“အမျိုးကောင်းသမီးတွေ ဒီလိုမဖြစ်ပါစေနဲ့”ကြည့်ရန်နှိပ်ပါ။။


“မိဘတွေ၊သားသမီးစာတော်တိုင်း၊ပစ်မထားကြပါနဲ့” ………
(ကာယကံရှင်ကိုယ်တိုင်၏ရင်ဖွင့်ချက်၊သူနှင့်ပတ်သက်
ခဲ့ဖူးသူတို့၏ရင်ဖွင့်ချက်၊ငယ်သူငယ်ချင်းအဖြစ်နှင့်အမြင်
၊ဘေးလူတစ်ဦးအနေဖြင့်မြင်သောအမြင်၊များဖြင့်
ရေးလိုက်ပါသည်။)
၁။ကျွန်မဟာ၊မိဘတာဝန်ကျရာနယ်တွေမှာသွားရောက်နေခဲ့ရတော့၊၁၀တန်းနှစ်
မိုးညှင်းမှာကျောင်းနေခဲ့ရပြီး၊နေသမျှကျောင်းတွေမှာသူငယ်ချင်းအသစ်တွေရခဲ့
ကာ၊အဲဒီအထဲမှာ“နန္ဒာ”ဆိုတဲ့ငယ်သူငယ်ချင်းတစ်ယောက်ရှိခဲ့ပါတယ်။မွေးချင်း
၎ယောက်အနက်၃ယောက်မြောက်နို့ညှာဖြစ်ပြီး၊ငယ်စဉ်ကတဲကစာအရမ်းတော်၊
မိဘတွေကလည်း၊အချမ်းသာကြီးမဟုတ်ပေမဲ့၊ဖခင်ကကျောက်လုပ်ငန်း၊မိခင်က
စတိုးဆိုင်လေးနဲ့စိုစိုပြေပြေရှိပါတယ်။
မွေးချင်းအားလုံးထဲမှာစာအတော်ဆုံး၊အလိမ္မာဆုံးမို့၊စာကိုဘဲဖိကြိုးစားစေပြီး၊စာ
မကျက်ရင်၊TVကြည့်ရင်၊တခြားအရာတခုကိုစိတ်ဝင်စားရင်၊ဆူပူရိုက်ပုတ်တာခံရ
တဲ့အထိ၊တွန်းအားပေး၊ဖိထားကြတယ်။သူ့စိတ်ကြိုက်လည်းဘယ်အရာမှ၊ပြုလုပ်
ခွင့်မပေးခဲ့ပါဘူး။
၂။ပြသနာက-ဒီကစတယ်လို့ဆိုရမှာဘဲ၊
အဲဒီမြို့ကလေးကနေ၁၀တန်းအောင်ရင်၊သာမန်ဆိုမြစ်ကြီးနားတက္ကသိုလ်မှာဘဲ၊
တက်ရပြီး၊ဆရာဝန်၊အင်ဂျင်နီယာဖြစ်မှသာ၊မကွေး၊မန္တလေးစသည်တို့မှာတက်ရ
တာကြောင့်၊သူ့ရင်ထဲမှာ၊စာကျက်တာဟာ၊ဆရာဝန်၊အင်ဂျင်နီယာဖြစ်ဖို့ထက်၊ဒီ
အိမ်မိသားစုထဲကဝေးသထက်ဝေးဝေးထွက်ခွာနိုင်ဖို့စာကြိုးစားနေရတာ၊
“ဘယ်သူမှမသိနိုင်တဲ့အချက်ပါ။”
ဒီလိုနဲ့သူ၁၀တန်းအောင်တော့၊ဂုဏ်ထူး၎ဘာသာ။မိသားစုတွေအားလုံးပျော်
လိုက်ကြတာ၊သူကလည်းအရမ်းပျော်ပေါ့၊ဒါပေမဲ့…သူပျော်တာ၁၀တန်းအောင်
ခြင်းထက်၊မိသားစုနဲ့ဝေးဝေးသွားရတော့မှာကိုလေ…….
