စွံအနားမကြား အမျိုးသမီးတစ်ဦး အိမ်သာသွားစဉ် အဓမ္မပြုကျင့်ခံရ

သေမိန့်ချပေးပါလို့ မန့်ပြီး Share ပေးကြပါ။
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် နိုဝင်ဘာ(၂၁)ရက်က အသက်(၂၃)နှစ်အရွယ် စွံအနားမကြား အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း မင်းကင်းမြို့မရဲစခန်းမှ သိရှိရသည်။
မင်းကင်းမြို့နယ် လောင်းသည်ရွာနေ စွံအနားမကြားသူ မ--------သည် ရွာ၏အနီးပတ်ဝန်းကျင်ခြုံအတွင်း၌ အပေါ့အလေးစွန့်ပစ်ရန်သွားစဉ်အသက်(၃၃)နှစ်အရွယ် ကိုချိုလင်းမှချစ်ကြိုက်ကြောင်း ပြောဆိုရာမှ မ-----က လက်ဟန်ခြေဟန်ဖြင့်ငြင်းပယ်ခဲ့ရာ ကိုချိုလင်းမှ ခြုံအတွင်းခေါ် ဆောင်၍ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
"တောရွာဆိုတော့ အိမ်မှာ အိမ်သာမရှိဘူး။ မိန်းကလေးက ရွာအပြင်မှာ ထွက်ပြီး အပေါ့အလေးစွန့်တယ်။ ဒါနဲ့ ချိုလင်းက ချစ်ကြောင်းကြိုက်ကြောင်းပြောတယ်။ မိန်းကလေးက ငြင်းရာကနေ အခုလို အဓမ္မပြုကျင့်တဲ့ အထိ ရောက်သွားတာပါ။"ဟု မင်းကင်းမြို့မ ရဲစခန်းမှ ဒုရဲမှူး တင်ယုက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ မင်းကင်းမြို့မ ရဲစခန်းမှ (ပ)၁၉၉/၂၀၁၆ ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် ချိုလင်းအား အရေးယူထားကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
ThitHtooLwin

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...