♦ ဒီမွာ လူငယ္ ♦
ဒီမွာ လူငယ္
မင္းေမြးတာ ရြာငယ္ ၊ ေနရပ္ဟာ ဇနပုဒ္မွာမို႕
မ်က္ႏွာငယ္ သတဲ့လား ...
မင္းလို ဇနပုဒ္မွာ ေမြးခဲ့တဲ့ ဦးသန္႕ ဆိုသူဟာေတာ့ျဖင့္
ကမ႓ာ႕ ကုလသမဂၢမွာ အတြင္းေရးမွဴးအထိ ျဖစ္သြားဖူးသကြဲ႕ ...
“ ကိုယ့္တာ၀န္ ကိုယ္ယူလိုက္စမ္းပါ ”
ဒီမွာ လူငယ္
မင္းကိုေမြးတာ ရုပ္ရည္မေခ်ာ
လူေတာမွာ မေပၚလြင္လို႔ စိတ္အားငယ္သတဲ့လား …
မသန္ေပမယ့္ စြမ္း ေနတဲ့ စုပံုခ်စ္ ဆိုတဲ့ ညီမေလးက
မင္းအျဖစ္ကို ရယ္မကြဲ႕ ...
“ ကိုယ့္တာ၀န္ ကိုယ္ယူလိုက္စမ္းပါ ”
ဒီမွာ လူငယ္
မင္းကိုေမြးတာ ေခတ္ပ်က္
ယိုယြင္းတဲ့ ႏိုင္ငံေရး စနစ္ေၾကာင့္
မင္းတက္လမ္းဟာ ေႏွာင့္ေႏွးသတဲ့လား …
ဒီ့ထက္ဆိုးတဲ့ ကၽြန္ ေခတ္မ်ိဳးမွာ
ေအာင္ဆန္းဆိုတဲ့ လူငယ္တစ္ေယာက္
အာရွတိုက္ တစ္ခြင္ (ကမာၻ႔ တစ္ခြင္)
မွတ္တမ္း၀င္ဖို႔ အစြမ္းကုန္ ထုတ္ျပခဲ့ဖူးသတဲ့ ...
“ ကိုယ့္တာ၀န္ ကိုယ္ယူလိုက္စမ္းပါ ”
ဒီမွာ လူငယ္
မင္းကိုေမြးတာ ျမန္မာႏိုင္ငံ …
ႏိုင္ငံတကာမွာ လူရာမသြင္းဘူးလို႔
တလြဲဆံပင္ စိတ္ထဲ၀င္ေနေရာ့သလား …
သူရို႕ဆီမွာ စီးပြားတန္႕ခ်ိန္
အားနဲ႕ မာန္နဲ႕ ေျခကုန္ ဆန္႔လို႔ … စီးပြားရွာခဲ့သူ
ျမန္မာလူမ်ိဳး ဖီးလစ္ေမာင္ကိုေတာ့ျဖင့္
အိမ္ျဖဴေတာ္ ကေတာင္ ဖိတ္ၾကား …
သင္ဘယ္လိုမ်ား စီးပြားရွာပါသလဲ
စူးစမ္းရတယ္တဲ့ …
“ ကိုယ့္တာ၀န္ ကိုယ္ယူလိုက္စမ္းပါ ”
ေခတ္ကို အျပစ္တင္
စနစ္ကို အျပစ္တင္
မင့္ေဆြ မင့္မ်ိဳးကို အျပစ္တင္
မင့္မိဘနဲ႔ ပတ္၀န္းက်င္ကို
အျပစ္တင္မယ့္ အစား …
လူငယ္တစ္ေယာက္ရဲ႕ အား ..
ယံုၾကည္ခ်က္နဲ႕ စြန္႔လႊတ္ စြန္႔စားရဲမႈ
မာန္တုလို႕ ယွဥ္မယ့္ “ဇြဲရယ္ ၊ ခြန္အား” စြဲျမဲမႈတို႔နဲ႔ အတူ …
“ ကိုယ့္တာ၀န္ ကိုယ္ယူလိုက္စမ္းပါ ”
“ ကိုယ့္တာ၀န္ ကိုယ္ယူလိုက္စမ္းပါ ”
“ ကိုယ့္တာ၀န္ ကိုယ္ယူလိုက္စမ္းပါ "
ကိုဇင္ေဇ
Unicode>>>
♦ ဒီမှာ လူငယ် ♦
ဒီမှာ လူငယ်
မင်းမွေးတာ ရွာငယ် ၊ နေရပ်ဟာ ဇနပုဒ်မှာမို့
မျက်နှာငယ် သတဲ့လား ...
မင်းလို ဇနပုဒ်မှာ မွေးခဲ့တဲ့ ဦးသန့် ဆိုသူဟာတော့ဖြင့်
ကမ႓ာ့ ကုလသမဂ္ဂမှာ အတွင်းရေးမှူးအထိ ဖြစ်သွားဖူးသကွဲ့ ...
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”
ဒီမှာ လူငယ်
မင်းကိုမွေးတာ ရုပ်ရည်မချော
လူတောမှာ မပေါ်လွင်လို့ စိတ်အားငယ်သတဲ့လား …
မသန်ပေမယ့် စွမ်း နေတဲ့ စုပုံချစ် ဆိုတဲ့ ညီမလေးက
မင်းအဖြစ်ကို ရယ်မကွဲ့ ...
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”
ဒီမှာ လူငယ်
မင်းကိုမွေးတာ ခေတ်ပျက်
ယိုယွင်းတဲ့ နိုင်ငံရေး စနစ်ကြောင့်
မင်းတက်လမ်းဟာ နှောင့်နှေးသတဲ့လား …
ဒီ့ထက်ဆိုးတဲ့ ကျွန် ခေတ်မျိုးမှာ
အောင်ဆန်းဆိုတဲ့ လူငယ်တစ်ယောက်
အာရှတိုက် တစ်ခွင် (ကမ္ဘာ့ တစ်ခွင်)
မှတ်တမ်းဝင်ဖို့ အစွမ်းကုန် ထုတ်ပြခဲ့ဖူးသတဲ့ ...
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”
ဒီမှာ လူငယ်
မင်းကိုမွေးတာ မြန်မာနိုင်ငံ …
နိုင်ငံတကာမှာ လူရာမသွင်းဘူးလို့
တလွဲဆံပင် စိတ်ထဲဝင်နေရော့သလား …
သူရို့ဆီမှာ စီးပွားတန့်ချိန်
အားနဲ့ မာန်နဲ့ ခြေကုန် ဆန့်လို့ … စီးပွားရှာခဲ့သူ
မြန်မာလူမျိုး ဖီးလစ်မောင်ကိုတော့ဖြင့်
အိမ်ဖြူတော် ကတောင် ဖိတ်ကြား …
သင်ဘယ်လိုများ စီးပွားရှာပါသလဲ
စူးစမ်းရတယ်တဲ့ …
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”
ခေတ်ကို အပြစ်တင်
စနစ်ကို အပြစ်တင်
မင့်ဆွေ မင့်မျိုးကို အပြစ်တင်
မင့်မိဘနဲ့ ပတ်ဝန်းကျင်ကို
အပြစ်တင်မယ့် အစား …
လူငယ်တစ်ယောက်ရဲ့ အား ..
ယုံကြည်ချက်နဲ့ စွန့်လွှတ် စွန့်စားရဲမှု
မာန်တုလို့ ယှဉ်မယ့် “ဇွဲရယ် ၊ ခွန်အား” စွဲမြဲမှုတို့နဲ့ အတူ …
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”
“ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ "
ကိုဇင်ဇေ
0 comments :
Post a Comment