မိန်းမတွေရဲ့ ရင်သားလျှို့ဝှက်ချက် လေးသွယ်



အမှန်တရားကို ရှာဖွေဖို့ ကျွန်တော်တို့ဟာ အမျိုးသမီး လိင်ကိစ္စ ပညာရှင်တွေကို ဆက်သွယ်ခဲ့ပြီး မိန်းမ ၇၀၀ ကျော်ကို စစ်တမ်းကောက်ခဲ့ပါတယ်။ သင် သိလိုသမျှ အရာအားလုံးဟာ ဒီမှာပါ။ ဒါတွေအလုံးကို ဖတ်ပြီးရင် ယောက်ျားတွေ ဘာကြောင့် ရင်သားတွေကို စိတ်ဝင်စားလဲဆိုတာ သိသွားပါလိမ့်မယ်။

၁. မိန်းမတွေဟာ ယောက်ျားတွေ ရင်သားအကြောင်း လုံးဝမသိဘူးလို့ မထင်ပါဘူး

ကျွန်တော်တို့မေးခဲ့တဲ့ မိန်းမတွေရဲ့ လေးပုံသုံးပုံဟာ ယောက်ျားတွေ ရင်သားတွေကို စွဲမက်ခြင်းဟာ အပြစ်မရှိဘူးလို့ ထင်ထားပါတယ်။ ၇၀ ရာနှုန်းကတော့ ယောက်ျားတော်တော်များများဟာ ရင်သားကြိုက်ပါတယ် တဲ့။ ” ယောက်ျားတွေ ကျွန်မရင်သားကို ကြည့်တာ ကြိုက်ပါတယ်။ အဲဒါက ကျွန်မကို ပိုပြီး စွမ်းအားရှိသလို ခံစားလာရစေပါတယ်” လို့ ၂၃ နှစ်အရွယ် ရေချယ် က ဆိုပါတယ်။ အဲဒါကြောင့် သင့်ရဲ့ အပြုအမူတွေကို ထိန်းပါ။ ရင်သားတွေကို လျှို့ဝှက်ပြီးသာ ကြည့်ပါ။ လူကြားထဲမှာဆို လေးစားပါ။ သင့်ဘဝထဲကို တစ်သက်လုံး ယူဆောင်လာတဲ့ မိန်းမကိုတော့ တန်ဖိုးထားလိုက်ပါ။

၂. မိန်းမတော်တော်များများဟာ သူတို့ရင်သားတွေကို ယောက်ျားတွေချစ်တာထက် ထက် ပိုချစ်ပါတယ်

စစ်တမ်းကောက်ခဲ့တဲ့ မိန်းမတော်တော်များများဟာ ရင်သားတွေကို သူတို့ သာမန်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဆိုတာထက် လိင်ကို ဖော်ပြရာ အဓိက ပစ္စည်းတစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။ ၆၂ ရာနှုန်းဟာ ဘောင်းဘီချွတ်ရတာထက် အင်္ကျီချွတ်ရတာကို ပို စိတ်လှုပ်ရှားကြပါတယ်။ ၇၈ ရာနှုန်းကတော့ ဆက်ဆံစဉ် ရင်သားတွေကို ဖော်ပြနိုင်တဲ့ ” Cowgirl” ပုံစံကို ကြိုက်ကြပါတယ်။ ၈၇ ရာနှုန်းကတော့ ရင်သားတွေကို ဖော်ပြနိုင်တဲ့ မိန်းမတွေဟာ ပိုပြီး ရွေးချယ်ဆက်ဆံခံရတယ် ထင်ပါတယ်။

၃. မိန်းမတွေဟာ သူတို့ရင်သားကြောင့် စိတ်ရှုပ်ရတတ်ပါတယ်

အမြဲ အရွယ်ပြောင်းလဲနေတတ်တဲ့ ရင်သားတွေဟာ ရှုပ်ထွေးပွေလီတဲ့ အရာတွေ ဖြစ်စေပါတယ်။ ပုံမှန် မိန်းမတစ်ယောက်ဟာ သူ့ဘဝတစ်လျှောက်မှာ ရင်သားဆိုဒ် ၆ မျိုး ပြောင်းပါတယ်။ ရာသီ၊ တားဆေး၊ ကိုယ်အလေးချိန်၊ ကိုယ်ဝန်၊ နို့တိုက်တာ အားလုံးဟာ ရင်သား အရွယ်အစား၊ ပုံစံနဲ့ ခံစားရမှုကို ပြောင်းစေပါတယ်။ သင့်ကောင်မလေး မလုံမခြုံ ခံစားနေရရင် သူမကို သူမ ကိုယ်လုံးနဲ့ ပါတ်သတ်ပြီး အမြင်ကောင်းအောင် ပြောပေးပါ။

၎. အိပ်ရာထဲမှာဆို သင် သူမရင်သားတွေအကြောင်း ဘာမှ မသိသေးပါဘူး

ယောက်ျားတွေမှာ ရင်သားတွေကို ထိကိုင်တဲ့ ပုံစံ နှစ်မျိုး ရှိပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ကိုင်ရင်ကိုင်၊ မဟုတ်ရင် အရင် ကောင်မလေး ကြိုက်တဲ့ ပုံစံအတိုင်း ကိုင်တာပါ။ မိန်းမတိုင်းဟာ ရင်သားတွေနဲ့ ပါတ်သတ်ပြီး ခံစားရပုံခြင်း မတူပါဘူးဆိုတာ သတိထားပေးပါ။ မိန်းမတစ်ယောက် သင့်အတွက် Bra ချွတ်လိုက်တာနဲ့ အရင်က ကိုင်ခဲ့ဖူးပုံတွေ၊ ကိုင်နည်းတွေကို အကုန်မေ့လိုက်ပါ။ နှစ်ပေါင်းများစွာ ပေါင်းလာခဲ့သူဆိုရင်တောင် ဒီနည်းက အလုပ်ဖြစ်ပါတယ်။ ဘယ်တုန်းကမှ မတွေ့ရခဲ့ဘူးသလို သဘောထားလိုက်ပါ။ ပြန်ပြန်ပြီး လေ့လာပါ။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့

Credit : gentleman magazine

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...