အင်းးးး ခေတ်ကိုက ကိုကိုယောက်ျားတွေ ခံရတဲ့ခေတ်။ ပုံကိုသာ နှိပ်ကြည့်လိုက်နော်..။

အလုပ်အကိုင်က ရှား ။ရှိပြန်တော့လည်း တစ်သိန်း တစ်သိန်းခွဲ အလုပ်ကောင်းမှ သုံးသိန်း။ မိန်းမယူပြီး အခန်းလေးငှားနေမယ်ဆို အနည်းဆုံး တစ်သိန်းခွဲ။ လင်မယားဆောင်တောင် ခြောက်သောင်း ။ ဒါနဲ့ မိဘအိမ်မှာနေပြီး ခိုးစားမယ်ဆို ထောင်ငါးနှစ်က ချအုန်းမယ်။ အချို့အတွဲတွေဆို ဆက်ရှင်ဖိုးတောင်မရှိလို့ ပန်းခြံထဲ ခြုံတိုးနေရတာ တွေ့တဲ့အတိုင်း ။
မိန်းမယူနိုင်ဖို့ နိုင်ငံခြားမှာ သွားအလုပ်လုပ်တော့လည်း အနှိမ်ခံရ။ စုဖို့ပို့တဲ့ ပိုက်ဆံတွေ ဆွေမျိုးမိဘတွေဝိုင်းဝုန်းတာနဲ့ ပြန်မလာနိုင်။ ရည်းစားဆီ ပို့ပြီးစုပြန်တော့လည်း ပို့တဲ့ ပိုက်ဆံပိုက်ပြီး လင်နောက်လိုက်ပြေး။ လင်နောက်လိုက်ပြေးတာ ခံသာသေးတယ် နောက်ဘဲနဲ့ ချောင်းသာ ငွေဆောင်ထွက်တဲ့သူကထွက်။ နိုင်ငံခြားရောက်နေလို့ အနေဝေးလို့ဖြစ်တာမပြောနဲ့အုန်း ။ အတူနေ့တိုင်းနီးပါးတွေ့တာတောင်မှ ရည်းစားသက်တမ်း နည်းနည်းကြာသွားရင် ရိုးအီပြီး ပဲမြစ်ပြောင်းစားတဲ့သူကပြောင်းစား ။
အီဇီးတူးပေါ်လာပြီးနောက်ပိုင်း ဖုတ်ဖက်ခါ ထွက်သွားတဲ့သူကထွက်။ လျှော်တဲ့သူကလျှော် ။ အသဲတွေကွဲ အရက်သမားဖြစ်တဲ့သူကဖြစ် ။ ယောင်္ကျားတွေခံရတဲ့ စိတ်ဒဏ်ရာဆိုတာ ယောင်္ကျားမှသိတာ။ စိတ်ဓါတ်ကျပြီး ကိုယ့်ကိုကိုယ်သတ်သေပြန်တော့လည်း သောက်ရူးဆို အဆဲခံရ။ ဒေါသထွက်ပြီး ကတ်ကြေးနဲ့ထိုးပြန်တော့လည်း အကြမ်းဖက်သမား ဖြစ်ရ။
နှစ်ဖက်စလုံးလက်မြဲလို့ လက်ထပ်မယ်ဆိုပြန်တော့လည်း အမျိုးတွေက ဘယ်မှာမင်္ဂလာဆောင်မှ ညာမှာ မင်္ဂလာဆောင်မှ ဘာပါမှ ညာပါမှ ပူဆာ။ အမျိုးတွေပူဆာတာထားပါအုန်း ရည်းစားက ရုပ်ရှင်ထဲကလို မင်္ဂလာဆောင်လိုက်တာနဲ့ နှစ်ယောက်အိပ် ကျွန်းကုတင်ကြီးနဲ့ စပရိန်မွှေ့ရာနဲ့ ကားနဲ့တိုက်နဲ့ မှနေချင်။ ဆီဒိုးနားလိုဟာမျိုးမှာ ဂါဝန်အဖြူကြီး ဆောင် နိုင်ငံကျော် ဓါတ်ပုံဆရာတွေနဲ့ ပရီရိုက်ချင်။
လက်ထပ်ပြီးရင် လင်မယားဆောင် ၈ပေပါတ်လည်အခန်းလေးထဲမှာ နေမလားမေးကြည့် ။
ဒီကြားထဲ ဘဲဥတစ်လုံး တစ်ရာ့ငါးဆယ်ဖြစ်၊ကန်ဇွန်းရွက်တစ်စည်း သုံးရာဖြစ်၊ မုန်လာဥတစ်စည်း ၇၀၀ ဖြစ်လို့ဖြစ်။
ငါးနှစ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် အလုပ်မရှိတဲ့ ဒီခေတ်ကြီးထဲမှာ
" တန်တယ်အာ့တီတို့"
အစိုးရက တိုက်ခန်းတွေ အရစ်ကျနဲ့လူတိုင်းကိုရောင်းတဲ့နေ့
အလုပ်အကိုင် စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရှိတဲ့နေ့
ထွက်ငွေက ၀င်ငွေထက်နည်းတဲ့ အထိ ကုန်ဈေးနှုန်းကျမှယူ တော့။
မှ
စာနာခြင်းများစွာဖြင့်
#သံချောင်း
(အမျိုးသားရေး တက်ကြွလှုပ်ရှားသူ)
ကို #ThuraMyo

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...