ဇန္နဝါရီ ၂၁ ရက္ေန႕က အျမန္လမ္း ၄ မိုင္ ၂ ဖာလုံ၌ HiAce အမ်ိဳးအစား ေမာ္ေတာ္ယာဥ္တစ္စီး မီးေလာင္ကာ လူ(၈)ဦး ေသဆုံးခဲ့ရမႈတြင္ ေအာင္ခန႔္ဆိုသူ တစ္ဦးတည္း လြတ္ေျမာက္လာခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီ (၇)ရက္ေန႕တြင္ “The Speaker” ဂ်ာနယ္တြင္ ကားမီးေလာင္ရာမွ လြတ္ေျမာက္လာသူမွာ ေအာင္ခန႔္ အျပင္ေနာက္ထပ္ အမ်ိဳးသားတစ္ဦးပါ ရွိေနေသးေၾကာင္း ဓါတ္ပုံမ်ားႏွင့္ ေဖာ္ျပခဲ့သည္။
ဗီဒီယိုထဲမွ ရယူထားေသာ အဆိုပါပုံတြင္ ေအာင္ခန႔္အနီး၌ ဂ်င္းေဘာင္းဘီဝတ္ထားေသာ အမ်ိဳးသားတစ္ဦး အတူရွိေနခဲ့ျခင္းျဖစ္သည္။ ထို႔ကဲ့သို႔ ဓါတ္ပုံမ်ားပ်ံ့ႏွံ႕ခဲ့ၿပီး စြပ္စြဲေျပာဆိုမႈမ်ားအေပၚ ေအာင္ခန႔္ အနီးတြင္ ရွိေနခဲ့ေသာ လူငယ္အမ်ိဳးသား၏ ညီမျဖစ္သူ “နန္းဆုမြန္ေထြး” က သူမ၏ လူမႈကြန္ယက္ ေဖ့စ္ဘုတ္စာမ်က္ႏွာေပၚမွ ေအာက္ပါအတိုင္း ျပန္လည္းရွင္းလင္းျပခဲ့ၿပီး တုန႔္ျပန္ေျပာဆိုသူမ်ားျပားခဲ့သည္။
"အဲ့ဒါ ငါ့အစ္ကိုပါဟယ္ အဲ့ေန႕အေဖရယ္အေမရယ္အစ္ကိုရယ္ ရန္ကုန္ကေန ဒိုက္ဦးကိုျပန္တာ လမ္းမွာကားအက္ဆီးဒင့္ဖစ္တာေတြ႕လို႔ (အေဖတို႔ေရာက္သြားေတာ့ကားကမီးေလာင္ေနပီတဲ့) ကားရပ္ပီးကူညီတာ အဲ့ဒီေအာင္ခန႔္ဆိုတဲ့လူက သူ႕အိမ္ကိုဖုန္းဆက္ခ်င္လို႔ပါဆိုပီး အကူညီေတာင္းလို႔ ဖုန္းေပးဆက္ေနတာပါဟယ္ လူေတကလည္းေလ ေသခ်ာတိတိက်က်မသိပဲေတြ႕ရာျမင္ရာေျပာခ်င္ရာ စြပ္စြဲပီး ေလ်ာက္ေျပာ ေနာက္ဆို သူမ်ားဒုကၡေရာက္ရင္ေတာင္ မကူညီရဲေတာ့ေလာက္ေအာင္ပဲ
****သတင္းကိုလည္းမွန္လားမမွန္လားမသိပဲ အဲ့လိုပဲ ဂ်ာနယ္ေတထဲေလ်ာက္ထည့္ၾကတာပဲလား *****
လူေတလည္းေနာ္ ရမ္းတုပ္ဖို႔ေလာက္ပဲတတ္တယ္ ဒုကၡေရာက္လို႔မကူညီျပန္ရင္လည္း မေကာင္း
ကူညီျပန္ရင္လည္း အမႈပတ္ဦးမယ္ အဲ့တာေၾကာင့္ ကိုယ္နဲ႕မဆိုင္ရင္ဝင္မပါနဲ႕ဆိုတာေလ အဲ့လိုဖာသိဖာသာစိတ္မ်ိဳးထားတာပဲေကာင္းတယ္
ေနာင္မ်ားဆို ေဝါင္ေဝါင္ေရွးပဲ ေၾကာက္သြားပီ" ဟု ရွင္းလင္းေျပာဆိုခဲ့သည္။
ေအာင္ခန႔္ႏွင့္ အတူရွိခဲ့သူမွာ သူမ၏ အစ္ကိုျဖစ္ၿပီး အကူအညီေပးရန္ ေရာက္သြားခဲ့သည့္အခ်ိန္တြင္ လမ္းေပၚမွ ျဖတ္သြားခဲ့ေသာ အျခားကားတစ္စင္းမွ ဗီဒီယိုမွတ္တမ္းတင္ခဲ့ဟန္တူၿပီး အဆိုပါ မွတ္တမ္းဗီဒီယိုမွ ဓါတ္ပုံမ်ား အြန္လိုင္းေပၚ ပ်ံ့ႏွံ႕ကာ စိတ္ဝင္စားမႈမ်ား ျမင့္တက္ခဲ့ရသည္။