၃။ရောက်ပါပြီ။........ဆေးတက္ကသိုလ်ကို......ကျမနဲ့အတူပေါ့။
အမတွေ၊ညီမတွေ၊သူငယ်ချင်းတွေကလည်း၊ရည်းစားအထည်လည်းသလိုတွဲခဲ့
ကြတော့၊သူလည်းလွတ်ကျွတ်တဲ့နေရာရောက်တော့၊စထားပါပြီ..ရည်းစား။
Living together ပါ၊နေပလိုက်တယ်။
ဖုန်းနဲ့အီစီကလီတွေကလည်း၊အများကြီး၊ပေါင်းသင်းတာကလည်း၊ယောင်္ကျား
လေးတွေနဲ့ချည်းဘဲ၊မိန်းကလေးသူငယ်ချင်းက၊တစ်ဦးစနှစ်ဦးစသာ၊ယောင်္ကျား
လေးသူငယ်ချင်းတွေကပေါင်းလို့သင်းလို့ကောင်းတယ်တဲ့၊အနွံတာခံကြတယ်တဲ့။
မိန်းကလေးသူငယ်ချင်းတွေကျတော့၊ပြိုင်နေဖို့ဘဲသိတယ်။ပဲများနေတာဘဲရှိ
တယ်တဲ့….ဒါ၊သူ့ခံယူချက်…ဒီလိုနဲ့……..မကြာပါ။ကွဲသွားကြတယ်ပေါ့။
၎။ဒုတိယနှစ်….ဘယ်အချိန်ကြည့်ကြည့်၊ယောင်္ကျားလေးတွေနဲ့ဘဲ၊တရုန်းတရုန်း။
ဖြစ်ပြန်ပြီနောက်တစ်ယောက်၊ကျောင်းထဲကပါဘဲ၊အရမ်းချစ်နေကြပြန်တော့၊
Living together ပါ၊ထပ်နေပလိုက်တယ်။ယောင်္ကျားတွေနဲ့တရုံးရုံးအကျင့်က၊
မပျောက်ပြန်တော့၊ကွဲပြန်ပြီပေါ့၊
လူပုံကလည်း၊အလှပျက်လာပြီ၊အရင်ကျောင်းသူပုံစံကနေ၊အိမ်ထောင်သည်ပုံစံ
အဖြစ်နဲနဲရွဲလာပြီ။ရင်တွဲ၊ဖင်ပျောက်ပေါ့။ဒါကို..သူ့ကိုသူ..လှနေတုန်းဘဲလို့၊
ထင်နေတယ်လေ။သူ့ကို၊အခုမှတွေ့တဲ့သူကတော့၊လှသလိုလိုရှိပေမဲ့၊အရင်ငယ်
ကတဲကသိနေမြင်နေတဲ့သူတွေကတော့၊သိနေကြတာပေါ့။
၅။ဟိုလူ့ဖက်ငို၊ဒီလူ့ဖက်ငို….တော်တော်ခံစားနေရတဲ့ပုံနဲ့။သူဖက်ငိုတဲ့သူတွေက၊
သူ့ဘော်ဒါယောင်္ကျားလေးတွေချည်းဘဲလေ။
(ဒီမှာ၊ဖြတ်ပြောစရာတစ်ခုရှိပါတယ်။ယောင်္ကျားတွေဆိုတာက၊ရိုးရိုးမေတ္တာသန့်
သန့်နဲ့သူငယ်ချင်းလိုစိတ်မျိုးထားတဲ့သူက၊အရမ်းရှားပါတယ်။ရှိရင်လည်း၊ကိစ္စ
အားလုံးတိုင်းကိုလည်း၊ကူညီပေးနိုင်မှာမဟုတ်ကြပါဘူး၊မလွဲသာလို့၊အားနာလို့
လုပ်ပေးနေရတာမျိုး၊မရရင်တောင်အနံ့ရှုရနဲလားဆိုတဲ့သူ၊တွဲသွားရနဲလားဆိုတဲ့
သူ၊ဘယ်အချိန်ဘယ်လိုရနိုင်မလဲချောင်းနေတဲ့သူ၊ကသာ၊၉၉%ရှိနေတယ်ဆိုတာ၊
လူတိုင်းသိနေပေမဲ့၊သူကမသိတာလား၊အပျိုမဟုတ်တော့လို့၊မကြောက်တတ်တာ
လား၊ဆိုတာတော့၊ကိုယ်ဟာသူမဟုတ်လို့၊ကွဲကွဲပြားပြားမသိပါဘူး)
၆။တစ်ကျောင်းလုံးသိကြလို့၊ခြေငြိမ်သွားတာလား၊ဆိုတော့မဟုတ်ပါ။ထားပြန်ပြီ
နောက်တစ်ယောက်၊မေမြို့ကဗိုလ်လောင်းလေးနဲ့။ဘယ်ကိုသွားခဲ့ပြီး၊ဘယ်မှာ
ကြိုက်ခဲ့မှန်းတော့မသိပါ။တစ်ကျောင်းလုံးကတော့၊သူ့ကိုနှာခေါင်းရှုံ့ကြပြီ။
ဒါကိုလည်း၊သူမသိ-နေပြန်ပြီနောက်ထပ်- Living together ၊တတိယမြောက်ပေါ့။
ငယ်သူငယ်ချင်းတစ်ယောက်အနေနဲ့မနေနိုင်လို့၊ဒီလိုမလုပ်ဖို့သူ့ကိုပြောတော့၊-
-ဘာဖြစ်သလဲတဲ့။ရည်းစားဘ၀မှာ၊ဒီလိုနေတာဘာဆန်းလို့လဲ၊ငါတို့ကယူမှာတဲ့၊
-မယူရင်လည်း၊လင်ယူတာမှမဟုတ်တာ၊တစ်ခုလပ်နာမည်မျိုးမကျန်နိုင်ပါဘူးတဲ့၊
-ငါဒီလိုလုပ်တာမှားလို့လားတဲ့။ငါကဆိုးခဲ့လို့လားတဲ့။အရင်လူတွေနဲ့ပြတ်ရတာ၊ငါ့
အမှားမဟုတ်ဘူးတဲ့……ကဲ၊ရှင်းရော…
(ဒီလောက်လူများခဲ့တာ၊ကိုယ်ဘာမှားနေသလဲဆိုတာမျိုးကိုဆန်းစစ်သင့်တယ်
လို့တော့၊ထင်ပါတယ်။နောက်လူတွေကရော၊နေတော့၊သူအပျိုမဟုတ်တာကို
မသိလို့နေတာလား၊သိရက်နဲ့ခွင့်လွတ်နေတာလား၊ယူမယ့်သူမဟုတ်လို့အလ
ကားရသလောက်နေတာလား။)
၇။ဒီလိုနဲ့ကျွန်မတို့ကျောင်းပြီးသွားလို့ကွဲသွားကြပြီး၊ကျွန်မကရန်ကုန်မှာ၊သူက
မန္တလေးမှာ။နောက်တော့၊သူ့သတင်းရတယ်။သူတို့ကွဲသွားကြပြန်ပြီတဲ့။အခု
သူအလုပ်လုပ်တဲ့ဆေးရုံက၊နဲနဲseniorကျတဲ့သူတစ်ယောက်နဲ့ခုတ်နေတယ်တဲ့။
ဟိုလိုနေတယ်မနေဘူးဆိုတာတော့၊မကြားပေမဲ့သူ့ထုံးစံအရဆိုရင်တော့၊Living togetherနေဖြစ်မှာသွားမယ်ထင်ပါတယ်။သို့သော်သူတစ်ပါးကိုလည်း၊ကိုယ်က
သေချာမသိဘဲနဲ့တော့၊မပြောချင်ပါဘူး။ဒါက ၄ယောက်မြောက်ပေါ့။
၈။နောက်တော့၊သူရန်ကုန်ပြောင်းလာတယ်။ကျွန်မတို့ခဏပြန်တွေ့ဖြစ်တယ်။သူ
မပြောဘဲသူ့အကြောင်းမသိချင်လို့၊မမေးကြည့်ခဲ့ပေမဲ့၊သူပြောလာတာတွေ၊
ရင်ဖွင့်လာရတာတွေက၊နောက်ထပ်တစ်ပုံတစ်ပင်မို့ရင်မောရပြန်ပါတယ်။
သူအခု၊သူ့အထက်ကအစ်ကိုနဲ့နေတယ်တဲ့။အဲဒီအစ်ကိုလုပ်သူကလည်းအသုံးမ
ကျလို့၊စကားတောင်မပြောဘူးတဲ့။မိဘလုပ်တဲ့သူတွေကလည်း၊သူတို့သား
ရန်ကုန်ရောက်လာရင်ဖုန်းဆက်လာပြီ၊သူ၁ယောက်ထဲနေနေချိန်မှာဆို၊တခါမှ
