ျမန္မာအိုင္ေဒါ ဘယ္သူေတြ အျမတ္ထြက္သလဲ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၆ – ျမန္မာအိုင္ေဒါ သီခ်င္းဆိုၿပိဳင္ပြဲမွာ အျမတ္ထြက္တာ ဘယ္သူလဲဆိုတာကို လူေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားေနၾကပါတယ္။
ျမန္မာအိုင္ေဒါပြဲကို လက္ရွိအခ်ိန္မွာ က်င္းပေနတာျဖစ္ၿပီး တစ္ပတ္ၿပီးတစ္ပတ္ လူတစ္ဦးစီ ၿပိဳင္ပြဲကေန ထြက္သြားရတာ ျဖစ္ပါတယ္။ သည္ၿပိဳင္ပြဲကို ပရိသတ္ေတြက votting ေပးၿပီး ေရြးခ်ယ္ၾကတာျဖစ္ ပါတယ္။ မဲေပးတဲ့စနစ္မွာ အင္တာနက္ ေဖ့စ္ဘုတ္ခ္အေကာင့္ကေန တစ္ေကာင့္ကို တစ္မဲသာေပးႏိုင္တာျဖစ္ၿပီး ဖုန္းမက္ ေဆ့ခ်္နဲ႔ဆိုရင္ေတာ့ စိတ္ႀကိဳက္ အကန္႔ အသတ္မရွိ မဲေပးႏိုင္တာျဖစ္ပါတယ္။
သည္လိုမဲေပးတဲ့စနစ္ေတြကို ႀကိဳက္တဲ့သူ၊ လက္ခံတဲ့သူေတြရွိသလို မဲေပးတဲ့ စနစ္က မွားယြင္းၿပီး သေဘာမက်တဲ့သူ ေတြလည္းရွိေနတာျဖစ္ပါတယ္။ လူတစ္ေယာက္ကို အပတ္စဥ္ votting ေပးတာက အနည္းဆံုး က်ပ္ ၂၀ဝ၀ ေက်ာ္ေလာက္ ကေန က်ပ္ ၅၀ဝ၀ ေက်ာ္အထိ ေပးေနတဲ့သူေတြရွိသလို တခ်ိဳ႕ေတြဆိုရင္ ပိုင္ ဆိုင္တာေတြေပါင္ၿပီး votting ေပးတာေတြလည္း ရွိပါတယ္။ သည္လိုေပးတာေတြက ကိုယ္ေပးခ်င္တဲ့သူေတြဆီကို တကယ္ votting ေရာက္မေရာက္ကို လည္း မသိႏိုင္တာေၾကာင့္ သည္လို votting စနစ္ေၾကာင့္ ကိုယ္အားေပးတဲ့သူ တကယ္မရဘဲ ၾကားထဲက အျမတ္ထြက္ တဲ့သူေတြရွိလားဆိုတာကို အဓိက စိတ္ ဝင္စားေနၾကတာ ျဖစ္ပါတယ္။
‘တစ္ခုကေတာ့ မဲေပးတဲ့စနစ္ကို မႀကိဳက္တာေတာ့ အမွန္ပဲ၊ အမ္ပီတီ က ဖုန္းမက္ေဆ့ခ်္နဲ႔ ေပးလို႔ သူကေတာ့ ဖုန္း ေဘေတြမ်ားမ်ားရတာဆိုေတာ့ သူကလဲ ၾကားထဲက အျမတ္ရတယ္၊ တျခားေအာ္ပေရတာကေနလဲ ေဖ့စ္ဘုတ္ခ္ေတြ သံုးတာဆိုေတာ့ သူတို႔ေတြလဲ အျမတ္ထြက္တယ္၊ ၾကားထဲကေန ေအာ္ပေရတာေတြကေတာ့ အဓိက အျမတ္ထြက္တာေပါ့၊ က်န္တဲ့သူေတြကေတာ့ လူမုန္းမယ္၊ ခ်စ္ မယ္ ဒီေလာက္ပဲ၊ ေငြေၾကးပိုင္းေတြကေတာ့ ေအာ္ပေရတာေတြပဲ အျမတ္ထြက္တယ္” လို႔ ပရိသတ္တစ္ဦးျဖစ္တဲ့ မအိျဖဴ ေသာ္က ေျပာပါတယ္။
သည္ၿပိဳင္ပြဲကို အမ္ပီတီက မိန္းစပြန္ဆာေပးထားတာျဖစ္တယ္လို႔ သိရပါတယ္။ Votting ေပးမယ္ဆိုရင္လည္း အမ္ပီတီ ဖုန္းတစ္မ်ိဳးတည္းနဲ႔သာ ေပးလို႔ ရတာျဖစ္ပါတယ္။ ျမန္မာ အိုင္ေဒါ ၿပိဳင္ပြကို အပတ္စဥ္ ၾကာသပေတးေန႔နဲ႔ ေသာၾကာေန႔ေတြမွာ သီဆိုယွဥ္ၿပိဳင္ၾကတာျဖစ္ၿပီး votting ေပးတာေတြကိုေတာ့ ယွဥ္ၿပိဳင္တဲ့ ေန႔ည ၁၁းဝ၀ နာရီကေန စၿပီး ေနာက္ေန႔ညေန ၆းဝ၀ နာရီအထိ ေပးလို႔ရ တာျဖစ္ပါတယ္။ သည္ၿပိဳင္ပြဲကိုေတာ့ ဇန္နဝါရီ ၂၃ ရက္ေန႔ ကစတင္ၿပီး top ၁၀ ဦးနဲ႔ ျပဳလုပ္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

မဲေပးတဲ့အခါမွာ

