စင်ကာပူမှာ မြန်မာ ၁ ယောက်က ဘီယာမယ်လေးကို ဖင်ပုတ်လို့ ထောင် ၂ ပတ်ကျ...
သူတို့ကျင်လည် သောက်စားရာက club တွေမှာ အပြင်ရပ်ကွက်က ဆိုင်ထက်တော့ ဈေးကြီးတာပေါ့။
ရပ်ကွက်ထမင်းဆိုင်က ဈေးသင့်တော့ ကျုပ်တို့ ကိုရွှေတွေက အလုပ်နားရက်မှာ ထိုင်သောက်တတ်တယ်...
Ref: CNA
#လွမ်းအောင်ကူချွဲ
#ရွှေဂျာနယ် စင်ကာပူ
=================
စင်ကာပူမှာ မြန်မာ ၁ ယောက်က ဘီယာရောင်းတဲ့ မလေးရှားမ ဘီယာ ပရိုမိုတာကို ဖင်ပုတ်လို့ ထောင် ၂ ပတ်ကျ...
စင်ကာပူက ရပ်ကွက်တိုက်ခန်းတွေရဲ့ အောက်ထပ်မှာ ထမင်းဆိုင်တန်းတွေရှိတယ်။ အဲ့ဒီထဲမှာ ဘီယာတို့ အအေးလက်ဖက်ရည်တို့ တွဲရောင်းကြတယ်...
ဒီဆိုင်တွေမှာ ဘီယာသောက်တဲ့သူ တော်တော်များများက စလုံးအဖိုးကြီးတွေများတယ်...
စလုံးမှာ ရှိတဲ့ သူတို့နိုင်ငံသား လူငယ်တွေက ဒီလိုဆိုင်တွေ ထိုင်ပြီး သိပ်သောက်လေ့မရှိဘူး...
သူတို့ကျင်လည် သောက်စားရာက club တွေမှာ အပြင်ရပ်ကွက်က ဆိုင်ထက်တော့ စျေးကြီးတာပေါ့။
ရပ်ကွက်ထမင်းဆိုင်က စျေးသင့်တော့ ကျုပ်တို့ ကိုရွှေတွေက အလုပ်နားရက်မှာ ထိုင်သောက်တတ်တယ်...
သောက်ရင်းနဲ့ customer မူးလာပြီဆို more beer 🍻? more beer ? လို လာလာမေးတတ်တဲ့ ဒီဘီယာမယ်တွေ အများစုဟာ မလေးရှား ကဖြစ်တယ်။ နောက် ဗီယက်နမ် နဲ့ အသက်ကြီးကြီး စလုံးတရုတ်မတွေလည်း ပါတယ်...
သူတို့ဝတ်တာက ဘီယာကုမ္ပဏီက ထုတ်တဲ့ တိုတိုတင်းတင်းလေးတွေ ဝတ်ရတယ်...
တိုဆို ပေါင်လည်လောက်ထိ တိုတာ...
အဲ့လိုလာမေးတဲ့ ဘီယာမယ်ကို ခုထောင်ကျသွားတဲ့ ကိုရွှေက ဖင်ပုတ်လိုက်တယ် ဆိုပဲ...
ဟို... ငါ့ကို ဘာလို့ ပုတ်တာလဲမေးတော့ ဘာမှပြန်မပြော...
ဒါနဲ့ ဟိုမိန်းမက ခြေထောက်နဲ့ကန်...
ကိုရွှေကလည်း ပြန်ကန်... လို့ အမှုဖြစ်ကြရော...
ဒါနဲ့ ထောင် ၂ ပတ်ကျပေါ့။ တရားသူကြီး မှတ်ချက်ကတော့ ခုကျူးလွန်တဲ့ကိုရွှေဟာ မိန်းမ ၁ ယောက်ကို အနှောက်အယှက်ပေးပြီး တောင်းပန်တတ်တဲ့ လူစားမဟုတ်ဖူးတဲ့...
အမှန်ဆို တောင်းပန်လိုက်ရင် ဒီလောက်ထိ သတင်းစာမှာ ပါလာတဲ့ အဆင့်ထိ မရောက်လောက်ဖူး...
ဖြစ်တဲ့အချိန်က ည ၉:၄၅ ဆိုပေးမယ့် မီးက နေ့ခင်းအချိန်လို ထွန်းထားတာ။ ပတ်ဝန်းကျင်ရှိတယ်လေ...
Disco မီးတွေ ထွန်းထားပြီး သဲသဲကွဲကွဲ မမြင်ရတဲ့ club မှ မဟုတ်ပဲ...
မြန်မာပြည်က မာဆတ်နဲ့ မှားသွားပုံရတယ်...
ဘာပဲ ဖြစ်ဖြစ် မိန်းမ နဲ့ ယောက်ျား က ယာဉ်ကြီး ယာဉ်ငယ်လိုပဲ
ဖြစ်လိုက်ရင် ယာဉ်ကြီးအမှားမို့ ရှောင်ကြဖို့ပါ။
ဖြစ်တဲ့ ကိုရွှေ က ၄၁ နှစ် သင်္ဘောကျင်း Technician ဖြစ်ပြီး ဘီယာ ပရိုမိုတာက ၂၆ နှစ်။
ဖြစ်ခဲ့တာက ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာက
ခု ၂၄ ဖေဖော်ဝါရီ ၂၀၁၇ မှ ပစ်ဒဏ်ချမှတ်တာ။
ပုံတွေဟာ Google ကဖြစ်ပြီး တကယ့် အဖြစ်အပျက်မှ ပုံတွေမဟုတ်ပါ။ မြင်သာယုံ သပ်သပ်ပါ။
Ref: CNA
#လွမ်းအောင်ကူချွဲ
#ရွှေဂျာနယ် စင်ကာပူ
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...