ႏုိင္ငံျခားသားမ်ားနဲ႔ လိင္ေပ်ာ္ပါးဖို႔အတြက္ အသက္မျပည့္ေသးတဲ့ မိန္းကေလးငယ္အခ်ိဳ႕ကို ေစခုိင္းခဲ့တဲ့
အမ်ိဳးသမိီးကုိ ဒီကေန႔ ေဖေဖာ္ဝါရီ ၉ ရက္ေန႔မွာ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ံုးကေန လူကုန္ကူးမႈ
ဥပေဒ ပုဒ္မ ၂၄ အရ အလုပ္နဲ႔ ေထာင္ဒဏ္ ၁၅ ႏွစ္ ခ်မွတ္လိုက္ပါတယ္။
အသက္ ၁၃ ႏွစ္သာရွိေသးတဲ့ မိန္းကေလး တဦးအပါအဝင္ မိန္းကေလး ၅ ဦးကို ရန္ကုန္ၿမိဳ႕ရိွ ညကလပ္
မ်ားကို လာေရာက္လည္ပတ္တဲ့ (တ႐ုတ္၊ ဂ်ပန္၊ ကိုရီးယား စတဲ့) ႏိုင္ငံျခားသားမ်ားထံ ျပည့္တန္ဆာ
အျဖစ္ ခိုင္းေစခဲ့တဲ့ အသက္ ၅၂ ႏွစ္အရြယ္ရွိ မေဝ (ခ) ေဝေဝဦးကို လူကုန္ကူးမႈျဖင့္ ေတာင္ဥကၠလာပ
ရဲစခန္းမွာ တရားလို ဒုရဲမႉးဝင္းႏိုင္ဦးက ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလက အမႈဖြင့္ အေရးယူထားတာပါ။
ရန္ကုန္ၿမိဳ႕ ေတာင္ဥကၠလာပၿမိဳ႕နယ္ အမွတ္ (၅) ရပ္ကြက္ေန မေဝေဝဦးဟာ အသက္ ၁၃ ႏွစ္အရြယ္
မိန္းကေလးတစ္ဦအပါအဝင္ မိန္းကေလး ၅ ဦးကို ၄င္း၏ ေနအိမ္မွာထားၿပီး ညဘက္တြင္ သိမ္ႀကီးေစ်းရွိ
အင္ပါယာႏုိက္ကလပ္ကို ပို႔ေဆာင္ကာ ကလပ္ကို လာေရာက္တဲ့ ႏုိင္ငံျခားသားမ်ားက ေပ်ာ္ပါးလုိေၾကာင္း
ေျပာရင္ ဟိုတယ္၊ မိုတယ္မ်ားသို႔ ပို႔ကာ တဦးကို ေငြက်ပ္ ၈၀၀၀၀ ယူကာ မိန္းကေလးမ်ားကို ျပည့္တန္ဆာ
အျဖစ္ ေစခုိင္းခဲ့တာပါ။
အမည္မေဖာ္လိုသူ ႏုိင္ငံျခားသားတဦးက SAVE THE CHILDREN ကို သတင္းေပးတာေၾကာင့္ စံုစမ္း
စစ္ေဆးရာ တရားခံနဲ႔ ခိုင္းေစခံရသူ မိန္းကေလးမ်ားကို တရားခံရဲ႕ ေနအိမ္မွာပဲ ဖမ္းဆီးႏိုင္ခဲ့တာပါ။
ရဲတပ္ဖြဲ႔ရဲ႕ ေျပာၾကားမႈအရ ျပည့္တန္ဆာအျဖစ္ ခုိင္းေစခံရတဲ့ မိန္းကေလးေတြဟာ လႈိင္သာယာ၊ ေတာင္ဒဂံု၊
ဒလ၊ ကြမ္းၿခံကုန္း၊ ဒဂံုေတာင္ စတဲ့ၿမိဳ႕နယ္ေတြက ျဖစ္ပါတယ္။
သတင္း၊ ဓာတ္ပံု – ျပည့္ဘုန္းေအာင္
DVB
Unicode>>>နိုင်ငံခြားသားများနဲ့ လိင်ပျော်ပါးဖို့အတွက် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်အချို့ကို စေခိုင်းခဲ့တဲ့
အမျိုးသမိီးကို ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ လူကုန်ကူးမှု
ဥပဒေ ပုဒ်မ ၂၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။
အသက် ၁၃ နှစ်သာရှိသေးတဲ့ မိန်းကလေး တဦးအပါအဝင် မိန်းကလေး ၅ ဦးကို ရန်ကုန်မြို့ရှိ ညကလပ်
များကို လာရောက်လည်ပတ်တဲ့ (တရုတ်၊ ဂျပန်၊ ကိုရီးယား စတဲ့) နိုင်ငံခြားသားများထံ ပြည့်တန်ဆာ
အဖြစ် ခိုင်းစေခဲ့တဲ့ အသက် ၅၂ နှစ်အရွယ်ရှိ မဝေ (ခ) ဝေဝေဦးကို လူကုန်ကူးမှုဖြင့် တောင်ဥက္ကလာပ
ရဲစခန်းမှာ တရားလို ဒုရဲမှူးဝင်းနိုင်ဦးက ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက အမှုဖွင့် အရေးယူထားတာပါ။
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် အမှတ် (၅) ရပ်ကွက်နေ မဝေဝေဦးဟာ အသက် ၁၃ နှစ်အရွယ်
မိန်းကလေးတစ်ဦအပါအဝင် မိန်းကလေး ၅ ဦးကို ၄င်း၏ နေအိမ်မှာထားပြီး ညဘက်တွင် သိမ်ကြီးစျေးရှိ
အင်ပါယာနိုက်ကလပ်ကို ပို့ဆောင်ကာ ကလပ်ကို လာရောက်တဲ့ နိုင်ငံခြားသားများက ပျော်ပါးလိုကြောင်း
ပြောရင် ဟိုတယ်၊ မိုတယ်များသို့ ပို့ကာ တဦးကို ငွေကျပ် ၈၀၀၀၀ ယူကာ မိန်းကလေးများကို ပြည့်တန်ဆာ
အဖြစ် စေခိုင်းခဲ့တာပါ။
အမည်မဖော်လိုသူ နိုင်ငံခြားသားတဦးက SAVE THE CHILDREN ကို သတင်းပေးတာကြောင့် စုံစမ်း
စစ်ဆေးရာ တရားခံနဲ့ ခိုင်းစေခံရသူ မိန်းကလေးများကို တရားခံရဲ့ နေအိမ်မှာပဲ ဖမ်းဆီးနိုင်ခဲ့တာပါ။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားမှုအရ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရတဲ့ မိန်းကလေးတွေဟာ လှိုင်သာယာ၊ တောင်ဒဂုံ၊
ဒလ၊ ကွမ်းခြံကုန်း၊ ဒဂုံတောင် စတဲ့မြို့နယ်တွေက ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ – ပြည့်ဘုန်းအောင်
DVB
0 comments :
Post a Comment