သည္ၿပိဳင္ပြဲမွာ ၿပိဳင္ပြဲဝင္ေနတဲ့သူေတြကို ႀကိဳက္တဲ့သူေတြလည္း အမ်ားအျပား ရွိေနတာျဖစ္ပါတယ္။ ၾကည့္တဲ့သူေတြ ကတကယ္သေဘာက်လို႔ အားေပးတာ ေတြ၊ မဲေပးတာေတြ ရွိေနတာ ျဖစ္ပါတယ္။ ေဒသစြန္၊ ၿမိဳ႕နယ္စြန္တြေၾကာင့္ မဲေပးေနတာေတြလည္း ရွိပါတယ္။ သနားတဲ့စိတ္နဲ႔ ေပးၾကတာေတြရွိသလို တကယ္ေကာင္းတဲ့ သူေတြကို မဲမေပးတာေတြလည္း ရွိပါတယ္။ ဒိုင္ေတြကေတာ့ တကယ္ေကာင္းတဲ့သူေတြကို မဲေပးေစခ်င္ေၾကာင္း ေျပာၾကတယ္။ မဲေပးနည္းသြားတာေတြ၊ ပရိသတ္နည္း တာေတြေၾကာင့္  တကယ္ေကာင္းတဲ့သူေတြ ျပဳတ္သြားခဲ့တာေတြလည္း ရွိပါ တယ္။ ဒိုင္ေတြအေနနဲ႔ က ပရိသတ္ေပးတဲ့ မဲေတြအေပၚမွာ ဝင္ေရာက္ေျပာၾကားတာေတြ မရွိေပမဲ့ေကာင္းတဲ့သူေတြကိုပဲ မဲေပး ေစခ်င္ေၾကာင္း ကိုေတာ့ အၿမဲ တမ္းေျပာတာ ေတြ႕ရပါတယ္။
‘အစက ေတာ့ ပိုးမီကို အားေပးတာပါ၊ ေနာက္ပိုင္း ဦးသိန္းတန္ကို အျမင္ကတ္လို႔ ရဲေနာင္ကို အခုေနာက္ပိုင္း vote ေပး ျဖစ္ပါတယ္၊ မတရားႏွိမ္ၿပီး ႏွိပ္ကြပ္တဲ့ သူမ်ားလို႔ပါ၊ ရဲေနာင္ရသြားရင္လဲ ကိုယ္နဲ႔ေတာ့ မဆိုင္ပါဘူး၊ ရဲေနာင္ကိုေတာ့ ဒီထက္ပိုေကာင္း ေစခ်င္တယ္၊ အၿမဲအားငယ္ၿပီး ေနာက္မွာ ေနတာကို မျမင္ေစခ်င္ဘူး၊ သူလုပ္ေနတဲ့ အလုပ္ကို အဆံုးအထိအေကာင္းဆံုးၿပီး ဆံုးတဲ့အထိ လုပ္ေစခ်င္လို႔ အခုေနာက္ပိုင္းမွာ သူ႕ကို မဲေပးျဖစ္တာပါ၊ ၿမိဳ႕နယ္စြဲ၊ေဒသစြဲေတြေၾကာင့္မဟုတ္ဘဲ သက္သက္ႀကိဳးစားေစခ်င္လို႔ မဲေပးျဖစ္တာပါ” လို႔ ပရိသတ္တစ္ဦးျဖစ္တဲ့ မျမတ္မြန္မြန္ရည္က ေျပာပါတယ္။
ဒိုင္ေတြက ပရိသတ္ေတြကို vote ေပးတဲ့စနစ္ေတြကို အၿမဲတမ္းေျပာေနတာ ေၾကာင့္ ပရိသတ္အခ်ိဳ႕က မေက်နပ္ၾကပါဘူး။ ကိုယ္ႀကိဳက္တဲ့သူကို မဲေပးတာေတြကို လိုက္ၿပီးေျပာေနတာေၾကာင့္ ပိုပို ၿပီးမဲေပးျဖစ္ေနတာျဖစ္တယ္လို႔ သိရပါတယ္။ ႀကိဳးစားေနတဲ့ သူတစ္ေယာက္ကို စိတ္ဓာတ္မက်သြားေအာင္ ဝိုင္းမဲေပးေန တာျဖစ္ၿပီး ဒိုင္ေတြကို မေက်နပ္တာေၾကာင့္ ဒိုင္ေတြ သေဘာမက်တဲ့သူေတြကို အမ်ားဆံုးဝိုင္းၿပီး မဲေပးေနတာျဖစ္ပါတယ္။ဒါေပမဲ့လည္း တကယ္ေကာင္းတဲ့သူကိုသာ မဲေပးရင္ အေကာင္းဆံုးျဖစ္ႏိုင္ၿပီး သီဆိုတာမေကာင္းတဲ့သူေတြကို မဲမ်ားမ်ားေပးၿပီး winner ရသြားရင္ ေနာက္ပိုင္းမွာ ေအာင္ျမင္လာႏိုင္မွာ မဟုတ္ပါဘူး။
‘တစ္ေယာက္ထြက္တိုင္း ရဲေနာင္ ေၾကာင့္လို႔ စြပ္စြဲၾကတဲ့သူေတြက မ်ားတယ္၊ အမ္ပီတီက မဲေပးတဲ့စနစ္ေတြကို စီးပြားေရးဆန္ဆန္လုပ္ထားတယ္၊ မေက်နပ္တာေတြ၊ အမ္ပီတီ ႐ံုးကို သြားေျပာၿပီး အဲဒီလိုလုပ္တာ မႀကိဳက္ဘူးေတြ ဘာေတြ ေျပာလိုက္လို႔ရတယ္၊ အားလံုးကေတာ့ ရဲေနာင္ေၾကာင့္ မဟုတ္ဘူး၊ သူလဲေကာင္းလို႔ ဒိုင္ေတြကိုယ္တိုင္ေရြးထားတာ၊ ပရိသတ္ေတြကလဲ သူတို႔ႀကိဳက္တာကို မဲေပး ပိုင္ခြင့္ရွိတယ္၊ အဲဒီေပၚမွာလဲ ေဝဖန္ပိုင္ ခြင့္မရွိဘူး”လို႔ ပရိသတ္တစ္ဦးျဖစ္တဲ့ မလမင္းက ေျပာပါတယ္။
