ကိုယ့္ ဘဝအမွန္ကို ဖုံးကြယ္ထားတတ္တဲ႕အႏုပညာသမားတစ္ေယာက္မဟုတ္ဘူးဆိုတဲ့ မႏၲေလးသား အဆိုေတာ္ မေနာ

ကိုယ္႕ဘဝအမွန္ကို ဖုံးကြယ္ထားတတ္တဲ႕အႏုပညာသမားတစ္ေယာက္မဟုတ္ဘူးဆိုတဲ႕မႏၲေလးသား အဆိုေတာ္ မေနာ

ေအာင္ျမင္တဲ့ အႏုပညာသမား တိုင္းဘဝအမွန္ကိုဖုံးကြယ္တတ္ေပ မဲ့ ဘဝအမွန္ကို အျမဲလိုလို အမွန္ အတိုင္းခ်ျပတတ္တဲ့ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ယေန႔ေခတ္ဂီတ ေလာကရဲ႕ ၾကယ္ပြင့္တစ္ခုျဖစ္တဲ့ အဆိုေတာ္မေနာက သူ႔ဘဝဇာတ္ ေၾကာင္းေတြပါတဲ့ သီခ်င္းတစ္ပုဒ္ ကို ကိုယ္တိုင္ဖန္တီး ႐ိုက္ကူးတင္ ဆက္ဖို႔ျပင္ဆင္ေနေၾကာင္း သိရ တယ္။

''အေမနဲ႔ပတ္သက္တဲ့ စီးရီး ေလးထြက္ဖို႔ ျပင္ဆင္ေနတာပါ။ အေခြနာမည္ကိုလည္းခ်မ္းေျမ့ပါေစ အေမလို႔ေပးထားပါတယ္။ သႀကၤန္ ၿပီးရင္ထြက္ႏိုင္ဖို႔ေတာ့လုပ္ထားပါ တယ္၊ ကြၽန္ေတာ္ ကိုသီဟေအာင္ ကိုပဲ အပ္တာပါ၊ သူပဲေရးတာပါ။ ျမန္မာသံစဥ္သီခ်င္းေတြပဲ သူ႔ကို ကြၽန္ေတာ္ေရးခိုင္းတာၾကာပါၿပီ။ ကြၽန္ေတာ္ရဲ႕ပထမဆုံးလက္ေခ်ာင္း မ်ားဆိုတဲ့ စီးရီးကတည္းကပါ။ အဲ့ ဒီအေခြမွာလည္း ျမန္မာသံသီခ်င္း ေလးေတြပါတယ္။အခု ခ်မ္းေျမ့ပါ ေစ အေမစီးရီးမွာေတာ့ အားလုံး ျမန္မာသံေတြခ်ည္းပဲ သီးသန္႔လုပ္ ထားတဲ့ အေခြေလးပါ။ သီခ်င္း ေခါင္းစဥ္ေလးေပးထားတဲ့အတိုင္း အေမ့ကိုပါ ဒီအေခြမွာ ကြၽန္ေတာ္ ထည့္႐ိုက္မွာပါ။ ကြၽန္ေတာ္တို႔ ငယ္ငယ္က ရြာမွာ အရမ္းဆင္းရဲ တယ္။ အေမ ကြၽန္ေတာ္တို႔ကို ႐ုန္းကန္ၿပီး ရွာေဖြေကြၽးေမြးျပဳစု ခဲ့တာေလးေတြကို အမွတ္တရ အျဖစ္ ျပန္႐ိုက္မွာပါ။ ကြၽန္ေတာ္ အဲ့ဒါ႐ိုက္ဖို႔ သ႐ုပ္ေဆာင္ေရြးေနပါ တယ္။ ကြၽန္ေတာ္စိတ္တိုင္းက် ေရြးထားတဲ့ သ႐ုပ္ေဆာင္ကလည္း မအားေသးလို႔ ႐ိုက္ဖို႔ရက္ေရြးေန တာမို႔ပါ။ ႏွစ္ေယာက္လုံးအားတဲ့ အခ်ိန္ကလည္း သႀကၤန္ပဲျဖစ္ေနလို႔ သႀကၤန္မွာ ႐ိုက္ျဖစ္မွာပါ။ သီခ်င္း ေတြကေတာ့အားလုံးနီးပါးၿပီးေနပါ ၿပီ။ ပရိသတ္ႀကီးေစာင့္ေမွ်ာ္ရက်ဳိး နပ္မယ္လို႔ထင္ပါတယ္။အေကာင္း ဆုံးလည္းဖန္တီးထားပါတယ္'' ဟုအဆိုေတာ္မေနာကေျပာပါတယ္။

