ေန ့စဥ္ လူအမ်ားစု သြားတုိက္ရာမွာ ျပဳလုပ္မိေနတဲ့ အမွား (၈) မ်ိဳး

သြားတုိက္တယ္ဆုိတဲ့ အျပဳအမူဟာ လူေတြ သိထားတာထက္ ပုိမုိရွဳပ္ေထြးပါတယ္။ လုပ္မိေနက်မွားယြင္းတဲ့အက်င့္ေလးေတြက သင့္ရဲ့ သြားေတြကို သိသိသာသာ ထိခုိက္ေစႏိုင္ပါတယ္။နာမည္ၾကီးသြားဆရာ၀န္ Dr.Michael Tam ကို Dailymail အဖြဲ ့က ေတြ ့ဆုံျပီး လူေတြ သတိမထားမိတဲ့ အၾကီးမားဆုံးအမွားေတြကို ေမးျမန္းခဲ့တာျဖစ္ပါတယ္။
၁။ ပလုတ္က်င္းျခင္းသြားတုိက္ျပီး ပလုတ္က်င္းရမယ္လုိ ့လူေတာ္ေတာ္မ်ားမ်ား ထင္ေနၾကပါတယ္။ ဒီထဲမွာေတာ့ သြားကၽြမ္းက်င္သူပညာရွင္ေတြ မပါ၀င္ပါဘူး။“ သြားတုိက္ေဆးနဲ ့တုိက္ျပီးျပီးခ်င္းမွာ ပလုတ္မက်င္းသင့္ဘူးဆုိတာ လူေတြ မသိၾကဘူး ထင္ပါတယ္။ ဘာလုိ ့လည္းဆုိေတာ့ ပါးစပ္တစ္၀ိုက္ကို သြားတုိက္ေဆးနဲ ့ထိေတြ ့မွဳေပးျပီး ပါးစပ္ပတ္၀န္းက်င္ကို ျပန္လည္ေကာင္းမြန္ ေစဖုိ ့ပါ”“ ပါးစပ္တြင္းက ေလနဲ ့တင္ ပလုတ္က်င္းသလုိ လုပ္ျပီး ေထြးထုတ္လုိက္ပါ။ ေရနဲ ့ေတာ့ ေျပာင္ေအာင္ ပလုတ္မက်င္းလုိက္ပါနဲ ့။ သြားတုိက္တုိက္ျပီးခ်င္း အနည္းဆုံး မိနစ္သုံးဆယ္ေလာက္ ဖလိုရိုက္ကို သြားေပၚမွာ ရွိေနေစဖုိ ့လုိပါတယ္။
၂။ အစာစားျပီးျပီးခ်င္း သြားမတုိက္ပါနဲ ့လူေတြဟာ မနက္အိပ္ရာထထခ်င္း သြားတိုက္တတ္ၾကေပမယ့္၊ အစာစားျပီးေနာက္ သြားမတုိက္ခင္ မိနစ္သုံးဆယ္ေလာက္ ေစာင့္ဖုိ ့လုိပါတယ္။“ အစားအစာနဲ ့အက္ဆစ္ ပါ၀င္တဲ့ေဖ်ာ္ရည္ေတြက သြားအေပၚယံေၾကြသြားကို ေပ်ာ့ေျပာင္းသြားေစပါတယ္။ ဒါေၾကာင့္မို ့ပါးစပ္တြင္းက အက္ဆစ္ဓာတ္အ ခ်ိဳးအစားကို ျပန္လည္ခ်ိန္ညွိေပးႏုိင္ဖုိ ့အတြက္မိနစ္သုံးဆယ္ေလာက္ ေစာင့္ေပးဖုိ ့က အေရးၾကီးပါတယ္။”“ ကၽြန္ေတာ္တုိ ့က အျမဲတမ္း အလ်င္လုိေနတတ္တာေၾကာင့္ မေစာင့္ႏုိင္ဘူးဆုိရင္လည္း အယ္ကာလုိင္း ပါ၀င္တဲ့ ႏို ့လုိေဖ်ာ္ရည္မ်ိဳးေတြ ေသာက္ေပးသင့္ပါတယ္”
၃။ သြားကို အားနဲ ့ဖိတိုက္ျခင္း“ လူေတြဟာ သြားတိုက္ရာမွာ ဖိျပီး အားၾကမ္းၾကမ္းနဲ ့တုိက္ေနၾကပါတယ္။ အားျပင္းျပင္းတိုက္လုိ ့ပ်က္စီးရတဲ့ သြားေတြကို ကၽြန္ေတာ္တုိ ့မၾကာခဏေတြ ့ေန ရပါတယ္”“ အေမႊးႏုႏုပါတဲ့ သြားတုိက္တံကိုပဲ သုံးသင့္ပါတယ္။ အေမႊးႏုေၾကာင့္ ပြန္းပဲ့ဒဏ္ကို ေလွ်ာ့က်ေစျပီး ျဖည္းျဖည္းညွင္းညွင္းပဲ တုိက္သင့္ပါတယ္”
