အထက္တန္းေက်ာင္းအုပ္ႀကီး တစ္ဦးက ေက်ာင္းသားအခ်ဳိ႕အား အလိုမတူဘဲ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ား ျပဳလုပ္

ေျမာင္းျမၿမိဳ႕နယ္တြင္ အထက္တန္းေက်ာင္းအုပ္ႀကီး တစ္ဦးက ေက်ာင္းသားအခ်ဳိ႕အား အလိုမတူဘဲ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ား ျပဳလုပ္ဟု ေက်ာင္းဆရာမ်ားက သက္ဆိုင္ရာသို႔ တိုင္ၾကား

ေျမာင္းျမၿမိဳ႕နယ္ က၀က္ေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီးက ေက်ာင္းသားအခ်ဳိ႕အား အလိုမတူဘဲ ဓမၼတာႏွင့္ ဆန္႔က်င္ကာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ား ျပဳလုပ္ခဲ့သည္ဟုဆိုကာ အဆိုပါေက်ာင္းရွိ ေက်ာင္းဆရာ၊ ဆရာမမ်ားက ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ အျခားေသာ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားထံ တိုင္ၾကားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ အဆိုပါေက်ာင္းတြင္ ညစာက်က္၀ိုင္းမ်ား စတင္ခ်ိန္၌ ေက်ာင္းသားအခ်ဳိ႕မွာ ေက်ာင္းသို႔လာေရာက္လိုျခင္း မရွိသည္ကို ဆရာမ်ားက သိရွိရ၍ ေက်ာင္းသားမ်ားႏွင့္ ေက်ာင္းသားေဟာင္းမ်ားထံ စံုစမ္းရာတြင္ ေက်ာင္းအုပ္ႀကီးျဖစ္သူ ဦးေအာင္ေအာင္က ေက်ာင္းရွိ ေက်ာင္းသားအခ်ဳိ႕အား ယမန္ႏွစ္ ပညာသင္ႏွစ္တြင္ ညစာက်က္၀ိုင္းမ်ားကို အေၾကာင္းျပကာ ေက်ာင္းသားအခ်ဳိ႕အား ၎နွင့္အတူ ညအိပ္ေစခဲ့ေၾကာင္း၊ ၎ႏွင့္အတူ ညအိပ္ေသာ ေက်ာင္းသားအခ်ဳိ႕အား ညအခ်ိန္တြင္ အလိုမတူဘဲ ဓမၼတာႏွင့္ ဆန္႔က်င္ကာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ ညစာက်က္၀ိုင္းမ်ားတြင္ သာမက ေက်ာင္းသားမ်ား စာေမးပြဲမ်ား ေျဖဆိုရန္အတြက္ ေျမာင္းျမၿမိဳ႕သို႔ သြားေရာက္တည္းခို ေနထိုင္ရာတြင္လည္း တည္းခိုေနထိုင္ရာ ေနရာမ်ား၌ ယင္းကဲ့သို႔ လိင္အၾကမ္းဖက္မႈမ်ား ျပဳလုပ္ခဲ့သည္ကို ကိုယ္တိုင္ၾကံဳေတြ႕ခဲ့ရသည့္ ေက်ာင္းသားအခ်ဳိ႕ထံမွ သိရေၾကာင္း၊ အဆိုပါျဖစ္စဥ္ႏွင့္ ၾကံဳေတြ႕ခဲ့ရသည့္ ေက်ာင္းသားအခ်ဳိ႕က ေက်ာင္းဆက္လက္ တက္ေရာက္ျခင္း မရွိေတာ့ျခင္း၊ ေဆး၀ါးကုသမႈ ခံယူခဲ့ျခင္းမ်ား ရွိခဲ့ေၾကာင္း သိရ၍ ထိုကဲ့သို႔ ေက်ာင္းသားမ်ားအား ေက်ာင္းအုပ္ႀကီးတစ္ဦး၏ ဂုဏ္သိကၡာႏွင့္မညီ လိင္အၾကမ္းဖက္မႈ ျပဳလုပ္ခဲ့ေသာ ေက်ာင္းအုပ္ဆရာႀကီးအား အေရးယူ ေဆာင္ရြက္ေပးပါရန္ အဆိုပါေက်ာင္းရွိ ေက်ာင္းဆရာ၊ ဆရာမမ်ားျဖစ္ၾကေသာ ဆရာဦးေဇာ္ေဇာ္လြင္၊ ဆရာဦးေက်ာ္စိုး၊ ဆရာဦးေအာင္ျမတ္သူ၊ ဆရာမေဒၚဇင္ဇင္ေစာ၊ ဆရာမေဒၚပို႔ပို႔ေအာင္တို႔က ဦးေဆာင္ကာ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားထံ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ေဖေဖာ္၀ါရီ ၁၁ ရက္တြင္ ပုသိမ္ၿမိဳ႕၌ အဆုိပါ ဆရာ၊ ဆရာမမ်ား ဦးေဆာင္ ျပဳလုပ္ခဲ့သည့္ သတင္းစာ ရွင္းလင္းပြဲအရ သိရသည္။