အဆိုေတာ္မေနာဟာ မႏၲေလး တိုင္းေဒသႀကီး ငါန္းဇြန္ၿမိဳ႕နယ္ ကြၽမ္းခံရြာသစ္တြင္ ေမြးဖြားႀကီး ျပင္းခဲ့ၿပီး မိခင္ႀကီးနဲ႔အတူ ဆင္းရဲ စြာေနထိုင္ခဲ့ရေၾကာင္း၊ပတ္ဝန္းက်င္ ရဲ႕အထင္ေသးႏွိမ့္ခ်မႈေတြကိုခါးစည္း ရင္ဆိုင္ခဲ့ရတဲ့ မိခင္ကို သနားတာမို႔ ေက်ာင္းထြက္ကာကားဝပ္ေရွာ့တြင္ အလုပ္ဝင္လုပ္ရင္း ဘဝကိုခက္ခဲ ပင္ပန္းစြာ အႏိုင္မခံအ႐ႈံးမေပး ႀကိဳးစားခဲ့ရေၾကာင္း၊ ထိုမွတစ္ဆင့္ မိမိဝါသနာပါတဲ့ ဂီတအလုပ္ကို သူငယ္ခ်င္းေတြနဲ႔အတူ ဝိုင္းဖြဲ႕ကာ ဖန္တီးပုံေဖာ္ရင္း ဂီတေလာကထဲ ကိုေရာက္ရွိလာခဲ့ေၾကာင္းသိရတယ္။
''မိဘရဲ႕ ေက်းဇူးတရားကို သိတတ္လို႔ ကြၽန္ေတာ္ဒီဘဝကို ရခဲ့တာပါ။ ဒီအတြက္ေၾကာင့္ အခု အခ်ိန္မွာ အေမျဖစ္ခ်င္တဲ့ အေမ လုပ္ခ်င္တဲ့ အလွဴအတန္းေတြ အျမဲ လိုလိုလုပ္ျဖစ္တယ္။ အေမက ကြၽန္ေတာ့္ဘဝအတြက္ ေရွ႕ကလမ္း ျပၾကယ္ပါပဲ။ အေမ့လိုအေမမ်ဳိးက တကယ္ကိုရွားမွရွားပါပဲ။ အေမ ကကြၽန္ေတာ္ကို အျမဲေျပာေလ့ရွိတဲ့ စကားက ဘာလဲဆိုမိမိေၾကာင့္ သူတစ္ပါး စိတ္မဆင္းရဲေစနဲ႔သား တဲ့ ဒါအေမရဲ႕လက္သုံးစကားပါ။ ၿပီးေတာ့ ကိုယ္ဘယ္ဘဝေရာက္ ေရာက္ ကိုယ့္ဘဝအမွန္ကို မဖုံး ကြယ္ပါဘူး။ ဆင္းရဲတာ ခ်မ္း သာတာက ေလာကသတ္မွတ္ခ်က္ တစ္ခုပါ။ တခ်ဳိ႕က ဆင္းရဲတာကို အျပစ္ႀကီးတစ္ခုလို႔ထင္ေနတယ္။ ဒါေတြက အေရးမႀကီးပါဘူး။ အဓိကကစိတ္ဓာတ္ေကာင္းေကာင္း ေမြးဖို႔ပါပဲ။ ကိုယ့္ျဖစ္ခဲ့သမွ် ေတြ႕ ၾကံဳခဲ့တာေတြကိုကြၽန္ေတာ္ကေတာ့ ဘယ္ေတာ့မွမဖုံးကြယ္ပါဘူး။အခ်ိန္ မေရြးအမွန္အတိုင္းေျပာရဲပါတယ္'' ဟု ေျပာၾကားခဲ့ပါတယ္။

