ေငြေပးေစခိုင္းသူ ဒုဗိုလ္မွဴးႀကီးေဟာင္းအား မသိရိွေၾကာင္း ကိုေအာင္စိုးမွေျပာ

ရန္ကုန္၊ ေဖေဖာ္၀ါရီ ၁၅ ။             ။ ေရွ႕ေနဦးကိုနီအား ေလဆိပ္တြင္ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ၾကံမႈတြင္ ေငြေပးေစခိုင္းခဲ့ေသာ ဒုတိယဗိုလ္မွဴးၾကီးေဟာင္းတစ္ဦးဟု သမၼတ႐ံုးမွ ယေန႔ ညေနတြင္ သတင္းထုတ္ျပန္ခဲ့မႈအေပၚ ေသနတ္သမားဦးၾကည္လင္းမွ လာေရာက္ဆက္သြယ္ခဲ့ေသာ ကိုေအာင္စိုးမွ မသိရိွေၾကာင္း ၎က မဇၩိမသို႔ ေျပာသည္။

“ ဒုဗိုလ္မွဴးႀကီးေဟာင္းဆိုတာလည္း ကၽြန္ေတာ့္ကို တစ္လံုးမွေျပာမသြားပါဘူး။ သူေပးတဲ႔ပိုက္ဆံလည္း ကၽြန္ေတာ္ တစ္ျပားမွလည္း မယူပါဘူး။ ဒီကိစၥကို လက္ခံမယ္လည္း ကၽြန္ေတာ္ မေျပာခဲ႔ပါဘူး။ မသိခဲ႔ပါဘူးခင္ဗ်ာ” ဟု ေျပာသည္။

ထိုသို႔ လုပ္ႀကံရန္ ေငြေပးေစခိုင္းသူမွာ ေအာင္၀င္းခိုင္ဆိုသူျဖစ္ေၾကာင္း၊ ၎မွာ တပ္မေတာ္တြင္ ဗိုလ္မွဴးၾကီးအဆင့္ထိ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္တြင္ ဆႏၵအေလ်ာက္   ႏုတ္ထြက္ခဲ့သူျဖစ္သည္။ ေအာင္၀င္းခိုင္ႏွင့္ ဆက္စပ္သူမ်ားဖမ္းဆီးရရိွေရး ေဆာင္ရြက္သြားမည္ျဖစ္ျပီး ျပည္သူမ်ားသို႔ တင္ျပသြားမည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ျဖစ္စဥ္မွာ ေအာင္စိုးထံသို႔ ေသနတ္သမားၾကည္လင္းမွ လာေရာက္ဆက္သြယ္ခဲ့ၿပီး ၎မွ ျငင္းဆိုခဲ့သည္။ ကနဦးတြင္ ပူးေပါင္းပါ၀င္သူ ေအာင္၀င္းေဇာ္၏ ေဖာ္ထုတ္ခ်က္အရ ေငြေပးေစခိုင္းသူမွာ ၎၏ ညီျဖစ္သူ ေအာင္၀င္းခိုင္ျဖစ္ေၾကာင္း၊ လုပ္ႀကံသတ္ျဖတ္မည့္သူအား ရွာေဖြခဲ့ျခင္းျဖစ္သည္ဟု ကနဦးသတင္းမ်ားတြင္ ေဖာ္ျပထားသည္။

ယေန႔ ေဖေဖာ္၀ါရီလ ၁၅ ရက္တြင္ ထုတ္ျပန္ခဲ့ေသာသတင္းအေပၚ ကိုေအာင္စိုးက သူ႔အျမင္ကိုေျပာသည္။

“ အဲ႔ေလာက္ထိ ကၽြန္ေတာ္ မေတြးတတ္ဘူးခင္ဗ်။ စစ္တဲ႔ အခါမွာသူေျပာခ်င္ရာသူေျပာမွာေပါ့။ အဲ႔ထဲမွာ မွားတာေတြမွန္တာေတြပါမွာေပါ့ေနာ့။ အဲ႔လိုပဲသံုးသပ္ပါတယ္” ဟု ေျပာသည္။

mizzimaburmese
===========

Unicode>>>
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ။             ။ ရှေ့နေဦးကိုနီအား လေဆိပ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုတွင် ငွေပေးစေခိုင်းခဲ့သော ဒုတိယဗိုလ်မှူးကြီးဟောင်းတစ်ဦးဟု သမ္မတရုံးမှ ယနေ့ ညနေတွင် သတင်းထုတ်ပြန်ခဲ့မှုအပေါ် သေနတ်သမားဦးကြည်လင်းမှ လာရောက်ဆက်သွယ်ခဲ့သော ကိုအောင်စိုးမှ မသိရှိကြောင်း ၎င်းက မဇ္ဈိမသို့ ပြောသည်။

“ ဒုဗိုလ်မှူးကြီးဟောင်းဆိုတာလည်း ကျွန်တော့်ကို တစ်လုံးမှပြောမသွားပါဘူး။ သူပေးတဲ့ပိုက်ဆံလည်း ကျွန်တော် တစ်ပြားမှလည်း မယူပါဘူး။ ဒီကိစ္စကို လက်ခံမယ်လည်း ကျွန်တော် မပြောခဲ့ပါဘူး။ မသိခဲ့ပါဘူးခင်ဗျာ” ဟု ပြောသည်။

ထိုသို့ လုပ်ကြံရန် ငွေပေးစေခိုင်းသူမှာ အောင်ဝင်းခိုင်ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ တပ်မတော်တွင် ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဆန္ဒအလျောက်   နုတ်ထွက်ခဲ့သူဖြစ်သည်။ အောင်ဝင်းခိုင်နှင့် ဆက်စပ်သူများဖမ်းဆီးရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများသို့ တင်ပြသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ အောင်စိုးထံသို့ သေနတ်သမားကြည်လင်းမှ လာရောက်ဆက်သွယ်ခဲ့ပြီး ၎င်းမှ ငြင်းဆိုခဲ့သည်။ ကနဦးတွင် ပူးပေါင်းပါဝင်သူ အောင်ဝင်းဇော်၏ ဖော်ထုတ်ချက်အရ ငွေပေးစေခိုင်းသူမှာ ၎င်း၏ ညီဖြစ်သူ အောင်ဝင်းခိုင်ဖြစ်ကြောင်း၊ လုပ်ကြံသတ်ဖြတ်မည့်သူအား ရှာဖွေခဲ့ခြင်းဖြစ်သည်ဟု ကနဦးသတင်းများတွင် ဖော်ပြထားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သောသတင်းအပေါ် ကိုအောင်စိုးက သူ့အမြင်ကိုပြောသည်။

“ အဲ့လောက်ထိ ကျွန်တော် မတွေးတတ်ဘူးခင်ဗျ။ စစ်တဲ့ အခါမှာသူပြောချင်ရာသူပြောမှာပေါ့။ အဲ့ထဲမှာ မှားတာတွေမှန်တာတွေပါမှာပေါ့နော့။ အဲ့လိုပဲသုံးသပ်ပါတယ်” ဟု ပြောသည်။

mizzimaburmese

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...