သူမ၏ အစ္ကိုဆိုသူအား ပိုပိုေလးမွ ဆက္သြယ္ခဲ့ေသာ္လည္း ယခုသတင္း တင္ခ်ိန္အထိ အေၾကာင္းမျပန္ၾကားခဲ့သျဖင့္ ထိုပုဂၢိဳလ္အား စာနယ္ဇင္းက်င့္ဝတ္အရ ေဖာ္ျပနိုင္ျခင္း မရွိခဲ့ပါ။
လက္ရွိတြင္ ေအာင္ခန႔္အား စစ္ေဆးမႈမ်ားျပဳလုပ္ေနသည့္ CID မွလည္း ကားမီးေလာင္မႈမွ လြတ္ေျမာက္လာသူမွာ ေအာင္ခန႔္အျပင္ အျခားတစ္ဦး ရွိေနေသးသည္ဆိုေသာ သတင္းမွာ မမွန္ကန္ေၾကာင္း သတင္းဌါနမ်ားသို႔ တရားဝင္ေျပာၾကားခဲ့သည္။
------------------------------
CID ထုတ္ျပန္ခ်က္....
၂၀၁၇ ခုႏွစ္ ဇန္နဝါရီ ၂၁ ရက္၌ ရန္ကုန္- မႏၲေလး အျမန္လမ္းမႀကီး ေလးမိုင္ႏွစ္ဖာ လုံခန႔္တြင္ ရွစ္ဦးေသဆုံးခဲ့သည့္ ယာဥ္မီးေလာင္မႈျဖစ္ပြားစဥ္က Toyota Hiace ကားေပၚမွ ႏွစ္ဦးဆင္းလာသည္ ဆိုျခင္းမွာ မဟုတ္မွန္ေၾကာင္း စီအိုင္ဒီရဲတပ္ဖြဲ႕မွ အဆင့္ျမင့္ ရဲအရာရွိတစ္ဦးက ေဖေဖာ္ဝါရီ ၈ ရက္က ျပန္လည္ရွင္းလင္း ေျပာၾကားခဲ့သည္။
စီအိုင္ဒီမွ အဆင့္ျမင့္ ရဲအရာရွိက
၂၆ ရက္မွာ ရဲတပ္ဖြဲ႕က စီအိုင္ဒီကို လႊဲေပးတာ။ ေအာင္ခန႔္ရဲ႕ ထြက္ခ်က္အရ မီးေလာင္တဲ့အခ်ိန္မွာ ကားတံခါးဖြင့္တဲ့အခ်ိန္မွာ တစ္ေယာက္က လာကူတယ္။ ပထမဦးဆုံး အဲဒီလူတစ္ေယာက္ လာကူတယ္။ ၿပီးရင္ေနာက္ တစ္ေယာက္က မီးသတ္ေဆးဘူး လာေပးတယ္။ ငါတို႔ အဲဒီႏွစ္ေယာက္စလုံးကို လိုက္ရွာတယ္။ ေတြ႕ၿပီးၿပီ။ ပထမဆုံး စေတြ႕တဲ့သူက ထန္းလ်က္လို႔ေခၚတယ္။ သူ႕ကို ၂၇ ရက္မွာ ထန္းလ်က္(ခ)ဝင္းစိုးေအာင္ကို ေခၚေတြ႕တယ္။ သူက အျမန္လမ္း ၁၅ မိုင္မွာရွိတဲ့ မူလတန္းေက်ာင္းမွာ ေနတယ္။ သူကေတာ့ ေလးမိုင္နဲ႕ သုံးဖာလုံေလာက္အေရာက္မွာ ကားရပ္ၿပီးသြားတယ္။ ေအာင္ခန႔္ တစ္ေယာက္ပဲရွိတယ္။ သူဝိုင္းကူေပးတယ္။ အဲဒါကို (ဓာတ္ပုံ - ကားေပၚမွ ႏွစ္ေယာက္ ထြက္ေပၚေနသည့္ကိစၥအား ရည္ၫႊန္း) ဥပမာ တစ္ေယာက္ေယာက္ကပဲ ျဖတ္သြား၊ ျဖတ္လာပဲ ေတြ႕သြားလား မသိဘူး။ ဒါကို ထန္းလ်က္ကိုယ္တိုင္ကပဲ ေျပာတယ္။ အလားတူပဲ ထန္လ်က္နဲ႕ ေအာင္ခန႔္ မီးၿငိမ္းသတ္ေနတဲ့ အခ်ိန္မွာ မီးသတ္ေဆးဘူးနဲ႕ ေနျပည္ေတာ္ဘက္သြားတဲ့ သူက လာဝိုင္းကူၿငိမ္းေပးတယ္။ အခင္းျဖစ္တဲ့ေနရာမွာ သုံးေယာက္ပဲရွိတယ္။ စီအိုင္ဒီက ႏွစ္ေယာက္စလုံးကို ေတြ႕ၿပီးစစ္ၿပီးၿပီ။ ကားေပၚမွာ ႏွစ္ဦးဆင္းလာတယ္ဆိုတာ မဟုတ္ဘူး
