အမျိုးသမီးအင်္ဂါ မပါဘဲ မွေးဖွားလာပေမဲ့ သာယာတဲ့အိမ်ထောင်ရေးကို ရရှိနေတဲ့ အမျိုးသမီး

သူမမှာ ကျောင်းမှာ လှောင်ပြောင်သရော်ခံရပြီး ရည်းစားတွေ ရှောင်ဖယ်သွားတာကိုလည်းခံခဲ့ရပါတယ်။
ဒေဗန်မာ့ခ်ဟာ သူမမှာ အမျိုးသမီးအင်္ဂါလမ်းကြောင်းမပါတာကို အသက် ၁၂ နှစ်အရွယ်ကျမှ သိခဲ့ရသူပါ။ ဒါ့အပြင် သူမရဲ့သားအိမ်ကလည်း ပုံမှန်မဟုတ်သလို သားအိမ်ခေါင်းလည်း ပါမလာခဲ့ပါဘူး။
Mayer-Rokitansky-Küster-Hauser syndrome လို့ခေါ်တဲ့ ယင်းရှားပါးရောဂါလက္ခဏာစုကြောင့် သူမမှာ ကျောင်းမှာ လှောင်ပြောင်သရော်ခံရပြီး ရည်းစားတွေ ရှောင်ဖယ်သွားတာကိုလည်းခံခဲ့ရပါတယ်။
 သူမ အသက် ၁၃ နှစ်အရွယ်မှာ ပုံသဏ္ဌာန်မမှန်တဲ့ သားအိမ်ကို ဖယ်ထုတ်ခဲ့ပြီး သုံးနှစ်အကြာမှာတော့ အမျိုးသမီးအင်္ဂါဖောက်လုပ်ခဲ့ပါတယ်။ ယင်းအတွက် လိုအပ်တဲ့အသားကို သူမရဲ့တင်ပါးက ရယူပြုပြင်ခဲ့တာ ဖြစ်ပါတယ်။
ခွဲစိတ်ပြုပြင်ပြီးမကြာခင်မှာ သူမရဲ့ချစ်သူနဲ့ အတူနေခဲ့ပေမဲ့ သူမရဲ့အမျိုးသမီးအင်္ဂါအတုဟာ တခြားအမျိုးသမီးတွေနဲ့ မတူဘူးလို့ ထိုလူက ပြောခဲ့တဲ့အတွက် သူမမှာ အရှက်ရခဲ့ပြန်ပါတယ်။
သူများနဲ့မတူဘူးဆိုတဲ့ ခံစားချက်နဲ့ အထီးကျန်နေခဲ့တဲ့ ဒီဗန်ဟာ အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ထရန့်နဲ့တွေ့မှသာ ပျော်ရွှင်မှုကို ခံစားခဲ့ရတာဖြစ်ပါတယ်။
 အသက် ၂၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဒေဗန်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က ထရန့်နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အခု သူမဟာ မမျိုးဥပေါက်ဖွားနိုင်တာကို သိရှိလိုက်ရတဲ့အတွက် သူတို့နှစ်ယောက်ရဲ့ရင်သွေးကို ရရှိနိုင်တဲ့ မျှော်လင့်ချက်လည်း ရှိနေပါပြီ။
"ကျွန်တော် ဒီဗန်အတွက် အရမ်းဂုဏ်ယူတယ်။ ဒီအခြေအနေမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ သူ့ကို အားပေးဖို့အတွက် သူ့ဘေးမှာ ကျွန်တော်ရှိနေရတာကို ဝမ်းသာမိတယ်" လို့ အသက် ၂၈ နှစ်အရွယ် ထရန့်က ပြောပါတယ်။
သူတို့နှစ်ဦးဟာ အငှားကိုယ်ဝန်ဆောင်နဲ့ ကလေးယူဖို့ စီစဉ်နေကြပါပြီ။
Source & Photos : Metro
Credit - duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...