ႏိုဘယ္ဆုရ ကမၻာေက်ာ္ ရူပေဗဒ ပညာရွင္ အဲလ္ဘတ္အိုင္းစတိုင္းႏွင့္ ပက္သက္၍ လူသိနည္းေသာ အေၾကာင္းအရာမ်ားက ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။
၁။ အိုင္းစတိုင္းဟာ အသက္ ၄ ႏွစ္အရြယ္ကစလို႔ စကားေျပာတတ္ခဲ့ပါတယ္။ သုိ႔ေပမယ့္ အသက္ ၉ ႏွစ္အထိ စကားကို ပီပီျပင္ျပင္၊ မ်ားမ်ားစားစား မေျပာႏိုင္ပါဘူး။ တစ္ရက္ မိသားစုႏွင့္ ညစာစားစဥ္ခ်ိန္မွ ” The Soup is too hot” လို႔ စေျပာျပီး သူစကားေျပာတတ္ရဲ ႔သားနဲ႔ မေျပာပဲ ေနခဲ့ တယ္ဆုိတာ ကို သိသြားပါတယ္။ သူ႔ရဲ ႔အေၾကာင္းျပခ်က္ကေတာ့ “Because up to now everything was in order.” ျဖစ္ပါတယ္။
၂။ အသက္ ၅ ႏွစ္အရြယ္မွာ ဖခင္ျဖစ္သူက သူ႔ကို သံလိုက္အိမ္ေျမာင္ တစ္ခု လက္ေဆာင္ေပးခဲ့ျပီး ရူပေဗဒပညာအေပၚ ရူးသြတ္ျခင္းကို ယင္း သံလိုက္ အိမ္ေျမာင္မွ စတင္ခဲ့ျခင္း ျဖစ္ပါတယ္။ သံလိုက္အိမ္ေျမာင္ဟာ ဘာလို႔ အရပ္ မ်က္ႏွာျပသမွုမွာ ပံုေသျဖစ္ေနရတာလည္းကို စတင္ စိတ္ဝင္စား ခဲ့ျခင္း ျဖစ္ ပါတယ္။
၃။ ေက်ာင္းပညာေရးမွာ ညံ့ဖ်င္းျပီး စာေမးပြဲေတာက္ေလွ်ာက္က်တဲ့ အတြက္ ေက်ာင္းအထုတ္ခံရပါတယ္။ အသက္ ၁၇ ႏွစ္အရြယ္က လည္း ေကာလိပ္ဝင္ခြင့္ေျဖဆုိတာ သခၤ်ာနဲ႔ ရူပေဗဒကလြဲလို႔ က်န္တဲ့ ဘာသာေတြ က်ပါတယ္။
၄။ အိုင္းစတိုင္း ႏွစ္သက္တဲ့ ပစၥည္းႏွစ္ခုကေတာ့ ေခါင္းဖီး နဲ႔ ေျခအိတ္ျဖစ္ ပါတယ္။
၅။ City Light အမည္ရ ေဟာလိဝုဒ္ရုပ္ရွင္ ရံုအတင္ဖြင့္ပြဲကို အိုင္းစတိုင္းေရာက္ျဖစ္စဥ္ ဟာသမင္းသား ခ်ာလီခ်က္ပလင္ နဲ႔ ေတြ႔ဆံုစဥ္ ခ်ာလီမွ သူ႔ကုိ စကားတစ္ခြန္းေျပာခဲ့ပါတယ္။ “ကြ်န္ေတာ့ကိုက် လူေတြ နားလည္လို႔ အားေပးၾကတယ္။ ခမ်ားကိုက် လူေတြနားမလည္လို႔ အားေပးၾကတယ္”
၆။ အိုင္းစတိုင္း ပထမဇနီး Mileav Maric နဲ႔လမ္းခြဲရတဲ့အေၾကာင္းက သူ႔မွာ ေမာင္ႏွမဝမ္းကြဲေတာ္သူ မိန္းကေလး Elsa နဲ႔ခ်စ္ၾကိဳက္ေန လို႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ အိုင္းစတိုင္းဟာ အိမ္ေထာင္ေရးေဖာက္ျပန္သူ တစ္ဦး (Adultery) ျဖစ္ပါတယ္။
၇။ ဟစ္တလာက အိုင္းစတိုင္းကို နံပါတ္တစ္ ျပည္သူ႔ ရန္သူ အျဖစ္ သတ္မွတ္ခဲ့ပါတယ္။
