မဟာမုနိ ဘုရားကြီးရှိ ကြေးရုပ်များကို ကိုင်တွယ်ခွင့်ပြုတော့မည်မဟုတ်...

အပြည့်အစုံ ကြည့်ရန်နှိပ်ပါ။။

မဟာမြတ် မုနိဘုရားရှိ ကြေးရုပ်များကို ထိတွေ့ကိုင်တွယ်နေသည့်ဘုရားဖူးပြည်သူများ
မန္တလေးမြို့ မဟာမုနိ ဘုရားကြီး ကြေးရုပ်ပြတိုက်ရှိ ကြေးရုပ်များ ရေရှည်ထိန်းသိမ်း နိုင်ရန် လာမည့်ဖေဖော်ဝါရီမှ စ တင်၍ ဘုရားဖူးဧည့်သည်များ အား ကိုင်တွယ်ခွင့်ပေးတော့မည်မ ဟုတ်ကြောင်း သတင်းရရှိသည်။

ပြတိုက်ရှိ ကြေးရုပ်များ သည် သက်တမ်းကြာမြင့်၍ ပျက်စီးယိုယွင်းမှုအချို့ ရှိနေကာ ရေရှည်ထိန်းသိမ်းနိုင်ရန် ဘုရားဖူး ဧည့်သည်များအား ဖေဖော်ဝါရီ လပိုင်းကစတင်၍ ကိုင်တွယ်ခွင့် ပြုတော့မည် မဟုတ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြော သည်။

‘‘ကျွန်တော်တို့အနေနဲ့ ထိ ခွင့်မပေးချင်တော့ဘူး။ ရှေး ဟောင်းကလည်း အဲဒီလိုပြော တယ်။ မထိဖို့။ ချက်ချင်းလုပ်ဖို့ဆို တာထက် ဒါကို ပရိသတ်ကိုလည်း နားလည်ပေးစေချင်ပါတယ်။ ကိုင်ခွင့်မပေးဘူးဆိုတာထက် မ ကိုင်သင့်တော့တာပါ’’ဟု ၎င်းက ပြောသည်။

ကြေးရုပ်များ ပျက်စီးယို ယွင်းမှုမရှိရန် ကိုင်တွယ်ခွင့်မပြု တော့ဘဲ မှန်ပေါင်ဖြင့် ထားရှိခြင်း (သို့မဟုတ်) ထိကိုင်ခွင့်မပြုရ စာ တန်းများရေးထိုးထားခြင်း စသည် တို့ဖြင့် တားမြစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ မဟာမုနိဘုရား ကြီး ကြေးရုပ်ပြတိုက်ရှိ ကြေးရုပ် များသည် ခေါင်းသုံးလုံးရှိသော ဆင်ရုပ်၊ ခြင်္သေ့ရုပ်နှင့် လူပုံကြေး ရုပ်တို့ဖြစ်သည်။

အဆိုပါကြေးရုပ်များကို ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ် ကျောင်းတော်မှ ယိုးဒယားတို့က ယူဆောင်လာခြင်းဖြစ်ပြီး ကော ဇာသက္ကရာဇ် ၉၆၀ တွင် ယိုးဒယား ဘုရင်က တောင်ငူကို တိုက်သော အခါ မြန်မာဘုရင်ဘက်မှ ရခိုင် ဘုရင်က စစ်ကူတိုက်၍ ကြေးရုပ် များကို ရခိုင်ပြည်နယ်သို့ ယူ ဆောင်လာခဲ့ခြင်းဖြစ်သည်။ ဘိုး တော် ဗဒုံမင်းလက်ထက်တွင် သားတော်အိမ်ရှေ့စံမင်းသည် ဓည၀တီ ရခိုင်ပြည်မှ မဟာမုနိ ဘုရားကြီးသို့ ပင်ဆောင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအရ သိရသည်။

အဆိုပါ ကြေးရုပ်များ၏ အ စိတ်အပိုင်းများကို ထိ ကိုင် ဆု တောင်းလျှင် ရောဂါရှိသူများအ နေဖြင့် သက်ဆိုင်ရာရောဂါများ ပျောက်ကင်းသည်ဟု ဘုရားဖူး ဧည့်သည်အချို့က ယုံကြည် သည်။

(ဓာတ်ပုံ-ဖြိုးဖြိုးဇော်)
Credit: 7Day

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...