Billy ရဲ့ Fan တစ်ယောက်ကတော့ အခုလိုလှော်လိုက်ပြီ..။




No.1




ဘာလို့လဲ ဆိုတော့ သူ ချစ်စရာလေးလေ ယောင်္ကျားလေးဒေ ကလည်း Billy Billy ban ban ဘာညာတွေ ပြောနေကြတော့…






ကိုယ့် အောင်စာရင်းကြည့်ပြီးမှ မအောင်တဲ့ supply ထိတဲ့ သူတွေ သူငယ်ချင်းတွေ ရဲ့ result ကိုကြည့်ပြီး ကိုယ့်သူငယ်ချင်း ပါရင် သွားအားပေးတာ
ကိုယ့် နာမည် အောင်စာရင်း ပါတာ မပါတာ စိတ်မွင်စား နောက်ထား ပြီး ကိုယ့်သူငယ်ချင်း supply ထိလို့ဆိုပြီး ချုံးပွဲ ချငိုတာ တို့ ဘာတို့တော့ မလုပ်မိခဲ့ဘူး




May God bless you Billy! :)

Source - နန်စီထွယ်လုံ
www.apannpyay.com
=================

မပြောသေးဘူး ကြည့်နေတယ် လုပ်နေတာ မနေနိုင်တော့လို့ နည်းနည်းလေး ပြောပျဇီ

Myanmar Idol က Billy လမင်းအေး အကြောင်းပေါ့

လူတွေ က Billy ကို ဘာလို့အဲ့လောက် မိုက်မိုက်ရိုင်းရိုင်းတွေ ပြောပြီး ပုတ်ခတ်နေကြလဲ ဆိုတာ နားကို မလည်နိုင်ဘူး

No.1
လူတွေ က သူ့ ကို စိတ်ပုတ်တယ်တဲ့
ကဲ ဟုတ်ပါပြီ ဘယ် အချက်ကို ကြည့်ပြီး စိတ်ပုတ်တာလဲ သတ်မှတ်တာလဲ မေးကြည့်တော့
သူ Bottom ထိုင်ရရင် မျက်နှာညှိုးသွားလို့
သူ save ခံရရင် အရမ်းပျော် သွား တဲ့ ပုံ ဖြစ်နေလို့ တဲ့

နည်းနည်းတော့ စဉ်းစားစရာပါပဲ
ပြိုင်ပွဲ လာပြိုင်တာပဲ
Save ခံရပြီး Level တခုပြီး တခု တက်ချင်နေကြတဲ့ သူတွေကြီး ပဲ
Bottom ထိုင်ပြီး ထွက်သွား ရတာ ဘယ်သူကြိုက်မှာလဲ
အဲ့တာ အမှန်တရားမဟုတ်ဘူးလား

Billy ဟာ သူ့ စိတ်ထဲ က ခံစားရတဲ့ အတိုင်း မျက်နှာမှာ ရိုးရိုးသားသား ပေါ် လာတာပဲ အပြစ်ဖြစ်ရသတဲ့လား
ဟုတ်ပြီ Bottom ထိုင် ရလည်း ပြုံးပျော် နေတာပဲ Save ခံ လိုက်ရတော့ တအား ဝမ်းနည်းပြီး ဝက်ဝက်ကွဲ ငို အဲ့လိုဆိုရင် အရမ်း စိတ်ထားကောင်းတဲ့ သူဖြစ်ပြီလား??
အဲ့လိုလူ ဟာ သူခံစားရတဲ့ အတိုင်း ထုတ်မပြပဲ ကိုယ်တကယ် ခံစားရတာနဲ့ ပြောင်းပြန် လုပ်ပြနေတာ စိတ်ရင်းကောင်းတာလား? ဟန်ဆောင်နေတာနဲ့ တောင် ပိုမတူဘူးလား