ဒဂံုေဝလင္း
============

Unicode>>>
ကိုယ့်ဘဝအမှန်ကို ဖုံးကွယ်ထားတတ်တဲ့အနုပညာသမားတစ်ယောက်မဟုတ်ဘူးဆိုတဲ့မန္တလေးသား အဆိုတော် မနော

အောင်မြင်တဲ့ အနုပညာသမား တိုင်းဘဝအမှန်ကိုဖုံးကွယ်တတ်ပေ မဲ့ ဘဝအမှန်ကို အမြဲလိုလို အမှန် အတိုင်းချပြတတ်တဲ့ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ယနေ့ခေတ်ဂီတ လောကရဲ့ ကြယ်ပွင့်တစ်ခုဖြစ်တဲ့ အဆိုတော်မနောက သူ့ဘဝဇာတ် ကြောင်းတွေပါတဲ့ သီချင်းတစ်ပုဒ် ကို ကိုယ်တိုင်ဖန်တီး ရိုက်ကူးတင် ဆက်ဖို့ပြင်ဆင်နေကြောင်း သိရ တယ်။

''အမေနဲ့ပတ်သက်တဲ့ စီးရီး လေးထွက်ဖို့ ပြင်ဆင်နေတာပါ။ အခွေနာမည်ကိုလည်းချမ်းမြေ့ပါစေ အမေလို့ပေးထားပါတယ်။ သင်္ကြန် ပြီးရင်ထွက်နိုင်ဖို့တော့လုပ်ထားပါ တယ်၊ ကျွန်တော် ကိုသီဟအောင် ကိုပဲ အပ်တာပါ၊ သူပဲရေးတာပါ။ မြန်မာသံစဉ်သီချင်းတွေပဲ သူ့ကို ကျွန်တော်ရေးခိုင်းတာကြာပါပြီ။ ကျွန်တော်ရဲ့ပထမဆုံးလက်ချောင်း များဆိုတဲ့ စီးရီးကတည်းကပါ။ အဲ့ ဒီအခွေမှာလည်း မြန်မာသံသီချင်း လေးတွေပါတယ်။အခု ချမ်းမြေ့ပါ စေ အမေစီးရီးမှာတော့ အားလုံး မြန်မာသံတွေချည်းပဲ သီးသန့်လုပ် ထားတဲ့ အခွေလေးပါ။ သီချင်း ခေါင်းစဉ်လေးပေးထားတဲ့အတိုင်း အမေ့ကိုပါ ဒီအခွေမှာ ကျွန်တော် ထည့်ရိုက်မှာပါ။ ကျွန်တော်တို့ ငယ်ငယ်က ရွာမှာ အရမ်းဆင်းရဲ တယ်။ အမေ ကျွန်တော်တို့ကို ရုန်းကန်ပြီး ရှာဖွေကျွေးမွေးပြုစု ခဲ့တာလေးတွေကို အမှတ်တရ အဖြစ် ပြန်ရိုက်မှာပါ။ ကျွန်တော် အဲ့ဒါရိုက်ဖို့ သရုပ်ဆောင်ရွေးနေပါ တယ်။ ကျွန်တော်စိတ်တိုင်းကျ ရွေးထားတဲ့ သရုပ်ဆောင်ကလည်း မအားသေးလို့ ရိုက်ဖို့ရက်ရွေးနေ တာမို့ပါ။ နှစ်ယောက်လုံးအားတဲ့ အချိန်ကလည်း သင်္ကြန်ပဲဖြစ်နေလို့ သင်္ကြန်မှာ ရိုက်ဖြစ်မှာပါ။ သီချင်း တွေကတော့အားလုံးနီးပါးပြီးနေပါ ပြီ။ ပရိသတ်ကြီးစောင့်မျှော်ရကျိုး နပ်မယ်လို့ထင်ပါတယ်။အကောင်း ဆုံးလည်းဖန်တီးထားပါတယ်'' ဟုအဆိုတော်မနောကပြောပါတယ်။

