လိပ္ကြၽန္း အမႈ ျဖစ္စဥ္အေပၚ ေဒၚေအာင္ဆန္းစုၾကည္ စိတ္မေကာင္းျဖစ္ေန

ထိုင္း နိုင္ငံေတာင္ပိုင္းက လိပ္ကြၽန္း လူသတ္မႈႏွင့္ ပတ္သက္ၿပီး ျမန္မာနိုင္ငံသား ႏွစ္ဦးကို ထိုင္း နိုင္ငံ၏ အယူခံ တရား႐ုံးက ေသဒဏ္အျဖစ္ ထပ္မံ အတည္ျပဳခဲ့ျခင္းအေပၚ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က စိတ္မေကာင္း ျဖစ္ေနေၾကာင္း သမၼတ႐ုံး ဒု ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌး က ေျပာသည္။

ဦးေဇာ္ေဌး က “ဒီသတင္းကို ၾကားၿပီး သူ (ေဒၚေအာင္ဆန္းစုၾကည္) လည္း ေတာ္ေတာ္ေလး စိတ္မေကာင္းဘူး။ စိတ္ မေကာင္းေတာ့ အခု ဘယ္လို ျဖစ္ရတာေတြဆိုတာ က်ေနာ္တို႔က ေမးျမန္း ေနရတာ ျဖစ္ပါတယ္”ဟု ေျပာသည္။
ထိုင္း နိုင္ငံ၏ အယူခံတရား႐ုံးက ေသဒဏ္အျဖစ္ ထပ္မံအတည္ျပဳျခင္းခံလိုက္ရသည့္ ကိုေဇာ္လင္းႏွင့္ ကိုဝင္းေဇာ္ထြန္း တို႔ ၂ ဦးအတြက္ အယူခံေအာင္ျမင္ရန္ အစိုးရအေနျဖင့္ ခိုင္မာသည့္ သက္ေသ အေထာက္အထားမ်ား ထပ္မံျပင္ဆင္ေနၿပီ ဟုလည္း ေျပာဆိုသည္။
“အယူခံတင္တဲ့အခါ ဘာေတြ အားနည္းခ်က္ရွိခဲ့လဲ။ ဘာေတြက မခိုင္မာျဖစ္ခဲ့လဲ။ အဲ့ဒီအေပၚမွာ က်ေနာ္တို႔ ထိုင္း ေရွ႕ေန မ်ား ေကာင္စီနဲ႕ အေသးစိတ္ ျပန္ေဆြးေႏြးရမယ္။ ဒီ့ထက္ ပိုခိုင္မာတဲ့ သက္ေသ အေထာက္အထားေတြနဲ႕ က်ေနာ္တို႔ ျပန္ တင္ျပရမွာ ျဖစ္ပါတယ္”ဟု ဦးေဇာ္ေဌး က ေျပာသည္။

ျမန္မာသံ႐ုံး လိပ္ကြၽန္း လူသတ္မွႈ အထူးစုံစမ္းေရးအဖြဲ႕ တာဝန္ရွိသူ ဦးထူးခ်စ္က ၎၏ လူမႈဆက္သြယ္ေရး ကြန္ရက္ Facebook စာမ်က္ႏွာတြင္ ထိုင္း အစိုးရ၏ လုပ္ထုံးလုပ္နည္း ဥပေဒ အရ အယူခံ အမိန႔္ (ပယ္ခ်) ခ်လိဳက္သည့္ ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၃ ရက္မွစ၍ တလအတြင္း အယူခံကို ျပန္လည္တင္ရမည္ ျဖစ္သည္ဟု ေရးသားထားသည္။
ပယ္ခ်လိဳက္သည့္ အယူခံကို ထိုင္းအစိုးရ၊ အမွတ္(၈) အယူခံတရား႐ုံးမွ စာမ်က္ႏွာ ၂၀၁ မ်က္ႏွာျဖင့္ ျပန္လည္ ရွင္းလင္း ထားသျဖင့္ ထိုအခ်က္မ်ားကို ျမန္မာနိုင္ငံသား ၂ ဦးဘက္က ျပန္လည္ ေခ်ပနိုင္ရန္ ထိုင္းေရွ႕ေနမ်ား ေကာင္စီက မတ္လ ၈ ရက္တြင္ ျပန္လည္ ဆုံးျဖတ္မည္ဟု သိရသည္။