တစ္ခါတစ္ရံမွာေတာ့ ကိုယ္ေပးခ်င္တဲ့သူေတြကို မဲေပးလို႔ မရတာေတြကို ၾကံဳ ေတြ႕ေနရတာေတြလည္း ရွိပါတယ္။ သည္လိုမ်ိဳးျဖစ္တာေတြအတြက္ စပြန္ဆာေပးထားတဲ့ အမ္ပီတီဘက္ကလည္း ထုတ္ျပန္ေပးတာေတြမရွိဘူးလို႔ သိရပါတယ္။ သည္လိုမ်ိဳးေတြ ျဖစ္ေနတာေၾကာင့္ ကိုယ္ ႀကိဳက္တဲ့သူေတြကို မဲမေပးႏိုင္တာေတြရွိေနပါတယ္။ votting ေပးတာ အဆင္ေျပ တာေၾကာင့္ ထပ္ခါထပ္ခါေပးေနရတာ ေၾကာင့္ တစ္ေစာင္ကို ၁၀ က်ပ္ သတ္မွတ္ထားေပမဲ့ ပိုၿပီးကုန္က်ေနတာ ျဖစ္တယ္ လို႔ သိရပါတယ္။

ယွဥ္ၿပိဳင္သူေတြ ရလိုက္တာ

သည္ၿပိဳင္ပြဲမွာ အဓိက အျမတ္ထြက္ သြားတာကေတာ့ေအာ္ပေရတာေတြ ျဖစ္ၿပီး အမ္ပီတီက အမ်ားဆံုးအျမတ္ထြက္တာ ျဖစ္ပါတယ္။ ပါဝင္ယွဥ္ၿပိဳင္သူေတြက လူမုန္းခံရတာလည္း ရွိပါတယ္။ ျပဳတ္သြားတဲ့ သူေတြကို အားေပးေနတဲ့သူေတြနဲ႔ က်န္ေနတဲ့သူေတြကို အားေပးေနတဲ့သူေတြၾကားမွာ ပဋိပကၡေတြ မ်ားလာတာေတြလည္း ရွိတတ္ပါတယ္။ ကိုယ္အားမေပးတဲ့ သူေတြ က်န္ခဲ့တာအတြက္ကို သေဘာမက်တဲ့သူေတြ ရွိေနတာျဖစ္ၿပီး က်န္ခဲ့တဲ့သူေတြကို မေကာင္းေျပာတာေတြ၊ ပုတ္ ခတ္တာေတြ ရွိလာတယ္လို႔ သိရပါတယ္။
‘အမွန္ေတာ့ ဒီတစ္ေခါက္ ၿပိဳင္ပြဲက အခ်င္းခ်င္းရန္တိုက္တဲ့ပြဲျဖစ္ေနတာ၊ ဒိုင္ေတြက တစ္ေယာက္ကို ဝိုင္းဖိေျပာတယ္၊ အဲဒီမွာ လူမုန္းမ်ားလာၿပီး အရည္ခ်င္းမရွိဘဲ Votting အားကိုးနဲ႔ တက္လာတာေတြဆိုၿပီး စကားေတြထြက္လာတယ္၊ တကယ္တမ္းၿပိဳင္တဲ့သူေတြရေတာ့ ပရိသတ္ေတြရဲ႕ အမုန္းေတြ အျမင္ကတ္တာ ေတြပဲရခဲ့တာ၊ ေအာ္ သူက ငါးေယာက္မွာ ပါပါလား၊ ဘယ္သူကေတာ့ ေကာင္းရဲ႕သားနဲ႔ ျပဳတ္တယ္၊ ဘယ္သူကေတာ့ မေကာင္းဘဲပါတယ္၊ မဲမေပးနဲ႔ သူျပဳတ္တာေကာင္းတယ္တို႔၊ အဲဒီလိုစကားေတြ ထြက္လာတယ္၊ သူငယ္ခ်င္းေတြအခ်င္း ခ်င္းလဲ သူတို႔မႀကိဳက္တဲ့သူေတြကို vote ေပးလို႔ ဘေလာ့ခ္သြားတာေတြလည္းရွိတယ္၊ အဲဒီေလာက္ေတာင္ အမုန္းခံေနရ တာ” လို႔ ပရိသတ္တစ္ဦးျဖစ္တဲ့ မေအးျမျမေအာင္က ေျပာပါတယ္။
သူငယ္ခ်င္းေတြအခ်င္းခ်င္းမွာလည္း မႀကိဳက္တဲ့သူေတြကို မဲေပးေနတာ ေၾကာင့္ ဘေလာ့ခ္တာေတြ black list သြင္းတာေတြကို လုပ္လာၾကတာေတြကိုလည္း ေတြ႕ရပါတယ္။ သည္ၿပိဳင္ပြဲေၾကာင့္ သူငယ္ခ်င္းအခ်င္းခ်င္းခင္မင္မႈ ေတြ ပ်က္သြားတာေတြရွိလာပါတယ္။ ဒါေတြအျပင္ သီဆိုသူေတြကိုပါ ပရိသတ္ေတြက မုန္းတီးလာတာေတြပါ ျဖစ္လာတယ္လို႔ သိရပါတယ္။
ကြာျခားခ်က္ေတြ

