ရပ်ကျော်ရွာကျော်"ငတေ"နှင့် မဖဲဝါတွေ့ဆုံခြင်း

အခု ငတေ တို့ ရွာနီးချုပ်စပ်မှာ သတင်း တစ်ခု ပြန့်နေတယ် အဲ့သတင်း ရဲ့ အဓိက ဇာတ်ဆောင်က အလောင်းအခွံတခုကို လာချထားပြီး ချထားခံရတဲ့အိမ် က လူ တစ်ယောက် ယောက် အသက်ဆုံးရှုံးရ တယ် အဲ့အမျိုးသမီးက မဖဲဝါပါပဲ ထိုသတင်းကြောင့် ရွာထဲက ကလေး လူကြီး လူငယ် လူလတ် အားလုံးညနေ နေဝင်ရင် တစ်ယောက်မှ အပြင်မထွက် အသံမထွက်ရဲကြပေ ဒါပေမယ့်လဲ ထိုသို့ ကြောက်လန့်နေကြသော လူတွေအားလုံးထဲမှ မကျေမနပ် ဖြစ်နေသူ တစ်ယောက်တော့ရှိနေတယ် သူက ဘယ်သူလဲလို့ မမေးပါနဲ့ အားလုံး သိထား တဲ့ ငတေ ပေါ့ ဘာကြောင့်လဲဆို ရင်တော့ ညနေစောင်းတာနဲ့ခွက်ပုန်းဆိုင်ရှင် ချက်ကြီးက သရဲကြောက်လို့ဆိုင်စော စော သိမ်းတယ် ဆိုလို့ပေါ့……
ငတေတို့ က နေဝင်ရင် အရည်လေး မျိုလိုက် ရမှ နေသာထိုင်သာရှိသကိုးဗျ
၁ရက်စောင့်လဲမရ ၂ရက်စောင့်လဲ သရဲ ကြောက်တဲ့ လူတွေထဲချက်ကြီးလဲပါနေ တော့ ငတေ့ဆန္ဒမပြည့်ဝနိုင်ဘူး ဖြစ်နေရတာပေါ့ ပိုဆိုးတာက ညက မဖဲဝါ ရွာထဲဝင်လာတယ်ဆိုပြီး နမည်ကြီးနေတာပဲ
"ဟဲ့မိတုတ် ညည်း ညက ကြားလိုက်လား"
"ကြားပါ့ ကိုဖိုးစီ နဲ့ ကျုပ်ဖြင့် တဆတ်ဆတ်ကို တုန်နေတာပဲ"
"အမ် ညည်းတို့က မီးယပ်ချမ်း ထနေလို့လား"
"အို အေ ညည်း ကလည်း ကျုပ်က ကြောက် လို့တုန်းတာကို ပြောတာပါ"
ရွာထဲတွင်သာမက ရွာပြင် ထန်းတောထဲမှာလဲ
"တွေ့မယ် တွေ့မယ် ကျုပ်နဲ့တွေ့မယ်"
"ငတေ မင်း ဘာလုပ်မလို့လဲ"
"ကျုပ်က အခု ဘုန်းကြီးကျောင်းမှာကပ်နေတာ လေဗျာ
ဆရာတော်နဲ့အတူနေတာ အခုလိုမနက် ပိုင်း ထန်းရည်သောက်လို့မှမရတာ ညနေမှ ဝေယျာဝစ္စ တွေပြီးမှ ဒီဘက်လှည့် လို့ရမှာ အခု တရွာလုံး က မဖဲဝါကို ကြောက်နေတယ်ဆိုတော့ ကျုပ်ကတော့ သရဲမ ကို မလာနိုင်အောင်လုပ်ချင်တယ်"
"ဟုတ်တယ် ငတေ မင်းခေါင်းဆောင်ရင်
ငါလည်း လုပ်မယ်"
ဒီလိုနဲ့ အားကောင်းမောင်းသန် ကာလသား တွေစုထားလိုက်တယ် ဒီလိုနဲ့
မှောင်ရီပျိုးတော့ ဘုန်းကြီးကျောင်းကိစ္စ တွေပြီးလို့ ရွာထဲထွက်လာရော
ခွေးတစ်ကောင် ကြောင်အမြှီးတောင် ငတေ မတွေ့ဘူး ငတေ က ထန်းတောဘက်သွားရှာလဲ မတွေ့ဘူး ဘယ်တွေ့မလဲ သတ္တခဲတွေက နေမဝင်ခင် ထဲက အိမ်ထဲဝင် စောင်ခေါင်းမြှီးခြုံပြီး ကြောက် အီး အီး ပါ နေကြတာကို