ဟု ကားေပၚမွ လူႏွစ္ဦး ဆင္းလာသည့္ သတင္းမွာ မဟုတ္မွန္ေၾကာင္း အတည္ျပဳ ေျပာၾကားသည္။
“ဒီအမႈက အေရွ႕မွာ ရမန္ႏွစ္ ႀကိမ္ယူၿပီးပါၿပီ။ အခုအမႈတည္ေဆာက္ၿပီး ဥပေဒအႀကံေပး ေတာင္းၿပီးေတာ့ ၂၀ ရက္မွာ တရားစြဲဆို တင္ပို႔မယ္” ဟု အဆိုပါရဲအရာရွိက ဆက္လက္ ေျပာၾကားသည္။
ရွစ္ေလာင္းၿပိဳင္ ေသဆုံးခဲ့သည့္ ယာဥ္မီးေလာင္မႈကို ပထမဆုံးမ်က္ျမင္ေတြ႕ရွိ ကူညီခဲ့သူ ကိုဝင္းစိုးေအာင္ (ခ) ထန္းလ်က္က “ကြၽန္ေတာ္က ကားေမာင္းလာရင္း အေနာက္မွာ ဗုန္းဆိုတဲ့ အသံၾကားလိုက္ရတယ္။ ဘယ္ဘက္ မွန္ကေနလွမ္းၾကည့္လိုက္ေတာ့ ဖုန္လုံးႀကီးေတြ႕တာနဲ႕ ကားကိုထိုးရပ္လိုက္တယ္။ ျဖစ္တဲ့ေနရာကိုေျပးတယ္။ ကားက ကြၽန္ေတာ္နဲ႕ သုံးေပအကြာေလာက္ေရာက္ေတာ့ မီးထေလာင္တယ္။ ကြၽန္ေတာ္ေျပးေနတုန္းမွာ ကားကို လူတစ္ေယာက္က ပတ္ၾကည့္ေနတယ္။ ကြၽန္ေတာ္လည္း အနားေရာက္ေတာ့ မီးေလာင္တာ ကားေပၚမွာလူပါ၊ မပါေမးတယ္။ အဲဒီလူက ခုႏွစ္ေယာက္၊ ရွစ္ေယာက္ ေလာက္ပါတယ္ ေျပာတယ္။ အဲဒါနဲ႕ ကြၽန္ေတာ္ကားတံခါးေတြကို ဖြင့္ၾကည့္တယ္။ မရဘူး။ ဒါနဲ႕ေနာက္က မွန္ကို ခဲနဲ႕ထုၿပီးခြဲလိုက္တယ္။ ဒါေပမဲ့ မီးကမ်ားေတာ့ မီးခိုးေတြ ေရာေနေတာ့မျမင္ရဘူး။ အဲဒီအခ်ိန္မွာ ေဘးကကားတစ္စီး ေရာက္လာတယ္။ မီးသတ္ေဆးဘူးေပးတယ္။ ျငႇိမ္းေပမယ့္မီးက အရမ္းမ်ားေတာ့မရဘူး။ အဲဒါနဲ႕ ကြၽန္ေတာ္ကားထဲ ဝင္ကယ္ဖို႔လုပ္ေတာ့ ေဘးကလူေတြကညီေလးမင္း မဝင္နဲ႕ေတာ့ မင္းပါမီးေလာင္သြားမယ္။ ကြၽန္ေတာ္လည္း မဝင္ေတာ့ဘူး။ ခဏေနေတာ့ ဆီတိုင္ကီ ေပါက္တာလား၊ ဘာလားမသိဘူး။ တစ္ခုခု ထေပါက္ကြဲတယ္” ဟု ဇန္နဝါရီ ၂၅ ရက္က ေျပာၾကားခဲ့သည္။
ကိုဝင္းစိုးေအာင္က “ျဖစ္တဲ့နားမွာ ကြၽန္ေတာ္ေတြ႕တာ တစ္ေယာက္ပဲ။ အဲဒီနားမွာ ကြၽန္ေတာ္နဲ႕သူ (ကိုေအာင္ခန႔္) ႏွစ္ေယာက္ပဲရွိတာ။ ၿပီးေတာ့မွ ေနာက္ကကားေတြ ေရာက္လာၿပီး မီးသတ္ေဆးဘူးေတြ ေပးတာ” ဟု ေဖေဖာ္ဝါရီ ၈ ရက္က ေျပာၾကားသည္။
အသက္ရွင္ လြတ္ေျမာက္ခဲ့သူ ကိုေအာင္ခန႔္မွာ အဆိုပါယာဥ္ကို ေမာင္းႏွင္ခဲ့သူျဖစ္ေၾကာင္း ဇန္နဝါရီ ၂၃ ရက္တြင္ ဝန္ခံထြက္ဆိုခဲ့ၿပီးေနာက္ အမွတ္ (၃) အျမန္လမ္းမႀကီး ရဲစခန္းက ပုဒ္မ ၃၀၄(က) / ၃၃၇/ ၂၈၅ ျဖင့္ ကနဦးတြင္ အမႈဖြင့္ခဲ့ကာ ဇန္နဝါရီ၂၃ ရက္မွ ေဖေဖာ္ဝါရီ ၆ ရက္ ပထမအႀကိမ္ရမန္ယူ၍ စစ္ေဆးခဲ့ေၾကာင္း၊ ဇန္နဝါရီ ၂၆ ရက္တြင္ စီအိုင္ဒီသို႔ လႊဲေျပာင္းေပးခဲ့ၿပီး စီအိုင္ဒီမွ လႊဲေျပာင္းစစ္ေဆးဆဲ ကာလတြင္ ပထမအႀကိမ္ ရမန္ယူရက္ကုန္ဆုံးခဲ့သျဖင့္ ေဖေဖာ္ဝါရီ ၆ ရက္မွ ေဖေဖာ္ဝါရီ ၂၀ရက္အထိ ဒုတိယ အႀကိမ္ရမန္ယူခဲ့ျခင္း ျဖစ္သည္။