အရင္တုန္းက ၿပိဳင္ပြဲေတြကေတာ့ မဲေပးတဲ့စနစ္မွာ စိတ္ႀကိဳက္ ဆင္းမ္ကတ္ေတြနဲ႔ မဲေပးခြင့္ရွိပါတယ္။ အခုၿပိဳင္ပြဲမွာေတာ့ အမ္ပီတီတစ္ခုတည္းနဲ႔သာ မဲေပးႏိုင္တာေၾကာင့္ သည္ေနရာမွာတင္ ကြာျခားခ်က္ေတာ္ေတာ္ရွိေနတာျဖစ္ပါတယ္။ အရင္ႏွစ္တုန္းက ၿပိဳင္ပြဲဝင္ေတြကို အား ေပးတဲ့သူေတြကလည္း တကယ္ေကာင္းတဲ့သူေတြကိုသာ ေပးတာျဖစ္ၿပီး အခုပြဲမွာေလာက္ ပဋိပကၡေတြ မရွိခဲ့ဘူးလို႔ သိရပါတယ္။ အရင္ႏွစ္တုန္းကေတာ့ တစ္ႀကိမ္ ေဆ့ဖ္လုပ္ခြင့္ရွိတာျဖစ္ၿပီး ပန္တင္း white card ကိုလဲ တစ္ႀကိမ္သံုးခြင့္ရွိခဲ့တာျဖစ္ပါ တယ္။ အခုၿပိဳင္ပြဲမွာေတာ့ ပြဲစဥ္တစ္ေလွ်ာက္လံုးမွာ တစ္ႀကိမ္သာ save လုပ္ခြင့္ရွိတာျဖစ္ပါတယ္။
“အရင္ပြဲတုန္းက တစ္ႀကိမ္ပဲ ျဖစ္ လိုက္တယ္၊ ေဇာ္မင္းဦးျပဳတ္ၿပီး ဆိုဖီယာ ေဆ့ဖ္ျဖစ္သြားေတာ့ ဒိုင္ေတြနဲ႔ ျဖစ္တာေပါ့၊ အခုတစ္ေခါက္ကက်ေတာ့ တစ္ႀကိမ္ပဲသံုးခြင့္ရွိတယ္၊ ၿပီးေတာ့ သံုးလိုက္ၿပီးၿပီ ဆိုေတာ့ ေကာင္းတဲ့သူေတြ ျပဳတ္ဖို႔ပဲရွိေန ေတာ့တယ္၊ အရင္ပြဲတုန္းကေတာ့ ေကာင္းတဲ့သူရတယ္၊ ေက်နပ္ၾကတယ္၊ အခုပြဲေတာ့ စလုပ္ကတည္းက မေက်နပ္တာေတြမ်ားတယ္ဆိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ၊ အရင္ပြဲနဲ႔ အခုပြဲ ေတာ္ေတာ္ကြာ ျခားသြားပါတယ္”လို႔ မေအးျမျမေအာင္က ေျပာပါတယ္။
အရင္ၿပိဳင္ပြဲတုန္းကေတာ့ ေစာလားေထာ္ဝါးရခဲ့တာကို အကုန္လံုးက လက္ခံသေဘာတူခဲ့ၾကတယ္။ ဆိုဖီယာ ေဆ့ဖ္ ျဖစ္ခဲ့တာကိုေတာ့ မေက်နပ္တာမ်ားတယ္လို႔ သိရပါတယ္။ အခုၿပိဳင္ပြဲမွာေတာ့ ရဲေနာင္ votting အမ်ားဆံုးရေနတာကိုပဲ မေက်နပ္တာေတြ မ်ားျပားေနတာျဖစ္တယ္လို႔ သိရပါတယ္။ အခုၿပိဳင္ပြဲနဲ႔ အရင္ ၿပိဳင္ပြဲျခားနားခ်က္ကေတာ့ အရင္ပြဲက်ေတာ့ သိန္း ၂၀ဝ ဆုေၾကးေပးတာျဖစ္ၿပီး အခုၿပိဳင္ပြဲမွာ ကားတစ္စီးနဲ႔ ဆုေၾကးေငြပါ ပါေပးမွာျဖစ္တယ္လို႔ သိရပါတယ္။ ၿပိဳင္ပြဲႏွစ္ခုၾကားမွာ ၾကားနားခ်က္ေတြကေတာ့ အမ်ားျပားရွိေနၿပီး ပထမပြဲထက္ပိုၿပီး အခု ပြဲကို လူေတြပိုၿပီး စိတ္ဝင္စားလာၾကတာ ျဖစ္ပါတယ္။
သည္အခုတစ္ေခါက္ ျပဳလုပ္တဲ့ၿပိဳင္ပြဲမွာ အမ္ပီတီက ႏွစ္ေပါက္တစ္ေပါက္ ႐ိုက္ၿပီးလုပ္စားသြားတာလို႔ လူအမ်ားစုက ျမင္ေနၾကပါတယ္။ အဓိက ၿပိဳင္ပြဲဝင္ေတြကေတာ့ အမ္ပီတီရဲ႕ vote ေပးတဲ့ စနစ္ေၾကာင့္ အခ်င္းခ်င္းမလိုမုန္းထားမႈ ေတြ မ်ားလာတာျဖစ္ပါတယ္။ သည္ၿပိဳင္ပြဲမွာေတာ့ အမ်ားဆံုးအျမတ္ထြက္သြားတာေတာ့ အမ္ပီတီက ျဖစ္ၿပီး လူအမုန္းခံရဆံုးကေတာ့ဒိုင္ေတြနဲ႔ Votting အမ်ား ဆံုးရေနတဲ့ သူက လူမုန္းတာပဲ အဖတ္ တင္တယ္လို႔ ဆိုပါတယ္။
Author  လိမၼာ၊ မိပံု႔
photo – Myanmar Idol Facebook Page

http://www.kumudranews.com
 ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ – မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ အမြတ်ထွက်တာ ဘယ်သူလဲဆိုတာကို လူတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။
