ANAL ITCHING စအိုေနရာယားျခင္း (ကန္ေတာ့ပါ။ ကြန္မင့္မွာ မဖြယ္မရာေရးလာရင္ ဖ်က္ပါမယ္။ လိုအပ္ရင္ ဘေလာ့ပါမယ္။)

ANAL ITCHING စအိုေနရာယားျခင္း (ကန္ေတာ့ပါ။ ကြန္မင့္မွာ မဖြယ္မရာေရးလာရင္ ဖ်က္ပါမယ္။ လိုအပ္ရင္ ဘေလာ့ပါမယ္။)

၁။ အသက္က ၂၅ ပါ။ မိန္းကေလးပါ အပ်ိဴပါ။ ေမးရမွာေတာ့ရွက္တယ္ ေဆးခန္းလဲမသြားရဲလို႔ပါ။ စအိုဝက အရမ္းယားလို႔ပါ။ ကုတ္မိလို႔ နည္းနည္းေတာင္ အနာျဖစ္ခ်င္ေနျပီဆရာ။ ဘယ္လိုလုပ္ရမွန္းလဲ မသိလို႔ ကူညီေပးပါဆရာ။

၂။ နားႏွင့္မနာ ဖဝါးႏွင့္နာပါရွင့္။ သမီးက အသက္ (၂၈) ႏွစ္ အပ်ိဳပါ။ စအိုတ၀ိုက္မွာ ယားယံေနသည္မွာ ႏွစ္လေက်ာ္ေလာက္ ရွိပါၿပီ။ သံခ်ေဆး Albandazone 400mg ကို ႏွစ္ပတ္ၿခားတစ္ခါ သံုးၾကိမ္ ေသာက္ၿပီးပါၿပီ။ ဒါေပမယ့္ စအိုပတ္လည္တင္မကဘဲ မိန္းမအဂၤါ ေဘးႏွစ္ဘက္ႏွင့္ အၿပင္လမ္းေၾကာင္းမွာပါ ယားယံေနပါတယ္။ ေန႔ေရာညပါ ယားေနတာပါ။ အရင္ ယားေနတာ အၿဖဴမဆင္းပါဘူး။ အခု အၿဖဴဆင္းတာ ႏွစ္ရက္ရွိပါၿပီ။
-----------
ေဆးပညာစာျဖစ္လို႔ ေရာဂါေတြကို စံုေအာင္ေရးရတယ္။ အလြယ္ဆံုးနည္းကေတာ့ သန္ခ်ေဆးေသာက္ တာနဲ႔ စသင့္တယ္။ စအိုေနရာယားျခင္းကို ေဆးစာနဲ႔ Pruritus Ani လို႔ေခၚတယ္။ ျဖစ္ေစတဲ့ အေၾကာင္း ရင္းေတြမွာ သာမန္ကာ ရွန္ကာ ဥပမာ အစားအေသာက္၊ သန္႔ရွင္းမႈလိုတာမ်ိဳးေတြ ပါသလို ေဆးက်က် နနကုမွ ေပ်ာက္မွာလဲပါတယ္။ အေရျပား ေျခာက္ေသြ႔ေနျခင္း၊ အေရျပားစိုထိုင္းမႈ မ်ားေနျခင္း၊ ဝမ္းမ လံုေရာဂါ ၊ ဝမ္းႏုတ္ေဆး လိုတာထက္ပိုေသာက္ျခင္း ၊ ေဆးေၾကာတာကို လိုတာထက္ပိုလုပ္ျခင္း၊ ဆပ္ျပာ၊ သန္႔ရွင္းေရးသံုးေဆးရည္၊ ကိုယ္ဝန္တားပစၥည္း စတာေတြနဲ႔ မတည့္ျခင္း၊ Psoriasis, Seborrhea, Eczema အေရျပားနာေတြ ရွိေနျခင္း၊ လိပ္ေခါင္း၊ စအိုကြဲနာ၊ ဂရင္ဂ်ီနာ၊ စအိုေဘး ပြန္းပဲ့ေနျခင္း၊ အပူ-အစပ္၊ ခရမ္းခ်ဥ္သီး၊ အခ်ဥ္သီး၊ ေခ်ာကလက္၊ ပိုးေသေဆးေတြ ေသာက္ေနရျခင္း၊ STD လိင္ကတဆင့္ကူးစက္ေရာဂါ၊ Pinworms တုပ္ေကာင္ (သန္ေကာင္) ရွိျခင္း၊ စအို ကင္ဆာ၊ စိတ္ဖိစီးမႈမ်ားျခင္း၊ ေသာကမ်ားျခင္း၊အေၾကာင္းခံကို ရွာျပီး ကုသရမယ္ ။ ေနရာ ကို သန္႔ရွင္းေရး လုပ္သင့္ သေလာက္ ညင္ညင္သာသာ လုပ္ပါ။ ျပီးတာနဲ႔ ေျခာက္ေသြ႔ေအာင္လုပ္ပါ။ ေပါင္ဒါ ထည့္ႏိုင္တယ္ ။ ေလမႈတ္ကရိယာ သံုးႏိုင္တယ္။ (တစ္ရွဴး-ေပပါ) သံုးႏိုင္တယ္။ (တစ္ရွဴး-ေပပါ) အမ်ိဳးအစား ေျပာင္းသံုးပါ။ ဝမ္းခ်ဳပ္တာ၊ ဝမ္းပ်က္တာ ကုသပါ။ အတတ္ႏိုင္ဆံုး မကုပ္ပါနဲ႔။ ေရေအး၊ ေရေႏြး သံုးၾကည့္ပါ။ (ေကာ္တြန္) ေအာက္ခံသာသံုးပါ။ တင္းၾကပ္မေနပါေစနဲ႔။