ယင္းျဖစ္စဥ္တြင္ ေသဆုံးခဲ့သူမ်ား၏ မိသားစုဝင္မ်ားက အဆိုပါ ျဖစ္စဥ္သည္ ႀကိဳတင္ႀကံစည္၍ ျဖစ္ပြားခဲ့ျခင္းျဖစ္နိုင္ေၾကာင္း ယူဆမႈမ်ားႏွင့္ အမႈမွန္အျမန္ဆုံး ေပၚေပါက္နိုင္ရန္ ေျပာဆိုမႈမ်ားရွိခဲ့သည္။ ယာဥ္မီးေလာင္ကြၽမ္းမႈ ျဖစ္စဥ္မွာ ယာဥ္၏ ညာဘက္ဘီးေပါက္ကာ လမ္းလယ္ကြၽန္းရွိ Guard Rail အား တိုက္မိရာမွတဆင့္ မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့ေၾကာင္း၊ ယာဥ္ေပၚတြင္လိုက္ ပါလာခဲ့သူမ်ားမွာ အမ်ိဳးသားႏွစ္ဦးႏွင့္ အမ်ိဳးသမီး ခုနစ္ဦးျဖစ္ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။
“ျဖစ္ခ်ိန္က မနက္ ၈ နာရီ ၂၉ မိနစ္မွာ ျဖစ္တယ္။ သတင္းရတာ ၈ နာရီ ၃၀ မိနစ္မွာ သတင္းရတယ္။ သြားၿပီးမီးၿငိမ္းသတ္တာ ၉ နာရီ ၅ မိနစ္မွာၿပီးတယ္။ ကားေပၚပါလာတာက ယာဥ္ေမာင္းအပါအဝင္ ကိုးဦး၊ က်ားႏွစ္၊ မခုနစ္ဦးမွာ က်ားတစ္ေယာက္ပဲက်န္တယ္။ ယာဥ္ေမာင္း အပါအဝင္ လူရွစ္ဦးေသတယ္။ သူတို႔က ပုဂံေညာင္ဦးက ဘုရားဖူးၿပီး အျပန္မွာ ေရွ႕ဝဲဘက္ဘီးေပါက္ၿပီးေတာ့ အလူမီနီယံ ေဘာင္ကိုဝင္တိုက္ၿပီးေတာ့ ဆီတိုင္ကီ ကြဲသြားတာ။ အဲဒီကေနစၿပီးေလာင္တာ” ဟု မီးေလာင္မႈ ျဖစ္ပြားရာသို႔သြားေရာက္ မီးျငႇိမ္းသတ္ခဲ့သည့္ အမွတ္ ၃ လမ္းဆုံ အျမန္လမ္းမႀကီး မီးသတ္စခန္းမွ လ/ ထဦးစီးမႉး ဦးၿငိမ္းခ်မ္းက ေျပာၾကားထားသည္။
မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့သည့္ ယာဥ္မွာ ဇန္နဝါရီ ၁၉ ရက္က ပုဂံ - ေညာင္ဦးသို႔ ဘုရားဖူးရန္ သြားေရာက္ခဲ့ျခင္းျဖစ္ၿပီး အျပန္ခရီးတြင္ ေနျပည္ေတာ္သို႔ အလုပ္ကိစၥျဖင့္ ဝင္ေရာက္ခဲ့ၿပီးမွ ရန္ကုန္ၿမိဳ႕သို႔ ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ယာဥ္ေမာင္းမွအပ ေသဆုံးခဲ့သူမ်ားမွာ ေဆာက္လုပ္ေရး ကုမၸဏီမွျဖစ္ၿပီး အင္ဂ်င္နီယာ အမ်ားစုျဖစ္ေၾကာင္း ေသဆုံးခဲ့သူမ်ား၏ မိသားစုဝင္မ်ားက ေျပာၾကားသည္။
Credit- news-eleven
