လူရႊင္ေတာ္ ဖိုက္စတားၾကာစိရဲ႕ အျဖစ္မွန္ေတြပါ..။

5 star လူရႊင္ေတာ္အဖြဲ႔၏ ၁၀ ျပည့္အထိမ္းအမွတ္တြင္ ထြက္ရွိမည့္ 5 star to day ေတးစီးရီးအေခြတြင္ လူရႊင္ေတာ္ၾကာစိ၏ ဘဝအေၾကာင္းအခ်ိဳ႕ပါဝင္ထားပါတယ္။ ဘဝရဲ႕အေၾကာင္းအရာေတြကို သီိခ်င္းအျဖစ္ဖန္တီးလိုက္တဲ႔ ၾကာစိကို သီိခ်င္းတြင္ ပါဝင္ေသာ အေၾကာင္းအရာ မ်ားနဲ႔အတူ ဘဝအေၾကာင္းအခ်ိဳ႕ကို ေမးျဖစ္ခဲ့သည္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။
ေမး။    ။ ကိုၾကာစိ ဒီအေခြမွာ ဘယ္အခန္းက႑ကေနပါဝင္ျဖစ္ခဲ့လဲ။
ေျဖ။     ။ ဒီအေခြမွာ ကြ်န္ေတာ္ကဘာမွေတာ့ သိပ္မမ်ားဘူး။ ကြ်န္ေတာ္တို႔ေတြ သီခ်င္းတစ္ေယာက္တစ္ပုဒ္စီ ဆိုရမယ္ဆိုေတာ့ ကြ်န္ေတာ့္ဘဝအေၾကာင္းကို ကိုေမ်ာက္ရႈံးကို ေျပာျပတယ္။ သူကေရးေပးတယ္။ ကြ်န္ေတာ္က ဆိုတယ္။ ေနာက္ၿပီး ကြ်န္ေတာ္တို႔ ဒီအေခြလုပ္ဖို႔  ကြ်န္ေတာ္ကားကို က်ပ္သိန္း ၂၀၀ နဲ႔ ေပါင္လိုက္တယ္။ ပရိသတ္အားေပးရင္ေတာ့ ကားျပန္ေရြးႏိုင္မယ္။ ဒါေၾကာင့္ ကားျပန္ေရြးခ်င္လို႔ ပရိသတ္အားေပးေစခ်င္တယ္။
ေမး။    ။ ကိုၾကာစိရဲ႕ဘဝအေၾကာင္းဆိုေတာ့ ဘယ္လိုအေျခအေနပံုစံမ်ိဳးလဲ။
ေျဖ။     ။ ကြ်န္ေတာ္ဘဝအေၾကာင္းေလးကို ကြ်န္ေတာ္ကိုယ္တိုင္ေရးျခင္တာ၊ ဒါေပမယ္႔ ဂစ္တာမတီးတက္ဘူး။ သံစဥ္ေလးေတြ ဖန္တီးတယ္။ ဖန္တီးၿပီး ေပ်ာက္သြားတယ္။ ပါးစပ္နဲ႔ပဲ ဖန္တီးျဖစ္တာေပါ့။ ဒါနဲ႔ ကြ်န္ေတာ္ ေနာက္ေတာ့ ကိုေမ်ာက္ရံႈးကို ေျပာျပတယ္ေပါ့။ ဘဝအေၾကာင္းဆိုတာကလည္း အေမနဲ႔ ပတ္သတ္ၿပီးေတာ့ ေရးထားတာပါ။
ေမး။    ။ အေမနဲ႔ ပတ္သတ္ၿပီး ဘယ္လိုအေၾကာင္းအရာေတြပါလဲ။
ေျဖ။     ။ ဒီလိုဗ်၊ အေမမေသခင္တစ္ရက္ေပါ့။ အမက အေျခအေနမေကာင္းဘူးဆိုတာ ကြ်န္ေတာ္သိတယ္။ အေမရဲ႕ ေနာက္ဆံုးအခ်ိန္မွာ အေမက ကြ်န္ေတာ္ မႏၱေလးမွာ ပြဲကရမယ္ဆိုတာသိတယ္။ ကြ်န္ေတာ္က ပြဲတစ္ဖက္ အေမတဖတ္နဲ႔ ဘာလုပ္ရမွန္းမသိဘူး။ အဲ႔အခ်ိန္မွာ အေမက ေအာက္စီဂ်င္တန္းလန္းနဲ႔ ကြ်န္ေတာ႔္ကို ပြဲသြားကဖို႔ လက္နဲ႔ သြားေတာ့ဆိုၿပီး  နာရီကို ၾကည့္ၿပီးျပတယ္။ ကြ်န္ေတာ္အဲ႔အခ်ိန္တုန္းက ပြဲကို ဖ်က္ခ်င္ေပမယ္႔ ကြ်န္ေတာ္တို႔က ပြဲကိုေၾကျငာၿပီးသားေလ။ ဒီပြဲမွာ ကြ်န္ေတာ္မပါရင္ ပရိသတ္ကို