Pinworm တုပ္ေကာင္ (သန္ေကာင္)
Mebendazole (Vermox) ေဆးကို တၾကိမ္တည္းေပးတာနဲ႔ ရတာမ်ားတယ္။ တခ်ိဳ႕ကို ၁ ပါတ္ေနတခါ၊ ဒါမွ မဟုတ္ ၂ ပတ္ေနတခါ ထပ္ေပးရတယ္။ တၾကိမ္တည္းေပးျပီးေနာက္ ၃ ပတ္ေနရင္ တခါထပ္ေပးသင့္တယ္။ ေနာက္ ၃ ပတ္ ေနရင္ရင္ တခါ၊ ေပါင္း ၃ ခါေပးရတယ္။ အသက္ ၂ ႏွစ္ေအာက္ ေဆးတဝက္သာေပးပါ။ Albendazole ကိုလဲ အဲလို ေပးသင့္တယ္။ ဒီေဆးက ေဘးထြက္ဆိုးက်ိဳးနဲနဲပိုတယ္။ Pinworms သန္ေကာင္က ဆီးလမ္း၊ လိင္လမ္းကိုပါ ကူးစက္တာဆိုရင္ Mebendazole (Vermox) + Ivermectin (Stromectol) ေဆး ၂ မ်ိဳး တြဲေပးရမယ္။
Ivermectin (Stromectol) ေဆး
အေရျပားေအာက္ကေနဝင္တဲ့ Strongyloidiasis (Threadworm) သန္ေကာင္အတြက္ သံုးတယ္။ အသဲနဲ႔ အူထဲအထိ ေရာက္တယ္။ Onchocerciasis (River blindness) ေရာဂါအတြက္ကိုလည္း ေပးတယ္။ မ်က္စိကို ထိခိုက္ေစတဲ့ သန္ေကာင္ ျဖစ္တယ္။ 3, 6, or 12 လစီျခား ေပးရမယ္။ လူၾကီး 150 mcg/kg တၾကိမ္ေပးပါ။ ေနာက္ ၃-၁၂ လမွာ ထပ္ေပးပါ။ အသက္ ၂ ႏွစ္ေအာက္ ေဆး တဝက္သာေပးပါ။ Strongyloidiasis (Threadworm) အတြက္ေပးရင္ ဝမ္းစစ္တာကို ၃ ခါ လုပ္သင့္တယ္။ မေတြ႔မွ ကင္းရွင္းျပီလို႔ ေျပာႏိုင္တယ္။ လူၾကီး = 200 mcg/kg နဲ႔ ၂ ႏွစ္ေအာက္ ေဆးတဝက္သာေပးပါ။ Roundworm သန္လံုးေကာင္၊ သန္းနဲ႔ ဝဲ-ယားနာေတြအတြက္လည္း သံုးႏိုင္တယ္။ ဒီေဆးကို အစာမရွိခ်ိန္မွာ ေပးတာေကာင္းတယ္။ ေဘးထြက္-ဆိုးက်ိဳး = ေခါင္းကိုက္၊ ေခါင္းမူး၊ ၾကြက္သားနာ၊ ပ်ိဳ႕၊ ဝမ္းပ်က္။
Yeast infections (Candidiasis) မိႈ (ဖန္းဂတ္စ္)
အမ်ိဳးသမီးေတြမွာ ျဖစ္ေလ့ရွိတယ္။ စအိုေနရာသာမက (ဗဂ်ိဳင္းနား) ေနရာေတြမွာပါ ယားတယ္။ ဆီးခ်ိဳးရွိေနရင္ ပိုဆိုးမယ္။ လူေတြရဲ႕ ပါးစပ္ နဲ႔ (ဗဂ်ိဳင္းနား) မွာ ရွိေနတဲ့အေကာင္။ ဒါ့ေၾကာင့္ ေမြးလမ္းေၾကာင္းမွာ ဒီမိႈေၾကာင့္ရတဲ့ ေရာဂါကို STD လိင္ကတဆင့္ ကူးစက္ေရာဂါလို႔ မသတ္မွတ္ဘူး။ အမ်ိဳးသမီးေတြမွာ တသက္မွာ အနည္းဆံုးတခါ ျဖစ္သူေပါင္း ၇၅% ရွိတယ္။ ယားမယ္၊ အျဖဴဆင္းမယ္၊ ဒိန္ခဲလို အဖတ္အဖတ္ေတြ ျဖစ္တတ္တယ္။ လိင္ဆက္ဆံတဲ့အခါ နာမယ္။ ဒီေဆးေတြက (ဗဂ်ိဳင္းနား) ထဲ ထည့္ရတယ္။ စအိုေနရာကိုပါ လိမ္းႏိုင္တယ္။ Clotrimazole Vaginal suppositories ေမြးလမ္းထည့္ေဆး 100 mg ၆ ည၊ 200 mg ၃ ည။ Miconazole ointment or 2% cream or 100-200 mg suppository ေမြးလမ္းထည့္ေဆး၊ ၃ ည။ Nystatin 100,000 units vaginal tablets ေမြးလမ္းထည့္ေဆး ၁၄ ရက္။ Fluconazole 150 mg ျပန္ျပန္ျဖစ္ေနသူေတြကို တပါတ္တခါ ေပးတယ္။ အျဖဴဆင္းတာနဲ႔ပါ တြဲေနတတ္လို႔ Metronidazole စားေဆး တခါေသာက္ ၁ ျပား၊ တေန႔ ၂ ၾကိမ္၊ ၇ ရက္ ေသာက္ပါ။

