ေန႔စဥ္ င႐ုတ္သီးစပ္စပ္စားသံုးမႈက ေသဆံုးႏိုင္ေျခကို ေလ်ာ့က်ေစႏိုင္ဟု ဆို ..

 င႐ုတ္သီးစပ္စပ္စားသံုးေပးတာက ေသဆံုးႏိုင္ေျခကို ေလ်ာ့က်ေစႏိုင္ပါတယ္လို႔ ဗားေမာင့္တကၠသိုလ္ Larner ေဆးတကၠသိုလ္က သုေတသီေတြကေတြ႕ရွိခဲ့ပါတယ္။
သည္ေလ့လာမႈမွာ ေန႔စဥ္င႐ုတ္သီးစပ္စပ္စားသံုးေပးတာကအေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ေသဆံုးႏိုင္ေျခကို ၁၃ ရာခိုင္ႏႈန္းေလွ်ာ့ခ်ေပးၿပီး အထူးသျဖင့္ ႏွလံုးေရာဂါ နဲ႔ ေလျဖတ္ေဝဒနာေတြေၾကာင့္ ေသဆံုးႏိုင္ေျခကိုေလ်ာ့က် ေစတာ ျဖစ္ပါတယ္။
၂၀၁၅ ခုႏွစ္က လုပ္ေဆာင္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံက ေလ့လာမႈမွာလည္း င႐ုတ္သီးစားသံုးေပးတာနဲ႔ေသဆံုးႏိုင္ေျခေလ်ာ့က်မႈတို႔ၾကားမွာ ဆက္စပ္မႈရွိတယ္လို႔ ေတြ႕ရွိခဲ့ဖူးပါတယ္။
မၾကာေသးခင္ကျပဳလုပ္ခဲ့တဲ့ေလ့လာမႈမွာ သုေတသီေတြဟာ အမ်ိဳးသားက်န္းမာေရးနဲ႔ အာဟာရတန္ဖိုးခ်င့္တြက္ေရးေလ့လာမႈ အဖြဲ႕ရဲ႕ ၂၃ ႏွစ္ၾကာေလ့လာမႈမွာပါဝင္ခဲ့တဲ့ အေမရိကန္လူမ်ိဳး ၁၆,ဝ၀ဝ ေက်ာ္ရဲ႕ က်န္းမာေရးအခ်က္ အလက္ေတြကိုအသံုးျပဳေလ့လာခဲ့တာ ျဖစ္ပါတယ္။
သည္ေလ့လာမႈအတြင္းပါဝင္ခဲ့သူေတြကို သုေတသီေတြက ၁၈ ႏွစ္နဲ႔ ကိုးလေလာက္ေလ့လာ ေစာင့္ၾကည့္ခဲ့ၿပီး သူတို႔ရဲ႕ေသဆံုးႏိုုင္ေျခနဲ႔ ေသဆံုးရတဲ့အေၾကာင္းအရင္းေတြကို ေလ့လာေစာင့္ၾကည့္ခဲ့ပါတယ္။ ေလ့လာမႈအတြင္းမွာ လူငယ္ေတြ၊ အမ်ိဳးသားေတြ၊ လူျဖဴေတြ၊ ေဆးလိပ္ေသာက္သံုးသူေတြ၊ အရက္ေသာက္သံုးသူေတြ၊ HDL ကို လက္စထေရာနည္းတဲ့ သူေတြအပါအဝင္ လူအားလံုးနီးပါးကိုေလ့လာ ခဲ့တာျဖစ္ပါတယ္။
င႐ုတ္သီးကေနရရွိတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးဟာ အဝလြန္တာကိုတားဆီးေပးတာ၊ ႏွလံုးေသြးစီးဆင္းမႈကိုထိ္န္းညႇိေပးတာနဲ႔ ပိုးမႊားေတြကို တိုက္ဖ်က္ေပးတဲ့ ဂုဏ္သတၱိကိုပိုင္ဆိုင္ထားတဲ့အေရးပါတဲ့ capsaicin  ျဒပ္ေပါင္း ေၾကာင့္ျဖစ္မယ္လို႔ သုေတသီေတြက ရွင္းလင္းပြဲမွာေဖာ္ျပထားပါတယ္။ သည္ေလ့လာမႈကို PLO S ONE မွာ ေဖာ္ျပခဲ့ပါတယ္။
Credit:Kumudra

 ======
 Unicode
ငရုတ်သီးစပ်စပ်စားသုံးပေးတာက သေဆုံးနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်လို့ ဗားမောင့်တက္ကသိုလ် Larner ဆေးတက္ကသိုလ်က သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။
သည်လေ့လာမှုမှာ နေ့စဉ်ငရုတ်သီးစပ်စပ်စားသုံးပေးတာကအကြောင်း အမျိုးမျိုးကြောင့်သေဆုံးနိုင်ခြေကို ၁၃ ရာခိုင်နှုန်းလျှော့ချပေးပြီး အထူးသဖြင့် နှလုံးရောဂါ နဲ့ လေဖြတ်ဝေဒနာတွေကြောင့် သေဆုံးနိုင်ခြေကိုလျော့ကျ စေတာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ တရုတ်နိုင်ငံက လေ့လာမှုမှာလည်း ငရုတ်သီးစားသုံးပေးတာနဲ့သေဆုံးနိုင်ခြေလျော့ကျမှုတို့ကြားမှာ ဆက်စပ်မှုရှိတယ်လို့ တွေ့ရှိခဲ့ဖူးပါတယ်။
မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုမှာ သုတေသီတွေဟာ အမျိုးသားကျန်းမာရေးနဲ့ အာဟာရတန်ဖိုးချင့်တွက်ရေးလေ့လာမှု အဖွဲ့ရဲ့ ၂၃ နှစ်ကြာလေ့လာမှုမှာပါဝင်ခဲ့တဲ့ အမေရိကန်လူမျိုး ၁၆,ဝဝဝ ကျော်ရဲ့ ကျန်းမာရေးအချက် အလက်တွေကိုအသုံးပြုလေ့လာခဲ့တာ ဖြစ်ပါတယ်။
သည်လေ့လာမှုအတွင်းပါဝင်ခဲ့သူတွေကို သုတေသီတွေက ၁၈ နှစ်နဲ့ ကိုးလလောက်လေ့လာ စောင့်ကြည့်ခဲ့ပြီး သူတို့ရဲ့သေဆုံးနိုုင်ခြေနဲ့ သေဆုံးရတဲ့အကြောင်းအရင်းတွေကို လေ့လာစောင့်ကြည့်ခဲ့ပါတယ်။ လေ့လာမှုအတွင်းမှာ လူငယ်တွေ၊ အမျိုးသားတွေ၊ လူဖြူတွေ၊ ဆေးလိပ်သောက်သုံးသူတွေ၊ အရက်သောက်သုံးသူတွေ၊ HDL ကို လက်စထရောနည်းတဲ့ သူတွေအပါအဝင် လူအားလုံးနီးပါးကိုလေ့လာ ခဲ့တာဖြစ်ပါတယ်။
ငရုတ်သီးကနေရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးဟာ အဝလွန်တာကိုတားဆီးပေးတာ၊ နှလုံးသွေးစီးဆင်းမှုကိုထိ်န်းညှိပေးတာနဲ့ ပိုးမွှားတွေကို တိုက်ဖျက်ပေးတဲ့ ဂုဏ်သတ္တိကိုပိုင်ဆိုင်ထားတဲ့အရေးပါတဲ့ capsaicin  ဒြပ်ပေါင်း ကြောင့်ဖြစ်မယ်လို့ သုတေသီတွေက ရှင်းလင်းပွဲမှာဖော်ပြထားပါတယ်။ သည်လေ့လာမှုကို PLO S ONE မှာ ဖော်ပြခဲ့ပါတယ်။

Credit:Kumudra

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...