၈။ အိုင္းစတိုင္းကြယ္လြန္ခ်ိန္မွာ သူ႔ဦးေႏွာက္ကို အဖယ္ရွားခံခဲ့ရပါတယ္။ သူ႔မိသားစု ခြင့္ျပဳခ်က္ကို ႏွစ္အေတာ္ၾကာမွ ျပန္လည္ေတာင္း ဆုိတာ ျဖစ္ပါတယ္။ ဖယ္ရွားသူကေတာ့ ေဒါက္တာ ေသာမတ္စ္ (Thomas Stoltz Harvey) ျဖစ္ျပီး ေလ့လာစစ္ေဆးရန္ ျဖစ္ပါတယ္။ ကမၻာတစ္လႊား က ေဆးပညာရွင္၊ Scientist မ်ားထံ ပို႔ခဲ့ျပီး အေျဖရွာရာ သာမန္လူေတြထက္ ထူးျခားတဲ့ ဦးေႏွာက္ကို ပိုင္ဆိုင္ထားေၾကာင္း ေလ့လာေတြ႔ရွိခဲ့ပါတယ္။
၉ ။ အိုင္းစတိုင္းဟာ တေယာတီး ဝါသနာ ပါသူ တစ္ဦးျဖစ္ပါတယ္။ ” အကယ္၍ ရူပေဗဒပညာရွင္သာ ျဖစ္မလာရင္၊ ကြ်န္ေတာ္ဟာ အႏုပညာရွင္ တစ္ဦး ျဖစ္ေနေလာက္ပါျပီ။ သီခ်င္းေတြကို ထိုင္ေတြးေနမိျပီး အိပ္မက္ထဲမွာလည္း သီခ်င္းေတြၾကားထဲမွာ ေနထိုင္ေနပါတယ္။ တေယာတီးမိတဲ့ အခ်ိန္က် ဘဝရဲ ႔အေပ်ာ္ဆံုး အခ်ိန္တစ္ခုလိုပဲ သတ္မွတ္ခံစားရပါတယ္” လို႔ေျပာဆုိခဲ့ဖူးပါတယ္။
.
www.apannpyay.com
Credit-kanaung
=============
Unicode>>>
နိုဘယ်ဆုရ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာများက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၁။ အိုင်းစတိုင်းဟာ အသက် ၄ နှစ်အရွယ်ကစလို့ စကားပြောတတ်ခဲ့ပါတယ်။ သို့ပေမယ့် အသက် ၉ နှစ်အထိ စကားကို ပီပီပြင်ပြင်၊ များများစားစား မပြောနိုင်ပါဘူး။ တစ်ရက် မိသားစုနှင့် ညစာစားစဉ်ချိန်မှ ” The Soup is too hot” လို့ စပြောပြီး သူစကားပြောတတ်ရဲ ့သားနဲ့ မပြောပဲ နေခဲ့ တယ်ဆိုတာ ကို သိသွားပါတယ်။ သူ့ရဲ ့အကြောင်းပြချက်ကတော့ “Because up to now everything was in order.” ဖြစ်ပါတယ်။
၂။ အသက် ၅ နှစ်အရွယ်မှာ ဖခင်ဖြစ်သူက သူ့ကို သံလိုက်အိမ်မြောင် တစ်ခု လက်ဆောင်ပေးခဲ့ပြီး ရူပဗေဒပညာအပေါ် ရူးသွတ်ခြင်းကို ယင်း သံလိုက် အိမ်မြောင်မှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ သံလိုက်အိမ်မြောင်ဟာ ဘာလို့ အရပ် မျက်နှာပြသမှုမှာ ပုံသေဖြစ်နေရတာလည်းကို စတင် စိတ်ဝင်စား ခဲ့ခြင်း ဖြစ် ပါတယ်။
၃။ ကျောင်းပညာရေးမှာ ညံ့ဖျင်းပြီး စာမေးပွဲတောက်လျှောက်ကျတဲ့ အတွက် ကျောင်းအထုတ်ခံရပါတယ်။ အသက် ၁၇ နှစ်အရွယ်က လည်း ကောလိပ်ဝင်ခွင့်ဖြေဆိုတာ သင်္ချာနဲ့ ရူပဗေဒကလွဲလို့ ကျန်တဲ့ ဘာသာတွေ ကျပါတယ်။