ဇန်နဝါရီ ၂၁ ရက်နေ့က အမြန်လမ်း ၄ မိုင် ၂ ဖာလုံ၌ HiAce အမျိုးအစား မော်တော်ယာဉ်တစ်စီး မီးလောင်ကာ လူ(၈)ဦး သေဆုံးခဲ့ရမှုတွင် အောင်ခန့်ဆိုသူ တစ်ဦးတည်း လွတ်မြောက်လာခဲ့ပြီးနောက် ဖေဖော်ဝါရီ (၇)ရက်နေ့တွင် “The Speaker” ဂျာနယ်တွင် ကားမီးလောင်ရာမှ လွတ်မြောက်လာသူမှာ အောင်ခန့် အပြင်နောက်ထပ် အမျိုးသားတစ်ဦးပါ ရှိနေသေးကြောင်း ဓါတ်ပုံများနှင့် ဖော်ပြခဲ့သည်။ဗီဒီယိုထဲမှ ရယူထားသော အဆိုပါပုံတွင် အောင်ခန့်အနီး၌ ဂျင်းဘောင်းဘီဝတ်ထားသော အမျိုးသားတစ်ဦး အတူရှိနေခဲ့ခြင်းဖြစ်သည်။ ထို့ကဲ့သို့ ဓါတ်ပုံများပျံ့နှံ့ခဲ့ပြီး စွပ်စွဲပြောဆိုမှုများအပေါ် အောင်ခန့် အနီးတွင် ရှိနေခဲ့သော လူငယ်အမျိုးသား၏ ညီမဖြစ်သူ “နန်းဆုမွန်ထွေး” က သူမ၏ လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှ အောက်ပါအတိုင်း ပြန်လည်းရှင်းလင်းပြခဲ့ပြီး တုန့်ပြန်ပြောဆိုသူများပြားခဲ့သည်။
"အဲ့ဒါ ငါ့အစ်ကိုပါဟယ် အဲ့နေ့အဖေရယ်အမေရယ်အစ်ကိုရယ် ရန်ကုန်ကနေ ဒိုက်ဦးကိုပြန်တာ လမ်းမှာကားအက်ဆီးဒင့်ဖစ်တာတွေ့လို့ (အဖေတို့ရောက်သွားတော့ကားကမီးလောင်နေပီတဲ့) ကားရပ်ပီးကူညီတာ အဲ့ဒီအောင်ခန့်ဆိုတဲ့လူက သူ့အိမ်ကိုဖုန်းဆက်ချင်လို့ပါဆိုပီး အကူညီတောင်းလို့ ဖုန်းပေးဆက်နေတာပါဟယ် လူတေကလည်းလေ သေချာတိတိကျကျမသိပဲတွေ့ရာမြင်ရာပြောချင်ရာ စွပ်စွဲပီး လျောက်ပြော နောက်ဆို သူများဒုက္ခရောက်ရင်တောင် မကူညီရဲတော့လောက်အောင်ပဲ
****သတင်းကိုလည်းမှန်လားမမှန်လားမသိပဲ အဲ့လိုပဲ ဂျာနယ်တေထဲလျောက်ထည့်ကြတာပဲလား *****
လူတေလည်းနော် ရမ်းတုပ်ဖို့လောက်ပဲတတ်တယ် ဒုက္ခရောက်လို့မကူညီပြန်ရင်လည်း မကောင်း
ကူညီပြန်ရင်လည်း အမှုပတ်ဦးမယ် အဲ့တာကြောင့် ကိုယ်နဲ့မဆိုင်ရင်ဝင်မပါနဲ့ဆိုတာလေ အဲ့လိုဖာသိဖာသာစိတ်မျိုးထားတာပဲကောင်းတယ်
နောင်များဆို ဝေါင်ဝေါင်ရှေးပဲ ကြောက်သွားပီ" ဟု ရှင်းလင်းပြောဆိုခဲ့သည်။
အောင်ခန့်နှင့် အတူရှိခဲ့သူမှာ သူမ၏ အစ်ကိုဖြစ်ပြီး အကူအညီပေးရန် ရောက်သွားခဲ့သည့်အချိန်တွင် လမ်းပေါ်မှ ဖြတ်သွားခဲ့သော အခြားကားတစ်စင်းမှ ဗီဒီယိုမှတ်တမ်းတင်ခဲ့ဟန်တူပြီး အဆိုပါ မှတ်တမ်းဗီဒီယိုမှ ဓါတ်ပုံများ အွန်လိုင်းပေါ် ပျံ့နှံ့ကာ စိတ်ဝင်စားမှုများ မြင့်တက်ခဲ့ရသည်။
သူမ၏ အစ်ကိုဆိုသူအား ပိုပိုလေးမှ ဆက်သွယ်ခဲ့သော်လည်း ယခုသတင်း တင်ချိန်အထိ အကြောင်းမပြန်ကြားခဲ့သဖြင့် ထိုပုဂ္ဂိုလ်အား စာနယ်ဇင်းကျင့်ဝတ်အရ ဖော်ပြနိုင်ခြင်း မရှိခဲ့ပါ။