ညာသလိုျဖစ္မွာ ဒါ႔ေၾကာင့္ ပြဲသြားခဲ႔တယ္။ ပြဲမွာကေနရင္း၊ ဟာသေတြ လုပ္ရင္းအေမကို သတိရမိတယ္။ ဒါေပမယ္႔ ကြ်န္ေတာ္မနည္းႀကိဳးစားခဲ႔တယ္ေပါ့။ ပြဲခဏနားတယ္။ အစ္မႀကီးဆီဖုန္းတယ္။ အစ္မကပြဲၿပီးၿပီလား ေမးတယ္။ မၿပီးေသးဘူး ေျပာေတာ့ အေမနဲ႔ ပတ္သတ္ၿပီး ဘာမွမေျပာ။ ပထမပိုင္းပြဲကၿပီးေတာ့ ပြဲၿပီးၿပီဆိုၿပီး အစ္မႀကီးဆီဆက္လိုက္တယ္။ အစ္မက အေမဆံုးၿပီလို႔ေျပာတယ္။ ေနာက္ကြ်န္ေတာ္ ဒုတိယအပိုင္းမွာ ကြ်န္ေတာ္ကေပးရမယ္႔ အပိုင္းေတြကၿပီးတာနဲ႔ ကြ်န္ေတာ္ျပန္လာတယ္။ ရန္ကုန္ကို မနက္ ၉ နာရီေရာက္တယ္။ ဒါေပမယ္႔ အေမဆီမေရာက္ျဖစ္ေသးဘူး။ ေခတ္သစ္ဧကရီအျငိမ့္ရိုက္ကူးေရးအတြက္အ ျပတ္ျဖတ္ေပးရမယ္ ဆိုလို႔ အျပတ္ျဖတ္ေပးတယ္။ အေမအသုဘခ်ဖို႔က ကြ်န္ေတာ႔္ကို ေစာင့္ေနရတာေပါ့။  အဲ႔ဒီအေၾကာင္းနဲ႔ ပတ္သတ္ၿပီး ေရးထားတာပါ။
ေမး။    ။ အခုသီခ်င္းဆိုတဲ႔ အပိုင္းမွာ ေရာအခက္အခဲေတြရွိလား။
ေျဖ။     ။ အခက္အခဲသိပ္မရွိေပမယ္႔ သီခ်င္းဆိုေနရင္းငိုခ်င္လာတဲ႔ အတြက္ အသံယုိင္သြားတာေတြရွိတယ္။ ဒါေၾကာင့္ ပရိသတ္အေနနဲ႔ ကြ်န္ေတာ့္သီခ်င္းနားေထာင္ရင္သည္းခံေပးပါလို႔။
ေမး။    ။ ကိုၾကာစိရဲ႕ အိမ္ေထာင္ေရးအေျခအေနေလးပါ ေျပာျပေပးပါလား။
ေျဖ။     ။ ကြ်န္ေတာ္က လက္ရွိမွာ တစ္ခုလပ္ပါ။  ကြ်န္ေတာ္အေနနဲ႔ ေနာက္ထပ္အိမ္ေထာင္ထပ္မျပဳေတာ့ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကြ်န္ေတာ့္ကေလးေရွ႕ေရးေၾကာင့္ပါ။ ကေလးေရွ႕ေရးေကာင္းဖို႔ပဲ ဦးစားေပးခ်င္တယ္။ ကေလးေတြ မ်က္နွာမငယ္ေစခ်င္ဘူး။ ဒါေၾကာင့္ေနာက္ထပ္အိမ္ေထာင္တစ္ခုကို မထူေထာင္ေတာ့ပါဘူး။
ေမး။    ။ လက္ရွိမွာတစ္ကိုယ္ေတာ္လႈပ္ရွားမႈအေနနဲ႕ဘာေတြလုပ္ျဖစ္ေနလဲ။
ေျဖ။     ။ ကြ်န္ေတာ္ဒါရိုက္တာ ေက်ာ္ေဇာလင္းနဲ႔ ကားရိုက္ေနပါတယ္။
ေမး။    ။ ပရိသတ္ကိုေရာဘာမ်ားေျပာခ်င္ေသးလဲ။
ေျဖ။     ။ ေဖေဖာ္ဝါရီ ၄ ရက္ေန႔မွာ ဒီအေခြထြက္မယ္။ ဒဂံုစင္တာ ၂ မွာ လက္မွတ္ထိုးၿပီး ေဖ်ာ္ေျဖမယ္။ ၃ နာရီမွာ စမယ္။ ပရိသတ္အားလံုးလာခဲ့ပါ။ မတူတဲ႔ ရသေတြကို ရမွာပါလို႔ေျပာခ်င္တယ္။
 အခုလိုေျဖၾကားေပးတဲ႔အတြက္ ေက်းဇူးတင္ပါတယ္။

မွ - ရတနာပံုသတင္းစာ
==============

Unicode>>>
