ချစ်သူကို ပရိသတ်ရှေ့ချပြပေမယ့် အိမ်ထောင်ပြုဖို့ အဝေးကြီးသေးတယ်ဆိုတဲ့ မင်းသမီးချောလေး

အချစ်ရေးကို မကွယ်ဝှက်တတ်တဲ့ သရုပ်ဆောင် ၀ါဆိုမိုးဦး က သူ့ရဲ့ချစ်သူကို ပရိသတ်ရှေ့ချပြ

ထားပေမယ့် အိမ်ထောင်ပြုဖို့ကတော့ အဝေးကြီးလိုပါသေးတယ် လို့ဆိုပါတယ်။
ဝါဆိုမိုးဦးရဲ့ ချစ်သူက အနုပညာရှင်တစ်ဦးပဲ ဖြစ်တာကြောင့် အနုပညာရှင် အချင်းချင်းဖြစ်တဲ့
အတွက် သူ့ရဲ့အလုပ်အပေါ်ကိုတော့ နားလည်ပေးထားတယ်လို့သိရတယ်။
“အချစ်ရေးနဲ့ ပတ်သတ်ရင်တော့ အေးအေးဆေးဆေးပါပဲ။ဖြစ်ချင်တော့ ၀ါဆိုတို့က နှစ်ယောက်
လုံးက အနုပညာရှင်တွေ ဖြစ်တဲ့အတွက် လူသိသွားတာပဲ ရှိပါတယ်။ဒါပေမယ့် ၀ါဆို အချစ်ရေး တော်တော်များ
များကို ၀ါဆို ဖွင့်ပြောတာများပါတယ်။ဘာလို့ဆို ၀ါဆိုလည်း လူငယ် တစ်ယောက်ဆိုတော့ ဖေ့စ်ဘုတ်ပေါ်မှာ
စိတ်ခံစားချက် ဖြစ်တဲ့အခ်ျိန်ကျရင် တစ်ခါတစ်လေ လည်းတင်ဖြစ်တယ်။တင်ဖြစ်တော့ ပရိသတ်တွေက စိတ်ဝင်
စားပြီးမေးကြတယ်။အဲဒီကနေ လူသိလာတာပါပဲ။အိမ်ထောင်ရေးကတော့ ၀ါဆို လုံးဝမစဉ်းစားသေးဘူး။
အသက်၂၇၊၂၈ လောက်မှပဲ ၀ါဆို အိမ်ထောင်ပြုမှာပါ။အိမ်ထောင်ရေးက အဝေးကြီးလိုပါသေးတယ်။
ဝါဆို လုပ်ချင်တာလေးတွေ အများကြီးရှိသေးတယ်။ ၀ါဆို အလုပ်ကိုတော့ သူက အနုပညာရှင်ဆိုတော့ ပိုပြီး
နားလည်တာပေါ့။ ၀ါဆိုလုပ်နေတဲ့ အလုပ်နဲ့ပတ်ဝန်းကျင်နဲ့ ။ပြီးတော့ ၀ါဆိုအနေနဲ့ က ပထမဆုံးအနုပညာရှင်
အချင်းချင်း ကြိုက်ဖူးတာလေ။အချင်းချင်း နည်းနည်းတော့ ညှိယူရတာပေါ့။ ဒါပေမယ့် သူ့  Type နဲ့ ကိုယ့်
Type နဲ့ကမတူတော့ နည်းနည်းအဆင်မပြေမူ လေးတွေတော့ ရှိတာပေါနော်။ ” လို့ ၀ါဆိုမိုးဦး ကပြောပါတယ်။
သူချစ်သူနဲ့ စတွေ့ ခဲ့ပုံကိုလည်း ၀ါဆိုမိုးဦး က”အရင်တုန်းတည်းကတော့ ဒီလိုပဲခင်ကြတာပေါ့နော်။
ဒါပေမယ့် အဆိုတော်ဆိုတော့ ကိုယ်နဲ့သိပ်ပြီး မရင်းနှီးပါဘူး။တွေ့ ရင်နူတ်ဆက် ဒီလောက်ပါပဲ။ထွေထွေထူးထူး
မရှိပါဘူး။လူငယ်သဘာဝ ဖုန်းပြောကြတယ်။တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေတွေ ဖြစ်သွားရင်း ချစ်ကြ
တာပါ။” လို့ဆိုပါတယ်။

Credit: Kumudra

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...