ကော့သောင်းမြို့နယ်တွင် ၉ နှစ်အရွယ်ကျောင်းသူ မုဒိမ်းကျင့်ပြီး သတ်ခံရမှုဖြစ်ပွါး

သက်ငယ်မုဒိမ်းမှုတိုင်းကို သမိန့်ချပေးပါလို့ မန့်ပြီး Share ပေးကြပါ။

အဓမ္မပြုကျင့်ပြီး ရက်စက်စွာသတ်ဖြတ်မှု အသက်ကိုးနှစ်အရွယ် ပထမတန်းကျောင်းသူတစ်ဦးအပေါ် ကျူးလွန်မှုဖြစ်ပွား
ကော့သောင်း နိုဝင်ဘာ ၂၁
ကော့သောင်းမြို့ ၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု ၊ ချောင်းဖျားကြီးကျေးရွာတွင် အသက် ၉ နှစ်အရွယ်ရှိ ပထမတန်းကျောင်းသူတစ်ဦးအား အဓမ္မ ပြုကျင့်ရ်ျ ရက်စက်စွာသတ်ဖြတ်မှု နိုဝင်ဘာ ၁၇ ရက်က ဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာအဆိုပါ ကျေးရွာနေ ဦးအောင်ထွန်း ခေါ် နောင်ဘိတိသည် အဆိုပါနေ့ ည ၈ နာရီခန့်က ရွာထဲမှ ဗီဒီယိုကြည့်ပြိးအပြန် သမီးဖြစ်သူ မမြတ်သူဝင်း အား နေအိမ်တွင် မတွေ့၇သဖြင့် ဇနီးဖြစ်သူအား ရွာထဲ ရှာဖွေခိုင်း၇ာ ရွာအတွင်းမတွေ့ရသဖြင့်
ရွာသားများအကူအညီဖြင့် လိုက်လံရှာဖွေရာ ရွာအစွန်ရှိ ဒေါ်*** နေအိမ်နောက်ဘက် ပေ ၁၀၀ ခန့်အကွာ၌ ၀ါးရုံတောများအနီး ရက်စက်စွာ အဓမ္မ ပြုကျင့်ခံရပြီး ရင်ဝ ၊ ပါးစပ် ၊ လည်ဂုတ် ၊ ၀ဲဘက်လည်ပင်းတို့တွင် ထိုးသွင်းဒဏ်ရာ ၊ ၀ဲနားရွက်အောက်တို့တွင် ပြတ်ရှဒဏ်ရာများ၇ကာ သေဆုံးနေသည်ကိုတွေ့ရှိရပ်ါသည်။
အခင်းဖြစ်မှုနှင့်ပတ်သက်ရ်ျ
တရားခံများအား ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် စုံစမ်းရှာဖွေရာ တရွာတည်းနေ အိမ်နီးချင်း ဇင်မင်းထွေး ၊ သားကြီး ၊ ဦးဘီအီး တို့ ၃ ဦးမှလူမဆန်စွာ အကြိမ်​ကြိမ်​ အဓမ္မ ပြုကျင့်ပြီး မ၀င်းဝင်းထွေး အကူအညီဖြင့် ပူပေါင်းကြံစည်သတ်ဖြတ်ခဲ့ကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့ တွင် စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါသည်။

Credit 

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...