ပုသိမ္ၿမိဳ႕တြင္ သမီးျဖစ္သူကို မိခင္ႏွင့္ပေထြးက တ႐ုတ္အမ်ဳိးသားထံ ေရာင္းစားခဲ့သည္ဟုဆုိ

သမီးျဖစ္သူကို တ႐ုတ္အမ်ဳိးသားႏွင္႕လက္ထပ္ရန္ ေရာင္းစားခဲ့သည္ဟုဆုိေသာ မိခင္ႏွင့္ပေထြးကို တရားစြဲဆို
ပုသိမ္ ေဖေဖာ္ဝါရီ ၁၅

သမီးျဖစ္သူကို တ႐ုတ္ႏုိင္ငံ ဘက္သုိ႔ေရာင္းစားခဲ့သည္ဟုဆို ကာ လူကုန္ကူးဥပေဒပုဒ္မ ၂၄ ျဖင့္ အမႈဖြင့္ထားေသာ မိခင္ႏွင့္ ပေထြးကို ယခုလ ၁ဝ ရက္က ပုသိမ္ၿမိဳ႕နယ္တရား႐ံုးတြင္ ဒုတိယ အႀကိမ္ ရမန္ယူစစ္ေဆးခဲ့ေၾကာင္း ပုသိမ္သေဘၤာက်င္း နယ္ေျမရဲစခန္း မွ သိရသည္။

ပုသိမ္ၿမိဳ႕ (၁ဝ) ရပ္ကြက္တြင္ ဖခင္ျဖစ္သူႏွင့္အတူေနထိုင္သည့္ အမ်ဳိးသမီးငယ္ကို မိခင္ ေဒၚရီရီ ႏိုင္ႏွင့္ ပေထြးဦးေအာင္ႏုိင္ဦး(ခ) အညာသားတုိ႔က တ႐ုတ္ႏုိင္ငံ၌ အမ်ဳိးသားတစ္ဦးႏွင့္ လက္ထပ္ရန္ လိမ္လည္ေရာင္းစားခဲ့သည္ဟုဆိုကာ အမႈဖြင့္အေရးယူေဆာင္ရြက္ထား ျခင္းျဖစ္ေၾကာင္း သိရသည္။

ပုသိမ္လူကုန္ကူးမႈ တားဆီး ကာကြယ္ေရးရဲတပ္ဖြဲ႕မွ ဒုရဲမွဴး ဦးသက္ဦးက''၂ဝ၁၆ မတ္လမွာ ေကာင္မေလးကိုအလုပ္လုပ္ဖို႔ဆိုၿပီး ေခၚသြားတယ္။ အဲဒီအခ်ိန္ကစၿပီး သူ႔အေဖနဲ႔ အဆက္အသြယ္မရ ေတာ့ဘူးလို႔ စစ္ေဆးခ်က္မွာေပၚ ေပါက္တယ္''ဟုေျပာၾကားခဲ့သည္။

အဆုိပါ အမ်ိဳးသမီးသည္ တ႐ုတ္ႏိုင္ငံတြင္ ေရာင္းစားခံရၿပီး ေနာက္ သဃၤန္းကြၽန္းၿမိဳ႕နယ္၌ ေနထိုင္ေသာအမ်ဳိးသားတစ္ဦးႏွင့္ အင္တာနက္ လူမႈကြန္ရက္တစ္ခု ျဖစ္ေသာ We Chat အတြင္ေတြ႕ရွိခဲ့ရာ မွ ၄င္းကို မိခင္ႏွင့္ပေထြးက တ႐ုတ္ယြမ္ေငြတစ္သိန္းျဖင့္ ေရာင္း ခ်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ပုသိမ္ၿမိဳ႕တြင္ေနထိုင္ သည့္ ဖခင္အရင္းျဖစ္သူကို ဆက္ သြယ္ေပးေစလိုေၾကာင္း အဆိုပါ အမ်ဳိးသမီးက အကူအညီေတာင္း ခံခဲ့ေၾကာင္း ပုသိမ္လူကုန္ကူးမႈ တားဆီးကာကြယ္ေရးရဲတပ္ဖြဲ႕မွ ဒုရဲမွဴး ဦးသက္ဦးက ေျပာၾကားခဲ့ သည္။

