သက်ငယ်မုဒိမ်းမှုများကို ထောင်ဒဏ် တစ်သက်နဲ့ သေဒဏ်တို့ ချမှတ်ပေးရန် တောင်းဆို ဆန္ဒပြုပွဲ ကျင်းပဖို့ မန္တလေးမှာ စီစဉ်နေ

သဘောတူ ထောက်ခံမယ့်သူတိုင်းက မန့်ပြီး Share သွားပေးပါ။
မန္တလေးမှာ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး လှုပ်ရှားမှုပြုလုပ်ဖို့ စီစဉ်

သက်ငယ်မုဒိမ်းတွေကိုထိရောက်တဲ့ ပြစ်ဒဏ်ပြောင်းလဲသတ်မှတ်ဖို့ မန္တလေးမြို့မှာ လှုပ်ရှားမှုတစ်ခု ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မန္တလေးမြို့ခံတွေကဦးဆောင်ပြီး နိုဝင်ဘာစတုတ္ထအပတ်မှာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီကမ်းပိန်းမှာပါဝင်သူတွေ ကဆင်တူဝတ်စုံတွေဝတ်ဆင်ပြီး ဆိုင်းပုဒ်ကိုင်ဆောင်ကာ ဆန္ဒပြုကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင်ဆန္ဒကောက်ခံတဲ့လက်မှတ်ကမ်းပိန်းကိုပါ ထည့်သွင်းပြုလုပ်နိုင်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။မုဒိန်းမှုတွေမှာ သက်ကြီး၊ သက်ငယ် မုဒိမ်းမှု ပြစ်ဒဏ်ကို ခွဲခြား ချမှတ်စေချင်ပြီး သက်ငယ် မုဒိမ်းမှုကို ပြစ်ဒဏ်(၁၀)နှစ်အထက် ဒါမှမဟုတ်ထောင်ဒဏ် တစ်သက်နဲ့ သေဒဏ်တို့ချမှတ်ပေးစေချင်တယ်လို့ ကမ်ပိန်းစီစဉ်သူ ကိုလူပျော်ကပြောပါတယ်။ သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး ထိရောက်တဲ့ပြစ်ဒဏ်ပြောင်းလဲသတ်မှတ်ပေးဖို့အတွက် စစ်တွေမြို့မှာလမ်းလျှောက်ဆန္ဒပြခဲ့ကြပြီးရန်ကုန်မြို့မှာလည်း အခုလ(၂၇)ရက်မှာဆန္ဒပြုပွဲ ကျင်းပဖို့စီစဉ်နေပါတယ်။
.
Credit - 5 Plus News

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...