တစ်မိသားစုလုံးဝိုင်းပြီး မုဒိန်းကျင့်ခြင်းခံရတာကို အသေးစိတ်ပြောပြထားခဲ့တဲ့ မှတ်တမ်း ဗွီဒီယိုဖိုင် နာမည်ကြီးနေ


ယနေ့ ကမ္ဘာတဝန်းရှိ အမျိုးသမီးများရဲ့ဘဝဟာ ယုတ်မာရက်စက်တဲ့ အမျိုးသားများရဲ့ အတင်းအဓမ္မ စော်ကားမှုတို့ကြောင့် ပျက်ဆီးဆုံးရှုံးနေရပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ရဲ့ ဆွေမျိုးသားချင်းများရဲ့ ယုတ်မာမှုကိုပါ ခံစားရတတ်သေးပါတယ်။ ဒီလို ယုတ်မာမှုများကို မရှုမလှ ခံစားရင်း ကိုယ်ကိုကိုယ်အဆုံးစီရင်သွားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။

 Pitchie Inoue လို့အမည်ရတဲ့ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသူလေးဟာ သူမရဲ့ဘဝကို နာကြည်းချက်ပေါင်းများစွာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ သူမဟာ ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်မလုပ်ခင် ဖိလစ်ပိုင်နိုင်ငံမှာ နေထိုင်နေစဉ်အတွင်း သူမရဲ့ဖခင်အရင်း ၊ အကိုများ မောင်များ ဦးလေးများနဲ့ ဆွေမျိုးတွေရဲ့ မိတ်ဆွေယောကျာင်္းလေးဖြစ်သူများရဲ့ မှုဒိန်းကျင့်ခြင်းကို နေ့စဉ်ခံခဲ့ရသူဖြစ်ပါတယ်။

Pitchie Inoue အတွက် အနာကျင်ရဆုံးကတော့ သူမကို သွေးသားရင်းချာများက အမြဲစော်ကားနေတာကို သူမမိခင်ကိုယ်တိုင် သိရှိပေမယ့် ဘာမှဝင်ရောက်စွက်ဖက်ခြင်းမရှိပဲ တိတ်တဆိတ်သာ နေထိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

 ဒီလိုနဲ့ Pitchie Inoue ဟာ သူမရဲ့အဖြစ်ဆိုးကို ရေငုံနုတ်ပိတ်နေခဲ့ပြီး ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ထိုအချိန်မှာ သူမကို မုဒိန်းကျင့်ခဲ့ဖူးသူတစ်ယောက်က Pitchie Inoue အနေနဲ့ ဘဝသစ်တစ်ခုကို တည်ထောင်ချင်တယ်ဆိုရင် သေသွားမှသာဖြစ်နိုင်လိမ့်မယ်လို့ ပြောဆိုခဲ့လိုက်ရာ Pitchie Inoue လည်း အိပ်ဆေးလက်ဆုပ်စာကို အကုန်သောက်ပစ်လိုက်ပြီး သူမရဲ့ မလှပတဲ့ ဘဝကြီးကို အဆုံးသတ်ခဲ့လိုက်ပါတယ်။

ဒီလို သေကြောင်းမကြံစည်ခင်မှာလည်း Pitchie Inoue က သူ့ရဲ့ဘဝအကြောင်းကို ဖုန်းနဲ့ဗီဒီယိုရိုက်ကူးပြီး ပြောဆိုသွားခဲ့ပါတယ်။ အခုလက်ရှိမှာ Pitchie Inoue ရဲ့ ဗီဒီယိုဟာ အင်တာနက်ပေါ်မှာ အရမ်းကို လူစိတ်ဝင်စားမှုများနေပြီး ဝင်ရောက်ကြည့်သူတိုင်းလည်း Pitchie Inoue ရဲ့ အဖြစ်ဆိုးအတွက် များစွာစိတ်မကောင်း ဖြစ်နေရပါတယ်ခင်ဗျာ။



VitamiN

#knowledge.thithtoolwin.com

 Ref: viral4real

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...