၄။ အိုင်းစတိုင်း နှစ်သက်တဲ့ ပစ္စည်းနှစ်ခုကတော့ ခေါင်းဖီး နဲ့ ခြေအိတ်ဖြစ် ပါတယ်။
၅။ City Light အမည်ရ ဟောလိဝုဒ်ရုပ်ရှင် ရုံအတင်ဖွင့်ပွဲကို အိုင်းစတိုင်းရောက်ဖြစ်စဉ် ဟာသမင်းသား ချာလီချက်ပလင် နဲ့ တွေ့ဆုံစဉ် ချာလီမှ သူ့ကို စကားတစ်ခွန်းပြောခဲ့ပါတယ်။ “ကျွန်တော့ကိုကျ လူတွေ နားလည်လို့ အားပေးကြတယ်။ ခများကိုကျ လူတွေနားမလည်လို့ အားပေးကြတယ်”
၆။ အိုင်းစတိုင်း ပထမဇနီး Mileav Maric နဲ့လမ်းခွဲရတဲ့အကြောင်းက သူ့မှာ မောင်နှမဝမ်းကွဲတော်သူ မိန်းကလေး Elsa နဲ့ချစ်ကြိုက်နေ လို့ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်းစတိုင်းဟာ အိမ်ထောင်ရေးဖောက်ပြန်သူ တစ်ဦး (Adultery) ဖြစ်ပါတယ်။
၇။ ဟစ်တလာက အိုင်းစတိုင်းကို နံပါတ်တစ် ပြည်သူ့ ရန်သူ အဖြစ် သတ်မှတ်ခဲ့ပါတယ်။
၈။ အိုင်းစတိုင်းကွယ်လွန်ချိန်မှာ သူ့ဦးနှောက်ကို အဖယ်ရှားခံခဲ့ရပါတယ်။ သူ့မိသားစု ခွင့်ပြုချက်ကို နှစ်အတော်ကြာမှ ပြန်လည်တောင်း ဆိုတာ ဖြစ်ပါတယ်။ ဖယ်ရှားသူကတော့ ဒေါက်တာ သောမတ်စ် (Thomas Stoltz Harvey) ဖြစ်ပြီး လေ့လာစစ်ဆေးရန် ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား က ဆေးပညာရှင်၊ Scientist များထံ ပို့ခဲ့ပြီး အဖြေရှာရာ သာမန်လူတွေထက် ထူးခြားတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
၉ ။ အိုင်းစတိုင်းဟာ တယောတီး ဝါသနာ ပါသူ တစ်ဦးဖြစ်ပါတယ်။ ” အကယ်၍ ရူပဗေဒပညာရှင်သာ ဖြစ်မလာရင်၊ ကျွန်တော်ဟာ အနုပညာရှင် တစ်ဦး ဖြစ်နေလောက်ပါပြီ။ သီချင်းတွေကို ထိုင်တွေးနေမိပြီး အိပ်မက်ထဲမှာလည်း သီချင်းတွေကြားထဲမှာ နေထိုင်နေပါတယ်။ တယောတီးမိတဲ့ အချိန်ကျ ဘဝရဲ ့အပျော်ဆုံး အချိန်တစ်ခုလိုပဲ သတ်မှတ်ခံစားရပါတယ်” လို့ပြောဆိုခဲ့ဖူးပါတယ်။
.
www.apannpyay.com
Credit-kanaung
Home
/
ဗဟုသုတအစံု
/
ႏိုင္ငံတကာသတင္း
/
ႏိုဘယ္ဆုရ ကမၻာေက်ာ္ ရူပေဗဒ ပညာရွင္ အဲလ္ဘတ္အိုင္းစတိုင္းရဲ႕ လူသိနည္ေသာအေၾကာင္းမ်ား
Subscribe to:
Post Comments
(
Atom
)
Loading...


0 comments :
Post a Comment