တရားလွတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိတ်တွင် လုပ်ကြံခံရကြောင်း အစိုးရအဖွဲ့ကိုတရားဝင်အကြောင်းကြား

သည်ကနေ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်မှာ စင်္ကာပူလေကြောင်းလိုင်းနဲ့ ရန်ကုန်မြို့ ကို ပြန်ရောက်လာတဲ့ ဦးကိုနီ ကိုတက္ကစီစတန်းမှာ သေနတ်နဲ့ အပစ်ခံလိုက်ရတာဖြစ်ပါတယ်။
Author/ ချမ်းသာ
Credit - Kumudra
 "တရားလွတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရကြောင်း အစိုးရအဖွဲ့ကိုတရားဝင်အကြောင်းကြားလိုက်ပြီဖြစ်"
ရန်ကုန်လေဆိပ်မှာ တရားလွတ်တော်ရှေ ့နေဦးကိုနီ လုပ်ကြံခံရမှုကို အစိုးရအဖွဲ ့ကို တရားဝင်အကြောင်းကြားလိုက်ပြီဖြစ်တယ်လို ့ သိရပါတယ်။
” ကျွန်တော်တို ့အစိုးရအဖွဲ ့ကို အကြောင်းကြားလိုက်ပါပြီလေဆိပ်မှာဖြစ်တဲ့ အခြေအနေတွေကိုရော။ ကျွန်တော်တို ့အခု ရန်ကုန်လေဆိပ်ကို သွားနေပါတယ်” လို ့ အင်းစိန်မြို ့နယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန်က ပြောပါတယ်။
လောလောဆယ် ဦးဝေဖြိုးဟန်က ရန်ကုန်လေဆိပ်ကို သွားနေပြီး အသေးစိတ်အခြေအနေတွေကို ပြန်ပြောပေးမယ်လို ့ဆိုပါတယ်။
သည်ကနေ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်မှာ စင်္ကာပူလေကြောင်းလိုင်းနဲ ့ရန်ကုန်မြို ့ကို ပြန်ရောက်လာတဲ့ ဦးကိုနီ ကိုတက္ကစီစတန်းမှာ သေနတ်နဲ ့အပစ််ခံလိုက်ရတာဖြစ်ပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်နဲ ့ပစ်သူကိုလည်း ရန်ကုန်လေဆိပ်မှာပဲ ရဲတပ်ဖွဲ ့က ပစ်ခတ်ဖမ်းဆီးထားတယ်လို ့သိရပါတယ်။
လောလောဆယ်မှာတော့ ဦးကိုနီကို ရန်ကုန်ဆေးရုံကြီးကို ပို ့ဆောင်ထားတယ်လို ့ သိရပါတယ်။
သေနတ်နဲ ့ပစ်ခတ်ခံရတဲ့ တရားလွတ်တော်ရှေ ့နေဦးကိုနီ သေဆုံးသွားပြီဖြစ်တယ်လို ့ သူရဲ ့မိသားစုက အတည်ပြုပြောဆိုလိုက်ပြီဖြစ်ပါတယ်။
Author/ ချမ်းသာ
Credit - Kumudra
https://www.facebook.com/kumudranews/photos/a.213965558672112.48921.212802105455124/1209374419131216/?type=3





Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...