၄။ အနည္းဆုံး ၂ မိနစ္မျပည့္ေအာင္ တုိက္ျခင္းပွ်မ္းမွ်သြားတုိက္ၾကာခ်ိန္က ၂ မိနစ္ ျဖည့္ျပီး ဘယ္လုိအေၾကာင္းနဲ ့မွ ဒီထက္ မနည္းသင့္ဘူးလုိ ့Dr.Tam က ေျပာျပပါတယ္။ “ ၂ မိနစ္ မျပည့္ေအာင္ မတုိက္ဘူးဆုိရင္ေတာ့ သြားေပၚမွာ သြားေခ်းေက်ာက္အၾကြင္း အက်န္ေတြနဲ ့အစားအၾကြင္းအက်န္ေတြ က်န္ေနႏိုင္ေစပါတယ္။”
၅။ အဆာေျပခဏခဏစားျခင္းတစ္ေန ့လုံး အဆာေျပ ခဏခဏစားေနတာက သြားက်န္းမာေရးကို ဆုိးရြားေစျပီး သြားတုိက္စဥ္မွာလည္း သြားပ်က္စီးမွဳကို ပုိမုိျဖစ္ေစႏိုင္ပါတယ္။“ သာမန္အေျခအေနမွာ ပါးစပ္တြင္း pH အေျခအေနမွ်တေနျပီး ကၽြန္ေတာ္တုိ ့အဆာေျပ ျဖစ္ျဖစ္ အစားအစာတစ္ခုခုစားလုိက္ရင္ pH အဆင့္က က်သြားပါတယ္။ ပါးစပ္တြင္း အက္ဆစ္ဓာတ္ပုိမ်ားလာျပီး ေၾကြသားနဲ ့ပတ္သက္တဲ့ ျပႆနာေတြအထိ ၾကဳံေတြ ့ႏိုင္ပါတယ္”
၆။ သန္ ့စင္ထုပ္ပိုးထားတဲ့ ေရသန္ ့ဘူးေတြ ေသာက္သုံးျခင္းဖလုိရိုက္ဒ္က ဘုံပိုင္ကက်တဲ့ေရမွာတင္ ပါပါတယ္။ ဒါေၾကာင့္မုိ ့လုိ ့ေရသန္ ့ဘူးေတြ ေသာက္ေနတဲ့လူေတြက သဘာ၀တရားကေပးထားတဲ့ သြားကာကြယ္မွဳဓာတ္ကို စြန္ ့ပစ္ထားသလုိပါပဲ။
၇။ သြားရဲ့ေရွ ့ဘက္ကိုသာ တုိက္ျခင္းလူေတြက သြားေတာက္ပလွပဖုိ ့၊ အျပဳံးေလးေတြလွဖုိ ့ဆုိတဲ့ ရည္ရြယ္ခ်က္နဲ ့ပဲ သြားတုိက္ၾကတာမ်ားပါတယ္။ ဒါေၾကာင့္ သြားရဲ့ေနာက္ဘက္ျခမ္းက မၾကာခဏ လ်စ္လ်ဴရွဳခံထားရသလုိျဖစ္ေနပါတယ္။ သြားေခ်ေတြက သြားရဲ့ေနာက္ဘက္မွာလည္း ကပ္ေနတာပါ လုိ ့Dr.Tam က ေျပာၾကားခဲ့ပါတယ္။
၈။ ေရခ်ိဳးေနရင္း သြားတိုက္ျခင္းေရပန္းေအာက္မွာ သြားတုိက္တာက အလုပ္ႏွစ္ခု တစ္ျပိဳင္တည္း ျပီးသလုိ ရွိတယ္လုိ ့ထင္ရေပမယ့္ သြားတိုက္ရာမွာ အာရုံစိုက္မွဳ ေလ်ာ့ေစႏိုင္ပါတယ္။“ ၾကည့္မွန္တစ္ခ်ပ္ေရွ ့မွာ သြားတုိက္တာက အေကာင္းဆုံးပါပဲ။ ကိုယ္ ဘာလုပ္ေနလဲ ကိုယ္ အာရုံစိုက္မိေအာင္လုိ ့ပါ” လုိ ့Dr.Tam က ေျပာၾကားခဲ့ပါတယ္။သြားတုိက္တဲ့ႏွစ္မိနစ္မွာ ေနရာတိုင္းကို သြားတုိက္တံနဲ ့တိုက္ႏိုင္ဖုိ ့ကလည္း အေရးၾကီး ေၾကာင္း သူက နိဂုံးခ်ဳပ္ေျပာၾကားခဲ့ပါတယ္။
TrendMyanmar
==========

Unicode>>>
