ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ဦး ကလေးမွေးဖို့ နာရီပိုင်းအလိုတွင် အဓမ္မပြုကျင့်ခံရ

မိန်းကလေးဟာ မွေးဖွားဖို့ နာရီပိုင်းအလို ကိုယ်ဝန်က နာကျင်နေတဲ့အချိန်မှာ အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်ကြောင်း တရားရုံးမှာ ကြားနာစစ်ဆေးချက်အရ သိရပါတယ်။
အမျိုးသားတစ်ဦးဟာ သူ့ရဲ့ချစ်သူမိန်းကလေး ကိုယ်ဝန်နေ့စေ့လစေ့ ဖြစ်နေတဲ့အချိန် မွေးဖွားခါနီး နာရီပိုင်းအလိုမှာ အဓမ္မပြုကျင့်လိုက်ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသားရဲ့ ချစ်သူမိန်းကလေးဟာ မွေးဖွားဖို့ နာရီပိုင်းအလို ကိုယ်ဝန်က နာကျင်နေတဲ့အချိန်မှာ အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်ကြောင်း တရားရုံးမှာ ကြားနာစစ်ဆေးချက်အရ သိရပါတယ်။

အဆိုပါအမှုကို အင်္ဂလန်နိုင်ငံ ဟားလ်စီးတီး တရားရုံးမှာ စစ်ဆေးနေတာဖြစ်ပြီး တရားရုံးရဲ့ အမိန့်အရ အဓမ္မပြုကျင့်ခံခဲ့ရတဲ မိန်းကလေးကို ကာကွယ်တဲ့အနေနဲ့ အဆိုပါအမျိုးသားရဲ့ နာမည်ကို ထုတ်ဖော်ခြင်း မရှိခဲ့ပါဘူး။

အဓမ္မပြုကျင့်ခံရချိန်မှာ နေ့စေ့လစေ့ဖြစ်နေပြီး ကလေးမွေးချိန်နီးလာတဲ့အတွက် ဗိုက်နာကျင်မှု ခံစားရတဲ့ မိန်းကလေးဟာ အဓမ္မပြုကျင့်ခံရတာရဲ့ နာကျင်မှုကိုတောင် မခံစားရဘူးလို့ ဆိုပါတယ်။

အဲဒီနောက် သူ့ရဲ့ချစ်သူအမျိုးသားဟာ နံဘေးမှာ အိပ်မောကျသွားတယ်လို့ သိရပါတယ်။ တရားရုံးထွက်ဆိုခဲ့မှုအရ သူမက ကိုယ်ဝန်ကြောင့် နာကျင်နေတဲ့အချိန် အမျိုးသားက သူရဲ့ဆန္ဒကိုပြောကာ အတင်းအဓမ္မကျင့်ခဲ့တာဖြစ်ပြီး မိန်းကလေးက ဗိုက်နာကျင်မှုကြောင့် ငိုကြွေးရင်း ဆက်မလုပ်ဖို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

အဓမ္မပြုကျင့်ခံရပြီးနောက် တစ်နာရီလောက်အကြာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ဆေးရုံမှာ ကလေးမွေးဖွားနိုင်ခဲ့ပါတယ်။ တရားလိုတွေဘက်က ထွက်ဆိုချက်အရ ကိုယ်ဝန်ကြောင့် သေလုမြောပါနာကျင်နေတဲ့ အမျိုးသမီးရဲ့ စကားကို နားမထောင်ပဲ အမျိုးသားက အဓမ္မကျင့်ခဲ့တာလို့ ဆိုပါတယ်။

Source : Mirror
Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...