နာမည်ကြီးနေတဲ့ ဘိုးတော်တဲ့..။ နှိပ်ကြည့်လိုက်ကြပါဦးနော်..။

စာရဲ့ အဓိပ္ပာယ် နဲ့ ပုံရဲ့ အဓိပ္ပာယ် မတူပါဘူး"

ရတနာသုံးပါးပရိတ်ဂုဏ်တော်များ...မှလွဲ၍(၁)

တစ်​နေ့
ကျွန်ုပ်၏အိမ်တော်မင်္ဂလာ၌
မေတ္တာရှင်ရွှေပြည်သာ၏
သရဂုံအစွမ်းအံမခန်းစာအုပ်ကလေးအား
ဖတ်နေစဉ်
ဖုန်းဝင်လာချေ၏

ဆရာလားဟင် ...

ဟုတ်ကဲ့ ...

သမီးကိုအပွင့်လေးလုပ်ပေးပါလားဆရာ ....
 ဗျာ ...

ဘယ်လိုဘယ်လို ....
မလန့်တာမထိတ်သာရှိလိုက်တာ ...သမီးရယ်....

သြော်...ဆရာကလည်း ...
သမီးပြောတာက
မျက်နှာပွင့်အောင်
ချစ်သူခင်သူများအောင်လုပ်ပေးပါလို့ပြောတာပါ.

ဆေးပဲပေါက်ပေါက်
အင်းဘဲသောက်သောက်
လက်ဖွဲ့ဘဲဆောင်ဆောင်
တခုခုတော့လုပ်ပေးပါနော်ဆရာ ...

အင်း ...
ခက်တော့နေပြီ ...
 သမီး....
ဖြစ်ချင်တဲ့အဓိက
ရည်ရွယ်ချက်ကဘာလဲ
အဲဒါကိုပြောပြပါသမီး ...

သမီးကလေ ...
သမီးကိုတွေ့တဲ့သူတိုင်းကချစ်စေချင်တာ ...

အဲဒီသူတွေထဲကမှ
ချမ်းသာရမယ်
ရုပ်ချောရမယ်
ပညာတတ်ရမယ်
သဘောကောင်းရမယ်
အဲလိုလူမျိုးကိုရှာတွေ့မှ
သမီးရဲ့ဘဝကျင်ဖော်အဖြစ်
လက်ခံလိုက်မယ်လို့
စိတ်ကူးထားတာပါဆရာ ......

ဟေ ...
အဲလိုလား ...
အဲဒါဆို
သေချာလိုက်မှတ် ....
 ၁. မနက်မျက်နှာသစ်ရင်
သရဏဂုံကိုးခေါက်ရွတ်ပြီးမျက်နှာသစ်ရမယ်
၂.ေဝေနယ်အမ်ားကို
ရေလို့အေးမြကြပါစေလို့မေတ္တာပို့သရမယ်
ပြီးရင်
၃.မေတ္တသုတ်ကို
အဓိဌာန်နဲ့တနေ့သုံးကြိမ်ရွတ်ရမယ်
၎.ဂုဏ်တော်ကိုးပါးပုတီးစိတ်ရမယ်
၅.ေဝေနယ်အမ်ားကို
နေ့စဉ်မေတ္တာပို့သဆုတောင်းပေးရမယ်

အဲဒါကို
သုံးလလောက်ဆက်တိုက်ရွတ်ရင်လုပ်ရင်
ထူးထူးခြားခြားဖြစ်လာပါလိမ့်မယ်သမီးရေ....

ဆရာကတော့
အဲဒီအစီအစဉ်လေးဘဲပေးလိုက်ချင်ပါတယ်...

ဆရာအစီအစဉ်ကလည်း
ဒါဘဲလားဆရာရယ် ....
 အချို့ဆရာတွေက
မျက်နှာပွင့်တဲ့အဆောင်တို့
လက်ဖွဲတို့
ဆောင်ခိုင်းကြတယ်ကြားတယ် .....

ပြီးတော့
ရင်ဘတ်တည့်တည့်တို့
သားမြတ်အပေါ်မှာတို့
ကျောဘက်မှာတို့
ဆေးပေါက်
စမဆွဲ
အင်းဆွဲပေးတတ်တယ်ကြားလို့ပါ....

ဆရာကော
အဲလိုမလုပ်ပေးဘူးလားဟင်....

ဟေ ...
ဆရာကတော့ ...
အဲလို
မလုပ်တတ်ဘူးသမီးရေ ...

သမီးကိုအခုပေးတဲ့အစီအရင်ကတော့
လက်တွေ့ကို
ကုသိုလ်ရမယ့်အစီအစဉ်ဘဲ....

သမီးယုံရင်လည်းလုပ်ပေါ့
မယုံရင်လည်းမလုပ်နဲ့ပေါ့သမီးရယ် ...

ဆရာကတော့
သမီးပြောတဲ့ဟာတွေ 
မလုပ်တတ်ဘူးသမီးရေ ...

လောကမှာ
အမြတ်ဆုံးဖြစ်တဲ့ရတနာသုံးပါးမှလွဲ၍
အားကိုးရာအားထားရာအခြားမရှိနိုင်ပါသမီး ....

ဟုတ်ကဲ့ပါဆရာ ....
ဆရာပေးတဲ့အတိုင်းဘဲ
သရဏဂုံရွတ်ရင်းမျက်နှာသစ်ပါမယ်
သတ္တဝါအများကို
ရေလိုအေးစေကြောင်းမေတ္တာပို့ပါမယ်
မေတ္တာသုတ်လည်း
တနေ့သုံးခေါက်ရွတ်ပါမယ်
ဂုဏ်တော်ကိုးပါးပုတီးလည်းစိတ်ပါမယ်
နေ့စဉ်
မေတ္တာပို့သအမျှဝေဆုတောင်းတာတွေလည်း
လုပ်ပါမယ်ဆရာ ...

ဆရာကိုသမီးကန်တော့ပါတယ်ဆရာ ....

အေးအေး ..
ကောင်းလေစွ....
ကောင်းလေစွ....
ကောင်းလေစွ.....

လိုအပ်သောဆန္ဒများလည်း
တလုံးတဝတည်းပြည့်ပါစေဗျာ ....

ပေးတဲ့ဆုနဲ့ပြည့်ပါရစေဆရာ ...

ဆြာစိုး
25.12.2016
9:00am

စာကြွင်း
ချစ်စမ်းမောင်၏ပိုစ့်မှပုံများအား ကူးယူဖော်ပြပါသည်....
ထိုင်းက ပုံများဖြစ်​ပါသည်​...

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...