မြန်မာအိုင်ဒေါပွဲကို လက်ရှိအချိန်မှာ ကျင်းပနေတာဖြစ်ပြီး တစ်ပတ်ပြီးတစ်ပတ် လူတစ်ဦးစီ ပြိုင်ပွဲကနေ ထွက်သွားရတာ ဖြစ်ပါတယ်။ သည်ပြိုင်ပွဲကို ပရိသတ်တွေက votting ပေးပြီး ရွေးချယ်ကြတာဖြစ် ပါတယ်။ မဲပေးတဲ့စနစ်မှာ အင်တာနက် ဖေ့စ်ဘုတ်ခ်အကောင့်ကနေ တစ်ကောင့်ကို တစ်မဲသာပေးနိုင်တာဖြစ်ပြီး ဖုန်းမက် ဆေ့ချ်နဲ့ဆိုရင်တော့ စိတ်ကြိုက် အကန့် အသတ်မရှိ မဲပေးနိုင်တာဖြစ်ပါတယ်။
သည်လိုမဲပေးတဲ့စနစ်တွေကို ကြိုက်တဲ့သူ၊ လက်ခံတဲ့သူတွေရှိသလို မဲပေးတဲ့ စနစ်က မှားယွင်းပြီး သဘောမကျတဲ့သူ တွေလည်းရှိနေတာဖြစ်ပါတယ်။ လူတစ်ယောက်ကို အပတ်စဉ် votting ပေးတာက အနည်းဆုံး ကျပ် ၂ဝဝဝ ကျော်လောက် ကနေ ကျပ် ၅ဝဝဝ ကျော်အထိ ပေးနေတဲ့သူတွေရှိသလို တချို့တွေဆိုရင် ပိုင် ဆိုင်တာတွေပေါင်ပြီး votting ပေးတာတွေလည်း ရှိပါတယ်။ သည်လိုပေးတာတွေက ကိုယ်ပေးချင်တဲ့သူတွေဆီကို တကယ် votting ရောက်မရောက်ကို လည်း မသိနိုင်တာကြောင့် သည်လို votting စနစ်ကြောင့် ကိုယ်အားပေးတဲ့သူ တကယ်မရဘဲ ကြားထဲက အမြတ်ထွက် တဲ့သူတွေရှိလားဆိုတာကို အဓိက စိတ် ဝင်စားနေကြတာ ဖြစ်ပါတယ်။
‘တစ်ခုကတော့ မဲပေးတဲ့စနစ်ကို မကြိုက်တာတော့ အမှန်ပဲ၊ အမ်ပီတီ က ဖုန်းမက်ဆေ့ချ်နဲ့ ပေးလို့ သူကတော့ ဖုန်း ဘေတွေများများရတာဆိုတော့ သူကလဲ ကြားထဲက အမြတ်ရတယ်၊ တခြားအော်ပရေတာကနေလဲ ဖေ့စ်ဘုတ်ခ်တွေ သုံးတာဆိုတော့ သူတို့တွေလဲ အမြတ်ထွက်တယ်၊ ကြားထဲကနေ အော်ပရေတာတွေကတော့ အဓိက အမြတ်ထွက်တာပေါ့၊ ကျန်တဲ့သူတွေကတော့ လူမုန်းမယ်၊ ချစ် မယ် ဒီလောက်ပဲ၊ ငွေကြေးပိုင်းတွေကတော့ အော်ပရေတာတွေပဲ အမြတ်ထွက်တယ်” လို့ ပရိသတ်တစ်ဦးဖြစ်တဲ့ မအိဖြူ သော်က ပြောပါတယ်။
သည်ပြိုင်ပွဲကို အမ်ပီတီက မိန်းစပွန်ဆာပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ Votting ပေးမယ်ဆိုရင်လည်း အမ်ပီတီ ဖုန်းတစ်မျိုးတည်းနဲ့သာ ပေးလို့ ရတာဖြစ်ပါတယ်။ မြန်မာ အိုင်ဒေါ ပြိုင်ပွကို အပတ်စဉ် ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ သီဆိုယှဉ်ပြိုင်ကြတာဖြစ်ပြီး votting ပေးတာတွေကိုတော့ ယှဉ်ပြိုင်တဲ့ နေ့ည ၁၁းဝဝ နာရီကနေ စပြီး နောက်နေ့ညနေ ၆းဝဝ နာရီအထိ ပေးလို့ရ တာဖြစ်ပါတယ်။ သည်ပြိုင်ပွဲကိုတော့ ဇန်နဝါရီ ၂၃ ရက်နေ့ ကစတင်ပြီး top ၁၀ ဦးနဲ့ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မဲပေးတဲ့အခါမှာ