လက်ရှိတွင် အောင်ခန့်အား စစ်ဆေးမှုများပြုလုပ်နေသည့် CID မှလည်း ကားမီးလောင်မှုမှ လွတ်မြောက်လာသူမှာ အောင်ခန့်အပြင် အခြားတစ်ဦး ရှိနေသေးသည်ဆိုသော သတင်းမှာ မမှန်ကန်ကြောင်း သတင်းဌါနများသို့ တရားဝင်ပြောကြားခဲ့သည်။
------------------------------
CID ထုတ်ပြန်ချက်....
၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၁ ရက်၌ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး လေးမိုင်နှစ်ဖာ လုံခန့်တွင် ရှစ်ဦးသေဆုံးခဲ့သည့် ယာဉ်မီးလောင်မှုဖြစ်ပွားစဉ်က Toyota Hiace ကားပေါ်မှ နှစ်ဦးဆင်းလာသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း စီအိုင်ဒီရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၈ ရက်က ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
စီအိုင်ဒီမှ အဆင့်မြင့် ရဲအရာရှိက
၂၆ ရက်မှာ ရဲတပ်ဖွဲ့က စီအိုင်ဒီကို လွှဲပေးတာ။ အောင်ခန့်ရဲ့ ထွက်ချက်အရ မီးလောင်တဲ့အချိန်မှာ ကားတံခါးဖွင့်တဲ့အချိန်မှာ တစ်ယောက်က လာကူတယ်။ ပထမဦးဆုံး အဲဒီလူတစ်ယောက် လာကူတယ်။ ပြီးရင်နောက် တစ်ယောက်က မီးသတ်ဆေးဘူး လာပေးတယ်။ ငါတို့ အဲဒီနှစ်ယောက်စလုံးကို လိုက်ရှာတယ်။ တွေ့ပြီးပြီ။ ပထမဆုံး စတွေ့တဲ့သူက ထန်းလျက်လို့ခေါ်တယ်။ သူ့ကို ၂၇ ရက်မှာ ထန်းလျက်(ခ)ဝင်းစိုးအောင်ကို ခေါ်တွေ့တယ်။ သူက အမြန်လမ်း ၁၅ မိုင်မှာရှိတဲ့ မူလတန်းကျောင်းမှာ နေတယ်။ သူကတော့ လေးမိုင်နဲ့ သုံးဖာလုံလောက်အရောက်မှာ ကားရပ်ပြီးသွားတယ်။ အောင်ခန့် တစ်ယောက်ပဲရှိတယ်။ သူဝိုင်းကူပေးတယ်။ အဲဒါကို (ဓာတ်ပုံ - ကားပေါ်မှ နှစ်ယောက် ထွက်ပေါ်နေသည့်ကိစ္စအား ရည်ညွှန်း) ဥပမာ တစ်ယောက်ယောက်ကပဲ ဖြတ်သွား၊ ဖြတ်လာပဲ တွေ့သွားလား မသိဘူး။ ဒါကို ထန်းလျက်ကိုယ်တိုင်ကပဲ ပြောတယ်။ အလားတူပဲ ထန်လျက်နဲ့ အောင်ခန့် မီးငြိမ်းသတ်နေတဲ့ အချိန်မှာ မီးသတ်ဆေးဘူးနဲ့ နေပြည်တော်ဘက်သွားတဲ့ သူက လာဝိုင်းကူငြိမ်းပေးတယ်။ အခင်းဖြစ်တဲ့နေရာမှာ သုံးယောက်ပဲရှိတယ်။ စီအိုင်ဒီက နှစ်ယောက်စလုံးကို တွေ့ပြီးစစ်ပြီးပြီ။ ကားပေါ်မှာ နှစ်ဦးဆင်းလာတယ်ဆိုတာ မဟုတ်ဘူး