5 star လူရွှင်တော်အဖွဲ့၏ ၁၀ ပြည့်အထိမ်းအမှတ်တွင် ထွက်ရှိမည့် 5 star to day တေးစီးရီးအခွေတွင် လူရွှင်တော်ကြာစိ၏ ဘဝအကြောင်းအချို့ပါဝင်ထားပါတယ်။ ဘဝရဲ့အကြောင်းအရာတွေကို သီိချင်းအဖြစ်ဖန်တီးလိုက်တဲ့ ကြာစိကို သီိချင်းတွင် ပါဝင်သော အကြောင်းအရာ များနဲ့အတူ ဘဝအကြောင်းအချို့ကို မေးဖြစ်ခဲ့သည်များကို ဖော်ပြပေးလိုက်ပါတယ်။
မေး။    ။ ကိုကြာစိ ဒီအခွေမှာ ဘယ်အခန်းကဏ္ဍကနေပါဝင်ဖြစ်ခဲ့လဲ။
ဖြေ။     ။ ဒီအခွေမှာ ကျွန်တော်ကဘာမှတော့ သိပ်မများဘူး။ ကျွန်တော်တို့တွေ သီချင်းတစ်ယောက်တစ်ပုဒ်စီ ဆိုရမယ်ဆိုတော့ ကျွန်တော့်ဘဝအကြောင်းကို ကိုမျောက်ရှုံးကို ပြောပြတယ်။ သူကရေးပေးတယ်။ ကျွန်တော်က ဆိုတယ်။ နောက်ပြီး ကျွန်တော်တို့ ဒီအခွေလုပ်ဖို့  ကျွန်တော်ကားကို ကျပ်သိန်း ၂၀၀ နဲ့ ပေါင်လိုက်တယ်။ ပရိသတ်အားပေးရင်တော့ ကားပြန်ရွေးနိုင်မယ်။ ဒါကြောင့် ကားပြန်ရွေးချင်လို့ ပရိသတ်အားပေးစေချင်တယ်။
မေး။    ။ ကိုကြာစိရဲ့ဘဝအကြောင်းဆိုတော့ ဘယ်လိုအခြေအနေပုံစံမျိုးလဲ။
ဖြေ။     ။ ကျွန်တော်ဘဝအကြောင်းလေးကို ကျွန်တော်ကိုယ်တိုင်ရေးခြင်တာ၊ ဒါပေမယ့် ဂစ်တာမတီးတက်ဘူး။ သံစဉ်လေးတွေ ဖန်တီးတယ်။ ဖန်တီးပြီး ပျောက်သွားတယ်။ ပါးစပ်နဲ့ပဲ ဖန်တီးဖြစ်တာပေါ့။ ဒါနဲ့ ကျွန်တော် နောက်တော့ ကိုမျောက်ရှုံးကို ပြောပြတယ်ပေါ့။ ဘဝအကြောင်းဆိုတာကလည်း အမေနဲ့ ပတ်သတ်ပြီးတော့ ရေးထားတာပါ။
မေး။    ။ အမေနဲ့ ပတ်သတ်ပြီး ဘယ်လိုအကြောင်းအရာတွေပါလဲ။
ဖြေ။     ။ ဒီလိုဗျ၊ အမေမသေခင်တစ်ရက်ပေါ့။ အမက အခြေအနေမကောင်းဘူးဆိုတာ ကျွန်တော်သိတယ်။ အမေရဲ့ နောက်ဆုံးအချိန်မှာ အမေက ကျွန်တော် မန္တလေးမှာ ပွဲကရမယ်ဆိုတာသိတယ်။ ကျွန်တော်က ပွဲတစ်ဖက် အမေတဖတ်နဲ့ ဘာလုပ်ရမှန်းမသိဘူး။ အဲ့အချိန်မှာ အမေက အောက်စီဂျင်တန်းလန်းနဲ့ ကျွန်တော့်ကို ပွဲသွားကဖို့ လက်နဲ့ သွားတော့ဆိုပြီး  နာရီကို ကြည့်ပြီးပြတယ်။ ကျွန်တော်အဲ့အချိန်တုန်းက ပွဲကို ဖျက်ချင်ပေမယ့် ကျွန်တော်တို့က ပွဲကိုကြေငြာပြီးသားလေ။ ဒီပွဲမှာ ကျွန်တော်မပါရင် ပရိသတ်ကို ညာသလိုဖြစ်မှာ ဒါ့ကြောင့် ပွဲသွားခဲ့တယ်။ ပွဲမှာကနေရင်း၊ ဟာသတွေ လုပ်ရင်းအမေကို