လူရွစ္ဦးေသဆံုးခဲ့ေသာ ကားမီးေလာင္မႈတြင္ ကားေပၚမွ ဆင္းလာသူဟု စြပ္စြဲခံရသူက လမ္းႀကံဳ၍ ဝင္ကူေပးခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကား

လူရွစ္ဦးေသဆံုးခဲ့တဲ့ အျမန္လမ္းကားမီးေလာင္မႈ ျဖစ္စဥ္မွာ အသက္ရွင္က်န္ခဲ့တဲ့ ယာဥ္ေမာင္းနဲ႔အတူ ကားေပၚကေန ဆင္းလာတယ္လုိ႔ စြပ္စြဲေျပာဆိုခံရသူက မီးေလာင္သြားတဲ့ ကားအတူလိုက္ပါလာသူမဟုတ္ဘဲ လမ္းႀကံဳလို႔ အကူအညီေပးခဲ့တာလုိ႔ ကာယကံရွင္က 7Day Daily သတင္းစာကို ေျပာခဲ့ပါတယ္။
ဇန္နဝါရီ ၂၁ ရက္ မနက္က ရန္ကုန္-မႏၲေလး အျမန္လမ္းမမွယ လူကိုးဦး လိုက္ပါလာတဲ့ ဟိုက္ေအ့စ္ယာဥ္က မေတာ္တဆမႈေၾကာင့္သာ မီးေလာင္ကြၽမ္းခဲ့တာလုိ႔ အျမန္လမ္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။ ဒီျဖစ္စဥ္မွာ ယာဥ္ေမာင္းသူပဲ အသက္ရွင္လြတ္ေျမာက္ခဲ့ၿပီး က်န္ရွစ္ဦးက ကားထဲမွာ မီးေလာင္ေသဆံုးခဲ့တာပါ။

‘‘ကြၽန္ေတာ့္အေဖရယ္၊ အေမရယ္၊ ကြၽန္ေတာ္ရယ္ ရန္ကုန္ကေန ဒိုက္ဦးကိုျပန္တာ။ ရွစ္နာရီေက်ာ္ေလာက္ေတာ့ ေလးမိုင္ ၂ ဖာလံုေရာက္ေတာ့ ကားတစ္စီး မီးေလာင္ေနတာေတြ႕တယ္ဆို လို႔ ေရွ႕ကကားက ထုိးရပ္လိုက္ေရာ။ ကြၽန္ေတာ္တုိ႔ကားကလည္း ထုိးရပ္လိုက္တယ္။ ဘယ္လိုကူညီ ရမလဲဆိုၿပီး ကားမီးေလာင္တဲ့နားကို သြားၾကည့္တယ္။ အခု ေဖ့စ္ ဘြတ္ခ္မွာ ပ်ံ႕ေနတဲ့ ကိုေအာင္ခန္႔ ေျပာေနတဲ့ဖုန္းက ကြၽန္ေတာ့ဖုန္း။ သူက သူ႔အိမ္ကို ဖုန္းေျပာခ်င္တယ္ဆိုလို႔ ကြၽန္ေတာ့္ဖုန္းကို ေပးေျပာလိုက္တာ။ သူ႔အေမဆီကို ဖုန္းေျပာေနတာေတာ့ ၾကားရတယ္။ ကြၽန္ေတာ့္ဖုန္းက သူ႔ဆီမွာဆိုေတာ့ ကြၽန္ေတာ္က သူ႔နားမွာပဲ ေနေနတာေပါ့။ အခုျဖစ္ခ်င္ေတာ့ အဲဒါေတြကို ဗီဒီယိုေတြ႐ိုက္ၿပီး ကြၽန္ေတာ့္ကို ဆယ္ေယာက္ေျမာက္လို႔ ေျပာေနတာ’’လုိ႔  ကိုခြန္ရန္ႏိုင္ဦးက ေျပာပါတယ္။
ဒီအမႈကို စစ္ေဆးေနတဲ့ မႈခင္းရဲတပ္ဖြဲ႕(စီအုိင္ဒီ) အရာရွိကလည္း မီးေလာင္ေနတဲ့ ကားေပၚကေန ဆင္းလာတဲ့သူက ႏွစ္ဦးမဟုတ္ဘဲ ကိုေအာင္ခန္႔ တစ္ဦးတည္းျဖစ္တယ္လို႔  မီဒီယာတခ်ိဳ႕ကုိ ေျပာၾကားထားပါတယ္။ မီးေလာင္ေနတဲ့ ကားနားကုိ အရင္ေရာက္သြားတဲ့ အဓိကမ်က္ျမင္သက္ေသ ႏွစ္ဦးစလံုးကိုလည္း စစ္ေဆးၿပီးျဖစ္တယ္လို႔ စီအိုင္ဒီမွ ရဲမွဴးမိုးေအာင္က The Voice သတင္းစာကုိ ေျပာၾကားထားပါတယ္။
Source : 7DayDaily
===========