သည်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်နေတဲ့သူတွေကို ကြိုက်တဲ့သူတွေလည်း အများအပြား ရှိနေတာဖြစ်ပါတယ်။ ကြည့်တဲ့သူတွေ ကတကယ်သဘောကျလို့ အားပေးတာ တွေ၊ မဲပေးတာတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒေသစွန်၊ မြို့နယ်စွန်တွကြောင့် မဲပေးနေတာတွေလည်း ရှိပါတယ်။ သနားတဲ့စိတ်နဲ့ ပေးကြတာတွေရှိသလို တကယ်ကောင်းတဲ့ သူတွေကို မဲမပေးတာတွေလည်း ရှိပါတယ်။ ဒိုင်တွေကတော့ တကယ်ကောင်းတဲ့သူတွေကို မဲပေးစေချင်ကြောင်း ပြောကြတယ်။ မဲပေးနည်းသွားတာတွေ၊ ပရိသတ်နည်း တာတွေကြောင့်  တကယ်ကောင်းတဲ့သူတွေ ပြုတ်သွားခဲ့တာတွေလည်း ရှိပါ တယ်။ ဒိုင်တွေအနေနဲ့ က ပရိသတ်ပေးတဲ့ မဲတွေအပေါ်မှာ ဝင်ရောက်ပြောကြားတာတွေ မရှိပေမဲ့ကောင်းတဲ့သူတွေကိုပဲ မဲပေး စေချင်ကြောင်း ကိုတော့ အမြဲ တမ်းပြောတာ တွေ့ရပါတယ်။
‘အစက တော့ ပိုးမီကို အားပေးတာပါ၊ နောက်ပိုင်း ဦးသိန်းတန်ကို အမြင်ကတ်လို့ ရဲနောင်ကို အခုနောက်ပိုင်း vote ပေး ဖြစ်ပါတယ်၊ မတရားနှိမ်ပြီး နှိပ်ကွပ်တဲ့ သူများလို့ပါ၊ ရဲနောင်ရသွားရင်လဲ ကိုယ်နဲ့တော့ မဆိုင်ပါဘူး၊ ရဲနောင်ကိုတော့ ဒီထက်ပိုကောင်း စေချင်တယ်၊ အမြဲအားငယ်ပြီး နောက်မှာ နေတာကို မမြင်စေချင်ဘူး၊ သူလုပ်နေတဲ့ အလုပ်ကို အဆုံးအထိအကောင်းဆုံးပြီး ဆုံးတဲ့အထိ လုပ်စေချင်လို့ အခုနောက်ပိုင်းမှာ သူ့ကို မဲပေးဖြစ်တာပါ၊ မြို့နယ်စွဲ၊ဒေသစွဲတွေကြောင့်မဟုတ်ဘဲ သက်သက်ကြိုးစားစေချင်လို့ မဲပေးဖြစ်တာပါ” လို့ ပရိသတ်တစ်ဦးဖြစ်တဲ့ မမြတ်မွန်မွန်ရည်က ပြောပါတယ်။
ဒိုင်တွေက ပရိသတ်တွေကို vote ပေးတဲ့စနစ်တွေကို အမြဲတမ်းပြောနေတာ ကြောင့် ပရိသတ်အချို့က မကျေနပ်ကြပါဘူး။ ကိုယ်ကြိုက်တဲ့သူကို မဲပေးတာတွေကို လိုက်ပြီးပြောနေတာကြောင့် ပိုပို ပြီးမဲပေးဖြစ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ကြိုးစားနေတဲ့ သူတစ်ယောက်ကို စိတ်ဓာတ်မကျသွားအောင် ဝိုင်းမဲပေးနေ တာဖြစ်ပြီး ဒိုင်တွေကို မကျေနပ်တာကြောင့် ဒိုင်တွေ သဘောမကျတဲ့သူတွေကို အများဆုံးဝိုင်းပြီး မဲပေးနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်း တကယ်ကောင်းတဲ့သူကိုသာ မဲပေးရင် အကောင်းဆုံးဖြစ်နိုင်ပြီး သီဆိုတာမကောင်းတဲ့သူတွေကို မဲများများပေးပြီး winner ရသွားရင် နောက်ပိုင်းမှာ အောင်မြင်လာနိုင်မှာ မဟုတ်ပါဘူး။
‘တစ်ယောက်ထွက်တိုင်း ရဲနောင် ကြောင့်လို့ စွပ်စွဲကြတဲ့သူတွေက များတယ်၊ အမ်ပီတီက မဲပေးတဲ့စနစ်တွေကို စီးပွားရေးဆန်ဆန်လုပ်ထားတယ်၊ မကျေနပ်တာတွေ၊ အမ်ပီတီ ရုံးကို သွားပြောပြီး အဲဒီလိုလုပ်တာ မကြိုက်ဘူးတွေ ဘာတွေ ပြောလိုက်လို့ရတယ်၊ အားလုံးကတော့ ရဲနောင်ကြောင့် မဟုတ်ဘူး၊ သူလဲကောင်းလို့ ဒိုင်တွေကိုယ်တိုင်ရွေးထားတာ၊ ပရိသတ်တွေကလဲ သူတို့ကြိုက်တာကို မဲပေး ပိုင်ခွင့်ရှိတယ်၊ အဲဒီပေါ်မှာလဲ ဝေဖန်ပိုင် ခွင့်မရှိဘူး”လို့ ပရိသတ်တစ်ဦးဖြစ်တဲ့ မလမင်းက ပြောပါတယ်။