ဦးထူးခ်စ္က “အယူခံလႊာသည္ အမွတ္(၈) ေဒသ၊ အယူခံတရား႐ုံးကို ဦးတည္ေလွ်ာက္ထားျခင္း ျဖစ္ၿပီး မိမိတို႔ အေနျဖင့္ ဗဟို တရား႐ုံး (High Court) ကို တင္သြင္းရန္ အခြင့္အေရး ရွိဦးမည္”ဟုလည္း ေရးသား ထားသည္။
ဦးေဇာ္ေဌးကလည္း လိပ္ကြၽန္း အမႈသည္ ယခုအခါ ဒုတိယအႀကိမ္ျဖစ္ အယူခံဝင္ပါက ထိုင္း နိုင္ငံ ဗဟိုတရား႐ုံးခ်ဳပ္ (High Court) တြင္ အယူခံ တင္သြင္းရမည္ျဖစ္သျဖင့္ အေရးႀကီးသည္ဟု ဆိုသည္။

“High Court ဆိုတာ ဘယ္ေနရာမွာမဆို ေနာက္ဆုံးအယူခံျဖစ္တယ္။ သူတို႔ ႏွစ္ေယာက္အတြက္ အေရးႀကီးတယ္။ အစိုးရ ကလည္း ဒါကို ေတာ္ေတာ္ေလးစိတ္ပူတယ္။ စိတ္ပူတဲ့အတြက္ က်ေနာ္တို႔ သံ႐ုံးနဲ႕ ေရွ႕ေနမ်ား ေကာင္စီနဲ႕ ေတြ႕ၿပီးၿပီ။ က်ေနာ္ တို႔ ဘာေတြ ဆက္လုပ္မလဲဆိုတာ ေဆြးေႏြးထားၿပီးၿပီ”ဟု ဦးေဇာ္ေဌးက ေျပာသည္။
လိပ္ကြၽန္း အမႈကို ေဆာင္႐ြက္ရန္ အစိုးရက အားေကာင္းသည့္ ေကာ္မတီတရပ္ ျပန္လည္ ဖြဲ႕စည္းကာ ထိုင္းတရား ဥပေဒ အရ အယူခံဝင္ရန္ အေလးထားေဆာင္႐ြက္ေနၿပီး အမႈတြင္ လိုက္လံ ကူညီေနသည့္ ျမန္မာသံ႐ုံး လိပ္ကြၽန္း လူသတ္မႈ အထူး စုံစမ္းေရးအဖြဲ႕ ႏွင့္လည္း ပူးေပါင္းေဆာင္႐ြက္ေနသည္ဟု ဦးေဇာ္ေဌးက ဆိုသည္။

ဝင္းေဇာ္ထြန္း ႏွင့္ ေဇာ္လင္း တို႔ကို ထိုင္းနိုင္ငံေတာင္ပိုင္း ေကာ့စေမြ တရား႐ုံးက လိပ္ကြၽန္းကို အလည္လာသည့္ ၿဗိတိန္ နိုင္ငံသား စုံတြဲ ႏွစ္ဦးကို သတ္မႈျဖင့္ စြဲဆို၍ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၂၄ ရက္က ေသဒဏ္ ခ်မွတ္ထားျခင္း ျဖစ္သည္။
ယင္းသို႔ ေသဒဏ္ ခ်မွတ္ထားျခင္း အေပၚ ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္း တို႔ဘက္မွ ထိုင္းနိုင္ငံ ေရွ႕ေနမ်ား ေကာင္စီ၊ ျမန္မာ ေရွ႕ေနမ်ား၊ ျမန္မာသံ႐ုံး တို႔က ပူးေပါင္းၿပီး ၂၀၁၆ ခုႏွစ္ ေမလက အယူခံလႊာ တင္သြင္းခဲ့ရာ ထိုင္းအစိုးရ အယူခံ တရား႐ုံး က ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၃ ရက္တြင္ ပယ္ခ်လိဳက္ျခင္း ျဖစ္သည္။

ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတို႔သည္ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလ ၁၅ ရက္က လိပ္ကြၽန္းသို႔ လာေရာက္ လည္ပတ္ေနသည့္ ၿဗိတိန္ နိုင္ငံသားမ်ား ျဖစ္သည့္ အသက္ ၂၄ ႏွစ္ရွိ ေဒးဗစ္ေမလာ ႏွင့္ အသက္ ၂၃ ႏွစ္ရွိ ဟန္နာဝစ္သာရစ္ဂ်္ တို႔ အသတ္ခံ ရမႈ အေပၚ သံသယ တရားခံအျဖစ္ ဖမ္းဆီးရာမွ ျပစ္မႈက်ဴးလြန္သည္ဟု ဆုံးျဖတ္ခဲ့သည္။

