မိန်းကလေးတဦး ပွဲခင်းထဲတွင် ရက်စက်စွာ အသတ်ခံရမှုအပေါ် ဒေသခံအဖွဲ့အစည်း ၂၃ ခု ကြေညာချက်ထုတ်ပြန်

ထားဝယ်ဒေသရှိ တာကပေါအဖွဲ့မှ အဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ မနော်ချစ်ပန်းတိုင် ပွဲခင်းထဲတွင် ရက်စက်စွာ အသတ်ခံခဲ့ရမှုနှင့် ပတ်သက်၍ ဒေသခံ အရပ်ဖက်အဖွဲ့အစည်း ၂၃ ခုက အမှုမှန်ပေါ်ပေါက်ရေး ဆောလျင်စွာ ဆောင်ရွက်ရန် နိုဝင်ဘာ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားရင်ပြင်၌ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ရန်ပုံငွေ အဆိုပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း မနော်ချစ်ပန်းတိုင် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး နိုဝင်ဘာ ၂၁ ရက်တွင် အသုဘအခမ်းအနားကျင်းပခဲ့ခြင်း ဖြစ်သည်။
မနော်ချစ်ပန်းတိုင်သည် ထားဝယ်ဒေသအရှေ့ဘက် ကရင်တိုင်းရင်းသားကျေးရွာများ အတွင်း သယံဇာတတူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများကြောင့် ဒေသခံများ နစ်နာမှုမရှိစေရန် အသိပညာပေးလုပ်ငန်းများ၊ ဥပဒေအရ အကာအကွယ်ရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တာကပေါအဖွဲ့၏ အဖွဲ့ဝင်တဦးဖြစ်သူ လက်ရှိတွင် မြေမြှုပ်မိုင်းအန္တရာယ်အကြံပေးအဖွဲ့ MAG တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

နှင်းမောင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...