သတိရမိတယ်။ ဒါပေမယ့် ကျွန်တော်မနည်းကြိုးစားခဲ့တယ်ပေါ့။ ပွဲခဏနားတယ်။ အစ်မကြီးဆီဖုန်းတယ်။ အစ်မကပွဲပြီးပြီလား မေးတယ်။ မပြီးသေးဘူး ပြောတော့ အမေနဲ့ ပတ်သတ်ပြီး ဘာမှမပြော။ ပထမပိုင်းပွဲကပြီးတော့ ပွဲပြီးပြီဆိုပြီး အစ်မကြီးဆီဆက်လိုက်တယ်။ အစ်မက အမေဆုံးပြီလို့ပြောတယ်။ နောက်ကျွန်တော် ဒုတိယအပိုင်းမှာ ကျွန်တော်ကပေးရမယ့် အပိုင်းတွေကပြီးတာနဲ့ ကျွန်တော်ပြန်လာတယ်။ ရန်ကုန်ကို မနက် ၉ နာရီရောက်တယ်။ ဒါပေမယ့် အမေဆီမရောက်ဖြစ်သေးဘူး။ ခေတ်သစ်ဧကရီအငြိမ့်ရိုက်ကူးရေးအတွက်အ ပြတ်ဖြတ်ပေးရမယ် ဆိုလို့ အပြတ်ဖြတ်ပေးတယ်။ အမေအသုဘချဖို့က ကျွန်တော့်ကို စောင့်နေရတာပေါ့။  အဲ့ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ရေးထားတာပါ။
မေး။    ။ အခုသီချင်းဆိုတဲ့ အပိုင်းမှာ ရောအခက်အခဲတွေရှိလား။
ဖြေ။     ။ အခက်အခဲသိပ်မရှိပေမယ့် သီချင်းဆိုနေရင်းငိုချင်လာတဲ့ အတွက် အသံယိုင်သွားတာတွေရှိတယ်။ ဒါကြောင့် ပရိသတ်အနေနဲ့ ကျွန်တော့်သီချင်းနားထောင်ရင်သည်းခံပေးပါလို့။
မေး။    ။ ကိုကြာစိရဲ့ အိမ်ထောင်ရေးအခြေအနေလေးပါ ပြောပြပေးပါလား။
ဖြေ။     ။ ကျွန်တော်က လက်ရှိမှာ တစ်ခုလပ်ပါ။  ကျွန်တော်အနေနဲ့ နောက်ထပ်အိမ်ထောင်ထပ်မပြုတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကလေးရှေ့ရေးကြောင့်ပါ။ ကလေးရှေ့ရေးကောင်းဖို့ပဲ ဦးစားပေးချင်တယ်။ ကလေးတွေ မျက်နှာမငယ်စေချင်ဘူး။ ဒါကြောင့်နောက်ထပ်အိမ်ထောင်တစ်ခုကို မထူထောင်တော့ပါဘူး။
မေး။    ။ လက်ရှိမှာတစ်ကိုယ်တော်လှုပ်ရှားမှုအနေနဲ့ဘာတွေလုပ်ဖြစ်နေလဲ။
ဖြေ။     ။ ကျွန်တော်ဒါရိုက်တာ ကျော်ဇောလင်းနဲ့ ကားရိုက်နေပါတယ်။
မေး။    ။ ပရိသတ်ကိုရောဘာများပြောချင်သေးလဲ။
ဖြေ။     ။ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဒီအခွေထွက်မယ်။ ဒဂုံစင်တာ ၂ မှာ လက်မှတ်ထိုးပြီး ဖျော်ဖြေမယ်။ ၃ နာရီမှာ စမယ်။ ပရိသတ်အားလုံးလာခဲ့ပါ။ မတူတဲ့ ရသတွေကို ရမှာပါလို့ပြောချင်တယ်။
 အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မှ - ရတနာပုံသတင်းစာ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...