ခ်စ္သူမ်ားေန႔အေပၚ ႏိုင္ငံအသီးသီးရဲ႕ ထံုးတမ္းအစဥ္လာမ်ား

ခ်စ္သူမ်ားေန႔အေပၚ ႏိုင္ငံအသီးသီးရဲ႕ ထံုးတမ္းအစဥ္လာမ်ား

ႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ Valentine's Day (ခ်စ္သူမ်ားေန႔) ကေတာ့ နီးကပ္လုိ႔ လာျပန္ပါၿပီ။
ခ်စ္သူေတြကေတာ့ ရင္ခုန္စိတ္လႈပ္႐ွားၿပီး အစီအစဥ္ေတြဆြဲေနေတာ့မယ္လို႔ ထင္ပါတယ္။ ဗယ္လန္တိုင္းေန႔ကို သေဘာမက်သူေတြလည္း အမ်ားႀကီး႐ွိပါတယ္။
ႀကိဳက္တာ မႀကိဳက္တာကို ခဏဖယ္ထားၿပီး ႏိုင္ငံအသီးသီးက ဗယ္လန္တုိင္းေန႔နဲ႔ပတ္သက္တဲ့ ႐ိုးရာသတ္မွတ္ခ်က္ေတြကို ေလ့လာၾကည့္ရေအာင္။
၁။ အဂၤလန္
အဂၤလန္မွာေတာ့ ဗယ္လန္တုိင္းေန႔ကို ခ်စ္ခင္ရသူတုိင္းနဲ႔ အျပန္အလွန္ လက္ေဆာင္ေတြ လဲလွယ္ၾကရင္း ဆင္ႏႊဲၾကပါတယ္။ ေနာ့ေဖာ့လ္ၿမိဳ႕မွာဆုိရင္ ဂ်က္ခ္ဗယ္လန္တိုင္းလို႔ေခၚတဲ့ ဇာတ္ေကာင္တစ္ဦးက ကေလးေတြကို လက္ေဆာင္ေတြလိုက္ေပးေလ့႐ွိပါတယ္။
၂။ ဂ်ာမနီ
ဝက္ဟာ ကံေကာင္းျခင္းနဲ႔ ရမၼက္ကို ကိုယ္စားျပဳညႊန္းဆုိထားၾကလို႔ ဗယ္လန္တုိင္းေန႔မွာ ေပးပို႔တဲ့ကတ္ျပားေလးေတြမွာ ဝက္ပံုေတြက မပါမျဖစ္ပါပဲ။ အ႐ြက္ေလးခုနဲ႔ Clover ႐ြက္လို တျခား ကံေကာင္းေစတဲ့ သေကၤတေတြကိုလည္း ထည့္သြင္းေပးပို႔ၾကပါေသးတယ္။
၃။ ဖင္လန္နဲ႔ အက္စ္တိုးနီးယား
ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔က အျခားႏုိင္ငံေတြမွာ ခ်စ္သူေတြနဲ႔ျဖတ္သန္းတဲ့ေန႔ရက္ ျဖစ္လင့္ကစား ဖင္လန္္နဲ႔ အက္စ္တုိးနီးယားမွာေတာ့ သူငယ္ခ်င္းေတြနဲ႔ပဲ ျဖတ္သန္းၾကပါတယ္။ သူတုိ႔ဆီမွာ ေဖေဖာ္ဝါရီ ၁၄ က "Friend's Day" မို႔လို႔ပါပဲ။
၄။ ဘူလ္ေဂးရီးယား
ဘူလ္ေဂးရီးယားဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက ဝိုင္ထုတ္လုပ္တဲ့ႏုိင္ငံလည္း ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔ကို ဝိုင္ထုတ္လုပ္သူမ်ားေန႔ (Winemakers Day) အျဖစ္ သတ္မွတ္ထားလို႔ ခ်စ္သူစံုတြဲေတြဟာ ဝိုင္အတူေသာက္ရင္း ႐ိုမန္႔တစ္ဆန္ဆန္ေတြ႔ဆံုၾကေလရဲ႕။