လူသတ္မႈႏွင့္ပတ္သက္ၿပီး ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတို႔က ဝန္ခံခဲ့သည္ဟု ထိုင္းရဲမ်ားက ထုတ္ျပန္ ေၾကညာ ခဲ့ၾကေသာ္ လည္း ေနာက္ပိုင္းတြင္ ထိုင္းရဲမ်ား၏ ႏွိပ္စက္ကာ ဝန္ခံခိုင္းခဲ့ျခင္း တို႔ေၾကာင့္ ဝန္ခံခဲ့ရျခင္း ျဖစ္ေၾကာင္း၊ လူသတ္မႈ မက်ဴး လြန္ေၾကာင္း ထြက္ဆိုထားသည္။

အဆိုပါ လိပ္ကြၽန္းလူသတ္မႈႏွင့္ ပတ္သက္ၿပီး တရားမွ်တမႈ ရရွိေရးအတြက္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ အေနျဖင့္ ထိုင္းနိုင္ငံ ဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာ ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ရွိခဲ့သလို ထိုင္း နိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံး လိပ္ကြၽန္း လူသတ္မႈ အထူးစုံစမ္းေရးအဖြဲ႕ ကိုလည္း ေဒၚလာ ၅၀၀၀ လႉခဲ့ဖူးသည္။
Credit : burma irrawaddy
========
Unicode
ထိုင်း နိုင်ငံတောင်ပိုင်းက လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်း နိုင်ငံ၏ အယူခံ တရားရုံးက သေဒဏ်အဖြစ် ထပ်မံ အတည်ပြုခဲ့ခြင်းအပေါ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စိတ်မကောင်း ဖြစ်နေကြောင်း သမ္မတရုံး ဒု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောသည်။

ဦးဇော်ဌေး က “ဒီသတင်းကို ကြားပြီး သူ (ဒေါ်အောင်ဆန်းစုကြည်) လည်း တော်တော်လေး စိတ်မကောင်းဘူး။ စိတ် မကောင်းတော့ အခု ဘယ်လို ဖြစ်ရတာတွေဆိုတာ ကျနော်တို့က မေးမြန်း နေရတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ထိုင်း နိုင်ငံ၏ အယူခံတရားရုံးက သေဒဏ်အဖြစ် ထပ်မံအတည်ပြုခြင်းခံလိုက်ရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့ ၂ ဦးအတွက် အယူခံအောင်မြင်ရန် အစိုးရအနေဖြင့် ခိုင်မာသည့် သက်သေ အထောက်အထားများ ထပ်မံပြင်ဆင်နေပြီ ဟုလည်း ပြောဆိုသည်။
“အယူခံတင်တဲ့အခါ ဘာတွေ အားနည်းချက်ရှိခဲ့လဲ။ ဘာတွေက မခိုင်မာဖြစ်ခဲ့လဲ။ အဲ့ဒီအပေါ်မှာ ကျနော်တို့ ထိုင်း ရှေ့နေ များ ကောင်စီနဲ့ အသေးစိတ် ပြန်ဆွေးနွေးရမယ်။ ဒီ့ထက် ပိုခိုင်မာတဲ့ သက်သေ အထောက်အထားတွေနဲ့ ကျနော်တို့ ပြန် တင်ပြရမှာ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေး က ပြောသည်။

မြန်မာသံရုံး လိပ်ကျွန်း လူသတ်မှှု အထူးစုံစမ်းရေးအဖွဲ့ တာဝန်ရှိသူ ဦးထူးချစ်က ၎င်း၏ လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာတွင် ထိုင်း အစိုးရ၏ လုပ်ထုံးလုပ်နည်း ဥပဒေ အရ အယူခံ အမိန့် (ပယ်ချ) ချလိုက်သည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်မှစ၍ တလအတွင်း အယူခံကို ပြန်လည်တင်ရမည် ဖြစ်သည်ဟု ရေးသားထားသည်။
ပယ်ချလိုက်သည့် အယူခံကို ထိုင်းအစိုးရ၊ အမှတ်(၈) အယူခံတရားရုံးမှ စာမျက်နှာ ၂၀၁ မျက်နှာဖြင့် ပြန်လည် ရှင်းလင်း ထားသဖြင့် ထိုအချက်များကို မြန်မာနိုင်ငံသား ၂ ဦးဘက်က ပြန်လည် ချေပနိုင်ရန် ထိုင်းရှေ့နေများ ကောင်စီက မတ်လ ၈ ရက်တွင် ပြန်လည် ဆုံးဖြတ်မည်ဟု သိရသည်။