ငတေ လဲ သူစ တဲ့ဇာတ်မို့ သူပဲ က ရမှာပေါ့ ထန်းတောထဲမှာ ထန်းရည် လေ အကျန် အကပ်လေးများရှိမလား လို့
ရှာနေတာ မိတယ် ဒါပေမယ့် ငတေ မျှော်လင့်တာထပ် အနည်းငယ် အကပ်လေးပဲတွေရတယ် ဒါပေမယ့် အကပ်လေးတွေစုပြီး ထန်းရည်အိုး မပြည့်တပြည့်ရတာနဲ့ ထန်းပင်အောက်ထိုင်ပြီး ဇိမ်ခံသောက်နေလိုက်တာ အတော့်ကို မိုးချုပ်သွားတယ် ငတေလည်းထ ပြီး အပြန် ရွာထိပ်မှ စပြီး
"အူ ………… အူ.…………… ဝု တ် ဝုတ် အူ"
ဆွဲဆွဲငင် အူ သံကိုကြားလိုက်ရတယ် ငတေ လဲ နဂိုထဲက မှ ထန်းရည်အရမ်း သောက်ချင်ပြီးမဝတဝလေး ပဲသောက် ထားရတာကြောင့် ဒေါသ ထွက်နေတဲ့ အရှိန်ကြောင့် အူနေသော ခွေးများထံ တည့် တည့်လျှောက်သွားလိုက်တယ်
မျက်ခွံလေးလေး တွေကြားမှ မျက်စိက မိန်းမ တစ်ဦးကို မြင်လိုက်တယ် ထိုမိန်းမ ခေါင်းပေါ်မှာလဲ သေတ္တာလိုလို အခေါင်းကြီး လို လို ရွက်ထားတာ တွေ့လိုက်တော့ ငတေလဲ သဘောပေါက် သွားပါပြီ မဖဲဝါနဲ့တွေ့ပြီ ဆိုပြီးတော့
ငတေက လဲ ခပ်ချေ ချေပါပဲ မဖဲဝါ ရဲ့ မျက်နှာကို တစ်စက်လေးမှ မကြည့်ဘဲ ဘေးက ဖြတ်လျှောက်သွားလိုက်တယ် လေ ပြင်း ပြင်း တစ်ချက်တိုက်လိုက်တော့ မဖဲဝါရဲ့ ဆံပင်လေးတွေဝဲ ခနဲ ဖြာ ကြသွားတယ် မကြည့်သော်လည်း မျက်လုံးက သူမ ဆီအရောက်
"အမလေး သောက် ပလုတ်သုတ်"
သူကို စိုက်ကြည့်နေသော မျက်လုံး ရဲ ရဲကြီး နှစ်လုံးကြောင့် လန့်ဖြန့်သွားတယ် သာမာန်သူဆို ထိုနေရာတွင်ပင် ပွဲချင်းပြီးမလား ကြောက်အီး အီးတွေ ရှုးရှုး တွေ ပါချ ကုန်မလား ပဲ ငတေ ကတော့ အာ့မျိုးမလုပ်ပေါင် ဟဲဟဲ အမူးလွန်းပြီး အန် ရင်တော့မပြောတတ် ပါ
"နင် ဘယ် သူ လဲ ငါဘယ်သူလဲ ကောသိလား "
အသံနက်ကြီးကြောင့် ကြောက်လို ပတ်ပြေးနေတဲ့ စိတ်တွေမနည်း စု စည်းလိုက်တယ် ဒါပေမယ့် ငတေ့ ကို ခပ်ချေ ချေ လာမေးလို့ကတော့ ငတေကလဲ ပြန်ချေလိုက်ရမှ
"အံမယ် ငါဘယ်သူလဲဆိုတာတောင်မသိ သေးပဲနဲ့ ငါ့ရွာဘက်ခြေဦးလှည့်ချင်တယ်ပေါ့"
သရဲမ မျက်နှာ ပျက်သွားတယ်
ခပ်ပြင်း ပြင်းတိုက်နေတဲ့လေ က လဲ ဟိုဖက်က တိုက်ပြီး ဒီဖက် က ပြန်တိုက်လေ တော့
"ဝေါ့ ထွီး ဘာနံ့ကြီးလဲ ရွံ့လိုက်တာ"
"အံ့မယ် သချိင်္ုင်းကုန်းက အပုတ်နံ့တွေလောက်တော့ မနံ့ပါဘူး နင့်ဆီက နံ့တာနေမှာပေါ့ "
"အံ့မယ် ဖဲဖဲ တို့က Lux နှင်းဆီအနံနဲ့ပဲ ရေချိုးတာ"
တကယ်က ငတေ လေချဉ်တတ်လိုက်တဲ့အချိန် နှင့် ၁၀ ရက်နေ မှ ရေတခါချိုးတာကြောင့် ထွက်လာ တဲ့ အနံတို့ ပေါင်းစပ်သွားတာ ကြောင့်ဖြစ်ပါတယ်