“ဒီႏွစ္ ညစာက်က္၀ိုင္းေခၚေတာ့ ကေလးေတြက သိပ္ၿပီးေတာ့ မလာခ်င္ၾကေတာ့ဘူး။ ဒါနဲ႔ လိုက္ၿပီးေတာ့ စံုစမ္းၾကည့္ေတာ့ ဆရာႀကီးက ကေလးေတြကို ညစာက်က္၀ိုင္းၿပီးတာနဲ႔ အိမ္ကိုေခၚသြားတယ္။ ၿပီးတာနဲ႔ မုန္႔ေတြေကြၽးၿပီး ညဘက္က်ရင္ အလိုမတူဘဲ လိင္အၾကမ္းဖက္တာေတြ လုပ္တယ္လို႔ ကေလးေတြ ကိုယ္တိုင္ျပန္တိုင္တာေၾကာင့္ သိရတယ္။ ကေလးေတြရဲ႕ တိုင္ၾကားစာေတြ၊ ရင္ဖြင့္ထားတဲ့ အသံဖိုင္ေတြလည္း ကြၽန္ေတာ္တို႔မွာ သက္ေသေတြအျဖစ္ သိမ္းဆည္းထားတယ္။ ေက်ာင္းအုပ္ႀကီး တစ္ေယာက္အေနနဲ႔ အခုလို ကေလးေတြကို လုပ္တာဟာ ကေလးေတြရဲ႕ အနာဂတ္ကို ဖ်က္ဆီးသလိုမ်ဳိး ျဖစ္တာမို႔ ကြၽန္ေတာ္တို႔က ၿမိဳ႕နယ္ပညာေရးမွဴးကို တိုင္ၾကားပါေသးတယ္။ မထူးျခားတာေၾကာင့္ ကြၽန္ေတာ္တို႔က အခုလို ဆက္ၿပီးေတာ့ တိုင္ၾကားရတာပါ” ဟု ဆရာဦးေဇာ္ေဇာ္လြင္က ေျပာၾကားသည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေျမာင္းျမၿမိဳ႕နယ္ ပညာေရးမွဴးျဖစ္သူ ေဒၚျမင့္ျမင့္စိန္ထံ ဆက္သြယ္ ေမးျမန္းရာတြင္ အဆိုပါတိုင္ၾကားခ်က္ႏွင့္ ပတ္သက္၍ သတင္းရရွိျခင္းသာ ရွိေသးၿပီး ေသခ်ာစြာ မသိရွိရေသးေၾကာင္း၊ ယင္းျဖစ္စဥ္မ်ဳိး ျဖစ္ပြားမည္ဟု မထင္ပါေၾကာင္း ျပန္လည္ ေျဖၾကားခဲ့သည္။
Writer:
မင္းသူ၀င္းထြဋ္
Eleven Media Group
============
Unicode>>>
မြောင်းမြမြို့နယ်တွင် အထက်တန်းကျောင်းအုပ်ကြီး တစ်ဦးက ကျောင်းသားအချို့အား အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုလုပ်ဟု ကျောင်းဆရာများက သက်ဆိုင်ရာသို့ တိုင်ကြား

မြောင်းမြမြို့နယ် ကဝက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ကျောင်းသားအချို့အား အလိုမတူဘဲ ဓမ္မတာနှင့် ဆန့်ကျင်ကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ အဆိုပါကျောင်းရှိ ကျောင်းဆရာ၊ ဆရာမများက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အခြားသော သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါကျောင်းတွင် ညစာကျက်ဝိုင်းများ စတင်ချိန်၌ ကျောင်းသားအချို့မှာ ကျောင်းသို့လာရောက်လိုခြင်း မရှိသည်ကို ဆရာများက သိရှိရ၍ ကျောင်းသားများနှင့် ကျောင်းသားဟောင်းများထံ စုံစမ်းရာတွင် ကျောင်းအုပ်ကြီးဖြစ်သူ ဦးအောင်အောင်က ကျောင်းရှိ ကျောင်းသားအချို့အား ယမန်နှစ် ပညာသင်နှစ်တွင် ညစာကျက်ဝိုင်းများကို အကြောင်းပြကာ ကျောင်းသားအချို့အား ၎င်းနှင့်အတူ ညအိပ်စေခဲ့ကြောင်း၊ ၎င်းနှင့်အတူ ညအိပ်သော ကျောင်းသားအချို့အား ညအချိန်တွင် အလိုမတူဘဲ ဓမ္မတာနှင့် ဆန့်ကျင်ကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ညစာကျက်ဝိုင်းများတွင် သာမက ကျောင်းသားများ စာမေးပွဲများ ဖြေဆိုရန်အတွက် မြောင်းမြမြို့သို့ သွားရောက်တည်းခို နေထိုင်ရာတွင်လည်း တည်းခိုနေထိုင်ရာ နေရာများ၌ ယင်းကဲ့သို့ လိင်အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကျောင်းသားအချို့ထံမှ သိရကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရသည့် ကျောင်းသားအချို့က ကျောင်းဆက်လက် တက်ရောက်ခြင်း မရှိတော့ခြင်း၊ ဆေးဝါးကုသမှု ခံယူခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရ၍ ထိုကဲ့သို့ ကျောင်းသားများအား ကျောင်းအုပ်ကြီးတစ်ဦး၏ ဂုဏ်သိက္ခာနှင့်မညီ လိင်အကြမ်းဖက်မှု ပြုလုပ်ခဲ့သော ကျောင်းအုပ်ဆရာကြီးအား အရေးယူ ဆောင်ရွက်ပေးပါရန် အဆိုပါကျောင်းရှိ ကျောင်းဆရာ၊ ဆရာမများဖြစ်ကြသော ဆရာဦးဇော်ဇော်လွင်၊ ဆရာဦးကျော်စိုး၊ ဆရာဦးအောင်မြတ်သူ၊ ဆရာမဒေါ်ဇင်ဇင်စော၊ ဆရာမဒေါ်ပို့ပို့အောင်တို့က ဦးဆောင်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ပုသိမ်မြို့၌ အဆိုပါ ဆရာ၊ ဆရာမများ ဦးဆောင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲအရ သိရသည်။
“ဒီနှစ် ညစာကျက်ဝိုင်းခေါ်တော့ ကလေးတွေက သိပ်ပြီးတော့ မလာချင်ကြတော့ဘူး။ ဒါနဲ့ လိုက်ပြီးတော့ စုံစမ်းကြည့်တော့ ဆရာကြီးက ကလေးတွေကို ညစာကျက်ဝိုင်းပြီးတာနဲ့ အိမ်ကိုခေါ်သွားတယ်။ ပြီးတာနဲ့ မုန့်တွေကျွေးပြီး ညဘက်ကျရင် အလိုမတူဘဲ လိင်အကြမ်းဖက်တာတွေ လုပ်တယ်လို့ ကလေးတွေ ကိုယ်တိုင်ပြန်တိုင်တာကြောင့် သိရတယ်။ ကလေးတွေရဲ့ တိုင်ကြားစာတွေ၊ ရင်ဖွင့်ထားတဲ့ အသံဖိုင်တွေလည်း ကျွန်တော်တို့မှာ သက်သေတွေအဖြစ် သိမ်းဆည်းထားတယ်။ ကျောင်းအုပ်ကြီး တစ်ယောက်အနေနဲ့ အခုလို ကလေးတွေကို လုပ်တာဟာ ကလေးတွေရဲ့ အနာဂတ်ကို ဖျက်ဆီးသလိုမျိုး ဖြစ်တာမို့ ကျွန်တော်တို့က မြို့နယ်ပညာရေးမှူးကို တိုင်ကြားပါသေးတယ်။ မထူးခြားတာကြောင့် ကျွန်တော်တို့က အခုလို ဆက်ပြီးတော့ တိုင်ကြားရတာပါ” ဟု ဆရာဦးဇော်ဇော်လွင်က ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြောင်းမြမြို့နယ် ပညာရေးမှူးဖြစ်သူ ဒေါ်မြင့်မြင့်စိန်ထံ ဆက်သွယ် မေးမြန်းရာတွင် အဆိုပါတိုင်ကြားချက်နှင့် ပတ်သက်၍ သတင်းရရှိခြင်းသာ ရှိသေးပြီး သေချာစွာ မသိရှိရသေးကြောင်း၊ ယင်းဖြစ်စဉ်မျိုး ဖြစ်ပွားမည်ဟု မထင်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
Writer:
မင်းသူဝင်းထွဋ်
Eleven Media Group

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...