ထို႔ေနာက္ ပုသိမ္ၿမိဳ႕တြင္ေန ထိုင္ေသာအမ်ိဳးသမီး၏ ဖခင္သို႔ လာေရာက္ဆက္သြယ္ခဲ့ရာမွ အဆုိပါအမႈေပၚေပါက္ခဲ့ၿပီး ယခု အခါ အမ်ဳိးသမီးသည္ တ႐ုတ္ ႏုိင္ငံတြင္တ႐ုတ္အမ်ိဳးသားတစ္ဦး ၏ဇနီးအျဖစ္ ေနထုိင္ေနရဆဲျဖစ္ ေၾကာင္း ဒုရဲမွဴးဦးသက္ဦးက ရွင္း လင္းစြာ ေျပာျပခဲ့သည္။

ထို႔ေၾကာင့္ပုသိမ္သေဘၤာက်င္း နယ္ေျမရဲစခန္းတြင္ လူကုန္ကူးမႈ တားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၂၄ ျဖင့္ ပန္းတေနာ္ၿမိဳ႕နယ္ ကင္းဝ ႀကီးေက်းရြာတြင္ ေနထိုင္ေသာ ေဒၚရီရီႏုိင္ႏွင့္ ဦးေအာင္ႏုိင္ဦးတုိ႔ ကို လူကုန္ကူးခံရသူ၏ အစ္မျဖစ္ သူက တရားလိုျပဳလုပ္၍ ဇန္နဝါရီ ၂၆ ရက္က အမႈဖြင့္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဇန္နဝါရီ ၂၉ ရက္ က ၄င္းတို႔ကိုဖမ္းဆီး၍ ပုသိမ္ ၿမိဳ႕နယ္တရား႐ံုး၌ ပထမအႀကိမ္ ရမန္ယူစစ္ေဆးခဲ့ေၾကာင္း သိရ သည္။

ယင္းေနာက္ ယခုလ၁ဝ ရက္ တြင္ ဒုတိယအႀကိမ္ရမန္ယူ၍ စြပ္စြဲထားေသာပုဒ္မျဖင့္ စစ္ေဆး ရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သေဘၤာက်င္းရဲစခန္းမွဴး ရဲအုပ္ ခင္ေမာင္ဝင္းက ေျပာၾကားခဲ့သည္။

ျမင့္ျမတ္ေအာင္ျမင္
The Union Daily
https://www.facebook.com/uniondaily.net
=============
သမီးဖြစ်သူကို တရုတ်အမျိုးသားနှင့်လက်ထပ်ရန် ရောင်းစားခဲ့သည်ဟုဆိုသော မိခင်နှင့်ပထွေးကို တရားစွဲဆို
ပုသိမ် ဖေဖော်ဝါရီ ၁၅

သမီးဖြစ်သူကို တရုတ်နိုင်ငံ ဘက်သို့ရောင်းစားခဲ့သည်ဟုဆို ကာ လူကုန်ကူးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ထားသော မိခင်နှင့် ပထွေးကို ယခုလ ၁ဝ ရက်က ပုသိမ်မြို့နယ်တရားရုံးတွင် ဒုတိယ အကြိမ် ရမန်ယူစစ်ဆေးခဲ့ကြောင်း ပုသိမ်သင်္ဘောကျင်း နယ်မြေရဲစခန်း မှ သိရသည်။

ပုသိမ်မြို့ (၁ဝ) ရပ်ကွက်တွင် ဖခင်ဖြစ်သူနှင့်အတူနေထိုင်သည့် အမျိုးသမီးငယ်ကို မိခင် ဒေါ်ရီရီ နိုင်နှင့် ပထွေးဦးအောင်နိုင်ဦး(ခ) အညာသားတို့က တရုတ်နိုင်ငံ၌ အမျိုးသားတစ်ဦးနှင့် လက်ထပ်ရန် လိမ်လည်ရောင်းစားခဲ့သည်ဟုဆိုကာ အမှုဖွင့်အရေးယူဆောင်ရွက်ထား ခြင်းဖြစ်ကြောင်း သိရသည်။