"ပေးပါ ဟဲ့ နင့်သေတ္တာ ကြီး ငါ ရွက်ပေးပါ့မယ် "
"ဘာာာာာာ"
သရဲမက ပထမ ကလို ခပ် စူး စူး ကြည့်ပြန်တယ်
"နင် အဲ့လိုကြီးမကြည့်ပါနဲ့ဟာ ငါ ငါ့ ဒူး ဒူး ဒူး တွေ တုန် တုန် လာလို့ပါ "
ဘာရယ်မဟုတ်ဘူး ဒီလိုပဲကြောက် ချင်ယောင်ဆောင်လိုက်တာပေါ့
သရဲမကလဲ သူ့ကို ကြောက်သွားတယ် ဆိုတော့ နဲနဲ စပ်ဖြဲ စပ်ဖြဲနဲ့ ပြုံးသွားတယ်
"ပေး ပါ အခေါင်းကြီးသယ်ပေးမယ်"
သရဲမရဲ့လက်ထဲက လု ကာ
အခေါင်းကြီး ထမ်းပြီး သရဲမနဲ့ဆန့်ကျင် ဘက်နေရာ ကို ထွက်သွားလိုက်တော့
"ဟဲ့ ဟဲ့ …… ဒါ က ဘယ်လဲ"
"ဒီအခေါင်းကြီးထမ်းပြီး ဟို လျှောက် ဒီ လျှောက် လုပ်မနေနဲ့ ပါနဲ့လားဟို ဘက် လမ်းထိပ်က မ အိုဇာ အိမ်မှာ ကို ဘပု ဆုံးခါနီးပြီ အာ့ အခေါင်းလေး သွားပေး လိုက်ပါ့လား သူ သေရင် အဆက်သင့်ဖြစ် အောင်လို့"
"အမလေး ဟဲ့နော် သူနဲ့တွေ့မှ ပရဟိတ ပါ လုပ်ပေး နေရသေး"
မဖဲဝါ ခဗျာ ခြေ ဆောင့် ကာ ဆောင့် ကာ နဲ့ ငတေ နောက် ခပ် ပေ ပေ လေး လိုက်လာရတယ်
ဒီလိုနဲ့ ငတေလဲ ဘယ်လိုက ဘယ်လို ဘုန်းကြီးကျောင်းဇရပ် ပြန်ရောက်နေမှန်း မသိဘူး မနက်လင်းတော့
"ဘ ပု ဘ ပု …………အမလေး အရပ်ကတို့ရေ လုပ်ကြပါအုန်း ကို ဘ ပု သေပြီလားမသိဘူး အိမ်ရှေ့မှာ လဲ အခေါင်း ကြီး နဲ့ ………"
မအိုဇာ သဲကြီးမဲကြီး ငိုလိုက်တာကြောင့် ရွာထဲက လူတွေရုတ် ရုတ် ဖြစ်ကုန်တယ်
ငတေ လဲ အပါ အဝင် ပေါ့
"မအို ဇာ ခဗျား လဲဘာမှ မပူ ပါနဲ့ ည က ကျုပ် မဖဲဝါဆီက အခေါင်း ကြိုတောင်းပေး ထားပါတယ် အခေါင်းဖိုး မပူ ပါနဲ့"
"ဘာာ ဘ ဘ ဘာာ ဒီ ဒစ်ဒစ် ဒီ အအအ ခေါင်း ခေါင်း ခေါင်း ခေါင်း က ကက"
"ဟုတ်တယ် ဟုတ်တယ် မဖဲဝါပေး လိုက်တာ"
"အမလေးးးးး ငတေ ရဲ့ နင့်အခေါင်းကြီး နင်သယ်သွား စမ်းပါ ငါ့ဘာသာ ဝယ်ပေးလိုက်မယ် တော်ကြာ ငါ့ သမီးပါ အခေါင်းထဲ ထည့်နေရအုန်းမယ်"
မအိုဇာ အမေအကြော်သည် ဒေါ်ဂွတုတ် က ဝင်ပြောတယ် မအိုဇာက ကြောက်လန့်တကြား ငတေ့ကို ကြည့်လိုက် အခေါင်းကြီးကိုကြည့်လိုက်နဲ့ အလန့်တကြားဖြစ်နေရှာတယ်
အသုဘ ကလည်း ရွာနီးချုပ်စပ် နမည် ကို ကျော်သွားတာပဲ ဒီလိုနဲ့ တစ်ပတ်လောက် ကြာသွားတယ် ငတေ နဲ့ မဖဲဝါ တွေ့ပြီးထဲက ရွာထဲခွေးအူသံမကြား ရတော့ဘူး မဖဲဝါ လဲ လမ်းမလျှောက်တော့ဘူး ပေါ့ ရွာသားတွေလဲငတေ ဘာလုပ်လိုက်လဲသိချင်တာကြောင့် ဘုန်းကြီးကျောင်း ရောက်လာကြတယ်