ဟု ကားပေါ်မှ လူနှစ်ဦး ဆင်းလာသည့် သတင်းမှာ မဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။
“ဒီအမှုက အရှေ့မှာ ရမန်နှစ် ကြိမ်ယူပြီးပါပြီ။ အခုအမှုတည်ဆောက်ပြီး ဥပဒေအကြံပေး တောင်းပြီးတော့ ၂၀ ရက်မှာ တရားစွဲဆို တင်ပို့မယ်” ဟု အဆိုပါရဲအရာရှိက ဆက်လက် ပြောကြားသည်။
ရှစ်လောင်းပြိုင် သေဆုံးခဲ့သည့် ယာဉ်မီးလောင်မှုကို ပထမဆုံးမျက်မြင်တွေ့ရှိ ကူညီခဲ့သူ ကိုဝင်းစိုးအောင် (ခ) ထန်းလျက်က “ကျွန်တော်က ကားမောင်းလာရင်း အနောက်မှာ ဗုန်းဆိုတဲ့ အသံကြားလိုက်ရတယ်။ ဘယ်ဘက် မှန်ကနေလှမ်းကြည့်လိုက်တော့ ဖုန်လုံးကြီးတွေ့တာနဲ့ ကားကိုထိုးရပ်လိုက်တယ်။ ဖြစ်တဲ့နေရာကိုပြေးတယ်။ ကားက ကျွန်တော်နဲ့ သုံးပေအကွာလောက်ရောက်တော့ မီးထလောင်တယ်။ ကျွန်တော်ပြေးနေတုန်းမှာ ကားကို လူတစ်ယောက်က ပတ်ကြည့်နေတယ်။ ကျွန်တော်လည်း အနားရောက်တော့ မီးလောင်တာ ကားပေါ်မှာလူပါ၊ မပါမေးတယ်။ အဲဒီလူက ခုနှစ်ယောက်၊ ရှစ်ယောက် လောက်ပါတယ် ပြောတယ်။ အဲဒါနဲ့ ကျွန်တော်ကားတံခါးတွေကို ဖွင့်ကြည့်တယ်။ မရဘူး။ ဒါနဲ့နောက်က မှန်ကို ခဲနဲ့ထုပြီးခွဲလိုက်တယ်။ ဒါပေမဲ့ မီးကများတော့ မီးခိုးတွေ ရောနေတော့မမြင်ရဘူး။ အဲဒီအချိန်မှာ ဘေးကကားတစ်စီး ရောက်လာတယ်။ မီးသတ်ဆေးဘူးပေးတယ်။ ငြှိမ်းပေမယ့်မီးက အရမ်းများတော့မရဘူး။ အဲဒါနဲ့ ကျွန်တော်ကားထဲ ဝင်ကယ်ဖို့လုပ်တော့ ဘေးကလူတွေကညီလေးမင်း မဝင်နဲ့တော့ မင်းပါမီးလောင်သွားမယ်။ ကျွန်တော်လည်း မဝင်တော့ဘူး။ ခဏနေတော့ ဆီတိုင်ကီ ပေါက်တာလား၊ ဘာလားမသိဘူး။ တစ်ခုခု ထပေါက်ကွဲတယ်” ဟု ဇန်နဝါရီ ၂၅ ရက်က ပြောကြားခဲ့သည်။
ကိုဝင်းစိုးအောင်က “ဖြစ်တဲ့နားမှာ ကျွန်တော်တွေ့တာ တစ်ယောက်ပဲ။ အဲဒီနားမှာ ကျွန်တော်နဲ့သူ (ကိုအောင်ခန့်) နှစ်ယောက်ပဲရှိတာ။ ပြီးတော့မှ နောက်ကကားတွေ ရောက်လာပြီး မီးသတ်ဆေးဘူးတွေ ပေးတာ” ဟု ဖေဖော်ဝါရီ ၈ ရက်က ပြောကြားသည်။
အသက်ရှင် လွတ်မြောက်ခဲ့သူ ကိုအောင်ခန့်မှာ အဆိုပါယာဉ်ကို မောင်းနှင်ခဲ့သူဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ဝန်ခံထွက်ဆိုခဲ့ပြီးနောက် အမှတ် (၃) အမြန်လမ်းမကြီး ရဲစခန်းက ပုဒ်မ ၃၀၄(က) / ၃၃၇/ ၂၈၅ ဖြင့် ကနဦးတွင် အမှုဖွင့်ခဲ့ကာ ဇန်နဝါရီ၂၃ ရက်မှ ဖေဖော်ဝါရီ ၆ ရက် ပထမအကြိမ်ရမန်ယူ၍ စစ်ဆေးခဲ့ကြောင်း၊ ဇန်နဝါရီ ၂၆ ရက်တွင် စီအိုင်ဒီသို့ လွှဲပြောင်းပေးခဲ့ပြီး စီအိုင်ဒီမှ လွှဲပြောင်းစစ်ဆေးဆဲ ကာလတွင် ပထမအကြိမ် ရမန်ယူရက်ကုန်ဆုံးခဲ့သဖြင့် ဖေဖော်ဝါရီ ၆ ရက်မှ ဖေဖော်ဝါရီ ၂ဝရက်အထိ ဒုတိယ အကြိမ်ရမန်ယူခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်များက အဆိုပါ ဖြစ်စဉ်သည် ကြိုတင်ကြံစည်၍ ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆမှုများနှင့် အမှုမှန်အမြန်ဆုံး ပေါ်ပေါက်နိုင်ရန် ပြောဆိုမှုများရှိခဲ့သည်။ ယာဉ်မီးလောင်ကျွမ်းမှု ဖြစ်စဉ်မှာ ယာဉ်၏ ညာဘက်ဘီးပေါက်ကာ လမ်းလယ်ကျွန်းရှိ Guard Rail အား တိုက်မိရာမှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်ပေါ်တွင်လိုက် ပါလာခဲ့သူများမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ခုနစ်ဦးဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
“ဖြစ်ချိန်က မနက် ၈ နာရီ ၂၉ မိနစ်မှာ ဖြစ်တယ်။ သတင်းရတာ ၈ နာရီ ၃၀ မိနစ်မှာ သတင်းရတယ်။ သွားပြီးမီးငြိမ်းသတ်တာ ၉ နာရီ ၅ မိနစ်မှာပြီးတယ်။ ကားပေါ်ပါလာတာက ယာဉ်မောင်းအပါအဝင် ကိုးဦး၊ ကျားနှစ်၊ မခုနစ်ဦးမှာ ကျားတစ်ယောက်ပဲကျန်တယ်။ ယာဉ်မောင်း အပါအဝင် လူရှစ်ဦးသေတယ်။ သူတို့က ပုဂံညောင်ဦးက ဘုရားဖူးပြီး အပြန်မှာ ရှေ့ဝဲဘက်ဘီးပေါက်ပြီးတော့ အလူမီနီယံ ဘောင်ကိုဝင်တိုက်ပြီးတော့ ဆီတိုင်ကီ ကွဲသွားတာ။ အဲဒီကနေစပြီးလောင်တာ” ဟု မီးလောင်မှု ဖြစ်ပွားရာသို့သွားရောက် မီးငြှိမ်းသတ်ခဲ့သည့် အမှတ် ၃ လမ်းဆုံ အမြန်လမ်းမကြီး မီးသတ်စခန်းမှ လ/ ထဦးစီးမှူး ဦးငြိမ်းချမ်းက ပြောကြားထားသည်။
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ယာဉ်မှာ ဇန်နဝါရီ ၁၉ ရက်က ပုဂံ - ညောင်ဦးသို့ ဘုရားဖူးရန် သွားရောက်ခဲ့ခြင်းဖြစ်ပြီး အပြန်ခရီးတွင် နေပြည်တော်သို့ အလုပ်ကိစ္စဖြင့် ဝင်ရောက်ခဲ့ပြီးမှ ရန်ကုန်မြို့သို့ ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းမှအပ သေဆုံးခဲ့သူများမှာ ဆောက်လုပ်ရေး ကုမ္ပဏီမှဖြစ်ပြီး အင်ဂျင်နီယာ အများစုဖြစ်ကြောင်း သေဆုံးခဲ့သူများ၏ မိသားစုဝင်များက ပြောကြားသည်။
Credit- news-eleven
0 comments :
Post a Comment