ဖုန်းမဆက်လာဘူးတဲ့၊ဒါကြောင့်သူ့ဘ၀မှာ၊မိသားစုအပေါ်မှာရော၊ရည်းစားတွေ
အပေါ်မှာပါ၊စိတ်ပျက်မိတယ်တဲ့။သူအခုSenior(Dr..)ဆိုတာနဲ့ပြတ်သွားပြီတဲ့။
သူ့ကအရမ်းရှုပ်တဲ့သူတဲ့၊အခုလည်း၊သူ့အိမ်ကမိန်းမပေးစားတော့မှာမို့၊ငါနဲ့ဖြတ်
လိုက်တယ်တဲ့၊ငါ့ဘက်က၊အရမ်းလျော့ပေးပေမဲ့လည်း၊သူကလက်ခံဘူး၊
ဒါကြောင့်အရမ်းခံစားရလို့၊တွေ့တဲ့ကြုံတဲ့မိတ်ဆွေတွေနဲ့ကလပ်သွား၊အရက်
သောက်တတ်လာတယ်တဲ့၊အဲဒါ..ငါမှားလို့လားတဲ့…..ဗုဒ္ဓါ..
၉။နောက်ပြီး၊ဒီလိုနဲ့ဘဲတစ်ရက်၊ဆေးရုံလာတက်တဲ့ patientတစ်ဦးနဲ့ခင်မိရာက၊
သူတို့မိသားစုနဲ့အပြင်မှာ၊ထမင်းသွားစားဖြစ်တယ်။နောက်တော့၊ကြုံရင်ကြုံသလို
အားရင်လာခေါ်လို့စားသောက်ဆိုင်တွေထိုင်ဖြစ်တယ်။နောက်ပိုင်းမှာ၊သူ့မိသားစု
မပါဘဲ၊၃ကြိမ်ထမင်းသွားစားဖြစ်ခဲ့တယ်တဲ့။နောက်တော့အရက်သောက်တတ်
မှန်းသိလို့အရက်တိုက်ပြီး၊မူးနေချိန်မှာကားတင်ပြေးပြီး၊Hotelတစ်ခုကိုအတင်း
ခေါ်သွားလို့၊နေဖြစ်သွားတယ်တဲ့...
ဟာ!ကျွန်မရင်မောလိုက်တာ၊ရင်တွေလပ်လပ်တုန်လာတယ်။ဒေါသတွေတအား
ထွက်လာတယ်။သူငယ်ချင်းကိုလည်း၊သနားလွန်းလို့၊ကျစ်ကျစ်ပါအောင်ထွေးပွေ့
ထားမိတယ်။
“ကားပေါ်ကဆင်းချိန်မှာ၊နင်ထွက်မပြေးဘူးလား၊သူအတင်းဆွဲခေါ်သွားတာကို၊
Hotel၀န်ထမ်းတွေကမသိဘူးလား၊သူတို့ကိုရောအကူအညီမတောင်းဘူးလား၊
ရဲမတိုင်ဘူးလား”ဆိုတဲ့၊လား…..ပေါင်းများစွာ၊မေးခွန်းဒလစပ်မေးမိလိုက်တော့-
ကားပေါ်ကခုန်ဆင်းရင်၊ငါသေသွားမှာပေါ့၊Hotel၀န်ထမ်းတွေကို၊အဲဒီလိုတွေပြော
ရမှာလည်းရှက်တယ်၊သူကလည်းအတင်းဒရွတ်တိုက်ခေါ်သွားတာတော့မဟုတ်ပါ
ဘူး၊ငါ့ခြေထောက်နဲ့ငါ..လူရိပ်မိရင်၊အရှက်ရမှာစိုးလို့တောင်၊လမ်းလျှောက်သွား
တာပါ….တဲ့။အဲဒါငါမှားလို့လားတဲ့။
“လူမြင်၊လူပြောမှာကိုရှက်တယ်၊လူတယောက်နဲ့တိုးပြီးထပ်အိပ်လိုက်ရမှာကိုတော့
၊အရှက်လို့မသတ်မှတ်ဘူး”....အော်-တစ်လွဲအရှက်၊
အဲဒီတော့-(........)ယောက်မြောက်နဲ့အိပ်ခဲ့ခြင်းပေါ့။
ဒါကြောင့်၊ကျွန်မသူ့ကိုဆောင့်တွန်းမိလိုက်တယ်။ရွံလည်းရွံသွားတယ်။
