖြင့္ထားၿပီး ဓမၼတာအတိုင္း ေသဆံုးျခင္းဟုတ္၊ မဟုတ္ စံုစမ္းစစ္ေဆးလ်က္ ရွိ ေၾကာင္း သတင္းရရွိသည္။
Credit : 7day daily
==
Unicode
မိခင်ဖြစ်သူ နောက် အိမ်ထောင် ပြုမည့်ကိစ္စနှင့် ပတ်သက် ၍ စကားများခဲ့ပြီးနောက် သားဖြစ်သူ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ပြည်မြို့မ ရဲစခန်းမှ သတင်းရရှိ သည်။

ကြိုးဆွဲချ သေဆုံး သူသည် အသက် (၁၉) နှစ်အရွယ် ပြည် တက္ကသိုလ် ဓာတုဗေဒ ပထမနှစ်ကျောင်းသားဖြစ်ပြီး မတ်လ ၁ ရက် နံနက်က ကြိုးဆွဲချ သေဆုံး ခဲ့ကြောင်း ပြည်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

၎င်းသည် နေအိမ်အပေါ်ထပ်ထုပ်တန်းတွင် ကြိုးဆွဲချသေဆုံးနေသည်ကို အိမ်နီးချင်းအမျိုးသားတစ်ဦးက တွေ့ရှိခဲ့ကြောင်း ပြည်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကြိုးဆွဲချသေဆုံးတဲ့ ကျောင်းသားလေးရဲ့ ဖခင်ဖြစ်သူက လွန် ခဲ့တဲ့ သုံးလလောက်က သေဆုံး သွားတယ်။ အဲဒီမှာ မိခင်ဖြစ်သူ က နောက်အိမ်ထောင်ပြုမယ့်ကိစ္စ ကို ပြောရင်းက ဖေဖော်ဝါရီ ၂၈ ရက်ညပိုင်းက စကားများကြတယ်လို့ သိရတယ်။ လတ်တလောကတော့ မိခင်နောက်အိမ်ထောင်ပြုမှာကို သဘောမတူလို့ စိုးရိမ်ပြီး သေကြောင်းကြံစည် သွားတာလို့ ကောက်ချက်ချနိုင်တယ်’’ဟု ၎င်းက ဆိုသည်။

ကြိုးဆွဲချ သေဆုံးသူသည် ပြည်မြို့ ပဒေသာရပ်ကွက်တွင် နေ ထိုင်သူဖြစ်ပြီး အင်တာနက် အလွန်အကျွံသုံးစွဲသူဖြစ်ကာ ဖခင်သေဆုံးပြီးနောက် စိတ်ထိခိုက်နေကြောင်း ရဲမှတ်တမ်း၌ ဖော်ပြ ထားသည်။

‘‘သေဆုံးသူ ကျောင်းသား လေးရဲ့ မိခင်က သားသမီးသုံး ယောက်ရှိတယ်။ အသက်ကလည်း(၃၇)နှစ်ပဲရှိသေးတယ်’’ဟု ပဒေသာရပ်ကွက် ရာအိမ်မှူးက ပြော ကြားသည်။

အဆိုပါ ကျောင်းသားကြိုးဆွဲချသေဆုံးမှုနှင့် ပတ်သက်၍ ပြည် မြို့မရဲစခန်းက အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးလျက် ရှိ ကြောင်း သတင်းရရှိသည်။
Credit : 7day daily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...