No 2. Billy ကို vote နေသူတွေ က နှာဘူးတွေတဲ့

အစက တော့ ကိုယ်လည်း အဲ့လို ထင်မိတော့မလို့ပဲ
ဘာလို့လဲ ဆိုတော့ သူ ချစ်စရာလေးလေ ယောကျင်္ားလေးဒေ ကလည်း Billy Billy ban ban ဘာညာတွေ ပြောနေကြတော့…
အဲ့တာနဲ့ ပဲ သူ ဆိုသွားတာတွေ လိုက်နားထောင်ကြည့်မိတယ်

အဲ့ ဒီမှာမှ သိလိုက်ရတာ သူ့ အသံ တော်တော်ကောင်းတာပဲ ဆိုပြီးတော့ပေါ့
သူ့ အသံ ကတော်တော် ချိုတယ် ပြီးတော့ ဆွဲ ဆောင်မှုရှိတယ် ပြီးတော့ အသံ အနိမ့်အမြင့် တွေ ကစားနိုင်တဲ့ အသံ power လည်းရှိတယ်
ဆွဲဆောင်မှု ရှိတဲ့ မိန်း ကလေး အဆိုရှင် အသံပါ ဒါပေမဲ့ သူမှာ ပင်ကိုယ်အသံတခုလိုနေတာ (ဥပမာ mm idal season 1 က နင်ဇီမေလို ကိုယ်ပိုင်အသံမျိုး)

သို့သော် mm idol season 2 မှာ ပါတဲ့ မိန်းကလေး တော်တော်များများရဲ့ အသံ က Rock ဆန်ပါတယ်
ယွန်းယွန်း မိုင်းမိုင်ဆိုင်း ပိုးမီ သားငယ် တို့ ရဲ့အသံ က Rock ဆန်တယ် မိုက်တယ် Rock week တွေ အသေလန်းကြတာတွေ့ရမှာပါ Rock မှ Rock ပဲ ဆိုသူတွေ ကတော့ အတော်ကြိုက်မှာပါ
အပြင်မှာ Rock album စုထုတ်ရင် အတော်မိုက်ကြမှာ

ဒါပေမဲ့ mm idol ဆိုတာ က သီချင်းဆိုပြိုင်ပွဲလေ သီချင်းပုံစံ ပေါင်းစုံကို ဆိုရတာ
အဲ့တော့ တချို့ အပါတ်တွေ မှာဆိုရင် အသံ နဲ့ သီချင်း က ဘယ်လိုမှ လိုက်ဖက်မှ မရှိသလိုကြီး ခံစားရစေလို့
ပြိုင်ပွဲ သဘော အရ ပြိုင်တဲ့ ထဲ မှာ သီချင်းပုံစံ ပေါင်းစုံနဲ့ လိုက်လျော ညီထွေ ဆိုနိုင်တဲ့ Billy အသံကို ပိုကြိုက်မိတယ်
ဒါပေမဲ့ Billy ကလည်း perfect မဟုတ်ဘူးလေ
Rock week တုန်းဆိုရင် Billy ဆိုသွားတာ ပိုးမီ တို့ မိုင်းမိုင်ဆိုင်းတို့လောက် မကောင်းတာ လက်ခံ ရမယ်
ဒီလိုပဲ Blues week ရောက်တော့ Billy ဟာ အားလုံး ထက်ကောင်းတယ်ဆိုတာလည်း လက်ခံရမှာပဲ

အဲ့လိုတွေ ကျ လိုက်နားမထောင် Billy ကို ကြိုက်ရင် နှာဘူးလို့ပဲ သီချင်းနားထောင်ပြီး vote တာမဟုတ်ဘူး ဘာညာ တွေ အရမ်းပြောနေရင် ရီချင်မိတယ်
အသားလွတ် ဖောင်းထု ပိတ်ပြောနေတာလေး လျှော့ပြီး သီချင်းကို သေချာပြန်နားထောင်စေချင်တယ်
ကိုယ်ကတော့ သီချင်းတွေ သေချာ ပြန်နားထောင်ကြည့်တော့မှ Billy ကို ကြိုက်လာတော့တာ! :)