သွားတိုက်တယ်ဆိုတဲ့ အပြုအမူဟာ လူတွေ သိထားတာထက် ပိုမိုရှုပ်ထွေးပါတယ်။ လုပ်မိနေကျမှားယွင်းတဲ့အကျင့်လေးတွေက သင့်ရဲ့ သွားတွေကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။နာမည်ကြီးသွားဆရာဝန် Dr.Michael Tam ကို Dailymail အဖွဲ ့က တွေ ့ဆုံပြီး လူတွေ သတိမထားမိတဲ့ အကြီးမားဆုံးအမှားတွေကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
၁။ ပလုတ်ကျင်းခြင်းသွားတိုက်ပြီး ပလုတ်ကျင်းရမယ်လို ့လူတော်တော်များများ ထင်နေကြပါတယ်။ ဒီထဲမှာတော့ သွားကျွမ်းကျင်သူပညာရှင်တွေ မပါဝင်ပါဘူး။“ သွားတိုက်ဆေးနဲ ့တိုက်ပြီးပြီးချင်းမှာ ပလုတ်မကျင်းသင့်ဘူးဆိုတာ လူတွေ မသိကြဘူး ထင်ပါတယ်။ ဘာလို ့လည်းဆိုတော့ ပါးစပ်တစ်ဝိုက်ကို သွားတိုက်ဆေးနဲ ့ထိတွေ ့မှုပေးပြီး ပါးစပ်ပတ်ဝန်းကျင်ကို ပြန်လည်ကောင်းမွန် စေဖို ့ပါ”“ ပါးစပ်တွင်းက လေနဲ ့တင် ပလုတ်ကျင်းသလို လုပ်ပြီး ထွေးထုတ်လိုက်ပါ။ ရေနဲ ့တော့ ပြောင်အောင် ပလုတ်မကျင်းလိုက်ပါနဲ ့။ သွားတိုက်တိုက်ပြီးချင်း အနည်းဆုံး မိနစ်သုံးဆယ်လောက် ဖလိုရိုက်ကို သွားပေါ်မှာ ရှိနေစေဖို ့လိုပါတယ်။
၂။ အစာစားပြီးပြီးချင်း သွားမတိုက်ပါနဲ ့လူတွေဟာ မနက်အိပ်ရာထထချင်း သွားတိုက်တတ်ကြပေမယ့်၊ အစာစားပြီးနောက် သွားမတိုက်ခင် မိနစ်သုံးဆယ်လောက် စောင့်ဖို ့လိုပါတယ်။“ အစားအစာနဲ ့အက်ဆစ် ပါဝင်တဲ့ဖျော်ရည်တွေက သွားအပေါ်ယံကြွေသွားကို ပျော့ပြောင်းသွားစေပါတယ်။ ဒါကြောင့်မို ့ပါးစပ်တွင်းက အက်ဆစ်ဓာတ်အ ချိုးအစားကို ပြန်လည်ချိန်ညှိပေးနိုင်ဖို ့အတွက်မိနစ်သုံးဆယ်လောက် စောင့်ပေးဖို ့က အရေးကြီးပါတယ်။”“ ကျွန်တော်တို ့က အမြဲတမ်း အလျင်လိုနေတတ်တာကြောင့် မစောင့်နိုင်ဘူးဆိုရင်လည်း အယ်ကာလိုင်း ပါဝင်တဲ့ နို ့လိုဖျော်ရည်မျိုးတွေ သောက်ပေးသင့်ပါတယ်”
၃။ သွားကို အားနဲ ့ဖိတိုက်ခြင်း“ လူတွေဟာ သွားတိုက်ရာမှာ ဖိပြီး အားကြမ်းကြမ်းနဲ ့တိုက်နေကြပါတယ်။ အားပြင်းပြင်းတိုက်လို ့ပျက်စီးရတဲ့ သွားတွေကို ကျွန်တော်တို ့မကြာခဏတွေ ့နေ ရပါတယ်”“ အမွှေးနုနုပါတဲ့ သွားတိုက်တံကိုပဲ သုံးသင့်ပါတယ်။ အမွှေးနုကြောင့် ပွန်းပဲ့ဒဏ်ကို လျှော့ကျစေပြီး ဖြည်းဖြည်းညှင်းညှင်းပဲ တိုက်သင့်ပါတယ်”