အဆိုတော်မနောဟာ မန္တလေး တိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကျွမ်းခံရွာသစ်တွင် မွေးဖွားကြီး ပြင်းခဲ့ပြီး မိခင်ကြီးနဲ့အတူ ဆင်းရဲ စွာနေထိုင်ခဲ့ရကြောင်း၊ပတ်ဝန်းကျင် ရဲ့အထင်သေးနှိမ့်ချမှုတွေကိုခါးစည်း ရင်ဆိုင်ခဲ့ရတဲ့ မိခင်ကို သနားတာမို့ ကျောင်းထွက်ကာကားဝပ်ရှော့တွင် အလုပ်ဝင်လုပ်ရင်း ဘဝကိုခက်ခဲ ပင်ပန်းစွာ အနိုင်မခံအရှုံးမပေး ကြိုးစားခဲ့ရကြောင်း၊ ထိုမှတစ်ဆင့် မိမိဝါသနာပါတဲ့ ဂီတအလုပ်ကို သူငယ်ချင်းတွေနဲ့အတူ ဝိုင်းဖွဲ့ကာ ဖန်တီးပုံဖော်ရင်း ဂီတလောကထဲ ကိုရောက်ရှိလာခဲ့ကြောင်းသိရတယ်။
''မိဘရဲ့ ကျေးဇူးတရားကို သိတတ်လို့ ကျွန်တော်ဒီဘဝကို ရခဲ့တာပါ။ ဒီအတွက်ကြောင့် အခု အချိန်မှာ အမေဖြစ်ချင်တဲ့ အမေ လုပ်ချင်တဲ့ အလှူအတန်းတွေ အမြဲ လိုလိုလုပ်ဖြစ်တယ်။ အမေက ကျွန်တော့်ဘဝအတွက် ရှေ့ကလမ်း ပြကြယ်ပါပဲ။ အမေ့လိုအမေမျိုးက တကယ်ကိုရှားမှရှားပါပဲ။ အမေ ကကျွန်တော်ကို အမြဲပြောလေ့ရှိတဲ့ စကားက ဘာလဲဆိုမိမိကြောင့် သူတစ်ပါး စိတ်မဆင်းရဲစေနဲ့သား တဲ့ ဒါအမေရဲ့လက်သုံးစကားပါ။ ပြီးတော့ ကိုယ်ဘယ်ဘဝရောက် ရောက် ကိုယ့်ဘဝအမှန်ကို မဖုံး ကွယ်ပါဘူး။ ဆင်းရဲတာ ချမ်း သာတာက လောကသတ်မှတ်ချက် တစ်ခုပါ။ တချို့က ဆင်းရဲတာကို အပြစ်ကြီးတစ်ခုလို့ထင်နေတယ်။ ဒါတွေက အရေးမကြီးပါဘူး။ အဓိကကစိတ်ဓာတ်ကောင်းကောင်း မွေးဖို့ပါပဲ။ ကိုယ့်ဖြစ်ခဲ့သမျှ တွေ့ ကြုံခဲ့တာတွေကိုကျွန်တော်ကတော့ ဘယ်တော့မှမဖုံးကွယ်ပါဘူး။အချိန် မရွေးအမှန်အတိုင်းပြောရဲပါတယ်'' ဟု ပြောကြားခဲ့ပါတယ်။

ဒဂုံဝေလင်း

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...