လူတယောက် ကို ပေါင်းလည်း မပေါင်းဖူးဘူး သူ့အကြောင်းလည်း သေချာ သိတာမဟုတ်ပဲနဲ့ ကိုယ့်ရဲ့ စိတ် အထင်တခုထဲနဲ့ သူများ သမီးပျိုလေး ကို စိတ်ပုတ်တယ်တို့ အယုတ်သမာမတို့ အမနာပ ပြောဆိုနေကြတဲ့ လူရဲ့ စိတ် ဓါတ် က ရော ကောင်းပါရဲ့လားလို့

ကိုယ်ဆိုရင်တော့ ရှင်းရှင်းပဲ
ကျောင်းတုန်း က result ထွက်ရင် LCD နဲ့ ပြတယ်
ကိုယ့်နာမည် ပဲ အရင် ကြည့်မိတာပဲ
ကိုယ်အောင်သွားရင် Yay!! ဆိုပြီး ပျော်နေမိတာပဲ အာ့ စိတ်ပုတ်တာလား??? :3 :3
ကိုယ့် အောင်စာရင်းကြည့့်ပြီးမှ မအောင်တဲ့ supply ထိတဲ့ သူတွေ သူငယ်ချင်းတွေ ရဲ့ result ကိုကြည့်ပြီး ကိုယ့်သူငယ်ချင်း ပါရင် သွားအားပေးတာ
ကိုယ့် နာမည် အောင်စာရင်း ပါတာ မပါတာ စိတ်မွင်စား နောက်ထား ပြီး ကိုယ့်သူငယ်ချင်း supply ထိလ်ို့ဆိုပြီး ချုံးပွဲ ချငိုတာ တို့ ဘာတို့တော့ မလုပ်မိခဲ့ဘူး
အဲ့လို မလုပ်မိလို့ အရမ်းစိတ်ပုတ်တဲ့ သူ လို့ ခင်များ ကိုတယောက်ယောက် က လာစွပ်စွဲမယ်ဆိုရင်ရော???

ကိုယ်ချင်းစာတရားလေး ထားကြည့်ပြီး နည်းနည်းစဉ်းစားပါဦး
မကြိုက်ဘူး လား မ vote နဲ့ ပေါ့
ကိုယ်ကြိုက်တဲ့ သူ ကို ကိုယ် vote ပေါ့
သူများ ကို ဆွဲချ နင်းခြေမှ ကိုယ့် အောင်မြင်မှု ရမယ်ထင်နေတုန်းလား

သူမ က မျက်ရည်တွေ အမြဲ ကျပြတတ်တဲ့ သူတော့ မဟုတ်ခဲ့ဘူး အာ့ကြောင့်ပဲ သူ က ပုတ်ခတ်ပြောဆိုခံရပြီးပြီ
အသားလွတ် အမြဲ ပြောဆိုခံနေရတာတွေ မခံစားနိုင်တဲ့ အဆုံး ပြန်လည်ရှင်းပြ တဲ့ video လေးပြတယ် မခံစားနိုင်တော့တဲ့ အဆုံး သူမ ငိုတယ် တောင်းပန်တယ်
အဲ့ကျတော့ လည်း မျက်ရည်ခြူ post ဘာညာနဲ့ … အိုလမို!
ခင်များ အနေနဲ့ သူ့ နေရာ သူ့ခံစားနေတာ တွေ ခဏလေး ဝင်ခံစားကြည့် ရူးတောင်သွားဦးမယ်! :3 :3

ဝေဖန်ထောက်ပြ တာ မဟုတ်ပဲ အသေရေဖျက် အစွန်းရောက် ပြောဆိုနေတာတွေရပ်ပြီး ကိုယ် သဘော ကျတဲ့ သူ ကိုယ် vote! တယောက်မှ မကြိုက်လည်း ဘူ့မှ မ vote နဲ့ ! ဘယ်သူမှ လည်း ဇွတ်ကြည့်ခိုင်းနေတာမဟုတ်! :3

ကိုယ် ကတော့ No. 9 ကို ပဲ Vote ပြီလေ
May God bless you Billy! :)

Source - နန်စီထွယ်လုံ
www.apannpyay.com

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...