ရုပ်ရှင်သရုပ်ဆောင် နောင်နောင်ကို မူးယစ်ဆေးများဖြင့် ဖမ်းမိ
DVB
====
 Unicode
ဒီနေ့မနက် ၁ နာရီခွဲလောက်မှာ မူးယစ်တပ်ဖွဲ့က ဖမ်းမိတာဖြစ်ပြီး အမှတ် ၆ စခန်းမှာ အမှုဖွင့်ဖို့ လုပ်နေတယ်လို့ အမှတ်၆ နယ်မြေရဲစခန်းမှူးက ဖုန်းကတဆင့် ပြောပါတယ်။
“လောလောဆယ် ကျနော်တို့ စခန်းကို ရောက်တော့ ရောက်နေတယ်၊ အမှု မဖွင့်ရသေးဘူး၊ ဖွင့်ဖို့ အဆင်သင့် ပြင်နေပါတယ်၊ မူးယစ် မိတာ။”
နောင်နောင် ခေါ် ဇော်မျိုးနောင် ရဲ့ အိပ်ခန်းခြေရင်းရှိ အစိမ်းရောင်သံသေတ္တာအတွင်းကနေ အိုက်စ် ၀.၈ ဂရမ်ခန့်ပါ ၁ ဘူး၊ ပန်းရောင်စိတ်ကြွဆေးပြား ၁၄၀၊ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါရောင်အမှုန့် ၂ဂ ရမ်ပါ ၁ ဘူး တို့နဲ့အတူ ဖမ်းမိတာ ဖြစ်ပါတယ်။
နောင်နောင်ဟာ မန္တလေးက ရုပ်ရှင်ထုတ်လုပ်သူ ဦးဇော်မြင့်ရဲ့ သားဖြစ်ပြီး သူ ပထမဆုံးရိုက်တဲ့ ဇာတ်ကား ထာဝရအလင်းတန်းနဲ့ အကယ်ဒမီ ဆွတ်ခူးထားသူ ဖြစ်ပါတယ်။
DVB
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...