တစ်ခါတစ်ရံမှာတော့ ကိုယ်ပေးချင်တဲ့သူတွေကို မဲပေးလို့ မရတာတွေကို ကြုံ တွေ့နေရတာတွေလည်း ရှိပါတယ်။ သည်လိုမျိုးဖြစ်တာတွေအတွက် စပွန်ဆာပေးထားတဲ့ အမ်ပီတီဘက်ကလည်း ထုတ်ပြန်ပေးတာတွေမရှိဘူးလို့ သိရပါတယ်။ သည်လိုမျိုးတွေ ဖြစ်နေတာကြောင့် ကိုယ် ကြိုက်တဲ့သူတွေကို မဲမပေးနိုင်တာတွေရှိနေပါတယ်။ votting ပေးတာ အဆင်ပြေ တာကြောင့် ထပ်ခါထပ်ခါပေးနေရတာ ကြောင့် တစ်စောင်ကို ၁၀ ကျပ် သတ်မှတ်ထားပေမဲ့ ပိုပြီးကုန်ကျနေတာ ဖြစ်တယ် လို့ သိရပါတယ်။

ယှဉ်ပြိုင်သူတွေ ရလိုက်တာ

သည်ပြိုင်ပွဲမှာ အဓိက အမြတ်ထွက် သွားတာကတော့အော်ပရေတာတွေ ဖြစ်ပြီး အမ်ပီတီက အများဆုံးအမြတ်ထွက်တာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်သူတွေက လူမုန်းခံရတာလည်း ရှိပါတယ်။ ပြုတ်သွားတဲ့ သူတွေကို အားပေးနေတဲ့သူတွေနဲ့ ကျန်နေတဲ့သူတွေကို အားပေးနေတဲ့သူတွေကြားမှာ ပဋိပက္ခတွေ များလာတာတွေလည်း ရှိတတ်ပါတယ်။ ကိုယ်အားမပေးတဲ့ သူတွေ ကျန်ခဲ့တာအတွက်ကို သဘောမကျတဲ့သူတွေ ရှိနေတာဖြစ်ပြီး ကျန်ခဲ့တဲ့သူတွေကို မကောင်းပြောတာတွေ၊ ပုတ် ခတ်တာတွေ ရှိလာတယ်လို့ သိရပါတယ်။
‘အမှန်တော့ ဒီတစ်ခေါက် ပြိုင်ပွဲက အချင်းချင်းရန်တိုက်တဲ့ပွဲဖြစ်နေတာ၊ ဒိုင်တွေက တစ်ယောက်ကို ဝိုင်းဖိပြောတယ်၊ အဲဒီမှာ လူမုန်းများလာပြီး အရည်ချင်းမရှိဘဲ Votting အားကိုးနဲ့ တက်လာတာတွေဆိုပြီး စကားတွေထွက်လာတယ်၊ တကယ်တမ်းပြိုင်တဲ့သူတွေရတော့ ပရိသတ်တွေရဲ့ အမုန်းတွေ အမြင်ကတ်တာ တွေပဲရခဲ့တာ၊ အော် သူက ငါးယောက်မှာ ပါပါလား၊ ဘယ်သူကတော့ ကောင်းရဲ့သားနဲ့ ပြုတ်တယ်၊ ဘယ်သူကတော့ မကောင်းဘဲပါတယ်၊ မဲမပေးနဲ့ သူပြုတ်တာကောင်းတယ်တို့၊ အဲဒီလိုစကားတွေ ထွက်လာတယ်၊ သူငယ်ချင်းတွေအချင်း ချင်းလဲ သူတို့မကြိုက်တဲ့သူတွေကို vote ပေးလို့ ဘလော့ခ်သွားတာတွေလည်းရှိတယ်၊ အဲဒီလောက်တောင် အမုန်းခံနေရ တာ” လို့ ပရိသတ်တစ်ဦးဖြစ်တဲ့ မအေးမြမြအောင်က ပြောပါတယ်။
သူငယ်ချင်းတွေအချင်းချင်းမှာလည်း မကြိုက်တဲ့သူတွေကို မဲပေးနေတာ ကြောင့် ဘလော့ခ်တာတွေ black list သွင်းတာတွေကို လုပ်လာကြတာတွေကိုလည်း တွေ့ရပါတယ်။ သည်ပြိုင်ပွဲကြောင့် သူငယ်ချင်းအချင်းချင်းခင်မင်မှု တွေ ပျက်သွားတာတွေရှိလာပါတယ်။ ဒါတွေအပြင် သီဆိုသူတွေကိုပါ ပရိသတ်တွေက မုန်းတီးလာတာတွေပါ ဖြစ်လာတယ်လို့ သိရပါတယ်။
ကွာခြားချက်တွေ