၁၀။သူကဆက်ပြောတယ်။သူ့မှာအိမ်ထောင်ရှိပေမဲ့၊သူကငါ့ကိုယူမယ်တဲ့၊အိမ်ဝယ်
ပေးမယ်၊ကားဝယ်ပေးမယ်ပြောတယ်၊ဒါကြောင့်သူ့ငွေတွေ၊ငါ့ကိုကြိုက်သလောက်
သုံးဖို့ပုံပေးတယ်။ဈေးကြီးတာတွေ၊ကောင်းပေ့ဆိုတာတွေလည်းအများကြီးဝယ်ပေး
တယ်၊လစဉ်၃သိန်းလည်း၊ထောက်ပံ့တယ်၊ဒါပေမဲ့၊ငါကအကုန်မသုံးပါဘူး၊ငါ့ကိုသူက
ဖျက်ဆီးတဲ့အတွက်..ငါလိုသလောက်တော့၊သုံးတာပါတဲ့၊….၊ဒါငါမှားသလားတဲ့။
ကဲ…သွားရော၊Keepingဖြစ်မှန်းမသိဖြစ်သွားတာ…၊ငွေကြောင့်တွေဝေ၊ပစ္စည်း
ကောင်းတွေနဲ့မှိန်းမောသွားအောင်လုပ်ပေမဲ့၊ရေရှည်ဒီလိုပေးနိုင်မှာမဟုတ်ဘူးဆို
တာမိန်းမကြိုက်ပစ္စည်းတွေနဲ့၊နှုတ်ပိတ်တာကိုမသိနားမလည်၊ပါးရည်နပ်ရည်
မရှိတာ၊စိတ်ပျက်စရာပါ။
၁၁။ဒီလိုနဲ့မရှေးမနှောင်းမှာဘဲ၊သူနဲ့ပတ်သက်ခဲ့တဲ့၊(Senior Dr……)ကို၊ကိစ္စတစ်ခု
မှာဆုံဖြစ်တယ်။သူ့အကြောင်းကိုယ့်အကြောင်းမေးကြရင်း၊“နန္ဒာ”နဲ့သိမှာပေါ့ဆိုပြီး၊
သူ့အကြောင်းကိုရောက်သွားတယ်၊-
ကျမကလည်း၊ပွင့်ပွင်းလင်းလင်းသိပါရစေလို့ပြောလိုက်တော့၊-
“သူ၊နန္ဒာ့ကိုညီမတစ်ယောက်လိုသာချစ်ပါကြောင်း၊
-သူ့အရင်ကအကြောင်းတွေကိုလည်း၊သူ့အပေါင်းအသင်းတွေဆီကသိရတဲ့အတွက်
ရော၊သူ့ဆီကသိရတဲ့အတွက်ရော၊သူအပျိုမဟုတ်တဲ့အပြင်၊သူ့စိတ်ဓါတ်တွေကို
မကြိုက်နှစ်သက်ပါကြောင်း၊
-သို့သော်သူကတစ်ဖက်သတ်အရမ်းဖြစ်နေတဲ့အတွက်အားနာလို့တွဲနေရကြောင်း
-ကျွန်တော့မှာလည်း၊အခြားရည်းစားရှိကြောင်း၊သူ့ကိုပွင့်ပွင့်လင်းလင်းပြောထား
ပြီးဖြစ်ကြောင်း၊
-ဖိုမသဘာဝအရ၊Living togetherကိစ္စမပြောလိုကြောင်း၊
-သူဟာဘ၀အတွက်အလွန်ပင်လောဘတက်နေကြောင်း၊အကြောင်းကြောင်း
ကြောင့်လူများစွာနဲLiving togetherနေခဲ့ဖူးတဲ့ကိုယ့်ဘ၀ကို၊မာန်မချဘဲ၊တရားဝင်
လင်မယူဖူးသေးလို့၊ဆိုတာနဲ့ဘဲ၊ကိုယ့်ကိုယ်ကိုယ်ဟုတ်လှချေဖြစ်နေကြောင်း၊
-သူ..မိသားစုတစ်ခု၊လိုချင်နေသည်မှာမှန်သော်လည်း၊လောဘကမလျော့၊ကိုယ့်
မျက်ချေးကိုမမြင်၊သူ့ရဲ့ဆရာဝန်ဆိုတဲ့ဂုဏ်သေးသေးလေးတစ်ခုထဲကို၊အဟုတ်ကြီး
မှတ်ပြီး၊-
