"သရဲလိုဟန္ေဆာင္ၿပီး ကားမ်ားလမ္းေခ်ာ္တိမ္းေမွာက္ေအာင္ ေျခာက္လွန္႔ေနသူကို ဖမ္းဆီးမိ"
နဂါးတြန္႔ တံခါးႏွင့္ ေမွာ္ဇာ လမ္းဆံု အၾကား ေဖေဖာ္ဝါရီ တစ္ရက္ေန႔က ဆိုင္ကယ္ အက္စီးဒန္႔ ျဖစ္ေသာ ေနရာတြင္ ေျခာက္လွန္႔မႈ႐ွိေနေၾကာင္း သတင္းမ်ား ထြက္ေနပါသည္။ ည ၁၁း၀၀/ ၁၂း၀၀ သန္းေခါင္ယံအခ်ိန္မ်ားတြင္ အခင္းျဖစ္ပြားရာေနရာ အနီး လမ္းေဘးတြင္ မတ္တပ္ရပ္ေနျခင္း၊ ထိုင္ေနျခင္း အစ႐ွိသျဖင့္ ေျခာက္လွန္႔သည့္ပံုစံမ်ား ေတြ႕ရသည္ဟု ေျပာဆိုသံမ်ား ထြက္ေနပါသည္။ အမွန္မွာ လူတစ္ဦးမွ မ်က္ႏွာတြင္ ေဆးအနက္မ်ားျခယ္ကာ၊ အကႌ်အနက္၀တ္၍၊ လြယ္အိတ္တစ္အိတ္လြယ္ကာ လမ္းသြား လမ္းလာ ခရီးသြား ယာဥ္မ်ားကို အရိပ္အေယာင္ျပ၍ ေျခာက္လွန္႔လ်က္႐ွိျခင္းသာ ျဖစ္ပါသည္။
၎အား မေန႔ ည ၁၆-ေဖေဖာ္ဝါရီ-၂၀၁၇ (ၾကာသပေတးေန႔) ၁၁း၅၃ အခ်ိန္တြင္ အဆိုပါ ေနရာအား ဆရာဦးသန္႔ေအာင္စိုး၊ ဆရာဦးေသာ္ဇင္ၿဖိဳးႏွင့္ မိတ္ေဆြ (၂) ဦးတို႔ ကားျဖင့္ျဖတ္သန္းလာစဥ္ေျခာက္လွန္႔သည္ကို ႀကံဳေတြ႕ရပါသည္။ ၎၏ လက္ထဲမွ ဓားတစ္လက္လည္း သိမ္းဆည္းရမိခဲ့ပါသည္။ သို႔ျဖစ္၍ ေျခာက္လွန္႔မႈ႐ွိေနျခင္းမွာ ေကာလဟလ သာျဖစ္ပါသည္။ အဆိုပါေနရာမွာ လူျပတ္ေသာေနရာျဖစ္ေသာေၾကာင့္ မသမာသူမ်ား၏ ေျခာက္လွန္႔ေႏွာင့္ယွက္မႈေၾကာင့္ ဆိုင္ကယ္/ ကား မ်ား လမ္းေခ်ာ္တိမ္းေမွာက္ခဲ့ပါက လုယက္မႈအႏၲရာယ္ အလြန္မ်ားပါသည္။ သို႔ျဖစ္ပါ၍ ညပိုင္း သြားစရာ လာစရာ႐ွိပါက သတိထားသြားလာၾကဖို႔ တိုက္တြန္းအပ္ပါသည္။
Aung Kyaw
====
Unicode
နဂါးတွန့် တံခါးနှင့် မှော်ဇာ လမ်းဆုံ အကြား ဖေဖော်ဝါရီ တစ်ရက်နေ့က ဆိုင်ကယ် အက်စီးဒန့် ဖြစ်သော နေရာတွင် ခြောက်လှန့်မှုရှိနေကြောင်း သတင်းများ ထွက်နေပါသည်။ ည ၁၁းဝ၀/ ၁၂းဝ၀ သန်းခေါင်ယံအချိန်များတွင် အခင်းဖြစ်ပွားရာနေရာ အနီး လမ်းဘေးတွင် မတ်တပ်ရပ်နေခြင်း၊ ထိုင်နေခြင်း အစရှိသဖြင့် ခြောက်လှန့်သည့်ပုံစံများ တွေ့ရသည်ဟု ပြောဆိုသံများ ထွက်နေပါသည်။ အမှန်မှာ လူတစ်ဦးမှ မျက်နှာတွင် ဆေးအနက်များခြယ်ကာ၊ အင်္ကျီအနက်ဝတ်၍၊ လွယ်အိတ်တစ်အိတ်လွယ်ကာ လမ်းသွား လမ်းလာ ခရီးသွား ယာဉ်များကို အရိပ်အယောင်ပြ၍ ခြောက်လှန့်လျက်ရှိခြင်းသာ ဖြစ်ပါသည်။
၎င်းအား မနေ့ ည ၁၆-ဖေဖော်ဝါရီ-၂၀၁၇ (ကြာသပတေးနေ့) ၁၁း၅၃ အချိန်တွင် အဆိုပါ နေရာအား ဆရာဦးသန့်အောင်စိုး၊ ဆရာဦးသော်ဇင်ဖြိုးနှင့် မိတ်ဆွေ (၂) ဦးတို့ ကားဖြင့်ဖြတ်သန်းလာစဉ်ခြောက်လှန့်သည်ကို ကြုံတွေ့ရပါသည်။ ၎င်း၏ လက်ထဲမှ ဓားတစ်လက်လည်း သိမ်းဆည်းရမိခဲ့ပါသည်။ သို့ဖြစ်၍ ခြောက်လှန့်မှုရှိနေခြင်းမှာ ကောလဟလ သာဖြစ်ပါသည်။ အဆိုပါနေရာမှာ လူပြတ်သောနေရာဖြစ်သောကြောင့် မသမာသူများ၏ ခြောက်လှန့်နှောင့်ယှက်မှုကြောင့် ဆိုင်ကယ်/ ကား များ လမ်းချော်တိမ်းမှောက်ခဲ့ပါက လုယက်မှုအန္တရာယ် အလွန်များပါသည်။ သို့ဖြစ်ပါ၍ ညပိုင်း သွားစရာ လာစရာရှိပါက သတိထားသွားလာကြဖို့ တိုက်တွန်းအပ်ပါသည်။
Aung Kyaw
0 comments :
Post a Comment