ယားတာကိုသက္သာေအာင္ Hydrocortisone cream or ointment (Cortaid, Preparation H Anti-Itch Cream) (စတီရြိဳက္) လိမ္းေဆး အမ်ားဆံုး သံုးတယ္။ Zinc oxide ointment (Desitin, Balmex) လိမ္းေဆး နဲ႔ Capsaicin ငရုပ္သီးကေနလုပ္တဲ့ လိမ္းေဆးကိုလဲ သံုးႏိုင္တယ္။ Antihistimine (Cetrizine) ေသာက္ေဆး တည ၁ ျပားေသာက္ရင္ ယားတာ သက္သာမယ္။ အဲတာေတြက ျဖစ္ေစတာကို ေပ်ာက္ေစတာမဟုတ္ပါ။

Credit: Dr. တင့္ေဆြ
====
Unicode
၁။ အသက်က ၂၅ ပါ။ မိန်းကလေးပါ အပျိူပါ။ မေးရမှာတော့ရှက်တယ် ဆေးခန်းလဲမသွားရဲလို့ပါ။ စအိုဝက အရမ်းယားလို့ပါ။ ကုတ်မိလို့ နည်းနည်းတောင် အနာဖြစ်ချင်နေပြီဆရာ။ ဘယ်လိုလုပ်ရမှန်းလဲ မသိလို့ ကူညီပေးပါဆရာ။

