ကောလဟလ ကိစ္စ အဆိုတော်အောင်လ ဘာတွေပြောထားလဲ နှိပ်ကြည့်လိုက်နော်..။

အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ကတော့ ပရိသတ်တွေရဲ့ သံသယတွေကို ပိုမိုခိုင်မာအောင် လုပ်လိုက်ပါပြီ။အဲဒါဘာလဲဆိုတော့ တစ်ယောက်ရဲ့ ရင်ဘတ်တွေမှာ တစ်ယောက်နာမည်ကို တက်တူးထိုးထားကြတာပဲဖြစ်ပါတယ်။ အောင်လဟာလည်း သူ့ရဲ့ ဘယ်ဘက်ရင်ဘတ် ပေါ်မှာ အသည်းပုံသင်္ကေတနဲ့ အတူ ဝိုင်းစုခိုင်သိန်းရဲ့ နာမည်အစစာလုံးတွေကို ထိုးထားသလို ဝိုင်းစုခိုင်သိန်းကလည်း အောင်လရဲ့ နာမည်အပြည့်အစုံကို သူမရဲ့ ရင်ဘတ်မှာ  ထိုးထားတာကို တွေ့ရပါတယ်။

အဲဒီလို တက်တူးလေးတွေ ဆင်တူထိုးထားတဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းရဲ့ ဓာတ်ပုံတွေကိုလည်း သူတို့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်အကောင့် တွေမှာ တင်ထားဖြစ်ပါတယ်။  အောင်လဟာ ဝိုင်းစုခိုင်သိန်းနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ တွစ်တာအကောင့်မှာ တင်တာတွေလည်း ရှိခဲ့သလို အောင်လအကောင့်မှာ နှစ်ယောက်သား အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေတင်ထားကတည်းက ဝိုင်းစုခိုင်သိန်းမှာ အောင်လရဲ့ နာမည်တက်တူးရှိနေခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးလုံးဟာ မကြာသေးခင်ကမှ အိမ်ထောင်ဘက် အသီးသီးနဲ့ ကွာရှင်းခဲ့သူတွေ ဖြစ်ပါတယ်။အောင်လနဲ့ ဝိုင်းစုတို့ရဲ့  အတူတွဲရိုက် ထားတဲ့ ဓာတ်ပုံတွေကလည်း မကြာသေးခင်ကာလအတွင်းက အွန်လိုင်းပေါ်မှာ ပြန့်နေခဲ့ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံနေရတဲ့ အနုပညာရှင်နှစ်ဦး ဖြစ်ပါတယ်။
ဝိုင်းဆုခိုင်းသိန်းရဲ့ တစ်ကိုယ်တော် " ဂါ " အခွေက ၂၀၁၆ ထဲမှာ ထွက်ရှိထားခဲ့ပြီး ၂၀၁၇ မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်ဦးမှာ ဖြစ်ပါတယ်။
Photo : အောင်လဖေ့စ်ဘွတ်၊ ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ်

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...