ထူးဆန်းလွန်းတဲ့ ရောဂါ ခံစားနေရရှာတဲ့ အမျိုးသမီး..။ အပြည့်အစုံကြည့်ရန် နှိပ်ပါ။

ရှားပါးရောဂါကြောင့် ပျဉ်ပြားတစ်ချပ်လို တောင့်တင်းနေသူ
အသက် ၉၀ အရွယ် အဘွားကိုပဲ အစစအရာရာ မှီခိုနေရရှာပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အမျိုးသမီးတစ်ဦးဟာ ရှားပါးရောဂါတစ်ခုကို ခံစားနေရပြီး တစ်ကိုယ်လုံးမလှုပ်ရှားနိုင်ဘဲ တောင့်တင်းနေရတဲ့ဝေဒနာကို ခံစားနေရပါတယ်။ သူမအမည်က ဆူလာမီလို့ခေါ်ပြီး အသက် ၃၅ နှစ်ရှိပါပြီ။ ဒီရောဂါကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက စတင်ခံစားခဲ့ရတာပါ။ အဲ့ဒီကစလို့ သူမရဲ့ ခန္ဓာကိုယ်က ကွေးလို့မရ၊ ထိုင်လို့မရ ဖြစ်လာခဲ့ရပါတယ်။
 Bamboo Spine လို့ ခေါ်တွင်တဲ့ရောဂါကို ခံစားနေရလို့ တစ်ကိုယ်လုံးမာကျောတောင့်တင်းကာ လှုပ်လို့မရတော့ပါဘူး။ ဒီရောဂါမျိုးက မျိုးရိုးဗီဇဆိုင်ရာကစဥ့်ကလျားဖြစ်မှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်တယ်လို့ ဒေသခံကျန်းမာရေးဌာနက ဆိုပါတယ်။
 ဆူလာမီရဲ့အခြေအနေက အတော်လေးဆိုးရွားပါတယ်။ ပျဉ်ပြားတစ်ချပ်လို တောင့်တင်းနေတဲ့ခန္ဓာကိုယ်က ဘာမှလုပ်လို့မရလို့ အသက် ၉၀ အရွယ် အဘွားကိုပဲ အစစအရာရာ မှီခိုနေရရှာပါတယ်။ သူမရဲ့ရောဂါကို ပျောက်ကင်းစေမယ့်ဆေးဝါးလည်း မရှိသေးဘူးလို့လည်း သိရပါတယ်။
Source : Daily Mail
#Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...