၅။ ဂ်ပန္
ခ်စ္သူမ်ားေန႔ဆုိရင္ ေကာင္ေလးေတြကပဲ ေကာင္မေလးေတြကို လက္ေဆာင္ေတြေပးၾကတယ္မဟုတ္လား။ ဂ်ပန္မွာေတာ့ မိန္းကေလးေတြကပဲ ေယာက်္ားေလးေတြကို လက္ေဆာင္ေပးၾကပါတယ္။ ေနာက္တစ္လၾကာ (မတ္လ ၁၄ ရက္)မွ ေယာက္်ားေလးေတြဘက္က မိန္းကေလးကို လက္ေဆာင္ျပန္ေပးၾကပါတယ္။ အဲ့ဒီေန႔ကိုေတာ့ White Day လို႔ ေခၚတြင္ပါတယ္။
၆။ ေတာင္အာဖရိက
အမ်ိဳးသမီးေတြဟာ သူတုိ႔ရဲ႕ခ်စ္သူအမည္ကို အသည္းႏွလံုးပံုစာ႐ြက္ေလးေပၚမွာ ေရးသားၿပီး အက်ႌလက္ေပၚမွာ ခ်ိတ္နဲ႔ခ်ိတ္တြယ္ကာ အခ်စ္ကို ျပသၾကပါတယ္။

၇။ ေဆာ္ဒီအာေရးဘီးယား
ဘာသာေရးကိုအေျချပဳထားတဲ့ ဥပေဒနဲ႔ အုပ္ခ်ဳပ္တဲ့ႏိုင္ငံပီပီ ဗယ္လန္တုိင္းေန႔ကို ဆင္ႏႊဲခြင့္မေပးထားပါဘူး။ လူျမင္ကြင္းမွာ ခ်စ္သူနဲ႔နမ္းရင္ေတာင္မွ ဥပေဒနဲ႔ၿငိစြန္းလို႔ အျပစ္ေပးခံရပါတယ္။ ခ်စ္သူမ်ားေန႔မွာ ခ်စ္သူကို ႏွင္းဆီေပးခ်င္သူေတြအတြက္ေတာ့ ႏွင္းဆီနီဟာ ေမွာင္ခိုေစ်းကြက္ကေနေတာင္ ဝယ္ေနရပါသတဲ့။

၈။ အီရတ္
အီရတ္မွာေတာ့ ခ်စ္သူမ်ားေန႔ကို အနီေရာင္ေတြနဲ႔ လႊမ္းထံုကာ ဆင္ႏႊဲၾကပါတယ္။ ဝက္ဝံရုပ္၊ အသည္းႏွလံုး၊ ေဘာလံုးနဲ႔ ႏွင္းဆီေတြကို အနီေရာင္ေတြနဲ႔ ျပင္ဆင္ၾကပါတယ္။ ခ်စ္သူေတြကေတာ့ လက္ေဆာင္ေတြ အျပန္အလွန္ေပးအပ္ၾကတယ္လို႔လည္း သိရပါတယ္။
Source : Mail Online
Duwun
=======
Unicode>>>
ချစ်သူများနေ့အပေါ် နိုင်ငံအသီးသီးရဲ့ ထုံးတမ်းအစဉ်လာများ

ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Valentine's Day (ချစ်သူများနေ့) ကတော့ နီးကပ်လို့ လာပြန်ပါပြီ။
ချစ်သူတွေကတော့ ရင်ခုန်စိတ်လှုပ်ရှားပြီး အစီအစဉ်တွေဆွဲနေတော့မယ်လို့ ထင်ပါတယ်။ ဗယ်လန်တိုင်းနေ့ကို သဘောမကျသူတွေလည်း အများကြီးရှိပါတယ်။
ကြိုက်တာ မကြိုက်တာကို ခဏဖယ်ထားပြီး နိုင်ငံအသီးသီးက ဗယ်လန်တိုင်းနေ့နဲ့ပတ်သက်တဲ့ ရိုးရာသတ်မှတ်ချက်တွေကို လေ့လာကြည့်ရအောင်။
၁။ အင်္ဂလန်
အင်္ဂလန်မှာတော့ ဗယ်လန်တိုင်းနေ့ကို ချစ်ခင်ရသူတိုင်းနဲ့ အပြန်အလှန် လက်ဆောင်တွေ လဲလှယ်ကြရင်း ဆင်နွှဲကြပါတယ်။ နော့ဖော့လ်မြို့မှာဆိုရင် ဂျက်ခ်ဗယ်လန်တိုင်းလို့ခေါ်တဲ့ ဇာတ်ကောင်တစ်ဦးက ကလေးတွေကို လက်ဆောင်တွေလိုက်ပေးလေ့ရှိပါတယ်။
၂။ ဂျာမနီ
ဝက်ဟာ ကံကောင်းခြင်းနဲ့ ရမ္မက်ကို ကိုယ်စားပြုညွှန်းဆိုထားကြလို့ ဗယ်လန်တိုင်းနေ့မှာ ပေးပို့တဲ့ကတ်ပြားလေးတွေမှာ ဝက်ပုံတွေက မပါမဖြစ်ပါပဲ။ အရွက်လေးခုနဲ့ Clover ရွက်လို တခြား ကံကောင်းစေတဲ့ သင်္ကေတတွေကိုလည်း ထည့်သွင်းပေးပို့ကြပါသေးတယ်။
၃။ ဖင်လန်နဲ့ အက်စ်တိုးနီးယား
ဖေဖော်ဝါရီ ၁၄ ရက်နေ့က အခြားနိုင်ငံတွေမှာ ချစ်သူတွေနဲ့ဖြတ်သန်းတဲ့နေ့ရက် ဖြစ်လင့်ကစား ဖင်လန််နဲ့ အက်စ်တိုးနီးယားမှာတော့ သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်းကြပါတယ်။ သူတို့ဆီမှာ ဖေဖော်ဝါရီ ၁၄ က "Friend's Day" မို့လို့ပါပဲ။
၄။ ဘူလ်ဂေးရီးယား
ဘူလ်ဂေးရီးယားဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဝိုင်ထုတ်လုပ်တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို ဝိုင်ထုတ်လုပ်သူများနေ့ (Winemakers Day) အဖြစ် သတ်မှတ်ထားလို့ ချစ်သူစုံတွဲတွေဟာ ဝိုင်အတူသောက်ရင်း ရိုမန့်တစ်ဆန်ဆန်တွေ့ဆုံကြလေရဲ့။

၅။ ဂျပန်
ချစ်သူများနေ့ဆိုရင် ကောင်လေးတွေကပဲ ကောင်မလေးတွေကို လက်ဆောင်တွေပေးကြတယ်မဟုတ်လား။ ဂျပန်မှာတော့ မိန်းကလေးတွေကပဲ ယောကျ်ားလေးတွေကို လက်ဆောင်ပေးကြပါတယ်။ နောက်တစ်လကြာ (မတ်လ ၁၄ ရက်)မှ ယောက်ျားလေးတွေဘက်က မိန်းကလေးကို လက်ဆောင်ပြန်ပေးကြပါတယ်။ အဲ့ဒီနေ့ကိုတော့ White Day လို့ ခေါ်တွင်ပါတယ်။
၆။ တောင်အာဖရိက
အမျိုးသမီးတွေဟာ သူတို့ရဲ့ချစ်သူအမည်ကို အသည်းနှလုံးပုံစာရွက်လေးပေါ်မှာ ရေးသားပြီး အကျႌလက်ပေါ်မှာ ချိတ်နဲ့ချိတ်တွယ်ကာ အချစ်ကို ပြသကြပါတယ်။

၇။ ဆော်ဒီအာရေးဘီးယား
ဘာသာရေးကိုအခြေပြုထားတဲ့ ဥပဒေနဲ့ အုပ်ချုပ်တဲ့နိုင်ငံပီပီ ဗယ်လန်တိုင်းနေ့ကို ဆင်နွှဲခွင့်မပေးထားပါဘူး။ လူမြင်ကွင်းမှာ ချစ်သူနဲ့နမ်းရင်တောင်မှ ဥပဒေနဲ့ငြိစွန်းလို့ အပြစ်ပေးခံရပါတယ်။ ချစ်သူများနေ့မှာ ချစ်သူကို နှင်းဆီပေးချင်သူတွေအတွက်တော့ နှင်းဆီနီဟာ မှောင်ခိုစျေးကွက်ကနေတောင် ဝယ်နေရပါသတဲ့။

၈။ အီရတ်
အီရတ်မှာတော့ ချစ်သူများနေ့ကို အနီရောင်တွေနဲ့ လွှမ်းထုံကာ ဆင်နွှဲကြပါတယ်။ ဝက်ဝံရုပ်၊ အသည်းနှလုံး၊ ဘောလုံးနဲ့ နှင်းဆီတွေကို အနီရောင်တွေနဲ့ ပြင်ဆင်ကြပါတယ်။ ချစ်သူတွေကတော့ လက်ဆောင်တွေ အပြန်အလှန်ပေးအပ်ကြတယ်လို့လည်း သိရပါတယ်။
Source : Mail Online
Duwun

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...