အိမ်သာထက် အဆပေါင်းများစွာ ညစ်ပတ်တဲ့ အိမ်ရှိပစ္စည်း(၅)မျိုး
အိမ်မှာ ရွံစရာ အကောင်းဆုံးက အိမ်သာလို့ ယောင်းယောင်းတို့ ထင်မိကြတယ်ဟုတ်။ ဒါဆိုရင်တော့ ယောင်းယောင်းတို့ အတွေးမှားနေပြီနော်။ တကယ်တမ်း အိမ်မှာ အိမ်သာထက် ပိုညစ်ပတ်တဲ့ နေရာတွေ အများကြီးရှိသေးပါတယ်
(၁) စင်းနှီတုံး
 Unicode
(၁) စင်းနှီတုံး
အသားငါးတွေ လှီးတတ်တဲ့ စင်းနှီးတုံးဟာ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလို့ကောင်းတဲ့
နေရာတစ်ခုဖြစ်နေတတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ပန်းကန်ဆေးဆပ်ပြာရည်နဲ့ သေချာ ပွတ်တိုက်ပြီး ဆေးပေးပါ။
 Unicode
(၂) အိမ်မွေး တိရိစ္ဆာန်လေးတွေကို အစာကျွေးတဲ့ခွက်
ခွေးတို့ကြောင်တို့လို အိမ်မွေးတိရိစ္ဆာန်တွေဟာ နေရာတိုင်းကို သူတို့ လျှာနဲ့ ရက်တတ်တဲ့အတွက် ဘက်တီးရီးယားတွေကို လျင်မြန်စွာ သယ်ဆောင်ပေးတတ်ပါတယ်။ ဒါကြောင့်သူတို့စားတဲ့ အစားခွက်လေးတွေကို သန့်စင်ပေးဖို့ လိုအပ်တယ်နော်။ သူတို့ကို အစာမကျွေးခင် အစာခွက်လေးတွေကို ရေနွေးနဲ့ အရင်ဆေးပေးပြီး အစာသစ် ထည့်ပေးနော်။
Unicode
(၃) ယောင်းယောင်းတို့ရဲ့ ဖုန်းလေးတွေ
ဟုတ်ပါတယ်။ ယောင်းယောင်းတို့ တစ်ချိန်လုံး လက်က မချနိုင်ဖြစ်နေတဲ့ စမတ်ဖုန်းလေးတွေဟာ အိမ်သာထက် အဆပေါင်းများစွာ ပိုညစ်ပတ်ပါတယ်။ အထူးသဖြင့် ဖုန်းလေးတွေကို အိမ်သာကို ယူသွားတဲ့အခါ ပိုလို့တောင် ဆိုးပါသေးတယ်။ ဖုန်းလေးတွေ မညစ်ပတ်စေဖို့ ဖုန်းမျက်နှာပြင်ကို အဝတ်နူးနူးညံ့ညံ့လေးနဲ့ သုတ်ပြီး သန့်စင်ပေးလို့ရပါတယ်။
Unicode
(၄) ကွန်ပျူတာရဲ့ ကီးဘုတ်
တစ်ခါတစ်လေကျ  ယောင်းယောင်းတို့ ကွန်ပျူတာစာရိုက်ရင်း မုန့်စားလိုက်၊ ထမင်းစားလိုက် လုပ်တတ်တယ်ဟုတ်။ ယောင်းယောင်းတို့တော့ မသိဘူး။ ဂျက်စမင်တော့ ခဏခဏပဲ အဲ့လို အမှတ်တမဲ့လုပ်မိတယ်လေ။ ဒါပေမယ့်လေ ကွန်ပျူတာရဲ့ ကီးဘုတ်တွေက အိမ်သာမှာ ရှိတဲ့ ပိုးမွှားတွေထက် ငါးဆတောင် ပိုများပါတယ်တဲ့။   ကြောက်စရာပဲနော်။ ဒါကြောင့် ကီးဘုတ်လေးတွေကို မကြာခဏ သုတ်ပေးသင့်တယ်နော်။
(၅) လက်နှီးစုတ်လေးတွေ
 Unicode
(၅) လက်နှီးစုတ်လေးတွေ
ဟုတ်ပါတယ် ယောင်းယောင်းတို့ရေ တစ်ချိန်လုံး မီးဖိုချောင်ထဲမှာ  သုံးနေတဲ့ လက်နှီးစုတ်လေးတွေဟာလည်း အိမ်သာထက် အများကြီးပိုညစ်ပတ်ပါတယ်။ ဒါကြောင့် လက်နှီးစုတ်လေးတွေကိုလည်းမှန်မှန်လျှော်ပေးဖို့ လိုတယ်နော်။
ကဲ ဒါဆိုရင် အခု အိမ်သာထက် ပိုညစ်ပတ်တဲ့ ပစ္စည်းလေးတွေကို သိပြီဟုတ်။မသိသေးတဲ့ သူငယ်ချင်းတွေအတွက် share ပေးဖို့ မမေ့နဲ့ဦးနော်။
 ချစ်ခြင်းများစွာဖြင့်
Jasmine (Forhermyanmar)
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...