အရင်တုန်းက ပြိုင်ပွဲတွေကတော့ မဲပေးတဲ့စနစ်မှာ စိတ်ကြိုက် ဆင်းမ်ကတ်တွေနဲ့ မဲပေးခွင့်ရှိပါတယ်။ အခုပြိုင်ပွဲမှာတော့ အမ်ပီတီတစ်ခုတည်းနဲ့သာ မဲပေးနိုင်တာကြောင့် သည်နေရာမှာတင် ကွာခြားချက်တော်တော်ရှိနေတာဖြစ်ပါတယ်။ အရင်နှစ်တုန်းက ပြိုင်ပွဲဝင်တွေကို အား ပေးတဲ့သူတွေကလည်း တကယ်ကောင်းတဲ့သူတွေကိုသာ ပေးတာဖြစ်ပြီး အခုပွဲမှာလောက် ပဋိပက္ခတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။ အရင်နှစ်တုန်းကတော့ တစ်ကြိမ် ဆေ့ဖ်လုပ်ခွင့်ရှိတာဖြစ်ပြီး ပန်တင်း white card ကိုလဲ တစ်ကြိမ်သုံးခွင့်ရှိခဲ့တာဖြစ်ပါ တယ်။ အခုပြိုင်ပွဲမှာတော့ ပွဲစဉ်တစ်လျှောက်လုံးမှာ တစ်ကြိမ်သာ save လုပ်ခွင့်ရှိတာဖြစ်ပါတယ်။
“အရင်ပွဲတုန်းက တစ်ကြိမ်ပဲ ဖြစ် လိုက်တယ်၊ ဇော်မင်းဦးပြုတ်ပြီး ဆိုဖီယာ ဆေ့ဖ်ဖြစ်သွားတော့ ဒိုင်တွေနဲ့ ဖြစ်တာပေါ့၊ အခုတစ်ခေါက်ကကျတော့ တစ်ကြိမ်ပဲသုံးခွင့်ရှိတယ်၊ ပြီးတော့ သုံးလိုက်ပြီးပြီ ဆိုတော့ ကောင်းတဲ့သူတွေ ပြုတ်ဖို့ပဲရှိနေ တော့တယ်၊ အရင်ပွဲတုန်းကတော့ ကောင်းတဲ့သူရတယ်၊ ကျေနပ်ကြတယ်၊ အခုပွဲတော့ စလုပ်ကတည်းက မကျေနပ်တာတွေများတယ်ဆိုတော့ စောင့်ကြည့်ရဦးမှာပါ၊ အရင်ပွဲနဲ့ အခုပွဲ တော်တော်ကွာ ခြားသွားပါတယ်”လို့ မအေးမြမြအောင်က ပြောပါတယ်။
အရင်ပြိုင်ပွဲတုန်းကတော့ စောလားထော်ဝါးရခဲ့တာကို အကုန်လုံးက လက်ခံသဘောတူခဲ့ကြတယ်။ ဆိုဖီယာ ဆေ့ဖ် ဖြစ်ခဲ့တာကိုတော့ မကျေနပ်တာများတယ်လို့ သိရပါတယ်။ အခုပြိုင်ပွဲမှာတော့ ရဲနောင် votting အများဆုံးရနေတာကိုပဲ မကျေနပ်တာတွေ များပြားနေတာဖြစ်တယ်လို့ သိရပါတယ်။ အခုပြိုင်ပွဲနဲ့ အရင် ပြိုင်ပွဲခြားနားချက်ကတော့ အရင်ပွဲကျတော့ သိန်း ၂ဝဝ ဆုကြေးပေးတာဖြစ်ပြီး အခုပြိုင်ပွဲမှာ ကားတစ်စီးနဲ့ ဆုကြေးငွေပါ ပါပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲနှစ်ခုကြားမှာ ကြားနားချက်တွေကတော့ အများပြားရှိနေပြီး ပထမပွဲထက်ပိုပြီး အခု ပွဲကို လူတွေပိုပြီး စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။
သည်အခုတစ်ခေါက် ပြုလုပ်တဲ့ပြိုင်ပွဲမှာ အမ်ပီတီက နှစ်ပေါက်တစ်ပေါက် ရိုက်ပြီးလုပ်စားသွားတာလို့ လူအများစုက မြင်နေကြပါတယ်။ အဓိက ပြိုင်ပွဲဝင်တွေကတော့ အမ်ပီတီရဲ့ vote ပေးတဲ့ စနစ်ကြောင့် အချင်းချင်းမလိုမုန်းထားမှု တွေ များလာတာဖြစ်ပါတယ်။ သည်ပြိုင်ပွဲမှာတော့ အများဆုံးအမြတ်ထွက်သွားတာတော့ အမ်ပီတီက ဖြစ်ပြီး လူအမုန်းခံရဆုံးကတော့ဒိုင်တွေနဲ့ Votting အများ ဆုံးရနေတဲ့ သူက လူမုန်းတာပဲ အဖတ် တင်တယ်လို့ ဆိုပါတယ်။
Author  လိမ္မာ၊ မိပုံ့
photo – Myanmar Idol Facebook Page

http://www.kumudranews.com


Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...