ဘယ်လိုမင်္ဂလာဆောင်ပေးရမယ်၊သိန်းထောင်ချီတန်တိုက်ဝယ်ပေးရမယ်၊ကားအ
ကောင်းစားရှိရမယ်၊တစ်လ၀င်ငွေသိန်း၂၀လောက်ရှိရမယ်၊သူသုံးဖို့အလုပ်
ကြိုးစားရမယ်၊နောင်ရေးအတွက်စိတ်အေးအောင်လုပ်ပေးရမယ်၊ဆိုတာမျိုးဗျ-
-သူကျတော့၊အပျော်အပါးမက်၊လည်ချင်ပတ်ချင်တာလည်းစုံလို့၊သူများဘယ်
သွားသွား၊သူပါချင်တယ်၊စိတ်ကိုဂနာမငြိမ်ဘူး၊အိမ်မှုလည်းနိုင်နင်းပုံမပေါ်
တဲ့အပြင်၊ဖုန်း၂လုံးနဲ့အီစီကလီတွေရှုပ်ရှက်ခတ်နေတာဘဲ၊
-ဖုန်းဆက်ရင်လည်းမကိုင်တဲ့အခါမကိုင်၊ပြန်လည်းမဆက်နဲ့။ဆက်ဆံရေးရိုင်းတယ်၊
ဒီလိုဆို၊သူမဟုတ်တာတစ်ခုခုခိုးလုပ်နေပြီဘဲ။
-ယောင်္ကျားတွေဆိုတာ၊ဒီလိုအီစီကလီတွေများ၊ရည်းစားအထည်လဲထားပြီး၊အားလုံး
နဲ့အိပ်ဖြစ်နေတဲ့သူထက်၊တည်တည်ငြိမ်ငြိမ်နဲ့အကြောင်းမလှလို့“တစ်ခုလပ်မ”ဖြစ်
နေခဲ့တဲ့သူကိုဘဲ၊အိမ်ထောင်ဖက်အဖြစ်ယူတာကမှတော်အုံးမယ်လို့တွေးကြမှာပါ။
-ဘာလို့လဲဆိုတော့၊-
ဖာကမှ၊ငွေကြေးကြောင့်၊လူများများနဲ့နေခဲ့တာဘဲရှိတယ်၊စိတ်ကအချစ်ပါသွားတာ
မဟုတ်ဘူး။သူ့ကျတော့၊ဟိုလူ့ကိုအရူးးအမူးချစ်လိုက်၊ဒီလူ့ကိုအရမ်းချစ်လိုက်၊အီနေ
တာကတစ်ဖက်၊အပြင်မှာဘယ်အချိန်တွေ့တွေ့၊ယောင်္ကျားသားတစ်ယောက်မဟုတ်
တစ်ယောက်သူ့ဘေးမှာပါတယ်။စိတ်ကော၊ခန္ဓာကော၊ခဏခဏပါသွားပြီးသားမို့၊
ဘာမှကျန်မှာမဟုတ်ဘူးတဲ့၊သူရောက်တဲ့နေရာတိုင်းမှာ၊အကူအညီမတောင်း
ဖူးတဲ့၊ယောင်္ကျားမရှိဘူး၊ကိုယ်နိုင်သလောက်၊ကိုယ့်ဒူးကိုယ်ချွန်မရှိဘူး။
စကားပြောကလည်း၊ရင့်သီးတယ်၊ရိုင်းတယ်၊အပ်ကြောင်းထပ်တဲ့မေးခွန်း
တွေနဲ့ပြသနာအမြဲရှာတတ်တယ်။ဒီတစ်ကောင်မရှိရင်နောက်တစ်ကောင်ရှိ
တယ်ဆိုတဲ့၊အချိုးမျိုးတွေစိတ်ထဲကိန်းနေတယ်။သူဘာပြောပြောမှုံကုတ်ပြီး၊
သူ့ပြသနာသာလျှင်အရေးအကြီးဆုံး၊ခုဘဲမီးလောင်တော့မလိုပုံစံမျိုးပြောတယ်။
-ဒီလိုစိတ်မထားဖို့၊ဘယ်လောက်ပြင်ပေးပြင်ပေးမရဘူး၊ဒါကိုသူက၊သူ့ကိုသူအဟုတ်
ကြီးထင်နေသေးတယ်၊အမြဲသူဘယ်မှာမှားလို့လဲချည်း၊တွေးတယ်-ပြောတယ်၊”တဲ့…
ကျမအနေနဲ့၊ပြန်ချေပပြောနိုင်ဖို့၊အကြောင်းရှာလို့ကိုမတွေ့ဘူး..ဖြစ်သွားတယ်….