Unicode>>>
လူရှစ်ဦးသေဆုံးခဲ့တဲ့ အမြန်လမ်းကားမီးလောင်မှု ဖြစ်စဉ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ ယာဉ်မောင်းနဲ့အတူ ကားပေါ်ကနေ ဆင်းလာတယ်လို့ စွပ်စွဲပြောဆိုခံရသူက မီးလောင်သွားတဲ့ ကားအတူလိုက်ပါလာသူမဟုတ်ဘဲ လမ်းကြုံလို့ အကူအညီပေးခဲ့တာလို့ ကာယကံရှင်က 7Day Daily သတင်းစာကို ပြောခဲ့ပါတယ်။
ဇန်နဝါရီ ၂၁ ရက် မနက်က ရန်ကုန်-မန္တလေး အမြန်လမ်းမမှယ လူကိုးဦး လိုက်ပါလာတဲ့ ဟိုက်အေ့စ်ယာဉ်က မတော်တဆမှုကြောင့်သာ မီးလောင်ကျွမ်းခဲ့တာလို့ အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဖြစ်စဉ်မှာ ယာဉ်မောင်းသူပဲ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ကျန်ရှစ်ဦးက ကားထဲမှာ မီးလောင်သေဆုံးခဲ့တာပါ။

‘‘ကျွန်တော့်အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ် ရန်ကုန်ကနေ ဒိုက်ဦးကိုပြန်တာ။ ရှစ်နာရီကျော်လောက်တော့ လေးမိုင် ၂ ဖာလုံရောက်တော့ ကားတစ်စီး မီးလောင်နေတာတွေ့တယ်ဆို လို့ ရှေ့ကကားက ထိုးရပ်လိုက်ရော။ ကျွန်တော်တို့ကားကလည်း ထိုးရပ်လိုက်တယ်။ ဘယ်လိုကူညီ ရမလဲဆိုပြီး ကားမီးလောင်တဲ့နားကို သွားကြည့်တယ်။ အခု ဖေ့စ် ဘွတ်ခ်မှာ ပျံ့နေတဲ့ ကိုအောင်ခန့် ပြောနေတဲ့ဖုန်းက ကျွန်တော့ဖုန်း။ သူက သူ့အိမ်ကို ဖုန်းပြောချင်တယ်ဆိုလို့ ကျွန်တော့်ဖုန်းကို ပေးပြောလိုက်တာ။ သူ့အမေဆီကို ဖုန်းပြောနေတာတော့ ကြားရတယ်။ ကျွန်တော့်ဖုန်းက သူ့ဆီမှာဆိုတော့ ကျွန်တော်က သူ့နားမှာပဲ နေနေတာပေါ့။ အခုဖြစ်ချင်တော့ အဲဒါတွေကို ဗီဒီယိုတွေရိုက်ပြီး ကျွန်တော့်ကို ဆယ်ယောက်မြောက်လို့ ပြောနေတာ’’လို့  ကိုခွန်ရန်နိုင်ဦးက ပြောပါတယ်။
ဒီအမှုကို စစ်ဆေးနေတဲ့ မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ) အရာရှိကလည်း မီးလောင်နေတဲ့ ကားပေါ်ကနေ ဆင်းလာတဲ့သူက နှစ်ဦးမဟုတ်ဘဲ ကိုအောင်ခန့် တစ်ဦးတည်းဖြစ်တယ်လို့  မီဒီယာတချို့ကို ပြောကြားထားပါတယ်။ မီးလောင်နေတဲ့ ကားနားကို အရင်ရောက်သွားတဲ့ အဓိကမျက်မြင်သက်သေ နှစ်ဦးစလုံးကိုလည်း စစ်ဆေးပြီးဖြစ်တယ်လို့ စီအိုင်ဒီမှ ရဲမှူးမိုးအောင်က The Voice သတင်းစာကို ပြောကြားထားပါတယ်။
Source : 7DayDaily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...