ဦးထူးချစ်က “အယူခံလွှာသည် အမှတ်(၈) ဒေသ၊ အယူခံတရားရုံးကို ဦးတည်လျှောက်ထားခြင်း ဖြစ်ပြီး မိမိတို့ အနေဖြင့် ဗဟို တရားရုံး (High Court) ကို တင်သွင်းရန် အခွင့်အရေး ရှိဦးမည်”ဟုလည်း ရေးသား ထားသည်။
ဦးဇော်ဌေးကလည်း လိပ်ကျွန်း အမှုသည် ယခုအခါ ဒုတိယအကြိမ်ဖြစ် အယူခံဝင်ပါက ထိုင်း နိုင်ငံ ဗဟိုတရားရုံးချုပ် (High Court) တွင် အယူခံ တင်သွင်းရမည်ဖြစ်သဖြင့် အရေးကြီးသည်ဟု ဆိုသည်။

“High Court ဆိုတာ ဘယ်နေရာမှာမဆို နောက်ဆုံးအယူခံဖြစ်တယ်။ သူတို့ နှစ်ယောက်အတွက် အရေးကြီးတယ်။ အစိုးရ ကလည်း ဒါကို တော်တော်လေးစိတ်ပူတယ်။ စိတ်ပူတဲ့အတွက် ကျနော်တို့ သံရုံးနဲ့ ရှေ့နေများ ကောင်စီနဲ့ တွေ့ပြီးပြီ။ ကျနော် တို့ ဘာတွေ ဆက်လုပ်မလဲဆိုတာ ဆွေးနွေးထားပြီးပြီ”ဟု ဦးဇော်ဌေးက ပြောသည်။
လိပ်ကျွန်း အမှုကို ဆောင်ရွက်ရန် အစိုးရက အားကောင်းသည့် ကော်မတီတရပ် ပြန်လည် ဖွဲ့စည်းကာ ထိုင်းတရား ဥပဒေ အရ အယူခံဝင်ရန် အလေးထားဆောင်ရွက်နေပြီး အမှုတွင် လိုက်လံ ကူညီနေသည့် မြန်မာသံရုံး လိပ်ကျွန်း လူသတ်မှု အထူး စုံစမ်းရေးအဖွဲ့ နှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်ဟု ဦးဇော်ဌေးက ဆိုသည်။

ဝင်းဇော်ထွန်း နှင့် ဇော်လင်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးက လိပ်ကျွန်းကို အလည်လာသည့် ဗြိတိန် နိုင်ငံသား စုံတွဲ နှစ်ဦးကို သတ်မှုဖြင့် စွဲဆို၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ထားခြင်း ဖြစ်သည်။
ယင်းသို့ သေဒဏ် ချမှတ်ထားခြင်း အပေါ် ဝင်းဇော်ထွန်းနှင့် ဇော်လင်း တို့ဘက်မှ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၊ မြန်မာ ရှေ့နေများ၊ မြန်မာသံရုံး တို့က ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် မေလက အယူခံလွှာ တင်သွင်းခဲ့ရာ ထိုင်းအစိုးရ အယူခံ တရားရုံး က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပယ်ချလိုက်ခြင်း ဖြစ်သည်။

ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့သည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လိပ်ကျွန်းသို့ လာရောက် လည်ပတ်နေသည့် ဗြိတိန် နိုင်ငံသားများ ဖြစ်သည့် အသက် ၂၄ နှစ်ရှိ ဒေးဗစ်မေလာ နှင့် အသက် ၂၃ နှစ်ရှိ ဟန်နာဝစ်သာရစ်ဂျ် တို့ အသတ်ခံ ရမှု အပေါ် သံသယ တရားခံအဖြစ် ဖမ်းဆီးရာမှ ပြစ်မှုကျူးလွန်သည်ဟု ဆုံးဖြတ်ခဲ့သည်။

လူသတ်မှုနှင့်ပတ်သက်ပြီး ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့က ဝန်ခံခဲ့သည်ဟု ထိုင်းရဲများက ထုတ်ပြန် ကြေညာ ခဲ့ကြသော် လည်း နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက်ကာ ဝန်ခံခိုင်းခဲ့ခြင်း တို့ကြောင့် ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ လူသတ်မှု မကျူး လွန်ကြောင်း ထွက်ဆိုထားသည်။

အဆိုပါ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှု ရရှိရေးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သလို ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံး လိပ်ကျွန်း လူသတ်မှု အထူးစုံစမ်းရေးအဖွဲ့ ကိုလည်း ဒေါ်လာ ၅၀၀၀ လှူခဲ့ဖူးသည်။
Credit : burma irrawaddy

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...