ပြတ်ကရော၊…..ကျမသူငယ်ချင်းမှာ-ဘာမှရစရာမရှိတော့ဘူး၊-
-ဒီလိုဆိုရင်၊ကိုယ့်ညီမလေးတစ်ယောက်လိုသဘောထားပြီး၊မရအရပြုပြင်ပေးဖို
့ကော၊မကြိုးစားဘူးလားလို့၊စောဒကတော့တက်လိုက်မိတော့၊
-ကျွန်တော်လည်းမတတ်နိုင်ဘူးတဲ့၊
သူကိုယ်တိုင်ဘ၀င်၊အပြောအဆိုသောက်ချိုးနဲ့လောဘကို၊အရင်အသော
သတ်နိုင်ပြီး၊အမှားအမှန်ခွဲခြားနိုင်ဖို့ရယ်၊ဒါ့အပြင်-ငွေရှိသည်ဖြစ်စေ၊မရှိ
သည်ဖြစ်စေ၊ရိုးအေးပြီး၊ခွင့်လွတ်နိုင်တဲ့သူနဲ့တွေ့ရင်တော့၊သူကံကောင်းမှာပါ။
မဟုတ်ရင်တော့၊-သူ့အကြောင်းသိတဲ့သူတွေတစ်စတစ်စများလာပြီး၊ဒီလိုသိတဲ့သူတွေက၊
အချိန်ကြာလာတာနဲ့အမျှ၊အလုပ်ခွင်အားလုံးတိုင်းမှာ၊ပြန့်နေရင်၊ရေရှည်…သူအလုပ်လုပ်ဖို့တောင်
ထိခိုက်နိုင်ပါတယ်…တဲ့…………ဗျာ၊-
၁၂။သွားပြီ၊ကျမဘာလုပ်ရမလဲ၊သူ့ကိုကျမအနေနဲ့၊ဘာမှမတတ်နိုင်တော့ဘူး၊
သူ..ငွေပုံကြားမှာမှိန်းမောခြင်းမှ၊ရုန်းထွက်နိုင်ပါစေ။စာနာနားလည်
သူနဲ့တွေ့ပြီး၊သူ့ဘ၀လေး၊အေးချမ်းပါစေ။ကျန်သူတွေ၊သူ့လို
မဖြစ်အောင်၊စ..သဖြင့်ဘဲ၊သင်ခန်းစာစကားဘဲပါးရပါတော့မယ်…..
“ဘုရား….ဘုရား…၊အမျိုးကောင်းသမီးတွေ၊သူလိုမဖြစ်ပါစေနဲ့”
“မိဘတွေ၊သားသမီးစာတော်တိုင်း၊ပစ်မထားကြပါနဲ့”…..၊မိန်းမကောင်းစိတ်
ထားဖို့လည်း၊သွန်သင်ကြပါ။
“သူလိုသိမ်ဖျင်းတဲ့စိတ်ဓါတ်မျိုး၊မမွေးကြပါနဲ့”လို့…တိုက်တွန်း၊ဆုတောင်းရင်း၊
(ညီမတစ်ဦးက၊သူ့သူငယ်ချင်းအကြောင်းကိုပြောပြခြင်းကို၊အမည်၊နေရာလွှဲ၍၊ဆီလျှော်အောင်
ရေးသားလိုက်သည်။)

ချစ်နှင်းဆီ

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...