"ဆရာတော် ဆရာတော် ငတေ ရှိလား ဘုရား"
"ရှိတယ် တကာတို့ခေါ်လိုက်လေ ကျောင်းပေါ်ကို "
ငတေ ရောက်လာတော့
"ငတေ မင်းနဲ့ ထန်းတောထဲမှာ မတွေ့တာကြာလို့"
"ဟာ ဆရာတော်ရှေ့မှာ ဘယ်လို ဖြစ်နေတာ လဲ မအိုဇာက ငါ့တွေ့ရင်ဓါးနဲ့ ခုတ်မယ်ဆိုတာကြည့်ပဲ သူ့ယောကျာ်း သေတာ ငါ့ကြောင့်တဲ့ သူ့ကြောက်လို့ကပ္ပိယကြီး ကို ဝယ်လာခိုင်း ရတာ"
ငတေ့ အဖြေကြောင့်ဆရာတော်က မျက်မှန် အောက် ကနေ ငတေ့ကို လှမ်းကြည့်တယ်
"ငတေ မင်း ပြောပြပါအုန်းကွ သရဲမနဲ့အကြောင်းလေး"
ငတေ လဲ ထိုည က အဖြစ်အပျက်ကို ပြောပြ လိုက်တယ်
"အော် မင်းကစေတနာ နဲ့ကိုး"
"ဟုတ်တယ်လေ ကို ဘပုက သေခါးနီးနေပြီလေ အဲ့တာကြောင့်ပါ"
"ဒါနဲ့ မဖဲဝါ မလာတော့တာနဲ့ ဆိုင်နေလားလို့"
"မဖဲဝါ ကို ငါက ရွာကိုခနခန မလာပါနဲ့လို့ ပြောထားတာ သူခဗျား ပင်ပန်းပါတယ်ကွာ အခေါင်ကြီးထမ်းပြီး တောင်လျှောက် မြောက်လျှောက်နဲ့ သနားလို့ နေမကောင်းတဲ့သူ ရှိရင်လာခေါ်မယ်လို့"
"အဟွတ် အဟွတ်…………ငတေ ငတေ ငါ့မိန်းမ သာအေး နေမကောင်းတာ မိန်းမ ရောဂါနော် ဘာာ မှမဖြစ်ဘူး ပြန်ကောင်းလာမှာနော် နော် ဆေးဆရာ လှကြီးက ပြန်ကာင်းမှာတဲ့"
ငတေစကားကြောင့် သာဂိတစ်ယောက် အသည်းအသန်ရှင်းပြလိုက်တယ်
ထိုထဲမှာ ဖိုးတုတ်က
"ဒါနဲ့ မအိုဇာတို့အိမ်ရှေ့က အခေါင်းကြီးကော
ထိုမေးခွန်းရဲ့အဖြေက
"ဟိုမှာလေ "
ငတေ လက်ညိုးထိုးပြလိုက်သည့်အရာက
ဆရာတော် သင်ခန်းတွေ ထည့်ထားသည့် သေတ္တာရှည်ကြီး ကြားမှာ အဖုံးက သစ်သားတွေ ခွါပြီး ကန့်လန့်တောင် လုပ်ထားလိုက်သေးတယ် ထိုနေရာကို အားလုံးအကြည့်အရောက်
"ဂလောင်.…………"
ဆရာတော်က ကွမ်းအစ်ကြီးနဲ့ ပစ်ပေါက်လိုက်တယ်
"အားးးးးးးဆရာတော် ကျွစ် ကျွစ်"
"ငတေ ခု ချက်ချင်း သင်္ခန်းတွေ ဖယ်ပြီး အဲ့ဟာ ကြီး မီးရှို့ပစ်လိုက် ပြီးရင် ပေါက်တတ်ကရ လုပ်တဲ့ အတွက် ကြိမ် လုံးစာမိမယ်"
ဆရာတော် အသံကြောင့် ငတေ မျက်နှာမဲ့ သွားတယ် ရွာသားတွေခဗျာလဲ ငတေ လုပ်ပုံကို ရီလဲ ရီချင် သနားလဲသနားသွား တယ် ဆရာတော် ဒေါသက သူတို့ဘက်မကျ ခင် အမြန်လစ်ပြေး ကုန်တယ်…………
(မဖဲဝါကြောက်တဲ့သူတွေလဲပေါ့ပေါ့ပါးပါး လေးဖတ်ရဖို့ရည်ရွယ်ပါတယ် )
#Thet Tant Chit Thu ရေးသည်

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...