ပုသိမ်လူကုန်ကူးမှု တားဆီး ကာကွယ်ရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး ဦးသက်ဦးက''၂ဝ၁၆ မတ်လမှာ ကောင်မလေးကိုအလုပ်လုပ်ဖို့ဆိုပြီး ခေါ်သွားတယ်။ အဲဒီအချိန်ကစပြီး သူ့အဖေနဲ့ အဆက်အသွယ်မရ တော့ဘူးလို့ စစ်ဆေးချက်မှာပေါ် ပေါက်တယ်''ဟုပြောကြားခဲ့သည်။

အဆိုပါ အမျိုးသမီးသည် တရုတ်နိုင်ငံတွင် ရောင်းစားခံရပြီး နောက် သင်္ဃန်းကျွန်းမြို့နယ်၌ နေထိုင်သောအမျိုးသားတစ်ဦးနှင့် အင်တာနက် လူမှုကွန်ရက်တစ်ခု ဖြစ်သော We Chat အတွင်တွေ့ရှိခဲ့ရာ မှ ၄င်းကို မိခင်နှင့်ပထွေးက တရုတ်ယွမ်ငွေတစ်သိန်းဖြင့် ရောင်း ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင်ပုသိမ်မြို့တွင်နေထိုင် သည့် ဖခင်အရင်းဖြစ်သူကို ဆက် သွယ်ပေးစေလိုကြောင်း အဆိုပါ အမျိုးသမီးက အကူအညီတောင်း ခံခဲ့ကြောင်း ပုသိမ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး ဦးသက်ဦးက ပြောကြားခဲ့ သည်။

ထို့နောက် ပုသိမ်မြို့တွင်နေ ထိုင်သောအမျိုးသမီး၏ ဖခင်သို့ လာရောက်ဆက်သွယ်ခဲ့ရာမှ အဆိုပါအမှုပေါ်ပေါက်ခဲ့ပြီး ယခု အခါ အမျိုးသမီးသည် တရုတ် နိုင်ငံတွင်တရုတ်အမျိုးသားတစ်ဦး ၏ဇနီးအဖြစ် နေထိုင်နေရဆဲဖြစ် ကြောင်း ဒုရဲမှူးဦးသက်ဦးက ရှင်း လင်းစွာ ပြောပြခဲ့သည်။

ထို့ကြောင့်ပုသိမ်သင်္ဘောကျင်း နယ်မြေရဲစခန်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် ပန်းတနော်မြို့နယ် ကင်းဝ ကြီးကျေးရွာတွင် နေထိုင်သော ဒေါ်ရီရီနိုင်နှင့် ဦးအောင်နိုင်ဦးတို့ ကို လူကုန်ကူးခံရသူ၏ အစ်မဖြစ် သူက တရားလိုပြုလုပ်၍ ဇန်နဝါရီ ၂၆ ရက်က အမှုဖွင့်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက် က ၄င်းတို့ကိုဖမ်းဆီး၍ ပုသိမ် မြို့နယ်တရားရုံး၌ ပထမအကြိမ် ရမန်ယူစစ်ဆေးခဲ့ကြောင်း သိရ သည်။

ယင်းနောက် ယခုလ၁ဝ ရက် တွင် ဒုတိယအကြိမ်ရမန်ယူ၍ စွပ်စွဲထားသောပုဒ်မဖြင့် စစ်ဆေး ရန် ဆောင်ရွက်လျက်ရှိကြောင်း သင်္ဘောကျင်းရဲစခန်းမှူး ရဲအုပ် ခင်မောင်ဝင်းက ပြောကြားခဲ့သည်။

မြင့်မြတ်အောင်မြင်
The Union Daily
https://www.facebook.com/uniondaily.net

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...