၂။ နားနှင့်မနာ ဖဝါးနှင့်နာပါရှင့်။ သမီးက အသက် (၂၈) နှစ် အပျိုပါ။ စအိုတဝိုက်မှာ ယားယံနေသည်မှာ နှစ်လကျော်လောက် ရှိပါပြီ။ သံချဆေး Albandazone 400mg ကို နှစ်ပတ်ခြားတစ်ခါ သုံးကြိမ် သောက်ပြီးပါပြီ။ ဒါပေမယ့် စအိုပတ်လည်တင်မကဘဲ မိန်းမအင်္ဂါ ဘေးနှစ်ဘက်နှင့် အပြင်လမ်းကြောင်းမှာပါ ယားယံနေပါတယ်။ နေ့ရောညပါ ယားနေတာပါ။ အရင် ယားနေတာ အဖြူမဆင်းပါဘူး။ အခု အဖြူဆင်းတာ နှစ်ရက်ရှိပါပြီ။
-----------
ဆေးပညာစာဖြစ်လို့ ရောဂါတွေကို စုံအောင်ရေးရတယ်။ အလွယ်ဆုံးနည်းကတော့ သန်ချဆေးသောက် တာနဲ့ စသင့်တယ်။ စအိုနေရာယားခြင်းကို ဆေးစာနဲ့ Pruritus Ani လို့ခေါ်တယ်။ ဖြစ်စေတဲ့ အကြောင်း ရင်းတွေမှာ သာမန်ကာ ရှန်ကာ ဥပမာ အစားအသောက်၊ သန့်ရှင်းမှုလိုတာမျိုးတွေ ပါသလို ဆေးကျကျ နနကုမှ ပျောက်မှာလဲပါတယ်။ အရေပြား ခြောက်သွေ့နေခြင်း၊ အရေပြားစိုထိုင်းမှု များနေခြင်း၊ ဝမ်းမ လုံရောဂါ ၊ ဝမ်းနုတ်ဆေး လိုတာထက်ပိုသောက်ခြင်း ၊ ဆေးကြောတာကို လိုတာထက်ပိုလုပ်ခြင်း၊ ဆပ်ပြာ၊ သန့်ရှင်းရေးသုံးဆေးရည်၊ ကိုယ်ဝန်တားပစ္စည်း စတာတွေနဲ့ မတည့်ခြင်း၊ Psoriasis, Seborrhea, Eczema အရေပြားနာတွေ ရှိနေခြင်း၊ လိပ်ခေါင်း၊ စအိုကွဲနာ၊ ဂရင်ဂျီနာ၊ စအိုဘေး ပွန်းပဲ့နေခြင်း၊ အပူ-အစပ်၊ ခရမ်းချဉ်သီး၊ အချဉ်သီး၊ ချောကလက်၊ ပိုးသေဆေးတွေ သောက်နေရခြင်း၊ STD လိင်ကတဆင့်ကူးစက်ရောဂါ၊ Pinworms တုပ်ကောင် (သန်ကောင်) ရှိခြင်း၊ စအို ကင်ဆာ၊ စိတ်ဖိစီးမှုများခြင်း၊ သောကများခြင်း၊အကြောင်းခံကို ရှာပြီး ကုသရမယ် ။ နေရာ ကို သန့်ရှင်းရေး လုပ်သင့် သလောက် ညင်ညင်သာသာ လုပ်ပါ။ ပြီးတာနဲ့ ခြောက်သွေ့အောင်လုပ်ပါ။ ပေါင်ဒါ ထည့်နိုင်တယ် ။ လေမှုတ်ကရိယာ သုံးနိုင်တယ်။ (တစ်ရှူး-ပေပါ) သုံးနိုင်တယ်။ (တစ်ရှူး-ပေပါ) အမျိုးအစား ပြောင်းသုံးပါ။ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာ ကုသပါ။ အတတ်နိုင်ဆုံး မကုပ်ပါနဲ့။ ရေအေး၊ ရေနွေး သုံးကြည့်ပါ။ (ကော်တွန်) အောက်ခံသာသုံးပါ။ တင်းကြပ်မနေပါစေနဲ့။

