Night Out ထွက်မယ့် ခေးလေးဖတ်ဖို့...

သောကြာ၊ စနေ ညမျိုးဆိုရင် ကောင်မလေးတွေကလည်း ရွယ်တူသူငယ်ချင်းတွေနဲ့ Night Out ထွက်မယ်၊ ပါတီတက်မယ်ဆိုတာမျိုးလေးရှိကြမှာပါ။ ဒီလို သွားမယ်လာမယ်ဆိုရင်အဆင်ပြေအောင်  ဘယ်လိုပြင်ဆင်မလဲ ဘာတွေသတိထားရမလဲ ဆိုတာကိုပြောပြပေးချင်ပါတယ်။

၁ ) စမတ်ကျသောအလှ

သူငယ်ချင်းတွေ ဆုံကြမယ့်နေရာက ဘယ်နေရာမှာလဲ။ ကလပ်မှာလား ခြံတခြံထဲမှာလား စသဖြင့်စူးစမ်းပါ။ ဒါမှကိုယ်က အဝတ်အစား၊ ပြန်မယ့်လမ်းကြောင်း အစစအရာရာ တွေးဆနိုင်မှာပါ။ ယောက်ကျားလေးတွေများမယ် ဘော်ဒါအရင်းတွေလိုပဲ တိုးတိုးဝှေ့ဝှေ့ရှိနေကြမယ်ဆိုရင် ကိုယ့်အတွက် သက်သောင့်သက်သာအရှိဆုံး အဝတ်အစားမျိုး၊ ဖက်ရှင်မျိုးသာ ဝတ်သင့်ပါတယ်။ အတိုအပြတ်နဲ့လိုးလက်ပြိုးပြက်တာတွေက မိုက်ပေမယ့် နေရထိုင်ရတာ အဆင်မပြေစေဘူးဆိုရင် စိတ်ကသိကအောက် ဖြစ်နေမှာပါ။ ကခုန်မြုးထူးကြဖို့ရှိရင်တော့ ချွေးစုပ်တဲ့ ချည်သားအင်းကျီ၊ ဂျင်းဘောင်းဘီတွေ ဝတ်တာကပိုကောင်းပါတယ်။ လက်ဝတ်ရတနာကို ဖန်စီလောက်ပဲသုံးပြီး တန်ဖိုးကြီးတာတွေ မဝတ်သွားပါနဲ့။ ပဝါရှည်တစ်ထည် အိတ်ထဲ ထည့်သွားတာက မမှားပါဘူး။ ရာသီဥတုအတွက်ရော ကိုယ့်ရဲ့ဖက်ရှင်အတွက်ပါ အသုံးချလို့ရမှာပါ။

၂) သောက်စားတတ်ပါစေ

အူရိုင်းလေးတွေဆိုရင် အယ်လ်ကိုဟောကပိုဒုက္ခပေးပါတယ်။ ဗိုက်ထဲမှာ အစာမရှိဘဲ အရက် ဘီယာ မသောက်ပါနဲ့။ ကိုယ့်အတွက်ရောစပ်ပေးမယ်ဆိုရင်လည်း စိတ်ချရတဲ့သူကို သေသေချာချာစီစဉ်ခိုင်းပြီးမှ သောက်ပါ။ အရက်သောက်ပြိုင်တဲ့ ဂိမ်းမျိုးကို လုံးဝရှောင်ပါ။ ကိုယ်က သောက်လေ့သောက်ထမရှိဘူးဆိုရင် ထမင်းလိုမျိုး ပေါင်မုန့်လိုမျိုး ပရိုတင်းကြွယ်ဝတဲ့ အစာကိုစားထားပါ။ ကိုယ့်ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်ကို မသိတဲ့အတွက် စွတ်မသောက်ပါနဲ့။ အပေါင်းအသင်းတွေကြား ပေါ်ပြူလာဖြစ်ဖို့ တစ်ခွက်ပြီးတစ်ခွက် မြန်မြန်သောက်ပစ်တာမျိုးတွေ ရှောင်ပါ။ အစားကို တည့်မတည့် သတိထားပြီးစားဖို့အရေးကြီးပါတယ်။ ချစ်လေးတို့ အစာအဆိပ်သင့်မှာမျိုးကို စိုးရိမ်လို့ပါ။

You May Also Like : ညက များသွားခဲ့ရင်

၃) Safe ဖြစ်ဖို့လို

ညဘက်ပျော်မယ် ကဲမယ်ဆိုရင် လူကကျန်းမာပြီး အင်အားပြည့်နေဖို့လိုပါတယ်နော်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ထားပါ။ အရေးကြီးတဲ့ အလုပ်တွေရှိရင်  ညနေကတည်းက အပြီးဖြတ်ထားပါ။ ဖုန်းအားရှိမရှိ သေချာစစ်ပြီး Power Bank ပါထည့်ပါ။ ကိစ္စတစ်ခုခုရှိတဲ့အခါ ကိုယ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ် List တွေကို သေသေချာချာမှတ်သားပါ။ ဟိုဖုန်းထဲမှာလိုလို ဒီဖုန်းထဲမှာလိုလို ဖြစ်နေမှာစိုးလို့ပါ။ ကိုယ့်အိမ်ကိုယ် ဘယ်လိုပြန်မလဲဆိုတဲ့ အပြန်လမ်းကြောင်းကို စဉ်းစားပြင်ဆင်ထားရပါမယ်။ စိတ်ချရတဲ့ကားဆရာတစ်ယောက် အဆင်သင့် ရှိနေပါစေ။ အပျော်လွန်ပြီးမူးပြဲကွဲနေတဲ့ ပုံတွေရိုက်မိတာမျိုး ၊ ကိုယ့်ကို Tag တွဲပြီး တင်ကြတာမျိုး၊ ပေါက်ကရ Status တွေရေးမိတာမျိုး မဖြစ်ရအောင် Facebook ကို ကြို   Deactivate ထားလိုက်တာကောင်းပါတယ် 😛

၎) ပွဲပြီးပြင်ဆင်မှု

ချစ်လေးတို့အနေနဲ့ ပြန်လာရင် ဝတ်မယ့်အဝတ်အစား အိပ်ရာကအစ အဆင်သင့် ပြင်ဆင်ပြီးသားရှိနေတာပိုကောင်းပါတယ်။ မူးတာ၊ ရင်ပူတာသက်သာဖို့ ရေခဲသေတ္တာထဲ အသီးတွေ၊ အအေးတွေနဲ့ Lemon Tea လိုမျိုး၊ ပျားရည်ရေနွေးလိုမျိုး တွေကို အဆင်သင့်ဖြည့်ထားသင့်ပါတယ်နော်။ အယ်လ်ကိုဟောအလာဂျီရှိရင် သောက်ရမယ့်ဆေးကိုဆောင်ထားပါ။ မဟုတ်လို့ကတော့ နီရဲယားယံပြီး အိပ်မရဖြစ်နေပါလိမ့်မယ်။

ကဲ…ဒီလောက်ဆိုရင်တော့  ခေးလေးတို့ဘယ်လိုပဲကဲကဲ အဆင်ပြေပါလိမ့်မယ်။

ဂျူဂျူး (အခရာ)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...