ညှို့အားကောင်းတဲ့ အမျိုးသားတွေ ကြောက်စရာကောင်းဆိုပဲ..။ နှိပ်ကြည့်ထားလိုက်နော်..။

သူတို့ကိုယ်သူတို့ အမျိုးသမီးတွေပေါ် သြဇာရှိတယ် သို့မဟုတ် ဘဝကို ပျော်ပါးစွာ နေထိုင်သူ (playboy) အဖြစ် မှတ်ထင်ကြသူ အမျိုးသားတွေဟာ စိတ်ပိုင်းဆိုင်ရာပြသနာတွေ ရှိနိုင်ခြေ ပိုများကြောင်း လေ့လာမှုတစ်ခုက ဖော်ပြခဲ့ပါတယ်။ သူတို့တွေဟာ အဲဒီပြသနာတွေအတွက် ဆေးကုသမှု ခံယူဖို့လည်း သိပ်မကြိုးစားကြပါဘူး။

Bloomington မြို့ Indiana တက္ကသိုလ်က သုတေသီတွေဟာ လူ ၂၀,၀၀၀ နီးပါး ပါဝင်တဲ့ လေ့လာမှု ၇၈ ခုကို  အသေးစိတ်လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ လေ့လာမှုအားလုံးမှာ စိတ်ကျန်းမာရေး၊ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုနှစ်ခုကြား ဆက်နွယ်မှုကို စူးစမ်းလေ့လာခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ကောင်းခြင်း သို့မဟုတ် ဆိုးခြင်းတွေရဲ့ ဖြစ်နိုင်ခြေဆက်နွယ်မှုတွေကိုလည်း လေ့လာခဲ့ပြီး စိတ်ဓာတ်ရေးရာ ပြသနာတွေအတွက် အကူအညီတောင်းခံဖို့ ဆန္ဒရှိသူတွေနဲ့ နှိုင်းယှဉ်မှု ပြုလုပ်ခဲ့ပါတယ်။

ယောက်ျားဆန်ဆန် ဖြောင့်ဖြောင့်တောင့်တောင့် စံနှုန်းသတ်မှတ်ချက် ပြည့်မီဖို့ လိုအပ်တယ်လို့ ယူဆသူ အမျိုးသားတွေနဲ့ စိတ်ကျန်းမာရေးချို့တဲ့မှု နှစ်ခုကြား ဆက်နွယ်မှုကို သုတေသီတွေ ထုတ်ဖော်နိုင်ခဲ့ပါတယ်။

အမျိုးသမီးတွေကို လွှမ်းမိုးတတ်ပြီး ပလေးဘွိုင်းအပြုအမူရှိတဲ့ အမျိုးသားတွေမှာ အများဆုံးကိုက်ညီတဲ့ ဆက်စပ်မှုကို လေ့လာတွေ့ရှိခဲ့ပါတယ်။ အမျိုးသမီးတွေကို အသုံးချတတ် သို့မဟုတ် သူတို့အပေါ် ထိန်းချုပ်မှုပြသနာ ရှိကြောင်းပြသတဲ့ အမျိုးသားတွေဟာ စိတ်ကျရောဂါကဲ့သို့ စိတ်ဓာတ်ရေးရာ ချို့တဲ့မှုပြသနာတွေ ခံစားနိုင်ခြေပိုများကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

Ref: Yourtango
Credit - trend

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...