၄။ အနည်းဆုံး ၂ မိနစ်မပြည့်အောင် တိုက်ခြင်းပျှမ်းမျှသွားတိုက်ကြာချိန်က ၂ မိနစ် ဖြည့်ပြီး ဘယ်လိုအကြောင်းနဲ ့မှ ဒီထက် မနည်းသင့်ဘူးလို ့Dr.Tam က ပြောပြပါတယ်။ “ ၂ မိနစ် မပြည့်အောင် မတိုက်ဘူးဆိုရင်တော့ သွားပေါ်မှာ သွားချေးကျောက်အကြွင်း အကျန်တွေနဲ ့အစားအကြွင်းအကျန်တွေ ကျန်နေနိုင်စေပါတယ်။”
၅။ အဆာပြေခဏခဏစားခြင်းတစ်နေ ့လုံး အဆာပြေ ခဏခဏစားနေတာက သွားကျန်းမာရေးကို ဆိုးရွားစေပြီး သွားတိုက်စဉ်မှာလည်း သွားပျက်စီးမှုကို ပိုမိုဖြစ်စေနိုင်ပါတယ်။“ သာမန်အခြေအနေမှာ ပါးစပ်တွင်း pH အခြေအနေမျှတနေပြီး ကျွန်တော်တို ့အဆာပြေ ဖြစ်ဖြစ် အစားအစာတစ်ခုခုစားလိုက်ရင် pH အဆင့်က ကျသွားပါတယ်။ ပါးစပ်တွင်း အက်ဆစ်ဓာတ်ပိုများလာပြီး ကြွေသားနဲ ့ပတ်သက်တဲ့ ပြဿနာတွေအထိ ကြုံတွေ ့နိုင်ပါတယ်”
၆။ သန် ့စင်ထုပ်ပိုးထားတဲ့ ရေသန် ့ဘူးတွေ သောက်သုံးခြင်းဖလိုရိုက်ဒ်က ဘုံပိုင်ကကျတဲ့ရေမှာတင် ပါပါတယ်။ ဒါကြောင့်မို ့လို ့ရေသန် ့ဘူးတွေ သောက်နေတဲ့လူတွေက သဘာဝတရားကပေးထားတဲ့ သွားကာကွယ်မှုဓာတ်ကို စွန် ့ပစ်ထားသလိုပါပဲ။
၇။ သွားရဲ့ရှေ ့ဘက်ကိုသာ တိုက်ခြင်းလူတွေက သွားတောက်ပလှပဖို ့၊ အပြုံးလေးတွေလှဖို ့ဆိုတဲ့ ရည်ရွယ်ချက်နဲ ့ပဲ သွားတိုက်ကြတာများပါတယ်။ ဒါကြောင့် သွားရဲ့နောက်ဘက်ခြမ်းက မကြာခဏ လျစ်လျူရှုခံထားရသလိုဖြစ်နေပါတယ်။ သွားချေတွေက သွားရဲ့နောက်ဘက်မှာလည်း ကပ်နေတာပါ လို ့Dr.Tam က ပြောကြားခဲ့ပါတယ်။
၈။ ရေချိုးနေရင်း သွားတိုက်ခြင်းရေပန်းအောက်မှာ သွားတိုက်တာက အလုပ်နှစ်ခု တစ်ပြိုင်တည်း ပြီးသလို ရှိတယ်လို ့ထင်ရပေမယ့် သွားတိုက်ရာမှာ အာရုံစိုက်မှု လျော့စေနိုင်ပါတယ်။“ ကြည့်မှန်တစ်ချပ်ရှေ ့မှာ သွားတိုက်တာက အကောင်းဆုံးပါပဲ။ ကိုယ် ဘာလုပ်နေလဲ ကိုယ် အာရုံစိုက်မိအောင်လို ့ပါ” လို ့Dr.Tam က ပြောကြားခဲ့ပါတယ်။သွားတိုက်တဲ့နှစ်မိနစ်မှာ နေရာတိုင်းကို သွားတိုက်တံနဲ ့တိုက်နိုင်ဖို ့ကလည်း အရေးကြီး ကြောင်း သူက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။
TrendMyanmar

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...