Pinworm တုပ်ကောင် (သန်ကောင်)
Mebendazole (Vermox) ဆေးကို တကြိမ်တည်းပေးတာနဲ့ ရတာများတယ်။ တချို့ကို ၁ ပါတ်နေတခါ၊ ဒါမှ မဟုတ် ၂ ပတ်နေတခါ ထပ်ပေးရတယ်။ တကြိမ်တည်းပေးပြီးနောက် ၃ ပတ်နေရင် တခါထပ်ပေးသင့်တယ်။ နောက် ၃ ပတ် နေရင်ရင် တခါ၊ ပေါင်း ၃ ခါပေးရတယ်။ အသက် ၂ နှစ်အောက် ဆေးတဝက်သာပေးပါ။ Albendazole ကိုလဲ အဲလို ပေးသင့်တယ်။ ဒီဆေးက ဘေးထွက်ဆိုးကျိုးနဲနဲပိုတယ်။ Pinworms သန်ကောင်က ဆီးလမ်း၊ လိင်လမ်းကိုပါ ကူးစက်တာဆိုရင် Mebendazole (Vermox) + Ivermectin (Stromectol) ဆေး ၂ မျိုး တွဲပေးရမယ်။
Ivermectin (Stromectol) ဆေး
အရေပြားအောက်ကနေဝင်တဲ့ Strongyloidiasis (Threadworm) သန်ကောင်အတွက် သုံးတယ်။ အသဲနဲ့ အူထဲအထိ ရောက်တယ်။ Onchocerciasis (River blindness) ရောဂါအတွက်ကိုလည်း ပေးတယ်။ မျက်စိကို ထိခိုက်စေတဲ့ သန်ကောင် ဖြစ်တယ်။ 3, 6, or 12 လစီခြား ပေးရမယ်။ လူကြီး 150 mcg/kg တကြိမ်ပေးပါ။ နောက် ၃-၁၂ လမှာ ထပ်ပေးပါ။ အသက် ၂ နှစ်အောက် ဆေး တဝက်သာပေးပါ။ Strongyloidiasis (Threadworm) အတွက်ပေးရင် ဝမ်းစစ်တာကို ၃ ခါ လုပ်သင့်တယ်။ မတွေ့မှ ကင်းရှင်းပြီလို့ ပြောနိုင်တယ်။ လူကြီး = 200 mcg/kg နဲ့ ၂ နှစ်အောက် ဆေးတဝက်သာပေးပါ။ Roundworm သန်လုံးကောင်၊ သန်းနဲ့ ဝဲ-ယားနာတွေအတွက်လည်း သုံးနိုင်တယ်။ ဒီဆေးကို အစာမရှိချိန်မှာ ပေးတာကောင်းတယ်။ ဘေးထွက်-ဆိုးကျိုး = ခေါင်းကိုက်၊ ခေါင်းမူး၊ ကြွက်သားနာ၊ ပျို့၊ ဝမ်းပျက်။
Yeast infections (Candidiasis) မှို (ဖန်းဂတ်စ်)
အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတယ်။ စအိုနေရာသာမက (ဗဂျိုင်းနား) နေရာတွေမှာပါ ယားတယ်။ ဆီးချိုးရှိနေရင် ပိုဆိုးမယ်။ လူတွေရဲ့ ပါးစပ် နဲ့ (ဗဂျိုင်းနား) မှာ ရှိနေတဲ့အကောင်။ ဒါ့ကြောင့် မွေးလမ်းကြောင်းမှာ ဒီမှိုကြောင့်ရတဲ့ ရောဂါကို STD လိင်ကတဆင့် ကူးစက်ရောဂါလို့ မသတ်မှတ်ဘူး။ အမျိုးသမီးတွေမှာ တသက်မှာ အနည်းဆုံးတခါ ဖြစ်သူပေါင်း ၇၅% ရှိတယ်။ ယားမယ်၊ အဖြူဆင်းမယ်၊ ဒိန်ခဲလို အဖတ်အဖတ်တွေ ဖြစ်တတ်တယ်။ လိင်ဆက်ဆံတဲ့အခါ နာမယ်။ ဒီဆေးတွေက (ဗဂျိုင်းနား) ထဲ ထည့်ရတယ်။ စအိုနေရာကိုပါ လိမ်းနိုင်တယ်။ Clotrimazole Vaginal suppositories မွေးလမ်းထည့်ဆေး 100 mg ၆ ည၊ 200 mg ၃ ည။ Miconazole ointment or 2% cream or 100-200 mg suppository မွေးလမ်းထည့်ဆေး၊ ၃ ည။ Nystatin 100,000 units vaginal tablets မွေးလမ်းထည့်ဆေး ၁၄ ရက်။ Fluconazole 150 mg ပြန်ပြန်ဖြစ်နေသူတွေကို တပါတ်တခါ ပေးတယ်။ အဖြူဆင်းတာနဲ့ပါ တွဲနေတတ်လို့ Metronidazole စားဆေး တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၇ ရက် သောက်ပါ။

ယားတာကိုသက်သာအောင် Hydrocortisone cream or ointment (Cortaid, Preparation H Anti-Itch Cream) (စတီရွိုက်) လိမ်းဆေး အများဆုံး သုံးတယ်။ Zinc oxide ointment (Desitin, Balmex) လိမ်းဆေး နဲ့ Capsaicin ငရုပ်သီးကနေလုပ်တဲ့ လိမ်းဆေးကိုလဲ သုံးနိုင်တယ်။ Antihistimine (Cetrizine) သောက်ဆေး တည ၁ ပြားသောက်ရင် ယားတာ သက်သာမယ်။ အဲတာတွေက ဖြစ်စေတာကို ပျောက်စေတာမဟုတ်ပါ။

Credit: Dr. တင့်ဆွေ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...