အိပ္ပုပ္ႀကီးတဲ့သူေတြဟာ ဘာေၾကာင့္ ပိုၿပီးေအာင္ျမင္္ၾကတာလဲ..?
လူတစ္ေယာက္ရဲ႕ က်န္းမာေရးအတြက္ အိပ္စက္ျခင္းဟာ အစားအေသာက္ထက္ပိုၿပီး အေရးပါပါတယ္။ အစာမစားဘဲ ၂ပတ္အထိေနႏိုင္ေပမဲ့ ၁ဝရက္ေလာက္ မအိပ္ဘဲေနရင္ေတာ့ စိတ္ကေယာင္ေခ်ာက္ျခားျဖစ္ၿပီး အသက္အႏၱရာယ္ကို ထိခိုက္ေစႏုိင္ပါတယ္။ ဒါေၾကာင့္ အိပ္ေရးဝဝ အိပ္သင့္ပါတယ္။
အိပ္ေရးဝဝအိပ္စက္ျခင္းေၾကာင့္ က်န္းမာေရး၊ အလွအပဆိုင္ရာ ေကာင္းက်ိဳးေတြသာမက ဘဝေအာင္ျမင္တိုးတက္ေအာင္လည္း ေကာင္းစြာ အေထာက္အကူျပဳႏိုင္ပါတယ္။ အိပ္စက္ျခင္းက ေပးစြမ္းတဲ့ ဘဝေအာင္ျမင္မႈ ေကာင္းက်ိဳးေတြကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။
၁။ လုပ္ႏိုင္စြမ္းနဲ႔ မွတ္ဉာဏ္စြမ္းရည္ေတြ ျမင့္တက္လာမယ္။
အိပ္စက္ေနစဥ္မွာ ဦးေႏွာက္က တစ္ေန႔တာလံုးရဲ႕ မွတ္ဉာဏ္ေတြကို စိစစ္ၿပီး သိမ္းဆည္းေပးရပါတယ္။ အိပ္ေရးဝဝမအိပ္စက္တဲ့အခါမွာ ဦးေႏွာက္ကေန မွတ္ဉာဏ္ေတြကို စနစ္တက်သိမ္းဆည္းမေပးႏိုင္တာေၾကာင့္ သတိေမ့တတ္တာေတြ၊ လုပ္ေဆာင္ႏုိင္စြမ္းေလ်ာ့နည္းတာေတြ ျဖစ္တတ္ပါတယ္။
၂။ ပိုမို အာရံုစူးစိုက္ႏိုင္လာမယ္။
ညဘက္မွာ ေကာင္းမြန္စြာ အိပ္စက္ျခင္းက အာရံုစူးစိုက္ႏိုင္မႈစြမ္းရည္ကို ပိုမိုထက္ျမက္လာေစၿပီး သင္ယူေလ့လာမႈကို ပိုမိုလြယ္ကူေအာင္ အေထာက္အကူျပဳေပးႏုိင္ပါတယ္။
၃။ ခႏၶာကိုယ္ကို ပိုမိုက်စ္လစ္သြယ္လ်ေစတယ္။
ခႏၶာကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ခ်င္သူေတြအတြက္ နည္းလမ္းေကာင္းတစ္ခုက အိပ္ေရးဝဝအိပ္စက္ျခင္းပါပဲ။ အိပ္ေရးဝဝ အိပ္စက္တဲ့အခါ အစာစားခ်င္စိတ္ကို လည္ပတ္ေစတဲ႔ leptin ေဟာ္မုန္းကို ထုတ္လႊတ္ေပးၿပီး အစာမ်ားမ်ားမစားခ်င္ေအာင္ တားဆီးေပးတာေၾကာင့္ ခႏၶာကိုယ္အေလးခ်ိန္ကို ထိန္းညိွေပးႏိုင္ပါတယ္။
၄။ ခႏၶာကိုယ္ခုခံအားကို ျမင့္တက္ေစတယ္။
အိပ္စက္ေနခ်ိန္မွာ ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္ကေန ေရာဂါပိုးမႊားေတြကို ေသေစႏုိင္တဲ့ antibodies နဲ႔ cytokines ေတြကို ထုတ္လႊတ္ေပးတာေၾကာင့္ ခႏၶာကိုယ္မွာ ေရာဂါေတြမျဖစ္ေအာင္၊ မဖ်ားနာေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။
၅။ ဆံုးျဖတ္ခ်က္ေတြကို ပိုမိုေကာင္းမြန္စြာ ခ်မွတ္ႏိုင္ေစတယ္။
အိပ္စက္ေနခ်ိန္မွာ အာရံုေၾကာေလးေတြကို ေခတၱအနားေပးထားတယ္၊ ပ်က္စီးေနတဲ့ အာရံုေၾကာဆဲလ္ေတြကို ျပန္လည္ျပဳျပင္ေပးၿပီး အာရံုေၾကာသတင္းပို႔ခ်မႈေတြ သြားရာလမ္းတစ္ေလွ်ာက္ကို ရွင္းလင္းေပးထားသလို ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေန႔အခ်ိန္ေတြမွာ ဦးေႏွာက္ကို ရွင္းလင္းေစၿပီး ဆံုးျဖတ္ခ်က္ခ်မွတ္ရာမွာ ေတြေဝမေနေတာ့ဘဲ အေကာင္းဆံုး ဆံုးျဖတ္ေစႏုိင္ပါတယ္။
၆။ စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစတယ္။
အိပ္ေရးဝဝ အိပ္စက္ျခင္းဟာ စိတ္ကို တည္ၿငိမ္ေစတယ္၊ စိတ္ဓာတ္ကို တက္ၾကြလန္းဆန္းေစၿပီး စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစႏုိင္ပါတယ္။ ဒါ့အျပင္ စိုးရိမ္စိတ္ေတြကို ေလ်ာ့က်ေစၿပီး စိတ္က်ေရာဂါမျဖစ္ေအာင္လည္း ကာကြယ္ေပးႏုိင္ပါတယ္။
Nyein Nyein - FB
==========
Unicode>>>
အိပ်ပုပ်ကြီးတဲ့သူတွေဟာ ဘာကြောင့် ပိုပြီးအောင်မြင််ကြတာလဲ..?
လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အိပ်စက်ခြင်းဟာ အစားအသောက်ထက်ပိုပြီး အရေးပါပါတယ်။ အစာမစားဘဲ ၂ပတ်အထိနေနိုင်ပေမဲ့ ၁ဝရက်လောက် မအိပ်ဘဲနေရင်တော့ စိတ်ကယောင်ချောက်ခြားဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝ အိပ်သင့်ပါတယ်။
အိပ်ရေးဝဝအိပ်စက်ခြင်းကြောင့် ကျန်းမာရေး၊ အလှအပဆိုင်ရာ ကောင်းကျိုးတွေသာမက ဘဝအောင်မြင်တိုးတက်အောင်လည်း ကောင်းစွာ အထောက်အကူပြုနိုင်ပါတယ်။ အိပ်စက်ခြင်းက ပေးစွမ်းတဲ့ ဘဝအောင်မြင်မှု ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
၁။ လုပ်နိုင်စွမ်းနဲ့ မှတ်ဉာဏ်စွမ်းရည်တွေ မြင့်တက်လာမယ်။
အိပ်စက်နေစဉ်မှာ ဦးနှောက်က တစ်နေ့တာလုံးရဲ့ မှတ်ဉာဏ်တွေကို စိစစ်ပြီး သိမ်းဆည်းပေးရပါတယ်။ အိပ်ရေးဝဝမအိပ်စက်တဲ့အခါမှာ ဦးနှောက်ကနေ မှတ်ဉာဏ်တွေကို စနစ်တကျသိမ်းဆည်းမပေးနိုင်တာကြောင့် သတိမေ့တတ်တာတွေ၊ လုပ်ဆောင်နိုင်စွမ်းလျော့နည်းတာတွေ ဖြစ်တတ်ပါတယ်။
၂။ ပိုမို အာရုံစူးစိုက်နိုင်လာမယ်။
ညဘက်မှာ ကောင်းမွန်စွာ အိပ်စက်ခြင်းက အာရုံစူးစိုက်နိုင်မှုစွမ်းရည်ကို ပိုမိုထက်မြက်လာစေပြီး သင်ယူလေ့လာမှုကို ပိုမိုလွယ်ကူအောင် အထောက်အကူပြုပေးနိုင်ပါတယ်။
၃။ ခန္ဓာကိုယ်ကို ပိုမိုကျစ်လစ်သွယ်လျစေတယ်။
ခန္ဓာကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် နည်းလမ်းကောင်းတစ်ခုက အိပ်ရေးဝဝအိပ်စက်ခြင်းပါပဲ။ အိပ်ရေးဝဝ အိပ်စက်တဲ့အခါ အစာစားချင်စိတ်ကို လည်ပတ်စေတဲ့ leptin ဟော်မုန်းကို ထုတ်လွှတ်ပေးပြီး အစာများများမစားချင်အောင် တားဆီးပေးတာကြောင့် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။
၄။ ခန္ဓာကိုယ်ခုခံအားကို မြင့်တက်စေတယ်။
အိပ်စက်နေချိန်မှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ ရောဂါပိုးမွှားတွေကို သေစေနိုင်တဲ့ antibodies နဲ့ cytokines တွေကို ထုတ်လွှတ်ပေးတာကြောင့် ခန္ဓာကိုယ်မှာ ရောဂါတွေမဖြစ်အောင်၊ မဖျားနာအောင် ကာကွယ်ပေးနိုင်ပါတယ်။
၅။ ဆုံးဖြတ်ချက်တွေကို ပိုမိုကောင်းမွန်စွာ ချမှတ်နိုင်စေတယ်။
အိပ်စက်နေချိန်မှာ အာရုံကြောလေးတွေကို ခေတ္တအနားပေးထားတယ်၊ ပျက်စီးနေတဲ့ အာရုံကြောဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး အာရုံကြောသတင်းပို့ချမှုတွေ သွားရာလမ်းတစ်လျှောက်ကို ရှင်းလင်းပေးထားသလို ဖြစ်စေပါတယ်။ ဒါကြောင့် နေ့အချိန်တွေမှာ ဦးနှောက်ကို ရှင်းလင်းစေပြီး ဆုံးဖြတ်ချက်ချမှတ်ရာမှာ တွေဝေမနေတော့ဘဲ အကောင်းဆုံး ဆုံးဖြတ်စေနိုင်ပါတယ်။
၆။ စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်။
အိပ်ရေးဝဝ အိပ်စက်ခြင်းဟာ စိတ်ကို တည်ငြိမ်စေတယ်၊ စိတ်ဓာတ်ကို တက်ကြွလန်းဆန်းစေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် စိုးရိမ်စိတ်တွေကို လျော့ကျစေပြီး စိတ်ကျရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
Nyein Nyein - FB
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment