က်ြန္ေတာ္စံုစမ္းသိရွိရသေလာက္နဲ႔
သံသယအရွိဆံုးအေျခအေနကိုမ်ွေဝတာပါ …
ေအာင္ခန္႔၏ ယခုျဖစ္ရပ္အားဝန္ခံခ်က္ကိုသံုးသပ္ျပပါမယ္
ေအာင္ခန္႔က ထိုယာဥ္ကို သူေမာင္းတယ္
မေတာ္တဆအက္ဆီဒန္႔ျဖစ္တယ္
ဘယ္ဘက္မွာထိုင္ေနတဲ့ CEOကိုဝင္းထြန္းက
ေျခေထာက္ဆြဲထုတ္လို႔မရေအာင္ကို ညွပ္ေနတယ္
ေအာင္ခန္႔က ကိုဝင္းထြန္းေျခေထာက္ညွပ္ေနတာကို
မရမကဆြဲထုတ္တယ္ ေနာက္ဆံုးဘယ္လိုမွထုတ္လို႔မရတဲ့အဆံုး
ကိုဝင္းထြန္းက သူ႔ကိုမကယ္နဲ႔ေတာ့ အေနာက္ကမိန္းကေလးေတြကို
အျမန္သြားကယ္ပါေျပာလို႔ သူကကားေပၚကေနဆင္းျပီး
မိန္းကေလးေတြကိုတံခါးသြားဆြဲဖြင့္ျပီးကယ္တယ္
တံခါးကဘယ္လိုမွဖြင့္လို႔မရဘူး ( သူငယ္ခ်င္းမိန္းကေလးေတြရဲ႕
ေအာ္ဟစ္အကူညီေတာင္းသံေတြက ဆူညံပြက္ေလာရိုက္ေနတယ္လို႔
ေျပာတယ္ )
မွန္ရိုက္ခြဲဖို႔လည္းနည္းမ်ိဳးစံုၾကိဳးစားခဲ့တယ္ ဘယ္လိုမွမတတ္နိုင္ဘူး
အဲဒီအခ်ိန္မွာ ေဘးနားကလူတစ္ေယာက္က ညီေလးမင္းဖယ္ေနလိုက္ေတာ့
ကားကမီးစြဲေနျပီ မင္းပါ ပါသြားလိမ့္မယ္လို႔ေျပာမွ
က်ြန္ေတာ္လက္ေလ်ွာ့လိုက္တယ္
ေနာက္မၾကာခင္မွာပဲ ကားကမီးစြဲေလာင္သြားတယ္
မီးေလာင္တဲ့အရွိန္ကလည္းအရမ္းျမန္ေတာ့ ဘယ္လိုမွမတတ္နိုင္ဘူး
အဲ့လိုမ်ိဳးဝန္ခံထြက္ဆိုခဲ့ပါတယ္
ေကာင္းျပီ
ေအာင္ခန္႔ရဲ႕ ရဲေတြကိုထြက္ဆိုခဲ့တဲ့ဝန္ခံခ်က္ကို
က်ြန္ေတာ္တစ္ခုခ်င္းစီေထာက္ျပမယ္
ပထမအခ်က္အေနနဲ႔
ယာဥ္ရဲ႕ဘယ္ဘက္ျခမ္းက လမ္းအလယ္ကာေတြကိုတိုက္မိတယ္
ကားရပ္သြားတယ္ လမ္းေဘးအကာေတြကိုတိုက္မိထားတဲ့ကားရဲ႕
အေနအထားက ဘယ္ဘက္ျခမ္းအနည္းငယ္သာပိန္ျခိဳင့္ရံုအေနအထားကို
ပံုေတြမွာျမင္နိုင္ပါတယ္ ေရွ႕ကေနဒဲ့တိုက္မွသာ
ေျခေထာက္ညွပ္ေနနိုင္တဲ့အေနအထားပါ ကားရဲ႕ဘယ္ဘက္ေရွ႕ျခမ္းမွာ
တိုက္ထားတဲ့လကၡဏာလံုးဝမေတြ႔ရပဲ ဘယ္ဘက္ေဘးနဲ႔ပြတ္တိုက္မိထားတဲ့ေျခအေနမွာ
ယာဥ္ရဲ႕ဘယ္ဘက္ျခမ္းမွာ ထိုင္စီးလာတဲ့ကိုဝင္းထြန္းသည္
ဘယ္လိုမွေျခေထာက္ညွပ္နိုင္စရာအေျကာင္း လံုးဝမရွိပါ
ဒုတိယအခ်က္
ကိုဝင္းထြန္းေျခေထာက္ကို ဘယ္လိုမွထုတ္လို႔မရတဲ့အဆံုးမွ
ကိုဝင္းထြန္းကေျပာလို႔ အေနာက္ကမိန္းကေလးေတြကိုကယ္ဖို႔
သူ ကားေပၚကေနဆင္းသြားတယ္ေျပာတယ္
( ေနာက္ဆံုးသိရတဲ့သတင္းအရဆိုရင္ ထိုမီးေလာင္ေနေသာ
ယာဥ္ကိုမီးျငွိမ္းသတ္ခဲ့တဲ့အထဲမွာပါတဲ့သူရဲ႕ေျပာျကားခ်က္အရ
ယာဥ္ေမာင္းထိုင္ခံုေနရာမွာ မီးေလာင္ေသဆံုးေနတဲ့အေလာင္းကို
ေတြ႔ခဲ့ရပါတယ္လို႔သိထားရတယ္ )
ဒီျဖစ္စဥ္ကို ျပန္လည္သံုးသပ္ရရင္
ေအာင္ခန္႔ေျပာေတာ့ ကိုဝင္းထြန္းေျခေထာက္ညွပ္ေနတာ
ဆြဲထုတ္မရလို႔ ေနာက္ခန္းကမိန္းကေေတြကို ကယ္တင္ဖို႔
ကားေပၚကဆင္းသြားခဲ့တယ္လို႔ေျဖျကားထားပါတယ္
ဒါဆိုရင္ ယာဥ္ေမာင္းေနရာမွာ အဘယ္ေျကာင့္
ကိုဝင္းထြန္းအေလာင္းက ေရာက္ရွိေနပါသလဲ
တတိယအခ်က္
အမွန္ျဖစ္စဥ္အရ ကိုဝင္းထြန္းသည္ ေျခေထာက္ညွပ္စရာ
လံုးဝမရွိေသာ္လည္း သတိလစ္ေနသည့္အေနအထား၌
ကိုဝင္းထြန္းကို ယာဥ္ေမာင္းေနရာသို႔ ေရႊ႕ထားလိုက္ျခင္းျဖစ္မည္ဟု
ေယဘူယ်အားျဖင့္ မွတ္ခ်က္ခ်နိုင္တယ္ ဟုတ္ျပီ ဒါဆိုရင္
ဒီလိုအေနအထားမွာ ေဘးဘက္ကသတိလစ္ေနတဲ့လူတစ္ေယာက္ကို
ယာဥ္ေမာင္းဘက္ကို ေရႊ႕ထားဖို႔ဆိုတာ ေတာ္တန္ရံုမလြယ္ပါဘူး
အခ်ိန္ေပးျပီးေရႊ႕ရမွာပါ ဒီလိုအေနအထားတစ္ခုမွာ
ေနာက္က မိန္းကေလးေတြက ဘာလုပ္ေနသနည္း
ေအာင္ခန္႔ ဝန္ခံခ်က္ထဲမွာ မိန္းကေလးေတြက ကယ္ဖို႔
တံခါးဖြင့္ေပးဖို႔ ေအာ္ဟစ္ေနတယ္လို႔ ပါရွိထားတယ္
ဒါဟာ လံုးဝယုတၱိမရွိတဲ့ ဝန္ခံခ်က္ေတြပါ
စတုတၳအခ်က္
ကားဆီတိုင္ကီပြင့္ျပီးမီးေလာင္တယ္လို႔ ေျဖထားတယ္
ကားဆီတိုင္ကီပြင္ခဲ့တယ္မွန္ရင္ တိုက္ထားမိတဲ့လမ္းတေလ်ွာက္မွာ
ဆီေတြဖိတ္က်ေနတာကို ေတြ႔ရမယ္
( တိုက္ထားတဲ့လမ္းတေလ်ွာက္ ဘာဆီမွဖိတ္ထားျခင္းမရွိ )
ကားရပ္သြားတဲ့အေနအထားမွာလည္း
ဆီတိုင္ကီပြင့္တယ္ဆိုရင္ ကားေအာက္ေျခမွာ
ဆီေတြအမ်ားအျပားဖိတ္က်ေနျပီး ကားကိုမီးစြဲရာမွာ
ကားေအာက္ေျခကေနစျပီး ေဘးပတ္ပတ္လည္ကို အရင္မီးစစြဲ
ရမွာပါ ေဘးပတ္ပတ္လည္ျပီးမွ ကားထဲကိုမီးကူးမွာပါ
အခုအေနအထားက ကားအတြင္းခန္းဘက္မွာပဲ
မီးက သည္းျကီးမည္းျကီးမီးစြဲေလာင္ေနတာပါ
ျဖစ္နိုင္ေျခကေတာ့
အတြင္းခန္းထဲက
သတိလစ္ေမ့ေျမာေနေသာ သို႔မဟုတ္ ေသဆံုးေနျပီးေသာ
မိန္းကေလးေတြေပၚကို ဓာတ္ဆီရႊဲေနေအာင္ေလာင္းျပီး
မီးရႈိ႕မွသာလ်င္ မီးကျပင္းျပင္းထန္ထန္စြဲေလာက္မွာျဖစ္ပါတယ္
ေနာက္တခ်က္
ယခု ျဖစ္ရပ္မွာ ေသဆံုးသြားတဲ့မိန္းကေလးတစ္ယာက္က
မျကာခင္မွာ လက္ထပ္ေတာ့မည့္မိန္းကေလးဟု
သိရပါတယ္
အခင္းျဖစ္တဲ့ေန႔ မနက္အေစာျကီး ၃နာရီဝန္းက်င္မွာ
ေကာင္မေလးက သူ႔ခ်စ္သူေကာင္ေလးဆီ ၃ျကိမ္တိတိ ဖုန္းဆက္ခဲ့တယ္
လို႔လည္းသိရထားပါတယ္ သူတို႔ကား ၂ျကိမ္တိတိ လမ္းမွာျပသနာေတြ
တတ္ခဲ့ျကတယ္လို႔လည္းသိရပါတယ္
ဘာေတြ ဘယ္လို သူတို႔ေတြ ျပသနာတတ္ခဲ့ျကလဲ
ဘယ္လိုျဖစ္ရပ္ေတြျဖစ္ခဲ့ျကတယ္ဆိုတာကေတာ့
ေသဆံုးသူမ်ားနဲ႔ ေအာင္ခန္႔ကသာလ်င္အသိဆံုးျဖစ္ျကမွာပါ
ေနာက္ က်ြန္ေတာ္တျခားသိထားတဲ့
လူမႈေရးျပသနာတခ်ိဳ႕လည္းရွိထားတယ္လို႔
အတြင္းစကားေတြအရသိထားတာရွိပါေသးတယ္
ဒါေႀကာင့္ ဟုတ္လား မဟုတ္လား ဆိုသည္မ်ားကိုေတာ့
က်ြန္ေတာ္လည္းမသိနိုင္ပါ
ခုခ်ိန္ထိ ယခုျဖစ္ရပ္ေတြ ပံုရိပ္ေတြ မ်က္စိထဲ အေတြးထဲ က
မထြက္နိုင္ေသးဘူးျဖစ္ေနတယ္
ေသဆံုးသူမ်ားနဲ႔ ကာယကံရွင္မိသားစုဝင္ေတြကို
အရမ္းသနားတယ္ အရမ္းလည္းကိုယ္ခ်င္းစာတယ္
ဒါေႀကာင့္ အမႈမွန္အျမန္ဆံုးေပၚေပါက္ေစခ်င္တယ္
credit - Nay Win Aung 😢😢
https://m.facebook.com/story.php…
==============
Unicode....
ကျွန်တော်စုံစမ်းသိရှိရသလောက်နဲ့
သံသယအရှိဆုံးအခြေအနေကိုမျှဝေတာပါ …
အောင်ခန့်၏ ယခုဖြစ်ရပ်အားဝန်ခံချက်ကိုသုံးသပ်ပြပါမယ်
အောင်ခန့်က ထိုယာဉ်ကို သူမောင်းတယ်
မတော်တဆအက်ဆီဒန့်ဖြစ်တယ်
ဘယ်ဘက်မှာထိုင်နေတဲ့ CEOကိုဝင်းထွန်းက
ခြေထောက်ဆွဲထုတ်လို့မရအောင်ကို ညှပ်နေတယ်
အောင်ခန့်က ကိုဝင်းထွန်းခြေထောက်ညှပ်နေတာကို
မရမကဆွဲထုတ်တယ် နောက်ဆုံးဘယ်လိုမှထုတ်လို့မရတဲ့အဆုံး
ကိုဝင်းထွန်းက သူ့ကိုမကယ်နဲ့တော့ အနောက်ကမိန်းကလေးတွေကို
အမြန်သွားကယ်ပါပြောလို့ သူကကားပေါ်ကနေဆင်းပြီး
မိန်းကလေးတွေကိုတံခါးသွားဆွဲဖွင့်ပြီးကယ်တယ်
တံခါးကဘယ်လိုမှဖွင့်လို့မရဘူး ( သူငယ်ချင်းမိန်းကလေးတွေရဲ့
အော်ဟစ်အကူညီတောင်းသံတွေက ဆူညံပွက်လောရိုက်နေတယ်လို့
ပြောတယ် )
မှန်ရိုက်ခွဲဖို့လည်းနည်းမျိုးစုံကြိုးစားခဲ့တယ် ဘယ်လိုမှမတတ်နိုင်ဘူး
အဲဒီအချိန်မှာ ဘေးနားကလူတစ်ယောက်က ညီလေးမင်းဖယ်နေလိုက်တော့
ကားကမီးစွဲနေပြီ မင်းပါ ပါသွားလိမ့်မယ်လို့ပြောမှ
ကျွန်တော်လက်လျှော့လိုက်တယ်
နောက်မကြာခင်မှာပဲ ကားကမီးစွဲလောင်သွားတယ်
မီးလောင်တဲ့အရှိန်ကလည်းအရမ်းမြန်တော့ ဘယ်လိုမှမတတ်နိုင်ဘူး
အဲ့လိုမျိုးဝန်ခံထွက်ဆိုခဲ့ပါတယ်
ကောင်းပြီ
အောင်ခန့်ရဲ့ ရဲတွေကိုထွက်ဆိုခဲ့တဲ့ဝန်ခံချက်ကို
ကျွန်တော်တစ်ခုချင်းစီထောက်ပြမယ်
ပထမအချက်အနေနဲ့
ယာဉ်ရဲ့ဘယ်ဘက်ခြမ်းက လမ်းအလယ်ကာတွေကိုတိုက်မိတယ်
ကားရပ်သွားတယ် လမ်းဘေးအကာတွေကိုတိုက်မိထားတဲ့ကားရဲ့
အနေအထားက ဘယ်ဘက်ခြမ်းအနည်းငယ်သာပိန်ခြိုင့်ရုံအနေအထားကို
ပုံတွေမှာမြင်နိုင်ပါတယ် ရှေ့ကနေဒဲ့တိုက်မှသာ
ခြေထောက်ညှပ်နေနိုင်တဲ့အနေအထားပါ ကားရဲ့ဘယ်ဘက်ရှေ့ခြမ်းမှာ
တိုက်ထားတဲ့လက္ခဏာလုံးဝမတွေ့ရပဲ ဘယ်ဘက်ဘေးနဲ့ပွတ်တိုက်မိထားတဲ့ခြေအနေမှာ
ယာဉ်ရဲ့ဘယ်ဘက်ခြမ်းမှာ ထိုင်စီးလာတဲ့ကိုဝင်းထွန်းသည်
ဘယ်လိုမှခြေထောက်ညှပ်နိုင်စရာအကြောင်း လုံးဝမရှိပါ
ဒုတိယအချက်
ကိုဝင်းထွန်းခြေထောက်ကို ဘယ်လိုမှထုတ်လို့မရတဲ့အဆုံးမှ
ကိုဝင်းထွန်းကပြောလို့ အနောက်ကမိန်းကလေးတွေကိုကယ်ဖို့
သူ ကားပေါ်ကနေဆင်းသွားတယ်ပြောတယ်
( နောက်ဆုံးသိရတဲ့သတင်းအရဆိုရင် ထိုမီးလောင်နေသော
ယာဉ်ကိုမီးငြှိမ်းသတ်ခဲ့တဲ့အထဲမှာပါတဲ့သူရဲ့ပြောကြားချက်အရ
ယာဉ်မောင်းထိုင်ခုံနေရာမှာ မီးလောင်သေဆုံးနေတဲ့အလောင်းကို
တွေ့ခဲ့ရပါတယ်လို့သိထားရတယ် )
ဒီဖြစ်စဉ်ကို ပြန်လည်သုံးသပ်ရရင်
အောင်ခန့်ပြောတော့ ကိုဝင်းထွန်းခြေထောက်ညှပ်နေတာ
ဆွဲထုတ်မရလို့ နောက်ခန်းကမိန်းကေတွေကို ကယ်တင်ဖို့
ကားပေါ်ကဆင်းသွားခဲ့တယ်လို့ဖြေကြားထားပါတယ်
ဒါဆိုရင် ယာဉ်မောင်းနေရာမှာ အဘယ်ကြောင့်
ကိုဝင်းထွန်းအလောင်းက ရောက်ရှိနေပါသလဲ
တတိယအချက်
အမှန်ဖြစ်စဉ်အရ ကိုဝင်းထွန်းသည် ခြေထောက်ညှပ်စရာ
လုံးဝမရှိသော်လည်း သတိလစ်နေသည့်အနေအထား၌
ကိုဝင်းထွန်းကို ယာဉ်မောင်းနေရာသို့ ရွှေ့ထားလိုက်ခြင်းဖြစ်မည်ဟု
ယေဘူယျအားဖြင့် မှတ်ချက်ချနိုင်တယ် ဟုတ်ပြီ ဒါဆိုရင်
ဒီလိုအနေအထားမှာ ဘေးဘက်ကသတိလစ်နေတဲ့လူတစ်ယောက်ကို
ယာဉ်မောင်းဘက်ကို ရွှေ့ထားဖို့ဆိုတာ တော်တန်ရုံမလွယ်ပါဘူး
အချိန်ပေးပြီးရွှေ့ရမှာပါ ဒီလိုအနေအထားတစ်ခုမှာ
နောက်က မိန်းကလေးတွေက ဘာလုပ်နေသနည်း
အောင်ခန့် ဝန်ခံချက်ထဲမှာ မိန်းကလေးတွေက ကယ်ဖို့
တံခါးဖွင့်ပေးဖို့ အော်ဟစ်နေတယ်လို့ ပါရှိထားတယ်
ဒါဟာ လုံးဝယုတ္တိမရှိတဲ့ ဝန်ခံချက်တွေပါ
စတုတ္ထအချက်
ကားဆီတိုင်ကီပွင့်ပြီးမီးလောင်တယ်လို့ ဖြေထားတယ်
ကားဆီတိုင်ကီပွင်ခဲ့တယ်မှန်ရင် တိုက်ထားမိတဲ့လမ်းတလျှောက်မှာ
ဆီတွေဖိတ်ကျနေတာကို တွေ့ရမယ်
( တိုက်ထားတဲ့လမ်းတလျှောက် ဘာဆီမှဖိတ်ထားခြင်းမရှိ )
ကားရပ်သွားတဲ့အနေအထားမှာလည်း
ဆီတိုင်ကီပွင့်တယ်ဆိုရင် ကားအောက်ခြေမှာ
ဆီတွေအများအပြားဖိတ်ကျနေပြီး ကားကိုမီးစွဲရာမှာ
ကားအောက်ခြေကနေစပြီး ဘေးပတ်ပတ်လည်ကို အရင်မီးစစွဲ
ရမှာပါ ဘေးပတ်ပတ်လည်ပြီးမှ ကားထဲကိုမီးကူးမှာပါ
အခုအနေအထားက ကားအတွင်းခန်းဘက်မှာပဲ
မီးက သည်းကြီးမည်းကြီးမီးစွဲလောင်နေတာပါ
ဖြစ်နိုင်ခြေကတော့
အတွင်းခန်းထဲက
သတိလစ်မေ့မြောနေသော သို့မဟုတ် သေဆုံးနေပြီးသော
မိန်းကလေးတွေပေါ်ကို ဓာတ်ဆီရွှဲနေအောင်လောင်းပြီး
မီးရှို့မှသာလျင် မီးကပြင်းပြင်းထန်ထန်စွဲလောက်မှာဖြစ်ပါတယ်
နောက်တချက်
ယခု ဖြစ်ရပ်မှာ သေဆုံးသွားတဲ့မိန်းကလေးတစ်ယာက်က
မကြာခင်မှာ လက်ထပ်တော့မည့်မိန်းကလေးဟု
သိရပါတယ်
အခင်းဖြစ်တဲ့နေ့ မနက်အစောကြီး ၃နာရီဝန်းကျင်မှာ
ကောင်မလေးက သူ့ချစ်သူကောင်လေးဆီ ၃ကြိမ်တိတိ ဖုန်းဆက်ခဲ့တယ်
လို့လည်းသိရထားပါတယ် သူတို့ကား ၂ကြိမ်တိတိ လမ်းမှာပြသနာတွေ
တတ်ခဲ့ကြတယ်လို့လည်းသိရပါတယ်
ဘာတွေ ဘယ်လို သူတို့တွေ ပြသနာတတ်ခဲ့ကြလဲ
ဘယ်လိုဖြစ်ရပ်တွေဖြစ်ခဲ့ကြတယ်ဆိုတာကတော့
သေဆုံးသူများနဲ့ အောင်ခန့်ကသာလျင်အသိဆုံးဖြစ်ကြမှာပါ
နောက် ကျွန်တော်တခြားသိထားတဲ့
လူမှုရေးပြသနာတချို့လည်းရှိထားတယ်လို့
အတွင်းစကားတွေအရသိထားတာရှိပါသေးတယ်
ဒါကြောင့် ဟုတ်လား မဟုတ်လား ဆိုသည်များကိုတော့
ကျွန်တော်လည်းမသိနိုင်ပါ
ခုချိန်ထိ ယခုဖြစ်ရပ်တွေ ပုံရိပ်တွေ မျက်စိထဲ အတွေးထဲ က
မထွက်နိုင်သေးဘူးဖြစ်နေတယ်
သေဆုံးသူများနဲ့ ကာယကံရှင်မိသားစုဝင်တွေကို
အရမ်းသနားတယ် အရမ်းလည်းကိုယ်ချင်းစာတယ်
ဒါကြောင့် အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေချင်တယ်
credit - Nay Win Aung 😢😢
https://m.facebook.com/story.php…
Home
/
ျဖစ္ရပ္မွန္
/
ခုခ်ိန္ထိ ယခုျဖစ္ရပ္ေတြ ပံုရိပ္ေတြ မ်က္စိထဲ အေတြးထဲ က မထြက္နိုင္ေသးဘူးျဖစ္ေနတယ္။
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment